လူငယ့်ဂုဏ်ရည်မြင့်တက်စေဖို့ - အပိုင်း(၂) သန်းဝင်းလှိုင် မေ ၃၊ ၂၀၁၃ လူငယ်တို့ရေ…….. လူတိုင်းလူတိုင်းဟာ ချမ်းသာသုခကို လိုလားကြတယ်။ ချမ်းသာကြွယ်ဝရန်လည်း စိတ်ကူးတွေအမျိုးမျိုးယဉ်တတ်ကြတယ်။ ဒါပေမယ့် စိတ်ကူးယဉ်မျှော်လင့်တိုင်း ချမ်းသာသုခမရနိုင်ဘူးဆိုတာ မင်းတို့လည်း အသိပဲ။ အချို့က ကံမကောင်းသေးလို့ အတိတ်ကံနည်းလို့ ပုဗ္ဗေစအခြေမလှသူဖြစ်နေရတယ်လို့ ကံကြမ္မာကို ရိုးမယ်ဖွဲ့တတ်ကြတယ်ကွဲ့။ တကယ်တော့ ကံ၊ ဥာဏ်၊ ၀ီရိယအကြောင်းတရားသုံးပါးမှာ ကံဆိုတာ ဝေးလွန်းသောအကြောင်းတရား၊ ဥာဏ်ဆိုတာ အလယ် အလတ်အကြောင်းတရား၊ ၀ီရိယကသာ အနီးဆုံးအကြောင်းတရားဖြစ်တယ်ဆိုတာကို သတိမရကြဘူး။ လောကနီတိမှာဆိုထားတာက လောကမှာ ဆင်းရဲရခြင်း အကြောင်းတရားကတွေကတော့ ပျင်းရိခြင်း၊ အသိအလိမ္မာဥာဏ် ပညာနည်းပါးခြင်း၊ ဇွဲသတ္တိမရှိခြင်း၊ ကတိသစ္စာရှိခြင်း၊ ကြိုးစားမှုမရှိခြင်း၊ ယဉ်ကျေးသိမ်မွေ့မှုမရှိခြင်း၊ ချိုးခြံချွေတာမှုမရှိခြင်း၊ ကောင်းသော မိတ်ဆွေမရှိခြင်း၊ စိတ်ဓာတ်ညံ့ဖျဉ်းခြင်း၊ မိန်းမလိုက်စားခြင်း၊ သေရည်သောက်ကျူးခြင်း၊ လောင်းကစားတတ်ခြင်း၊ ယုတ်မာသော [...]

Read more of this post