ဘာလဲဟဲ့ လွတ်ငြိမ်းသက်သာ နိုင်ကျော်၊ မေ ၁၁၊ ၂၀၁၃ လွတ်ငြိမ်းသက်သာ၊ လွတ်ငြိမ်းချမ်းသာဆိုတဲ့ အမိန့်တွေနဲ့ ကျင့်ထုံးဥပဒေပုဒ်မ ၄၀၁(၁) အရ  န၀တ၊ နအဖ၊ ဒီဖက်ခေတ် သမ္မတ ဦးသိန်းစိန်ခေတ်မှာ အလီလီစိတ်ပြီး လွှတ်ပေးခဲ့တာကိုတွေ့ရတယ်။ န၀တ၊ နအဖ ခေတ်မှာ ၁၄ ကြိမ်၊ သမ္မတ ဦးသိန်းစိန်လက်ထက်မှာ ၉ ကြိမ်ခွဲပြီး လွှတ်ပေးခဲ့တယ်။ အကျဉ်းသားပေါင်း ၁၂၉ ၉၅၃  လွှတ်ပေးရာမှာ နိုင်ငံရေးအကျဉ်းသား ၁၅၀၀ နီးပါး ပါဝင်ခဲ့ပါတယ်။ ဒီလွတ်မြောက်လာတဲ့ နိုင်ငံရေးအကျဉ်းသားအားလုံးဟာ နှောင်ကြိုးနဲ့ လွတ်မြောက်ခဲ့ရတာပါ။ ကြိုးရှည်ရှည်နဲ့ လှန်ထားတဲ့သဘောပါပဲ။ ပထမတော့ လွတ်ရက်မစေ့တဲ့လူတွေကို ဒီလို ကျင့်ထုံးဥပဒေပုဒ်မ ၄၀၁ အပိုဒ် ၁ နဲ့သာ လွှတ်လို့ရနိုင်မယ်ဆိုတဲ့ အကြောင်းပြချက်တွေ ပေးခဲ့ပါတယ်။ အခုတော့ […]

Read more of this post