အကြိမ်ဝန်ခံသော်လည်း သတင်းမှန်ထိမ်းချုပ်ရန်ကြိုးပမ်းနေ"သြဂုတ်လ၊ ၈ ရက်၊
၂၀၁၂
မြန်မာမွတ်စလင်မ် မီဒီယာ (M.M.M)
ရန်ကုန်။ကျောက်တော်မြို့နယ် အင်ဘာရီကျေးရွာရှိ
ရိုဟင်ဂျာအိမ်များကို7/8/12 တွင်ရခိုင်
တိုင်းရင်း
သားများက မီးရှို့ဖျက်ဆီးခဲ့ကြောင်း ဒေသခံ ရခိုင်တိုင်းရင်းသားများ တိုးတက်ရေး
ပါတီ(RNDP)သတင်းပြန်ကြားရေးတာဝန်ခံ ဦးဦးစံသိန်းကThe Voice Weekly သို့
တရားဝင် ပြောကြားလိုက်ကြောင်း ၎င်းသတင်းဌာန၏ အင်တာနက် စာမျက်နှာတွင်ဖော်
ပြထားသည်။
အထက်ပါအတိုင်း အကြမ်းဖက်ရခိုင် တိုင်းရင်းသားများက ရိုဟင်ဂျာအိမ်များ
မီးရှို့ဖျက်ဆီး
လိုက်ကြောင်းပထမဆုံး အကြိမ် အပြစ်ကျူးလွန်သူများဘက်မှ ၀န်ခံပြောကြားခဲ့သော်လည်း
မွတ်စလင်မ်သီးသန့်ရွာဖြစ်ကြောင်းကိုမူ ထည့် သွင်း
ပြောကြားသွားခြင်းမရှိကြောင်း အထက်ပါ
သတင်းဌာန စာမျာက်နှာတွင် ဖော်ပြ ထားချက်အရသိရသည်။
"ဒီဒေသတွေမှာ မွတ်စလင်မ်တွေနဲ့ ရခိုင်ရောနှောနေတဲ့ကျေးရွာဆိုတာမရှိသလောက်ပဲ
အင်ဘာရီဆိုတာမွတ်စ လင်မ် ရွာပါ မနက် 73း0 မှာစမီးရှို့ခဲ့တာပါ။အခုထိတော့ မွတ်စလင်မ်
အဖိုးအိုတစ်ဦးနဲ့ကလေးတစ်ဦး မီးလောင် တိုက်သွင်းခံလိုက်ရပြီ"ဟု အဆိုပါကျေးရွာတွင်နေ
ထိုင်သူ တစ်ဦးက Myanmar Muslim.net သို့ပြောကြားခဲ့သည်။
ထို့ပြင်ရခိုင်ဒေသအုပ်ချုပ်ရေးအာဏာပိုင်များသည် မွတ်စလင်အိမ်ခြေများဖျက်ဆီးခံရပါက
အချိန်မီတားဆီး ကာကွယ်ပေး မှုမရှိသည့်ပြင် ပြင်ပသို့သတင်းမှန်မပေါက်ကြားစေရေးအတွက်
မွတ်စလင်မ် များပိုင် လက်ကိုင်ဖုန်းများကို လိုက်လံ
သိမ်းဆည်းလျက်ရှိကြောင်းကိုလည်း အင်ဘာရီ
ရွာသားတစ်ဦး ကပြောကြားသည်။"အားလုံးပြာကျပြီးမှ ဟိုလူတွေ (အာဏာပိုင်များ)လာတယ်။
ပြီးတော့ ကျနော်တို့ရဲ့ ဖုန်းတွေကို လိုက်တောင်းနေတယ်။
ဒါကြောင့်ဖုန်းပိတ်ထားမယ် အခွင့်
အရေးရရင် ကျနော်ဆက်ပါ့မယ်။"ဟု အင်ဘာရီရွာသားတစ်ဦးက7/8/12 ညနေ ၄း၃၀ အချိန်
တွင်ပြောကြားခဲ့သည်။ ထိုသို့ပြောကြားပြီးယခုအချိန်ထိ ထိုပုဂ္ဂိုလ်သည်
Myanmar Muslim.net
နှင့်ဆက်သွယ်မှု လုံးဝပြတ်တောက် နေသဖြင့် နောက်ထပ်အသေးစိတ်ကို အတည်ပြုနိုင်ခြင်း
မရှိသေးကြောင်း ပြည်တွင်းပြည်ပရှိ
လူများအားသိစေအပ်ပါသည်။မြန်မာနိုင်ငံရှိမွတ်စ်လင်မ်များ
သတ်ဖြတ်ခံရခြင်း၊နှိပ်စက်ညှင်းပမ်းခံရသည့် သတင်းများကို
ပြည်တွင်းမီဒီယာများ တွင်ဖော်ပြရတော့မည့် အခါ "အဆိုပါဒေသတွင်
လုံခြုံရေးအင်အားအလွန်နဲ
