ဟံသာဝတီ ဦးဝင်းတင် မေ ၈၊ ၂၀၁၃ ကျုပ်တစ်ကောင် အသက်ခေါင်မိုးကပ်လာတော့ ဝဋ်နာ၊ ကံနာ၊ သံသရာနာတွေ တိုးလာသဗျာ။ ကိလေသာမကုန်သေးတော့ မသေမချင်း ကိလေသာ နှိပ်စက်ခြင်းကို ခံရတော့မှာပေါ့လေ။ သေခါနီးလေ ပိုဆိုးလေတောင်ဖြစ်လာသေး။ ကျုပ် အထူးပြောချင်တဲ့ ကိလေသာက တွေးတောယုံမှားခြင်း (ဝိစိကိစ္ဆာကိလေသာ) ဗျ။ ကိလေသာစက် သုံးထောက်ဝက်ဆိုတဲ့ ၁၅၀၀ ကိလေသာလည်း ပါမှာပေါ့။ ကျုပ် သေတွင်းသေဝရောက်လာလေ တွေးတောယုံမှားခြင်းတွေများလာလေ ဖြစ်နေသဗျာ။ ရတနာသုံးပါးအပေါ်မှာ ဒွိဟသံသယဖြစ်တာ မဟုတ်ပါဘူး။ အာဏာရှင်တွေ၊ အာဏာရူးတွေ၊ အာဏာမူးတွေရဲ့ လူ့ငရဲအကြွပ်ကြော်ဒယ်အိုးတွေအပေါ်မှာ တွေးတောယုံမှားခြင်း ဖြစ်နေမိတာကို ပြောတာပါ။ ဒယ်အိုးတွေ ချိုးခွာလို့ရမလား။ မရဘူးလား။ ခွာမလား။ မခွာဘူးလား။ ညှော်နံ့ဆိုးကလည်း ခါးသိုးနေတာပါကလား။ အဝီစိငရဲအိုးကြီးက ချိုးကပ်တဲ့ ညှော်နံ့လားဟဲ့။ လူတွေကြော်တဲ့၊ လှော်တဲ့ [...]

Read more of this post