[mrsorcerer:38196] ဥက္ကံဒေသခံများပြောတဲ့စကားတချို့ နှင့် သတင်းများ

ဥက္ကံဒေသခံများပြောတဲ့စကားတချို့


၂၀၁၃ ခုနှစ်၊ မေလ (၇) ရက် | TEOL

ဥက္ကံမြို့အပါအ၀င် ပတ်ဝန်းကျင်ကျေးရွာများ အကြမ်းဖက်ခံရမှု၌ ဥက္ကံမြို့မှ မြို့မျက်နှာဖုံးများ နောက်ကွယ်မှ ကြိုးကိုင်မှုနှင့် ထောက်ပံ့မှုများ ရှိခဲ့ပါတယ်။

ဥက္ကံမြို့မှ အစ္စလာမ်ဘာသာဝင်
ကလေးငယ်တစ်ဦး အပျက်အစီးများကို
ဖယ်ရှားနေစဉ်
ဧပြီလ နောက်ဆုံးနေ့တွင် ဖြစ်ပေါ်ခဲ့သော ရန်ကုန်တိုင်းဒေသကြီး တိုက်ကြီးမြို့နယ် ကားဖျက်စီးသွားသူများမှာ ဥက္ကံမြို့ပေါ်မှ မဟုတ်ဘဲ ပတ်ဝန်းကျင်ကျေးရွာများမှ ဖြစ်ကြောင်း၊ ဖေဖော်ဝါရီလ အစိုးရကျောင်းများပိတ်ချိန်တွင် ဥက္ကံမြို့၌ ဓမ္မအသင်းဖွဲ့ခဲ့ပြီး တရားသဘင်များ ဆင်ယင် ကျင်းပခဲ့ကြောင်း သိရပါတယ်။

ထိုဓမ္မအသင်းကို တည်ထောင်ပြီး ကုလားဗလီဖျက်ရန်၊ ကုလားပိုင်ဆိုင်များ
ဖျက်ရန်၊ ကုလားသူဌေးအိမ်များဖျက်ရန် အဓိက ကူညီထောက်ပံ့သူများမှာ
ဥက္ကံမြို့မဈေးမှ ရွှေဆိုင်ပိုင်ရှင်များဖြစ်ကြောင်း ပြောပါတယ်။

ထိုရွှေဆိုင်ပိုင်ရှင်များကို ကုလားမုန်းတီးရေး၊ မွတ်စလင်မုန်းတီးရေး စိတ်ဓာတ်သွင်းပေးသူမှာ ရွှေည၀ါဆရာတော်ဖြစ်ကြောင်း၊ ဆရာတော်သည် ဥက္ကံဗလီဖျက်နေချိန်တွင် ပါဂျဲရိုးကားဖြင့် ခေါင်မိုးပေါ်တွင် တင်ပျဉ်ခွေထိုင်ကာ လက်သီးလက်မောင်းတန်းလျက် ရောက်ရှိလာကြောင်းပြောပါတယ်။

ဗမာလူအုပ်ကြီးသည် ဆရာတော်လာသည်နှင့် ပိုမိုအားတက်ကာ ဖျက်ဆီးရေးများကို ပိုမိုလုပ်ဆောင်ခဲ့ကြောင်း၊ သို့သော် ဆရာတော်သည် သူလာမှ ပိုဖျက်သည်ဟု အထင်မရောက်အောင် အဖျက်သမားများအား တားဆီးခဲ့ကြောင်း သိရပါတယ်။

ဆရာတော်သည် ဟေ့ကောင်တွေ မဖျက်နဲ့တော့ နောက်ဆုတ်တော့ ငါလာတော့မှလုပ်တယ်မပြောနဲ့ ဟုပြောကြောင်း၊ ဖျက်ဆီးရေးအကြို တရားပွဲများတွင် ရွှေည၀ါဆရာတော်ကိုဖိတ်ပြီး တရားနာယူကြောင်း၊ ဆရာတော်သည် ကုလားမုန်းတီးရေးတရားများသာ ဟောသောကြောင့် ဥက္ကံမြို့ပတ်ဝန်းကျင်ကျေးရွာများမှ စာမတတ်၊ ပေမတတ်များကြားတွင် အတော်ပင် နာမည်ကြီးကြောင်း၊ 969 တရားတော်များကို သိပ်ဟောကြောင်း၊ 969 သီချင်းများကို သံပြိုင်ဆိုကြပြီး လူငယ်များကို အဖျက်သမားများဖြစ်ရန် သိမ်းသွင်းထားကြောင်းပြောပါတယ်။

