[mrsorcerer:38199] (၄၀၁ အပိုဒ်/၁)နှောင်ကြိုးတည်းခံများကိစ္စ (မျိုးမြင့်ချို)မေ ၈ ရက် ၂၀၁၃

(၄၀၁ အပိုဒ်/၁)နှောင်ကြိုးတည်းခံများကိစ္စ (မျိုးမြင့်ချို)မေ ၈ ရက် ၂၀၁၃

by Myo Myint (Notes) on Wednesday, May 8, 2013 at 4:24pm

(၄၀၁ အပိုဒ်/၁)နှောင်ကြိုးတည်းခံများကိစ္စ

ဦးသိန်းစိန်ရဲ့ကြံ့/ဖွံ့ အာဏာလက်လွှဲယူပြီးတဲ့နောက် နိုင်/ကျဉ်းတချို့ကိုစလွှတ်တော့ နှောင်ကြိုးတန်းလန်းကြီးနဲ့ဆိုပြီး ပြောသူတွေထဲမှာ ကျနော်လည်းပါပါတယ်။ (၄၀၁-အပိုဒ် ၁) ဆိုတာဘာလဲဆိုပြီး ဆောင်းပါး ၂ ပုဒ်လောက်တောင် ရေးဖြစ်ခဲ့ပါသေးတယ်။ ခု အများနားလည်ရပိုလွယ်အောင် အရပ်သားစကားနဲ့အတိုဆုံးချုပ်ပြီး ပြန်ပြောချင်ပါတယ်။ ခု အဲ့သဘောဆောင်တဲ့ ပူပူနွေးနွေးကိစ္စတခုဖြစ်တယ်မြင်လို့ပါ။ ဒီလိုဗျာ...၄၀၁ အပိုဒ် ၁ သဘောက..ခင်ဗျား သူတို့ကိုဆန့်ကျင်လို့ ဒီမိုကရေစီရေးလုပ်လို့ အဖမ်းခံရပြီး၊သူတို့ ပုဒ်ထီးပုဒ်မတွေနဲ့ ထောင် (၁၀)နှစ်ချခံလိုက်ရတယ် ဆိုပါတော့။ ထောင်ထဲမှာလည်း (၄)နှစ်နေပြီးပြီဆိုပါတော့။ (ထောင်နေသား (၄)နှစ်ရပြီလို့ပြောပါတယ်) နောက်ထပ်နေပေးဖို့ (၆)နှစ် ကျန်သေးတယ်လို့ဆိုရမယ်။ဘာလို့လဲဆိုတော့ (၁၉၉၇) ကတည်းကစပြီး နိုင်/ကျဉ်းတွေကို ထောင်လျှော့ရက်မပေးတော့လို့ပါပဲ။နေဖို့လက်ကျန် (၆)နှစ်ရှိသေးတဲ့အချိန်မှာ ခင်ဗျားကို အပေးအယူ(တရားဝင်ပြောပြီး)လာလုပ်ပါတယ်။"ခု လွှတ်ပေးမယ်.. ထောင်ထဲနေရန် ကျန်သေးတဲ့(၆)နှစ်ကို အကြွေး(ထောင်ကြွေးလက်ကျန်အဖြစ်)မှတ်ထားမယ်...၊ နောင်ကို နိုင်ငံရေးမလုပ်ရဘူးလို့ မဆိုလိုဘူး..၊ လုပ်ချင်ရင်လုပ်...၊ လုပ်လို့ ပြန်အဖမ်းခံရ ပြန်ထောင်ကျရင် အမှုသစ်အတွက်ချမယ့်ထောင်ဒဏ်အပြင် အမှုဟောင်းက ကြွေးကျန်ကိုပါ ထပ်ပေါင်းကျခံရမယ်"ဒီသဘောပါပဲ။ (ဥပမာ-နောင်အမှုက ၃ နှစ်ဆိုရင် အရင်ထောင်ကြွေးလက်ကျန်က (၆)နှစ်၊ ပေါင်းလိုက်တော့(၉)နှစ်။ သွားပေတော့ပဲ။ အဲ့ဒါကိုပဲ ဗူးလုံးနားမထွင်းသူက မထွင်း။ ထွင်းသူကလည်း မထွင်းချင်ယောင်ဆောင်ပြီး ယောတောရှိနဲ့ "လွတ်ငြိမ်းချမ်းသာခွင့်"လို့ရေးနေ ပြောနေကြတာပါ။ လုံးလုံးလွဲပါတယ်။ မသိလို့လွဲတာဆို သိသူကပြန်တဲ့ပေးရင် ဖြောင့်သွားပေမယ့် သိသိနဲ့ပြောတာရေးတာဆိုရင်တော့ ဒါဟာ "နိုင်ငံရေးမသမာမှု-နိုင်ငံရေးအကျင့်တန်မှု"လို့ပြောရမယ် ယူဆတယ်။ အထွေထွေလွတ်ငြိမ်းချမ်းသာခွင့်ပြုတာနဲ့ခု ကြံ့/ဖွံ့အစိုးရလုပ်နေတာဟာ တခြားစီပါ။ ကျနော်စိုးရိမ်တာက သူတို့ (၄၀၁)နဲ့ မလိမ့်တပတ်လုပ်ပြီး လွှတ်ပေးလိုက်တဲ့သူတွေထဲမှာ လွတ်နီးတွေပါသလို၊ နှစ်ကြီးချခံခဲ့ရပြီး ထောင်ကြွေးလက်ကျန် မနည်းမနောတွေလည်း တပုံတခေါင်းကြီးပါတယ်။ အဲ့လူတွေ ဒီတကြိမ်ပြန် အဖမ်းခံရလို့ကတော့(သူတို့အဆို ပြစ်မှုကြီးကို)ထောင်လေး (၁)ရက်ပဲချဦး အရင်ထောင်ကြွေး ပေါင်းပေးလိုက်ရုံနဲ့တင် ကိစ္စပြီးပါတယ်။ (ဒီမိုကရေစီလမ်းကြောင်းကို သွားနေပါတယ် နိုင်ငံရေးလုပ်လို့-သူတို့ကိုဆန့်ကျင်လို့-မဖမ်းတာ့ပါဘူးလို့ အာမခံထားတာမရှိသလို ဘယ်သူမှလည်း ဝင်အာမခံလို့မရပါဘူး။ ဒီတော့ ထောင်ထဲကနိုင်/ကျဉ်းလက်ကျန်တွေကို လွှတ်တဲ့အခါမယ်"ခြွင်းချက်မရှိနဲ့ အမြန်ဆုံးလွှတ်ပေးဖို့ (Immediately andUnconditionally)" အပြင် (၄၀၁) နဲ့အပြင်ရောက်ပြီးသားလူတွေကိုလည်း အဲ့ဒီ(၄၀၁)နှောင်ကြိုးကနေ အတိအလင်း ပြန်ဖြည်ပေးရပါလိမ့်မယ်။ အတိအလင်းလို့ဆိုရာမှာ သတင်းစာ ရေဒီယို ရုပ်မြင်သံကြားစတဲ့ အစိုးရမီဒီယာတွေကနေ သမ္မတကိုယ်တိုင် ထုတ်ဖော်ပြောကြားပေးဖို့ပါပဲ။ အခုပဲ တောင်းဆိုပါတယ်။ (၄၀၁)နှောင်ကြိုးတည်ခံနေရတဲ့ ကာယကံရှင်တွေကိုယ်တိုင်တင်မကပဲ အခြားသူတွေကပါ ဝိုင်းဝန်းတောင်းဆိုကြလိမ့်မယ်လို့ ယုံကြည်မျှော်လင့်ပါတယ်။ အပစ်အခတ်ရပ်တာနဲ့၊ စစ်ရပ်တာနဲ့၊ စစ်ပြေငြိမ်းတာနဲ့၊ စစ်လည်းမတိုက်ငြိမ်းချမ်းရေးလည်းမရတာနဲ့၊ပြည်တွင်းငြိမ်းချမ်းရေးတည်ဆောက်တာနဲ့ကြားကကိစ္စတွေမှာလည်း ကျနော်တွေးမိတာလေးတွေ ရှေ့မှာအတော်အတန်ရေးခဲ့ပါတယ်။ ဒါပေမယ့် စာရှည်တော့ ဖတ်သူငြီးငွေ့မှာ သေချာပါတယ်။ ခုလို တိုတိုတုတ်တုတ်နဲ့ပြန်ရေးရင် ကောင်းမလားလည်းတွေးမိပါတယ်။ မျိုးမြင့်ချို။ မေ ၈ ရက် ၂၀၁၃



