ကျော်သူ (နာရေးကူညီမှုအသင်း - ရန်ကုန်) မေ ၇၊ ၂၀၁၃ နာရေးကူညီမှုအသင်း(ရန်ကုန်)ရှိ သုခခန်းမကြီးတွင် ၂၈.၄.၂ဝ၁၃ ရက်နေ့ ညနေ (၆းဝဝ) နာရီအချိန်၌ မဟာသင်္ကြန်ရက်များအတွင်း အများပြည်သူတို့အား "ပေးဆပ်သူများ" သံချပ်အဖွဲ့တွင်ပါဝင်၍ ကူညီပံ့ပိုးပေးခဲ့ကြသူ များအား ဂုဏ်ပြုပွဲနှင့် ဖျော်ဖြေပွဲအား ကျင်းပခဲ့သည်။ "ပေးဆပ်သူများ" သံချပ်အဖွဲ့သည် မဟာသင်္ကြန်ရက်များ အတွင်း ဖိတ်ကြားထားသည့် သင်္ကြန်မဏ္ဍပ်များ၊ မြို့နယ်၊ ရပ်ကွက်အသီးသီးများသို့တွင် အများပြည်သူတို့မှ ချီးမြှင့် ပေးအပ်သည့် ဆုကြေးငွေ သိန်းတစ်ရာလေးဆယ်ကျော်တို့အား နာရေးကူညီမှုအသင်း(ရန်ကုန်)သို့ ပြန်လည် လှူ ဒါန်းခဲ့ပြီး ယင်းငွေကြေးများဖြင့် ပြည်မြို့ လေဘေးဒုက္ခသည်များထံသို့ လှူဒါန်းနိုင်ခဲ့ပြီးဖြစ်သည်။ ထို့ကြောင့် နာရေး ကူညီမှုအသင်း(ရန်ကုန်)အနေဖြင့် ဂုဏ်ပြုထိုက်သူအား ဂုဏ်ပြုခြင်း၊ ချီးမြှောက်ထိုက်သူအား ချီးမြှောက်ခြင်းဖြင့် ပေးဆပ်သူတို့အား ဂုဏ်ပြုပွဲစီစဉ် ကျင်းပပေးခဲ့ခြင်းဖြစ်သည်။ ထိုဂုဏ်ပြုပွဲ၌ [...]

Read more of this post