သင်္ကြန်မတိုင်မီမှာ ပြုလုပ်သည့် တရားပွဲတစ်ခုတွင် တရားပွဲအပြီး ကုလားဆိုင်များကို ဖျက်ရန်စီစဉ်ထားရာ ရဲကသိသွားသောကြောင့် မလုပ်ဖြစ်ကြောင်း၊ ထိုတရားပွဲများအပြီးတွင် ဥက္ကံတစ်မြို့လုံးတွင် ဗုဒ္ဓဘာသာ အိမ်များဆိုင်များ၌ 969 စတေကာများ ကပ်ထားကြောင်း၊ တစ်ချို့မှာ စီးပွားရေးအဆောင်သဘောမျိုးဖြစ်သော်လည်း အများစုမှာ ကုလားမုန်းတီးရေးဖြစ်ကြောင်း၊ 969 စတေကာ မကပ်သော ဗုဒ္ဓဘာသာ အိမ်များနှင့်ဆိုင်များကို ပြသနာရှာကြောင်း၊ မကပ်မနေရ ကပ်ခိုင်းကြောင်း၊ 969 များသည် သူများနှင့်မတူစေရန် ကြေးနီရောင်ပုဆိုးနှင့် အ၀ါရောင်အင်္ကျီလက်ရှည် များဝတ်ဆင်ကြောင်း တရားပွဲတစ်ခုတွင် မေတ္တာရှင် (ရွှေပြည်သာ) ဆရာတော်က ဒီယူနီဖောင်းက ဘာယူနီဖောင်းလဲဟုမေးရာ 969 တို့က ဓမ္မအသင်းယူနီဖောင်းဟုဖြေကြောင်း၊ ထိုအခါဆရာတော်က ဓမ္မပဲလုပ်ကြ။ အဓမ္မတော့မလုပ်ကြနဲ့ဟု ပြောခဲ့ကြောင်း၊ ထိုဓမ္မအသင်းဝင်များတွင် မြမဉ္ဇူရွှေဆိုင်သည် ၎င်းတို့နှင့် သဘောထားမတိုက်ဆိုင်ကြောင်း၊ စတေကာများကို ဖြန့်သူမှာ သန်းဦးဓာတ်ပုံတိုက်မှဖြစ်ကြောင်း၊ ထိုဓာတ်ပုံတိုက်သည် 969 ကိစ္စ ဘာမဆိုဆောင်ရွက်ပေးကြောင်း ပြောပါတယ်။

