ကယ်လီဖိုးနီးယားသွားဆရာဝန်အသင်းကြီး ဆန်ဟိုဇေးမှာ အခမဲ့ဆေးကုမည် SFBC Organizers မေ ၁၀၊ ၂၀၁၃ လာမယ့် မေ ၁၈၊ ၁၉ စနေ၊ တနင်္ဂနွေ အားလပ်ရက် ၂ ရက်မှာ ဆန်ဟိုဇေး၊ ကုန်စည်ပြပွဲခန်းမခဆောင်မှာ CDA လို့ ခေါ်တဲ့ ကယ်လီဖိုးနီးယားသွားဆရာဝန်များအသင်းကြီးကနေ အခမဲ့သွားကျန်းမာရေး စစ်ဆေးမှုတွေ ပြုလုပ်ပေးမှာ ဖြစ်ပါတယ်။ ကယ်လီဖိုးနီးယားမှာ လူ ၁၀ သန်းလောက်ဟာ သွားကျန်းမာရေးအတွက် ကုသမှု မရရှိနိုင်ကြပါဘူး။ ၃ သန်းဟာ ချို့တဲ့သူတွေ၊ မသန်စွမ်းသူတွေနဲ့ သက်ကြီးရွယ်အိုတွေ ဖြစ်ပါတယ်။ ပြီးတော့ ကယ်လီဖိုးနီးယား ကလေး ၃ ဦးမှာ ၁ ဦးက သွားကျန်းမာရေးနဲ့ အလှမ်းဝေးလျက်ရှိပါတယ်။ အဲသည်အတွက်ကြောင့် ပြည်နယ်လုံးဆိုင်ရာ သွားဆရာဝန်အသင်းကြီးကနေပြီးတော့ အခမဲ့သွားကုသမှုတွေကို နှစ်စဉ် ဆောင်ရွက်ခဲ့ရာမှာ သည်နှစ်မှာတော့ ဆန်ဟိုဇေးမှာ အများပြည်သူအားလုံးကို လက်ခံကုသပေးမှာ ဖြစ်ပါတယ်။  http://www.cdafoundation.org/give/volunteer/cda-cares-free-dental-clinics ယခု CDA […]

Read more of this post