ငါးညှီရသား မေ ၇၊ ၂၀၁၃ ရွှေဘိုမြို့ကို တောင်အရပ်ကဝင်သည်ရှိသော် ခမ်းနားသောမုခ်ဦးနှင့် ကြိုဆိုမည်။ တဆက်တည်း ရွှေဘုရင်မဘီအီးစက်ရုံမှ ထုတ်လုပ်သော၊ တချက်ရှူလိုက်လျှင်ပင် မူးနောက်ရီဝေသွားစေသောဘီအီးအနံ့သိုးကြီးနှင့်ဧည့်ခံမည်။  မြောက်အရပ်ကဝင်သည်ရှိသော် မဟာနန္ဒာကန်တော်ရှုခင်းသာနှင့် ကြိုဆိုမည်။ တပြိုင်တည်း ကန်ပတ်လည်နှင့် ကန်တွင်းမှ ထုတ်လုပ်သော ငါးညှီနံနှင့်ဧည့်ခံမည်။ အရှေ့အရပ်ကဝင်သည်ရှိသော် ဂုဏ်ယူဖွယ်ကုန်းဘောင်ရွှေပြည်ခေတ်ကမြို့တွင်းကျုံးကြီးနှစ်ခုဖြင့် မင်းတြားကြီးဦးအောင်ဇျေယျကိုယ်တိုင်ကြိုဆိုမည်။ တပြိုင်တည်း ကျုံးတွင်းမှ ငါးကန်လုပ်ငန်းရှင်များအထူးဖေါ်စပ်ထားသောငါးညှီနံ့ဆိုးကြီးဖြင့်ဧည့်ခံမည်။ အနောက်အရပ်ကဝင်သည်ရှိသော် ဂုဏ်ယူဖွယ်ကုန်းဘောင်ရွှေပြည်ခေတ်ကမြို့ပြင်ကျုံးကြီးများနှင့် ကြိုဆိုမည်။ ကျန်အရပ်ဒေသများနှင့်အပြိုင်ပထမတန်းစားငါးညှီနံ့ဖြင့်ဧည့်ခံပါမည်။ ရှူ့လှည့်၊ ရှူလည့်ကြရန်ဖိတ်ခေါ်ပါသည်ခင်ဗျား။ အနံ့ဆိုးများဝန်းရံထားသောမြို့ကို ရွှေဘိုမြို့ဟုခေါ်ပါသည်။ ကျွန်ုပ်တို့မြို့သားများသည် ခေတ်မီစွ၊ ခေတ်နောက်မကျ။ ရန်ကြီးအောင်၊ ကုန်းဘောင်၊ ရတနာသိင်္ခ၊ မုဆိုးဖို၊ ရွှေဘိုဟူ၍ ငါးမည်ရရွှေဘိုဆိုသည်ကား အတိတ်ကအရာ၊ အတိတ်ကိုရွှေထီးပြန်ဆောင်း၍ အချိန်ကုန်ခံမည့်သူတွေမဟုတ်။ ယနေ့ခေတ်တွင် ဦးအောင်ဇေယျပေါင်းများစွာရှိနေလေပြီ။ ယင်းဦးအောင်ဇေယျလက်သစ်များသည် ငါးမည်ရရွှေဘိုမြို့ကြီးကို မြို့တွင်းမြို့ပြင်ကျူံးများတွင်လည်းကောင်း၊ မဟာနန္ဒာကန်တော်တလျှောက်တွင်လည်းကောင်း၊ လယ်မြေများကိုငါးကန်းအဖြစ်ပြောင်းလဲ၍လည်းကောင်း၊ ငါးကြင်း၊ [...]

Read more of this post