အဓိက ခေါင်းဆောင်များမှာ ကိုဝင်းဇော်၊ ကိုစိုးအောင်၊ လှမိုး၊ ရွှေဆိုင်ပိုင်ရှင် ကိုစံရီ၊ ရွှေဆိုင်ပိုင်ရှင် ကိုမြင့်စိုး၊ ရွှေဆိုင်ပိုင်ရှင် ကိုသိန်းဦး၊ ရွှေဆိုင်ပိုင်ရှင် ကိုမျိုးမင်း ( သိန်းဦးနှင့် မျိုးမင်းတို့မှာ ညီအစ်ကိုများ ဖြစ်သည်) အဓိက Player တစ်ဦးမှာ အာရုဏ်ဟု အမည်တွင်သည့် ကားလမ်းမကြီးဘေးမှ ဓာတ်ဆီဆိုင်ဘေးရှိ ချယ်ရီရိပ် စားသောက်ဆိုင်မှ ဖြစ်ကြောင်း၊ သူတို့သည် ရွာများကို စည်းရုံးထားကြောင်း၊ ဖုန်းဆက်သည်နှင့် တုတ်၊ ဓားကိုင်ကာ လိုက်လာရန်ပြောထားကြောင်း၊ ယခုလဲ ထိုအတိုင်းလုပ်ခဲ့ကြောင်း၊ အမည်မသိ လူအုပ်ကြီးအကြောင်းကို သိလိုပါက အထက်အမည်ပါသူများထံတွင် ရဲတပ်ဖွဲ့မှ စုံစမ်းနိုင်ပါကြောင်း၊ ယခု ဧပြီ ၃၀ ရက်နေ့ ဖြစ်စဉ်များ မဖြစ်ပွားမီ သပိတ်ကွဲခြင်းကိစ္စဖြစ်ပေါ်ပြီးနောက် ရဲစခန်းတွင် တိုင်ကြားမှု၊ ကျေအေးမှုများ ပြုလုပ်နေစဉ်တွင် ထိုသူများအနက်မှ တစ်ဦးက ဖုန်းဆက်ပြီး စုထားသောလူများကိုခေါ်ခဲ့ကြောင်း၊ တစ်နာရီခန့်အတွင်း လူ ၁၀၀၀ နီးပါးသည် ၀ါးရင်းတုတ်၊ သံတူရွင်း စသည်တို့ဖြင့် ကုလားဗလီကို ဖျက်ရန်လာကြောင်း၊ လေးဂွများ၊ ကုန်းသီးများ ဆောင်လာကြောင်း၊ သူတို့သည် ရဲစခန်းထဲတွင် ရဲအင်အားမည်မျှရှိသည်ကို ချောင်းမြောင်း လေ့လာထားကြောင်း၊ ရဲနည်းပြီး သူတို့လူအင်အားများလျှင် ထပ်လုပ်ဖို့ စီစဉ်ထားကြောင်း သိရသည်။

မြို့ပေါ်က ထောက်ပံ့သူများသည် ခေါင်းဆောင်သော်လည်း တကယ်လုပ်သည့်အခါ ရွာသားများကို ခေါ်ယူပြီး ရွာသားများ ခေါင်းပုံချကြောင်း၊ ရဲက ဒီလောက်ဖြစ်နေတာ မသိဘူးလားမေးရာ သိသော်လည်း နှာစေးနေကြောင်း၊ အစိုးရ သတင်းများ ထွက်ပေါ်ခဲ့သည်မှာ ကိုရင်လေး သပိတ်ကွဲရာမှ ပဋိက္ခဖြစ်ရသည်ဟု ရေးသားထားသော်လည်း ထိုဖြစ်စဉ်သည် တကယ့်အကြောင်းရင်း မဟုတ်ကြောင်း၊ ဘာမျှအပြစ်မရှိသော ထိုမိန်းကလေး ထောင်ကျတန်းကျ ဖြစ်မည်ကို စိုးရိမ်၍ သားသမီးချင်း ကိုယ်ချင်းစာမိသဖြင့် နောက်ကွယ်ကြိုးကိုင် ထောက်ပံ့သူများအနက် မိမိသိရှိထားသမျှကို ထုတ်ဖော်တင်ပြ လိုက်ရကြောင်း အဆိုပါပုဂ္ဂိုလ်က ပြောပြပါသည်။

ဤကဲ့သို့ ဖြစ်စဉ်ကြီးသည် တစ်နာရီဖြင့် မလုပ်ဆောင်နိုင်သည်ကို သမ္မတမှအစ အလုပ်သင်ရဲသားအဆုံး အားလုံးသိရှိမည်ဟု မျှော်လင့်ပါကြောင်း၊ ယခုအကြိမ်တွင် ရဲနှင့် စစ်တပ် ရောက်လာတာမြန်၍ အကြမ်းဖက်သူများက အခြေအနေအေးသည်နှင့် နောက်တစ်ကြိမ်လုပ်ရန် ကြိုးစားနေသောကြောင့် တိုင်းပြည်မျက်နှာထောက်ကာ သူတို့နှင့် မိတ်ဆွေပင် ဖြစ်လင့်ကစား အမှန်တရားကို သိရှိရန်နှင့် ဘိုးစဉ်ဘောင်ဆက် အေးချမ်းမှုမျိုးကို ပြန်လည်ရရှိလိုပါသဖြင့် ပြောပြရခြင်း ဖြစ်ပါကြောင်း၊ ဗုဒ္ဓဘာသာကို ခုတုံးလုပ်၍ အခြားဘာသာဝင်များ၏ အိုးအိမ်စည်းစိမ်ကို ဖျက်ဆီးနေ၍ မခံနိုင်သောကြောင့် အဖြစ်မှန်ကို ထုတ်ဖော်တော့မည်ဟု ဆုံးဖြတ်လိုက်ကာ ပြောပြခြင်းဖြစ်ကြောင်း အဆိုပါ ပုဂ္ဂိုလ်က ထည့်သွင်း ပြောကြားခဲ့ပါတယ်။

