[mrsorcerer:38168] ပဋိပက္ခကြောင့် သံဃာတော်နှစ်ပါးကို ဖမ်းဆီးထား

by သတင်းလေးများဆုံဆည်းရာ's photo.
ပဋိပက္ခကြောင့် သံဃာတော်နှစ်ပါးကို ဖမ်းဆီးထား
Monday, May 6, 2013

မြန်မာနိုင်ငံမြောက်ဖက်ပိုင်း ကချင်ပြည်နယ်မှာ ဖြစ်ခဲ့တဲ့ဘာသာရေးပဋိပက္ခ
္ခတွေကြောင့် ဗုဒ္ဓဘာသာသံဃာတော်နှစ်ပါးကို ရဲတွေကဖမ်းဆီးလိုက်ပါတယ်။

အဖမ်းခံရသူတွေကို စစ်ဆေးမေးမြန်းနေတုန်းဖြစ်ပြီး သက်သေအထောက်
အထား ခိုင်လုံရင်တော့ အရေးယူသွားမှာဖြစ်တယ်လို့ ကချင်ပြည်နယ်က အမည်မဖော်လိုတဲ့ ရဲအရာရှိတဦးက ပြောပါတယ်။

ကချင်ပြည်နယ်က မွတ်စလင်အမျိုးသမီးတဦးဖြစ်တဲ့ အသက် ၄၆နှစ်အရွယ် မိုးမိုးလွင်ရဲ့ပြောပြချက်အရ ညနေပိုင်းအချိန်လောက်မှာ လူသုံးဆယ်လောက်
ရွာထဲကိုရောက်လာပြီး သူတို့ရဲ့ဈေးဆိုင်နဲ့ နေအိမ်တွေကို ခဲနဲ့ပစ်ပေါက်ခဲ
့ပါတယ်။

သူတို့အနေနဲ့ အဖျက်ခံရတဲ့ဈေးဆိုင်နဲ့နေအိမ်တွေကို ရပ်ကြည့်ယုံကလွဲပြီး ဘာမှပြန်လည် မတုံ့ပြန်နိုင်ခဲ့ကြောင်း၊ အခုလောလောဆယ်ဆယ်မှာ ရှောင်
တိမ်းနေရကြောင်းနဲ့ ရှေ့ဆက်ဘယ်လို ဆက်နေသွားရမလဲဆိုတာ မသိ
ရသေး ကြောင်း၊ အခုဖြစ်ခဲ့ကိစ္စဟာ အပြင်လူတွေကနေလာပြီး ဖျက်ဆီးခဲ့
တာဖြစ်တယ်လို့ ဆိုပါတယ်။ အဲ့ဒီဒေသနဲ့နီးတဲ့ ဗုဒ္ဓဘာသာဝင်ရွာကလူတွေ
ကလည်း နေရာသုံးနေရာမှာရှိတဲ့မွတ်စလင်ဈေးဆိုင်နဲ့ နေအိမ်တွေဖျက်ဆီး
ခံခဲ့ရတယ်လို့ အတည်ပြုပြောဆိုခဲ့ပါတယ်။

အခုဖြစ်ခဲ့တဲ့ပဋိပက္ခဟာ ကချင်တိုင်းရင်းသား ခရစ်ယာန်ဘာသာဝင် အများစုနေထိုင်တဲ့နေရာမှာ ပထမဦးဆုံးအကြိမ်ဖြစ်ခဲ့တာဖြစ်ပါတယ်။

မြန်မာနိုင်ငံမှာ မတ်လကစပြီး ဘာသာရေးပဋိပက္ခတွေ ဖြစ်ပွားခဲ့ပြီး မိထ္ထီလာမှာ ဖြစ်ခဲ့တဲ့ပဋိပက္ခမှာ လူ ၄၃ဦးသေဆုံးခဲ့ပါတယ်။ အကြာသေး
ခင်က ဥက္ကံမြို့မှာဖြစ်ခဲ့ပဋိပက္ခမှာတော့ လူ တစ်ဦးသေဆုံးခဲ့ပြီး ဆယ်ဦး
ဒဏ်ရာရခဲ့ပါတယ်။ ဖြစ်ပွားခဲ့တဲ့ပဋိပက္ခတွေမှာ ဗုဒ္ဓဘာသာသံဃာတော်
တချို့ ပါဝင်နေတယ်လို့ လေ့လာသူတွေက ယူဆနေကြပါတယ်။

ABC Radio Australia


--

May Peace Be Upon You
Regards,
Ruby

--
မှော်ဆရာအဖွဲ့မှ နေ့စဉ် Mail များရယူလိုပါက http://groups.google.com/group/mrsorcerer/subscribe?hl=en
Member များ မိမိတို.သိထားသည်များကို မျှဝေလိုပါက mrsorcerer@googlegroups.com သို့စာပို့နိုင်ပါသည်။
မှော်ဆရာအဖွဲ့ မှ နှုတ်ထွက်လိုလျှင် mrsorcerer+unsubscribe@googlegroups.com ကိုနှိပ်ပြီး စာပို့ပေးပါရန်။
စာလက်ခံလိုသည့်ပုံစံ ပြင်လိုလျှင် http://groups.google.com/group/mrsorcerer?hl=en
အဖွဲ့ ၏ စည်းကမ်းများကို သိလိုလျှင် http://groups.google.com/group/mrsorcerer/browse_thread/thread/af2f4a1d44d4d909?hl=en တွင် ဖတ်ရှုနိုင်ပါသည် ။
 
Facebook (FB) မှော်ဆရာအဖွဲ့သို့ Mail ပို့လိုလျှင် mrsorcerer2@groups.facebook.com
FB မှော်ဆရာအဖွဲ့သို့ ၀င်ရန် http://www.facebook.com/home.php?sk=group_173571176006981&ap=1
Facebook Page နှင့်ဆက်သွယ်လိုလျှင် www.facebook.com/mrsorcerergroup
 
မှော်ဆရာ အဖွဲ့ နှင့်ပက်သက်၍ ဝေဖန်အကြံပြုလိုပါက >>>
ဦးဦး မှော်ဆရာ ( mrsorcerer9@gmail.com, mrsorcerer27@gmail.com ) ထံသို.
ပေးပို.နိုင်ပါသည် ။
 
ခင်မင်စွာဖြင့်
ဦးဦး မှော်ဆရာ
---
You received this message because you are subscribed to the Google Groups "မှော်ဆရာ အဖွဲ့  ( Ѧя Ƨσяcɛяɛя )" group.
Visit this group at http://groups.google.com/group/mrsorcerer?hl=en.