မောင်စွမ်းရည် မေ ၂၊ ၂၀၁၃ တောင်သမန် တောင်လေးလုံးကို ရုံးစု ရုံးစုနဲ့  အပြုံတုကြီး ရောက်လို့လာ။ တောင်သမန် မယ်ဇယ်တန်းနဲ့ ကမ်းစပ်က သာ ...။ ဒီကမ်းစပ် ဒီနေရာ ရေပြာပြာနဲ့ ဂယက်လှိုင်း ဒီအင်း  ဒီတံတားနဲ့ ဒီအနားမှာ ဒီဆွေချစ်တွေနဲ့ ဒီခေတ်မှာ ဒီစာအရေးတွေရော ဒီနှစ်မှာ ဒီကဗျာ အတွေးတွေရော အရေးသစ်စေဖို့ ကြွေးဟစ်သမိုင်း ...။ ကင်းခြေများလိုပဲ တံတားက တိုင်ထောင်ရာ ကွေ့ယောင် ကောက်ယောင်နဲ့ တောင်သမန် အင်းပေါ်လွှား တွားတဲ့ ပမာ။ တံတားကသာ ကာရန်က မြူး အသွား အလာ စာဟန်က ထူး။ တံငါမောင် ပိုက်ကွန်ဖြန့်သည်သို့ ကဗျာမောင် ကာရန်ဆန့်ကာ ဖြန့်သည့်စိတ်ကူး ..။ ဖွားသက်ရှည် သည်နေရာ [...]

Read more of this post