သာသနာတော် ညှိုးနွမ်းအောင် တကယ်လုပ်သူများမှာ အထက်ဖေါ်ပြပါ ငွေရှင်ကြေးရှင်များသာ ဖြစ်ကြောင်း၊ မိန်းကလေးက ဓားစာခံ သက်သက်သာ ဖြစ်ကြောင်း ထည့်သွင်း ပြောဆိုသွားပါတယ်။

အပြစ်မဲ့ မိန်းကလေးတစ်ဦး ပုဒ်မများစွာဖြင့် ထောင်မကျရန်၊ တရားခံ အစစ်အမှန်များကို ဖမ်းမိရန်၊ နောက်ထပ် ဒီလိုအဖြစ်ဆိုးမျိုး ထပ်မံမပေါ်ပေါက်စေရန် အားလုံးကူညီပေးကြဖို့ တိုက်တွန်းပါတယ်။

ပြောပြသူက အမည်မဖော်ပြရန် ကတိတောင်းသဖြင့် ကတိပေးခဲ့ပါသည်။

ပေးပို့သူ » မောင်ကျောင်းသား

၁၅၀၀ နဲ့ လက်စဖျောက်ခြင်း

၂၀၁၃ ခုနှစ်၊ မေလ (၈) ရက် | ဧရာဝတီ

စိတ်ပြောင်း စိတ်လွှဲ (ကာတွန်း-ကျော်သူရိန်-ဧရာဝတီ)

မြန်မာနိုင်ငံသမိုင်းကြောင်းမှာ ဦးသိန်းစိန် သမ္မတဖြစ်လာပြီးနောက်ပိုင်း ကမ္ဘာကျော် အကြမ်းဖက်မှုများ၊ လက်စဖျောက် သတ်ဖြတ်မှုများ၊ မျိုးတုန်းသတ်ဖြတ်မှုများ စသဖြင့်များစွာ ပေါ်ပေါက်ခဲ့သလို သိန်းလေးဆယ်လောက်တန်တဲ့ တယ်လီဖုန်းဘ၀ကနေ ၁၅၀၀ တန် တယ်လီဖုန်းလဲ ဖြစ်ခဲ့ရတယ်ဆိုတာ ငြင်းမရနိုင်ပါ။

ကာတွန်းပါ 1500 Ks SIM CARD ဟူသောစာဖြင့် တယ်လီဖုန်းဆင်းမ်ကတ်ကြီးအား ညွန်းဆိုထားပြီး မျက်မှန်ဝတ်ထားသူ ထိပ်ပြောင်ပြောင်နှင့် ချိတ်ထဘီ တိုက်ပုံဖြင့် တံမြတ်စည်းလှည်းနေသူမှာ ဦးသိန်းစိတ်ဖြစ်ဟန်တူသည်။ တံမြက်စည်းလှဲနေသည့်နေရာတွင် RIOTS ဟူသော သွေးရောင်သန်းသည့် စကားလုံးမှာ အဓိကရုဏ်းများ (အကြမ်းဖက်မှုများ) ဟု အဓိပ္ပါယ်ရသောကြောင့်...

