၈၈မျိုးဆက် ကျောင်းသားခေါင်းဆောင် မင်းကိုနိုင်၊ ကိုကိုကြီးတို့နှင့် ဆန်ဖရန်မြန်မာမိသားစုများ တွေ့ဆုံပွဲ - ဇွန် ၁၊ စနေနေ့၊ ဒေလီးစီးတီး Little Theater  ဖိတ်စာ ထွက်ရှိ ထို့အတူ လော့စ်အိန်ဂျလိမိသားစုများနှင့် ဇွန် ၂ တွေ့ဆုံပွဲ ထုတ်ပြန်ချက်လည်း ထွက်ရှိ ထို့အတူ မေ ၂၆ (ဆန်းဒေး) ဖလော်ရီဒါပြည်နယ်၊ အော်လင်ဒိုမြို့က ဖိတ်စာလည်း ထွက်ပြီ ဖြစ်သည် ပထမဦးဆုံး မြန်မာမိသားစုများနှင့် တွေ့ဆုံပွဲမှာ မေ ၂၅၊ စနေနေ့ နယူးယောက်မြို့တော် ဖြစ်သည်။ ဒေသခံများအနက် သက်ကြီးစာပေပညာရှင်တဦးဖြစ်သူ မောင်စွမ်းရည်က သူကိုယ်တိုင် သွားရောက်ကြိုဆိုမည်ဟု ပြောကြားလိုက်သည်။ "၀ါရှင်တန်ကနေ နယူးယောက်ကို ရထားနဲ့ လာမယ် ကြားတယ်။ ဘူတာရုံမှာ သွားကြိုမယ် ..." ဟု မိုးမခကို ပြောသည်။ နယူးယောက်တွေ့ဆုံပွဲကို မြန်မာ့အရေးလှုပ်ရှားသူများနှင့် ၈၈ မျိုးဆက်၊ အင်န်အယ်ဒီလူငယ်ခေါင်းဆောင်တဦးဖြစ်ခဲ့သူ ကိုနေတင်မြင့်နှင့် မိတ်ဆွေများက စီစဉ်နေကြောင်း ကြားသိရသည်။

Read more of this post