မောင်ရင်ငတေ မေ ၆၊ ၂၀၁၃ ● အောက်စ်ဘုခ်ရှေးဟောင်းမြို့တော်သို့ (နှစ်) မိုဇာ့တ်နှစ် ၂၅၀ အထိမ်းအမှတ် သြစတြီးယားရထား OBB 2006 အောက်စ်ဘုခ်မြို့အကြောင်းကို အရင်တပတ်က ရေးနေရင်းနဲ့ ပေရှည်သွားလို့ နှစ်ပိုင်းမပိုင်းချင်ဘဲနဲ့ ပိုင်းရေးလိုက်ရပါတယ်၊ အပိုင်းတွေခွဲရေးတယ်ဆိုတာ ရေးတဲ့သူအတွက်ကော ဖတ်တဲ့သူအတွက်ပါ ကောင်းလှတာမဟုတ်ပါဘူး၊ ကိုယ်ကိုယ်တိုင် ဖတ်တဲ့အခါတွေများမှာလည်း မကြိုက်နှစ်သက်ပါဘူး၊ အပိုင်းတစ်မှာ အောက်စ်ဘုခ်မြို့သား ကမ္ဘာကျော်မိုဇာ့တ်တို့ မိသားစုအကြောင်းကို ကြားဖူးဖတ်ဖူး သမျှရေးခဲ့ပါတယ်၊ မိုဇာ့တ်တို့လို နာမည်ကြီးတွေရဲ့အကြောင်းက သေသေချာချာရေးမယ်ဆိုရင် စာမျက်နှာ ထောင်ဂဏန်းနဲ့တောင် လုံလောက်နိုင်မှာမဟုတ်ပါဘူး၊ မောင်ရင်ငတေ ရေးလိုရင်းက ဒီနေရာဒီဒေသမှာ ဒီမြို့ဒီနိုင်ငံမှာ ဒီလူတွေနဲ့ ဒီသမိုင်းတွေရှိတယ် ရှိခဲ့ဘူးတယ် ဆိုရုံလောက်ပါဘဲ၊ ပထဝီအကြောင်းတွေ သမိုင်းကြောင်းတွေအာလုံးကို အသေးစိတ် မောင်ရင်ငတေအဆင့်လောက်နဲ့ ရေးဖို့မလွယ်ပါဘူး၊ အဲလောက်လည်း မတတ်ပါဘူး၊ ခပ်ငယ်ငယ် ကျောင်းသားဘဝတုန်းကလည်း [...]

Read more of this post