[mrsorcerer:38169] Fwd: [လူဗိုလ်ဟူသည် ...] ကိုယ့်ရဲ့ Facebook ကို လုံခြုံရေးကောင်းအောင် လုပ်နိုင်ပြီ



---------- Forwarded message ----------
From: Blogger <no-reply@blogger.com>
Date: 2013/5/5
Subject: [လူဗိုလ်ဟူသည် ...] ကိုယ့်ရဲ့ Facebook ကို လုံခြုံရေးကောင်းအောင် လုပ်နိုင်ပြီ
To: lubo601@gmail.com



ကိုယ့်ရဲ့ Facebook ကို လုံခြုံရေးကောင်းအောင် လုပ်နိုင်ပြီ  Sunday, May 5, 2013    ယုံကြည်စိတ်ချရတဲ့ သူငယ်ချင်းတချို့ကို
Sunday, May 5, 2013

ယုံကြည်စိတ်ချရတဲ့ သူငယ်ချင်းတချို့ကို "Trusted Friends" ထဲ ထည့်သွင်းထားခြင်းအားဖြင့် သင့်ရဲ့ Facebook account ခိုးယူခံယူရခြင်းမှ ကာကွယ်နိုင်ပါပြီ။ Facebook account ထဲဝင်လို့ မရတော့ ဘဲ ပြဿနာ တက်နေတယ်ဆိုရင် သူတို့ အကူအညီနဲ့ ပြဿနာ ပြေလည်စေပါလိမ့်မယ်။

သောကြာနေ့က မိတ်ဆက်လိုက်တဲ့ "Trusted Contacts" ဆိုတာလေးကို Facebook မှာ တွေ့ ရမှာပါ။

"Trusted Contacts" ဆိုတာ သင်ရဲ့ လျှို့ ဝှက် နံပတ် (Password) ကို သူငယ်ချင်းများအကူအညီနဲ့ ပြန်လည်ရယူနိုင်အောင် Facebook က ဖန်တီးပေးလိုက်တာပါ။
Facebook က ဒါကို အကောင်အထည်ဖော်ဖို့ စမ်းသပ်နေတာ ၂၀၁၁ ခုနှစ်ကတည်းကဖြစ်ပြီး အခုမှာတော့ အသုံးပြုဖို့  အဆင့်သင့်ဖြစ်တာကြောင့် ကြာသပတေးနေ့မှာ ထုတ်ပြန် ကြေညာလိုက်တာဖြစ်ပါတယ်။

"Trusted Contacts" ဆိုတာ ဒီလိုပါ။

၁။ သင်ယုံကြည်စိတ်ချရတဲ့ မိတ်ဆွေ ၃ ယောက်ကနေ ၅ ယောက်ထိကို ရွေးချယ်ထားရပါမယ်။
၂။ သင့်ရဲ့ Facebook account ပိတ်ခံရတဲ့အခါမျိုးမှာ Facebook က သင်ရွေးချယ်ထားတဲ့ မိတ်ဆွေတွေဆီကို security codes တွေ လှမ်းပို့ ပေးမှာပါ၊
၃။ အဲဒီ security codes တွေကို မိတ်ဆွေတွေဆီက ရယူနိုင်ပါတယ်။

ဒီနည်းနဲ့ Facebook account အပိတ်ခံရခြင်း (သို့ ) ခိုးယူခံရခြင်းမှ ကာကွယ်နိုင်မှာဖြစ်ပါတယ်။

နာမည်ကြီးသူတွေရော သာမန် သူလိုကိုယ်လိုတွေပါ ဟက်ကာလက်ချက် ခံနေရချိန်မှာ ပေါ်လာတဲ့ ဒီလို လုံခြုံရေးအစီအစဉ်သစ်ကို Facebook သုံးသူတွေ နှစ်သက်ကြမှာပါ။

ကိုယ့်အကောင့် ဖောက်ထွင်းခံရတာမျိုးက အချိန်မရွေး ကြုံရနိုင်ပါတယ်။ Facebook ကိုယ်တိုင်လည်း
ကြုံခဲ့ရပါတယ်။
ဒီအကြောင်းကို Facebook လည်း အဟက်ခံလိုက်ရ ဆိုတဲ့ ခေါင်းစဉ်နဲ့ ဧရာဝတီ ဘလော့ http://blog.irrawaddy.org/2013/02/facebook_18.html မှာ ဖော်ပြခဲ့ပြီးပါပြီ။

