အရောင်မှိန်သွားသော အိမ်မက် လောအယ်စိုး၊ မေ ၁၂၊ ၂၀၁၃ သူတို့ အလွန်ပျော်ရွှင်နေသော မြင်ကွင်းကိုကြည့်၍ နော်မြင့် တစ်ယောက် သက်ပြင်းချမိသည်။ ၎င်းတို့နှစ်ဦးသား ပြောနေကြသော စကားကိုလည်း မိမိ နားမလည်။ ' အိုး " " ရက်စ်" ' နိုး" ဆိုတာတွေ လောက်တော့ သိသည်။ ချစ်သောသူ၏ ခါးကိုတလှည့်  ပခုံးကိုတစ်ခါ ဖက်ယမ်းရင်း ပျော်ရွှင်နေသော သမီးကိုလည်း စိတ်မဆိုး ရက်ပါ။ သူတို့ ပျော်ရွှင်ပါစေ၊ သူတို့ကြည်နူးကြပါစေလို့သာ စိတ်ထဲမှ ကြိတ်ရင်းဆန္နပြုမိပါသည်။ ဘ၀ခရီးဟူသည် အဘယ်သိုသော အရာဖြစ်သည်ကို သူတို့လေးတွေ သိချင်မှသိမည်။ အဘယ်မျှ ကြမ်းတမ်းသော ခရီး ရှည်ကြီး တစ်ခု ဖြစ်မည်ဆိုသည်ကိုလည်း ယခု သူတို့နားလည်ချင်မှ နားလည် ရှာပေလိမ့်မည်။ […]

Read more of this post