သန်းဝင်းလှိုင် မေ ၈၊ ၂၀၁၃ ● စကား၏အရေးပါမှု လူငယ်တို့ရေ- လောကမှာ လူသားတိုင်းဟာ အခြေခံအချက်ကြီးသုံးခုနဲ့ သွားလာလှုပ်ရှားဆောင်ရွက်နေကြတယ်ကွဲ့။ အဲဒီအခြေခံအချက်သုံးချက်ကတော့ စိတ်နဲ့ ကြံစည်မှု ခေါ်တဲ့ မနောကံ၊ နှုတ်နဲ့ပြောဆိုမှုခေါ်တဲ့ ဝစီကံ၊ ကိုယ်နဲ့ပြုလုပ်မှု ခေါ်တဲ့ ကာယကံသုံးပါးပါပဲ။ လူတိုင်းဟာ မိမိရဲ့ မနောကံမှာ ဖြစ်ပေါ်လာတဲ့ စိတ်အလိုဆန္ဒအရလည်းကောင်း၊ အသိအမြင်အတွေးအခေါ် အရ လည်းကောင်း၊ ဝစီကံ နှုတ်နဲ့ ပြောဆိုပြီးတဲ့အခါ ကာယကံခြေလက်ကိုယ်အင်္ဂါနဲ့ လုပ်ကိုင်လှုပ်ရှားဆောင်ရွက် တတ်တယ်။ အဲဒီကံသုံးပါးမှာ အရေးကြီးဆုံးက ဝစီကံ ခေါ် နှုတ်ထွက်စကားပဲဖြစ်တယ်။ စကားဆိုတာ ပြောတတ်ရင် ဆေးတစ်ပါးပါပဲ။ လောကမှာ အများဆုံး မှားပြီးဖွင့်မိတဲ့အရာကတော့ လူ့ပါးစပ်ပါပဲ။ ဒါကြောင့်လည်း `ဝစီဘေဒ ထိတိုင်းရှ´ ´နှုတ်ကောင်းလျှင်ပြည်စိုး´ ´နှုတ်ချိုလျှင် သျှိုတစ်ပါး´ `နှုတ်ကြောင့်သေ လက်ကြောင့်ကြေ´ [...]

Read more of this post