အခု ပေါ်လာတဲ့ Facebook ရဲ့ နည်းလမ်းသစ်ကို အသုံးပြုခြင်းဖြင့် လုံခြုံရေး မေးခွန်းများ ( Security Question ) နဲ့ သင်မည်သူဖြစ်သည်ကို ဖြေဆိုရတဲ့ ( Web Forms Question) တွေကို အချိန်ကုန်ခံပြီး ဖြေဆိုစရာမလိုတော့ဘူးလို့ သိရပါတယ်။

"Trusted Contacts" ကို စတင် အသုံးပြုမယ် ဆိုရင်တော့ " Security Settings " မှာ သင် ယုံကြည်စိတ်ချရတဲ့ မိတ်ဆွေစာရင်းကို ထည့်သွင်းနိုင်ပါတယ်။
သင့်ရဲ့ မိတ်ဆွေတွေကို "Trusted Contacts" ထဲ ထည့်သွင်းလိုက်တာနဲ့ Facebook က စာလှမ်းပို့ အကြောင်းကြားပေးမှာဖြစ်ပါတယ်။

ဒါပေမယ့် သတိထားရမယ့်အချက်ကို မှာထားပါသေးတယ်။
Facebook Account ရဲ့ လုံခြုံရေးဟာ အိမ်တအိမ်ရဲ့ လုံခြုံရေးလိုပါပဲ တဲ့။
သင်တကယ်ယုံကြည်စိတ်ချနိုင်တဲ့မိတ်ဆွေများကိုသာ "Trusted Contacts" ထဲမှာ ထည့်သွင်းပါလို့ အကြံပြုသွားပါတယ်။

ဆောင်းဦးလင်း ~

Source: CNet


--
Posted By Blogger to လူဗိုလ်ဟူသည် ... at 5/05/2013 11:41:00 PM

--
မှော်ဆရာအဖွဲ့မှ နေ့စဉ် Mail များရယူလိုပါက http://groups.google.com/group/mrsorcerer/subscribe?hl=en
Member များ မိမိတို.သိထားသည်များကို မျှဝေလိုပါက mrsorcerer@googlegroups.com သို့စာပို့နိုင်ပါသည်။
မှော်ဆရာအဖွဲ့ မှ နှုတ်ထွက်လိုလျှင် mrsorcerer+unsubscribe@googlegroups.com ကိုနှိပ်ပြီး စာပို့ပေးပါရန်။
စာလက်ခံလိုသည့်ပုံစံ ပြင်လိုလျှင် http://groups.google.com/group/mrsorcerer?hl=en
အဖွဲ့ ၏ စည်းကမ်းများကို သိလိုလျှင် http://groups.google.com/group/mrsorcerer/browse_thread/thread/af2f4a1d44d4d909?hl=en တွင် ဖတ်ရှုနိုင်ပါသည် ။
 
Facebook (FB) မှော်ဆရာအဖွဲ့သို့ Mail ပို့လိုလျှင် mrsorcerer2@groups.facebook.com
FB မှော်ဆရာအဖွဲ့သို့ ၀င်ရန် http://www.facebook.com/home.php?sk=group_173571176006981&ap=1
Facebook Page နှင့်ဆက်သွယ်လိုလျှင် www.facebook.com/mrsorcerergroup
 
မှော်ဆရာ အဖွဲ့ နှင့်ပက်သက်၍ ဝေဖန်အကြံပြုလိုပါက >>>
ဦးဦး မှော်ဆရာ ( mrsorcerer9@gmail.com, mrsorcerer27@gmail.com ) ထံသို.
ပေးပို.နိုင်ပါသည် ။
 
ခင်မင်စွာဖြင့်
ဦးဦး မှော်ဆရာ
---
You received this message because you are subscribed to the Google Groups "မှော်ဆရာ အဖွဲ့  ( Ѧя Ƨσяcɛяɛя )" group.
Visit this group at http://groups.google.com/group/mrsorcerer?hl=en.