ကာတွန်းဆရာ ကျော်သူရိန်၏ တင်ပြချက်ကို ဧရာဝတီသတင်းဌာန၏ မူပိုင် ဖော်ပြထားချက်အား ထပ်ဆင့် ဖော်ပြထားခြင်းဖြစ်ပါတယ်။

လွတ်လပ်စွာ ပြောဆိုခွင့်ကို တလွဲအသုံးမပြုကြဖို့ သမ္မတဦးသိန်းစိန် သတိပေး

၂၀၁၃ ခုနှစ်၊ မေလ (၇) ရက် | TEOL

ပြီးခဲ့တဲ့ တနင်္ဂလာနေ့ ညပိုင်းက မြန်မာပြည်သူလူထုသို့ ပြောကြားတဲ့ မိန့်ခွန်းထဲမှာ သမ္မတဦးသိန်းစိန်က လွတ်လပ်စွာ ယုံကြည်ကိုးကွယ်ခွင့်ကို အကာအကွယ်ပေးသွားမယ်ဆိုပြီး အာမခံ ပြောကြားခဲ့ပြီးနောက် တစ်ဆက်တည်းမှာပဲ လွတ်လပ်စွာပြောဆိုခွင့်ကိုလည်း တလွဲ အသုံးမပြုကြဖို့အတွက်လည်း အခုလို သတိပေးခဲ့ပါတယ်။

"ဒီအခွင့်အရေးကို အလွဲသုံးစားလုပ်ပြီး အမုန်းတရားကို တိုးပွားစေတဲ့ ပြောဆိုမှုများ လုပ်ဆောင်မှုများဟာ ပဋိပက္ခများကို ပိုမို ကြီးထွားစေခဲ့ပါတယ်။ ဒီနေရာမှာ ကျနော်တို့ သတိပြုရမယ့် အချက်တခုက အခွင့်အရေးတခုကို လွဲမှားစွာ အသုံးချခြင်းဟာ တခြား အခွင့်အရေးများကို ဆုံးရှုံးစေတယ်ဆိုတာကို သတိပြုရမှာ ဖြစ်ပါတယ်။"
ယမန်နှစ် ဇွန်လအတွင်းက တောင်ကုတ်မြို့တွင် အညာဒေသမှ မွတ်စလင်မ်ခရီးသွား (၁၀)အား ရာနဲ့ချီတဲ့ လူအုပ်စုကြီးမှ ရက်စက်စွာ သတ်ဖြတ်ခဲ့ပြီးနောက် စစ်တွေမြို့တွင်လည်း မွတ်စလင်မ်များအား အကြမ်းဖက်ရန်စမှုများ ပေါ်ပေါက်ခဲ့ပြီးနောက် စစ်တွေရဲစခန်းအား ထောင်နှင့်ချီတဲ့ ရခိုင်အကြမ်းဖက်သမားများမှ ၀ိုင်းခဲ့၍ ရဲစခန်းအတွင်းရှိ လက်နက်တိုက်အား
ဖောက်ထွင်းသည်အထိ ဖြစ်ပေါ်လာခြင်းကြောင့် ရဲတပ်ဖွဲ့များမှ ပစ်ခတ်နှိမ်နင်းခဲ့ရပြီးနောက်ပိုင်း ရခိုင်ပြည်တွင်း ဘာသာရေးအကြမ်းဖက်မှုများ ဆက်တိုက်ပေါ်ပေါက်လာခဲ့ရပါတယ်။

အကြမ်းဖက်သမား ၀ီရသူ 969
အကြမ်းဖက် လှုံ့ဆော်ရေး ပြုလုပ်နေစဉ်
ယင်းနောက်ပိုင်းမှာတော့ မြန်မာနိုင်ငံနေရာအနှံ့အပြားအတွင်း ဘာသာရေးအကြမ်းဖက်မှုများ ပေါ်ပေါက်လာခဲ့ရာ ပြီးခဲ့တဲ့ မတ်လအတွင်းက လူပေါင်းရာချီသေဆုံးခဲ့ရတဲ့ မိတ္ထီလာမြို့ ဘာသာရေးအကြမ်းဖက်မှုများကတော့ ကမ္ဘာက အာရုံစိုက်စေခဲ့ရပါတယ်။

