ကျော်သူ (နာရေးကူညီမှုအသင်း - ရန်ကုန်) မေ ၇၊ ၂၀၁၃ ကျွန်မတို့၏ ဘဝနေထိုင်မှုတွင်ရေသည် မည်မျှအရေးပါ တန်ဖိုးကြီးသည်ကို အများပြည်သူတို့ သိရှိ ကြပါသည်။ တန်းဖိုးကြီးသော အရာမှန်သမျှသည် ရှားပါးသည်။ ရှားပါးလွန်းတာကြောင့် တန်ဖိုးကြီးသည်။ ထို့ကြောင့် ရွှေသည် တန်ဖိုးကြီးရခြင်းဖြစ်သည်။ အဘယ်ကြောင့်နည်း။ နေရာ၊ ဒေသတိုင်းမှာ မရနိုင်လို့ပါ။ ထိုနည်းတူ ရေသည်လည်း တန်ဖိုးကြီးသည်။ နေရာတိုင်းတွင် မရနိုင်လို့ဟုဆိုရမည်။ ရွှေကို … ပေးပါဟု ဆိုလျှင် တစ်ဦးမှ မပေးနိုင်။ သို့သော် ရေ … ပေးပါဟုဆိုလျှင် ပေးကြမည့်လူများရှိပါသည်။ ရွှေမရှိလျှင် နေလို့ရသည်။ ရွှေရှိနေလျှင်ပင် အန္တရာယ်ရှိနိုင်သည်။ ရေမရှိလျှင် ဘာဖြစ်မည်နည်း။ ရေသည်ခန္ဓာကိုယ် ကို အဓိကအားဖြင့် ရေတွေနဲ့ တည်ဆောက်ထားပြီး အဆစ်နဲ့ အရေပြားလုပ်ငန်းလုပ်ဆောင်မှု၊ [...]

Read more of this post