ကျော်ဟုန်း            မေ ၁၊ ၂၀၁၃ မြန်မာ့နှစ်သစ်ကူးတရားပွဲနဲ့ အလှူမင်္ဂလာပွဲကို ဆီယက်တဲလ် မြန်မာဗုဒ္ဓဘာသာအသင်း(SMBA)မှ ဧပြီ ၂၈ ၊ ၂၀၁၃နေ့ က 24625 , 104th Ave SE, Kent ,WA 98030 နေရာမှာတည်ရှိတဲ့ တိပိဋကဘုန်းတော်ကြီးကျောင်းဝန်းတွင် ကျင်းပခဲ့ကြပါတယ်။ နံနက် ၁၀ နာရီခွဲမှာ ဗုဒ္ဓဘုရားရှင်ကို ရည်စူးပြီး ဆွမ်း၊ ရေချမ်း၊ သစ်သီး၊ ပန်း၊ ဆီမီးတို့ ကို ကပ်လှူခဲ့ပြီး ပင့်သံဃာ(၅)ပါးကို ဆွမ်း၊ချိုချဉ်ခဲဘွယ်အစုံနဲ့ ဆီယက်တဲလ် မြန်မာမိသားစုများက စုပေါင်းကပ်လှူခဲ့ကြပါတယ်။ထို့ နောက်  ကြွလာကြတဲ့ဓမ္မမိတ်ဆွေများကို မြန်မာထမင်းဟင်း၊ ရှမ်းခေါက်ဆွဲများနဲ့ တည်ခင်းဧည့်ခံခဲ့ကြပါတယ်။ နေ့ လည် (၁)နာရီခွဲမှာတော့ နှစ်သစ်မင်္ဂလာတရားပွဲကို စတင်ပါတယ်။ [...]

Read more of this post