--

May Peace Be Upon You
Regards,
Ruby

--
မှော်ဆရာအဖွဲ့မှ နေ့စဉ် Mail များရယူလိုပါက http://groups.google.com/group/mrsorcerer/subscribe?hl=en
Member များ မိမိတို.သိထားသည်များကို မျှဝေလိုပါက mrsorcerer@googlegroups.com သို့စာပို့နိုင်ပါသည်။
မှော်ဆရာအဖွဲ့ မှ နှုတ်ထွက်လိုလျှင် mrsorcerer+unsubscribe@googlegroups.com ကိုနှိပ်ပြီး စာပို့ပေးပါရန်။
စာလက်ခံလိုသည့်ပုံစံ ပြင်လိုလျှင် http://groups.google.com/group/mrsorcerer?hl=en
အဖွဲ့ ၏ စည်းကမ်းများကို သိလိုလျှင် http://groups.google.com/group/mrsorcerer/browse_thread/thread/af2f4a1d44d4d909?hl=en တွင် ဖတ်ရှုနိုင်ပါသည် ။
 
Facebook (FB) မှော်ဆရာအဖွဲ့သို့ Mail ပို့လိုလျှင် mrsorcerer2@groups.facebook.com
FB မှော်ဆရာအဖွဲ့သို့ ၀င်ရန် http://www.facebook.com/home.php?sk=group_173571176006981&ap=1
Facebook Page နှင့်ဆက်သွယ်လိုလျှင် www.facebook.com/mrsorcerergroup
 
မှော်ဆရာ အဖွဲ့ နှင့်ပက်သက်၍ ဝေဖန်အကြံပြုလိုပါက >>>
ဦးဦး မှော်ဆရာ ( mrsorcerer9@gmail.com, mrsorcerer27@gmail.com ) ထံသို.
ပေးပို.နိုင်ပါသည် ။
 
ခင်မင်စွာဖြင့်
ဦးဦး မှော်ဆရာ
---
You received this message because you are subscribed to the Google Groups "မှော်ဆရာ အဖွဲ့  ( Ѧя Ƨσяcɛяɛя )" group.
Visit this group at http://groups.google.com/group/mrsorcerer?hl=en.