တူမောင်ညို မေ ၁၊ ၂၀၁၃ "မိထ္ထီလာ"  ပြီးတော့ "တိုက်ကြီး"။ မီဒီယာသတင်းများအရ ရန်ကုန်တိုင်း ဥက္ကံမြို့တွင် သပိတ်အဖုံးကျကွဲမှုသည် ဗလီ နှင့်ဆိုင်ခန်း ၂၅ ခန်း ဖျက်ဆီးခြင်းခံခဲ့ရပြီး၊ လူ ၁၀ ဦးထိခိုက်ဒဏ်ရာရရှိခဲ့သည်။ ရဲက သေနတ်ပစ်ဖောက်ခဲ့ရသည်။ ဤ ဖြစ်ရပ်များမှနေ၍ ယခုကဲ့သို့ ကောက်ချက်ချပါသည်။ မည်သည့်ရှောင်တခင်ဖြစ်မှု၊ မတော်တဆဖြစ်မှု မီးပွားကို ဘာသာရေးလူမျိုးရေး မုန်းတီးမှု မီးလောင်တိုက်သွတ်သွင်းရန် သူတို့အသင့်ရှိနေကြသည်။ နေရာအနှံ့အပြားတွင် သူတို့၏ "အကြမ်းဖက်ကွန်ယက်များ" ရှိနေသည်၊ ဖွဲ့စည်းထားသည်မှာ ယုံမှားသံသယ ဖြစ်ဖွယ်မရှိတော့ချေ။ "အကြမ်းဖက်သူများ" သည် စည်းကမ်းပြည့်ဝေသောဒီမိုကရေစီဘောင်ထဲတွင် "စည်းကမ်းရှိသည်"။ စနစ်ကျသည်။ စစ်တပ် သဖွယ်အမိန့် နာခံမှုကောင်းသည်။ "ဖျက်ဟေ့၊ ဆီးဟေ့၊ သတ်ဟေ့၊ ဖြတ်ဟေ့၊ ရိုက်နှက်မီးရှိုဟေ့ ဟု အမိန့်ပေး" လိုက်သည့်အခါ [...]

Read more of this post