ရခိုင်ဒေသတွင်းအကြမ်းဖက်မှုများနှင့် မြန်မာပြည်တွင်း အကြမ်းဖက်မှုများ
အတွင်း နိုင်ငံတကာမှ စောင့်ကြည့်ခံခဲ့ရသည့် 969 ဘာသာရေးအခြေပြု အကြမ်းဖက်ဂိုဏ်းမှ တရားမ၀င် ခေါင်းဆောင်များဖြစ်သော ၀ီရသူ၊ ပညာဝရတို့အား သမ္မတဦးသိန်းစိန်မှ တိုက်ရိုက် ညွှန်းဆိုခဲ့ဖွယ်ရှိတယ်လို့
လေ့လာသူများက သုံးသပ်နေကြပြီး ၎င်းတို့အား အမှန်တကယ် ညွှန်းဆိုခဲ့ပါက ကြိုဆိုကြောင်းနှင့် ၎င်းတို့ကဲ့သို့ ဘုရားသား
ဟန်ဆောင်ထားသူ လူဆိုးကြီးများအား အရေးယူမှုအပိုင်းတွင် နှေးကွေးနေခြင်းကြောင့် မြန်မာပြည်တွင်း အကြမ်းဖက်မှုများပြားနေရပါသည်..........



မိတ္ထီလာတွင် ဘုန်းကြီးသတ်သူဟု စွတ်စွဲခံရသူများအား ရုံးထုတ်စစ်ဆေး၊ ပြစ်မှုကျူးလွန်သူမဟုတ်ကြောင်း ခုခံချေပ

၂၀၁၃ ခုနှစ်၊ မေလ (၇) ရက် | TEOL

စွပ်စွဲခံထားရသည့် မွတ်စလင်မ်များကို
ဧပြီလအတွင်းက ရုံးထုတ်ခဲ့စဉ် (ဓာတ်ပုံ – Reuters)
ပြီးခဲ့တဲ့ မတ်လ ၂၀ ရက်နေ့က မိတ္တီလာမြို့တွင်း၌ အကြမ်းဖက်မှုများ ဖြစ်ပွားနေစဉ် ဘုန်းကြီးတစ်ဦးအား သတ်သူဟု စွတ်စွဲခံရသူ ၇ ဦးအား ယမန်နေ့က ဒုတိယအကြိမ်မြောက် ရုံးထုတ်စစ်ဆေးပြီးနောက် တရားစွဲဆိုရန် စွဲချက်တင်ခဲ့ကြောင်း သတင်းရရှိပါတယ်။

အဆိုပါ စွတ်စွဲခံရသူ ၇ ဦးအနက် ၁ ဦးဟာ
အရွယ်မရောက်သေးသည့် ကလေးတစ်ဦးဖြစ်နေလို့
ပြန်လည် လွှတ်ပေးခြင်းမရှိပေမယ့် ကလေးသူငယ်
တရားရုံးသို့ လွှဲပြောင်း၍ အသစ်ပြန်လည်ကာ
အမှုဆင်၍ တရားစွဲသွားမှာဖြစ်ပြီး ကျန်ရှိ စွတ်စွဲခံရ
သူတွေကိုတော့ တရားရုံးမှာ စွဲချက်တင်လိုက်တယ်လို့
အမှုအား လိုက်ပါဆောင်ရွက်ပေးနေသူ ရှေ့နေက ပြောပါတယ်။

အဆိုပါအမှုတွင် ပြစ်မှုကျူးလွန်ခြင်းမရှိဘဲ မတရားဖမ်းဆီးခံရသူများ ပါရှိနေပြီး ကျန်ရှိမိသားစုများက ပြန်လည် လွတ်မြောက်စေလိုနေကြပါတယ်။ မတရားဖမ်းဆီးခံရသူများဟာ အချုပ်စခန်းအတွင်း စိတ်ရောလူပါ ထိခိုက်နစ်နာနေကြရပြီး မိမိတို့ ပြစ်မှုကျူးလွန်သူမဟုတ်ကြောင်း ပြန်လည်၍ ခုခံချေပနေကြသည့်ကြားက အထောက်အထား မခိုင်လုံဘဲ ယခုလို စွဲချက်တင်လိုက်တာဖြစ်ကြောင်း တရားရုံးနှင့်နီးစပ်သူတစ်ဦးက အလင်းမျက်ဝန်းသို့ ပြောကြားပါတယ်။

