ကျော်သူ (နာရေးကူညီမှုအသင်း - ရန်ကုန်) မေ ၈၊ ၂၀၁၃ "တက္ကသိုလ်" ဟူသည် လူတစ်ဦးတယောက်၏ ဘဝတစ်လျှောက်လုံးအတွက် အထောက်အပံ့ ဖြစ်စေသော ပညာရပ်ဟူသမျှတို့ကို လွတ်လပ်စွာ မိမိကိုယ်ကို ထိန်းကျောင်းလေ့ကျင့်သင်ယူရာ နေရာကို တက္ကသိုလ်ဟူ၍ အဓိပ္ပါယ်ဖွင့်ဆိုခဲ့ကြသည်။ ကျောင်းသည်ကား တက္ကသိုလ်နှင့်မတူပါ။ ကျောင်းသည် အသိပညာ မကြွယ်ဝသေးသော ကလေးသူငယ်များကို ဆရာ/မများမှ ထိန်းကျောင်းပဲ့ပြင် စာပေသင်ကြား ပေးခြင်း၊ ပညာသင်ယူစေခြင်းဖြစ်သည်။ တက္ကသိုလ်သည်ကား ထိုသို့မဟုတ်ပေ ထိုတက္ကသိုလ်ကြီးမှ ချမှတ်ထားသော စည်းကမ်းနှင့်ကျင့်ဝတ်များအား ကျောင်းသား/သူတို့မှ မိမိတို့၏ ကိုယ်ပိုင်အသိဉာဏ် ဆင်ခြင်တုံးတရားဖြင့် လိုက်နာကျင့်ကြံကြရင်း မိမိတို့ကိုယ်တိုင် ရွေးချယ်ထားသော ဘာသာရပ် အသီးသီး အား ဆည်းပူးလေ့လာ သင်ယူကြရသောနေရာပင်ဖြစ်သည်။ ကျွန်တော်တို့၏ နာရေးကူညီမှုအသင်း (ရန်ကုန်)သည် ၂ဝ၁ဝ ခုနှစ်မှစ၍ လူငယ်များ၏ အသိပညာများတိုးတက် [...]

Read more of this post