ဆရာတော် ဦးဝိလာသ မေ ၇၊ ၂၀၁၃ မစိုးရိမ်ဆရာတော်ကြီး ဦးကောဝိဒါဘိဝံသ ဘ၀နတ်ထံပျံလွန်တော်မူသည်မှာ ငါးနှစ်ပြည့်ခဲ့ပြီ။ "ပူဇာ စ ပူဇနေယျာနံ" ပူဇော်ထိုက်သူကို ပူဇော်ခြင်းသည် မြတ်သောမင်္ဂလာမည်၏" ဟု ဗုဒ္ဓမြတ်စွာ မိန့် မှာသည့်အတိုင်း အောက်မေ့ဖွယ် အထိမ်းအမှတ်ပွဲ ကျင်းပခြင်းဖြင့် ဆရာတော်ကြီး၏ ဂုဏ်တော်ကျေးဇူးတော်တို့ ကို ပူဇော်ပေးဆပ်ကြခြင်းဖြစ်သည်။ ဤသို့ ပူဇော်ခြင်းဖြင့် အပူဇော်ခံရသူ ဆရာတော်ကြီးလည်းဂုဏ်တက်၍ ပူဇော်ကြသူ ရဟန်းရှင်လူပြည်သူ ပြည်သားတို့ သည်လည်း ဂုဏ်တတ်ရပါသည်။ အမေရိကန် ကဗျာဆရာကြီး Frost ကွယ်လွန်ခြင်း တနှစ်ပြည့် အခမ်းအနားတွင် ထိုစဉ်က သမ္မတဖြစ်သူ ဂျွန်အက်ဖ် ကနေဒီ ပြောခဲ့သည်ကို မှတ်သားရဖူးသည်။ "နိုင်ငံတနိုင်ငံကို ကြည့်လျှင် ထိုနိုင်ငံ၌ လူကောင်းသူကောင်းများ မည်သို့ ပေါ်ပေါက်လာသည်ဆိုသော အချက်ကို လေ့လာရသည်သာမက [...]

Read more of this post