`တကယ်တမ်းဆိုရင် အခု ဘုန်းကြီးသတ်တယ်၊ သေတယ်သာ ပြောနေတယ်။ ဒါက တစ်ဖက်က ပြဿနာကို ဖန်တီးသူတွေဆီက ထုတ်ပြန်ပေးတဲ့သတင်းကို အခြေခံပြီး ဒုက္ခသည်စခန်းတွေထဲထိကို ဒုက္ခသည်အဖြစ် ရောက်လာသူတွေကို ဖျားယောင်းပြီး လိုက်ဆွဲထားတာပါ။ အဆွဲခံရပြီဆိုကတည်းက အကြောင်းရှာပြီး ဖမ်းမှာ သေချာနေတယ်ဆိုတာ မြန်မာ့ထုံးစံ ဖြစ်နေပါပြီ။ ဒီအထဲမှာ ပြဿနာပေါ်ပေါက်ချိန်က ကိုယ့်ရပ်ကွက်လုံခြုံရေးအတွက် လူငယ်တွေ အကြမ်းဖက်လာသူတွေကို တတ်နိုင်သမျှ ပြန်ခုခံတယ်။ မင်္ဂလာဇေယျုံမှာဆိုရင် သေသွားတယ်ဆိုတဲ့ကလေးတွေဟာ သူတို့နားလည်အောင်ပြောရရင် မွတ်စလင်မ်တွေရဲ့ ကိုရင်တွေပဲ။ သေသွားတဲ့ဆရာတွေက မွတ်စလင်မ်တွေရဲ့ ဘုန်းကြီးတွေပဲ။ ကျောင်းအိပ်ကျောင်းစား ဘော်ဒါနေ အရဗီစာသင်ကျောင်းတွေဟာ မွတ်စလင်မ်တွေရဲ့ ဘုန်းကြီးကျောင်းတွေပဲ၊ မိန်းကလေးတွေတက်တဲ့ကျောင်းတွေဟာ မွတ်စလင်မ်တွေရဲ့ သီလရှင်ကျောင်းတွေပဲ။ ဖျက်ဆီးခံရတဲ့ဗလီတွေဆိုတာ မွတ်စလင်မ်တွေရဲ့ စေတီပုထိုးတွေပဲ။ ဒါတွေကို ဖျက်ဆီးတယ်။ မွတ်စလင်မ်တွေရဲ့ ကျမ်းစာတွေကို လမ်းမပေါ်မှာ ဖြန့်ကျဲထားတယ်။ ဒါတွေကိုတော့ အခုထိ အရေးမယူသေးဘဲ အခု သက်သေ ခိုင်လုံစွာမရှိတဲ့ ဘုန်းကြီးသေမှုကိုတော့ ပုံကြီးချဲ့နေတယ်။ မြန်မာပြည်မှာ မွတ်စလင်မ်ဖြစ်လို့ တစ်ဖက်သတ် အခုလို နှိပ်ကွပ်နေတာလို့ပဲ မြင်တယ်။ သမ္မတက အပြောတစ်မျိုး အလုပ်တစ်မျိုး လုပ်နေကြပါ။ သူ့အမိန့်ကလည်း တကယ်တမ်း ဘာမှ သက်ရောက်မှုရှိတယ်ဆိုတာ ဘာရှိသေးလို့လဲ။ တောင်ကုတ်မှာ မွတ်စလင်မ် ၁၀ ဦး အသတ်ခံရတာ အခု ဘုန်းကြီးသေတာထက် ပိုဆိုးပါတယ်။ မင်္ဂလာဇေယျုံက မွတ်စလင်ကျောင်းသားလေးတွေသေရတာ ဘုန်းကြီးသေတာထက် ပိုဆိုးပါတယ်။ အခုဟာက မွတ်စလင်မ်တွေက ခံလဲ ခံလိုက်ရသေးတယ်။ အဖမ်းခံရပြီးရင် သေဒဏ်အထိပါ အပြစ်ပေးလဲ ခံရအုံးမယ်ဆိုတာက သဘာဝ မကျဘူးဗျ။ ရွှေဆိုင်လင်မယားဆိုရင် ကလေးသေးသေးလေး အပြင်မှာ ကျန်ခဲ့ရတယ်။ စီးပွားလဲ ပျက်သွားတဲ့အပြင် ဘ၀ပါ အဖျက်ခံလိုက်ရပြီ။ သူခိုးက လူလူဆိုပြီး ပြန်ဟစ်သလို ဖြစ်နေပြီ။´ စွတ်စွဲခံရ၍ မတရားဖမ်းဆီးခံထားရသူတစ်ဦး၏ မိသားစုဝင်က ပြောပြတာပါ။

