ရန်ဝင်း (တောင်တံခါး) မေ ၄၊ ၂၀၁၃ ဧတေသံ ပန ဘိက္ခူနံ သံမုခါသော ဇလံ ပါတေသိ ကတ္ခာန သက္ခိန္တု ၀သုဓာတံ စာကြောင်းရေ ၂၈ - ၃၀၊ ပါဋ္ဌိဘာသာ ရာဇကုမာရ်ကျောက်စာ၊ မြင်းကပါဂူပြောက်ကြီး၊ ပုဂံ သက္ကရာဇ် ၄၇၄ - ၄၇၅ ထို (မထေရ်ဖြစ်သော) ရဟန်းတို့၏ ရှေ့မောက်၌ ကောင်းသော စိတ်နှလုံးရှိသော (ထိုမင်းကြီးသည်) မြေအပြင်ကို သက်သေပြု၍ ရေစက်သွန်းချတော်မူလေ၏။ ရေစင်တော်သွန်းတယ်။ ရေသွန်းတယ်။ ရေစင်တော်ချ တယ်လို့ ပုဂံခေတ် ကျောက်စာတွေမှာတွေ့ရပြီး ဒီကနေ့ခေတ် ရေစက်ချ တယ်ဆိုတဲ့ အလေ့အထိက ဗုဒ္ဓဘာသာဝင်တွေအတွက် အရေးပါတဲ့အခန်းဏ္ဍဖြစ်ပါတယ်။ ရေစင်တော်သွန်းတယ်၊ ရေသွန်းတယ်၊ ရေစင်ချတယ်၊ ရေစက်ချတယ်ဆိုတာ မိမိအလှူကို မဟာပထ၀ီမြေကြီးနဲ့ သက်သေတည်တဲ့ [...]

Read more of this post