မိတ္ထီလာမြို့တွင်း ပေါ်ပေါက်ခဲ့သည့် ဘာသာရေးအကြမ်းဖက်မှုများကြောင့် ဗလီများ၊ ဘာသာရေးစာသင်ကျောင်းများနှင့် မွတ်စလင်မ်ပိုင် အိမ်နှင့်ဆိုင်များစွာ ပျက်စီးဆုံးရှုံးခဲ့ရပြီး မွတ်စလင်မ်သုံးဦးအား ထောင်ဒဏ် (၁၄)နှစ်စီချ၍ အပြစ်ပေး အရေးယူကာ (၁၁)ဦးအား စစ်ဆေးဆဲဖြစ်ပြီး၊ စုစုပေါင်း မွတ်စလင်မ် (၂၈)ဦးအား ဖမ်းဆီးထားသော်လည်း ပြဿနာဖန်တီးသူ ဗုဒ္ဓဘာသာဝင်များနှင့် လူသတ်ရာတွင် ပါဝင်သူ ဘုန်းကြီးများအား ထင်သာမြင်သာရှိစွာဖြင့် အရေးယူခြင်းမျိုး မရှိသေးသည့်အပြင် အကြမ်းဖက်မှုများအား လှုံ့ဆော်ခဲ့သူ ၀ီရသူနှင့် 969 ဂိုဏ်းကတော့ ယနေ့အထိ လွတ်မြောက်နေဆဲဖြစ်ပါတယ်။


အလင်းမျက်ဝန်းမီဒီယာသို့ ဆက်သွယ်ရန် အီးမေလ် teol.media@gmail.com

--

May Peace Be Upon You
Regards,
Ruby

--
မှော်ဆရာအဖွဲ့မှ နေ့စဉ် Mail များရယူလိုပါက http://groups.google.com/group/mrsorcerer/subscribe?hl=en
Member များ မိမိတို.သိထားသည်များကို မျှဝေလိုပါက mrsorcerer@googlegroups.com သို့စာပို့နိုင်ပါသည်။
မှော်ဆရာအဖွဲ့ မှ နှုတ်ထွက်လိုလျှင် mrsorcerer+unsubscribe@googlegroups.com ကိုနှိပ်ပြီး စာပို့ပေးပါရန်။
စာလက်ခံလိုသည့်ပုံစံ ပြင်လိုလျှင် http://groups.google.com/group/mrsorcerer?hl=en
အဖွဲ့ ၏ စည်းကမ်းများကို သိလိုလျှင် http://groups.google.com/group/mrsorcerer/browse_thread/thread/af2f4a1d44d4d909?hl=en တွင် ဖတ်ရှုနိုင်ပါသည် ။
 
Facebook (FB) မှော်ဆရာအဖွဲ့သို့ Mail ပို့လိုလျှင် mrsorcerer2@groups.facebook.com
FB မှော်ဆရာအဖွဲ့သို့ ၀င်ရန် http://www.facebook.com/home.php?sk=group_173571176006981&ap=1
Facebook Page နှင့်ဆက်သွယ်လိုလျှင် www.facebook.com/mrsorcerergroup
 
မှော်ဆရာ အဖွဲ့ နှင့်ပက်သက်၍ ဝေဖန်အကြံပြုလိုပါက >>>
ဦးဦး မှော်ဆရာ ( mrsorcerer9@gmail.com, mrsorcerer27@gmail.com ) ထံသို.
ပေးပို.နိုင်ပါသည် ။
 
ခင်မင်စွာဖြင့်
ဦးဦး မှော်ဆရာ
---
You received this message because you are subscribed to the Google Groups "မှော်ဆရာ အဖွဲ့  ( Ѧя Ƨσяcɛяɛя )" group.
Visit this group at http://groups.google.com/group/mrsorcerer?hl=en.