ပါးသဖြင့်အချိန်မီ ဟန့်တားနိုင်ခြင်းမရှိ" ဟူသောစကားရပ်ကိုသာသက်ဆိုင်ရာ
အာဏာပိုင်များ
ကထုတ်ဖော်သုံးစွဲပေးလေ့ရှိသည်။
၃၊၆၊၁၂ နေ့က တောင်ကုတ်မြို့လူစည်ကားရာ လမ်းမကြီးပေါ်တွင် အစ္စလာမ်ဘာသာဝင်
မြန်မာနိုင်ငံ
သား၁၀ဦး အား ဒေသခံများက ၃ နာရီ ကျော်ကြာ အနှောင့်အယှက်ကင်းကင်းဖြင့် စိမ်ပြေနပြေ
သတ်ဖြတ် မှုကျူးလွန်ခဲ့ရာတွင်လည်း အထက်ပါအတိုင်း လုံခြုံရေး
အင်အားနည်းပါးခြင်း ဟူသော
စကားရပ်ကို သက်ဆိုင်ရာအာဏာပိုင်များက သုံးစွဲထားသည်။
ထို့ပြင် ပြည်တွင်းမီဒီယာများတွင်1982နိုင်ငံသားဥပဒေအရ
တိုင်းရင်းသားစာရင်းမှဖယ်ထုတ်ခံထားရ
သည့် ရိုဟင်ဂျာလူမျိုးတို့အား ရခိုင်တိုင်းရင်းသားများ၏အသုံးအနှုံးဖြင့်
ဘင်္ဂါလီဟု ထပ်တလဲလဲ ခေါ်ဝေါ်
သုံးစွဲနေသော်လည်း သမ္မတကြီးဦးသိန်းစိန်ကမူUNHCRမဟာမင်းကြီး
နှင့်တွေ့ဆုံရာတွင် ရိုဟင်ဂျာဟူ၍
သာခေါ်ဝေါ်သုံးစွဲပေးခဲ့သည်။
အံဩစရာကောင်းသည့်အချက်မှာ ထိုကဲ့သို့ဒေသခံမွတ်စလင်မ်အိမ်ခြေများ
မီးရှို့ခံရခြင်း၊လူများသတ်ဖြတ်
ခံရခြင်း စသည်တို့ အဆက်မပြတ်ဖြစ်ပေါ်နေသော်လည်း
တရုတ်နိုင်ငံ၏အကျိုးစီးပွားအတွက် ကျောက်ဖြူ
ရေနက် ဆိပ်ကမ်းနှင့် သဘာဝဓါတ်ငွေ့ပိုက်လိုင်း တည်ဆောက်မှုလုပ်ငန်းများမှာ
အဆိုပါဒေသအတွင်း
အရှိန်အဟုန်မပြတ် အနှောက်အယှက်မရှိ လုံခြုံရေးအင်အားတောင့်တင်းစွာဖြင့်
ဆက်လက်လည်ပတ်
လျက်ရှိကြောင်း မြန်မာမီဒီယာ တို့ဖော်ပြချက်များအရ သိရှိရသည်။
--
YESTERDAY IS DEAD & GONE,TOMORROW IS UNBORN,TODAY IS SWEET
--
Computer နည်းပညာများ
http://groups.google.com/group/auroracomputerservice?hl=en_US
ဂြိုဟ်တုနှင့်အာကာသ
http://sites.google.com/site/9spacestudy/
Entertainment (game)
www.vaperida.com
Aurorageneration အတွက် facebook link ပါ။
http://www.facebook.com/groups/186830348042417
Aurorageneration facebook page
https://www.facebook.com/Aurorageneration (Still fixing)
--
သင်သည် aurorageneration group ဧ။် member တစ်ယောက်ဖြစ်သောကြောင့် ယခု mail ရရှိခြင်းဖြစ်သည်။group ဧ။်အသေးစိတ်ကိုhttp://groups.google.com/group/aurorageneration/topics?start=10&sa=N မှာကြည့်နိုင်ပါသည်။ သင်ဧ။် mail များကိုဖြန့်ဝေချင်ပါကaurorageneration@googlegroups.comသို့ပို့နိုင်ပါသည်။ group ကိုဝင်ချင်ပါက aurorageneration+subscribe@googlegroups.com သို့ mail ပို့ ခြင်းဖြင့် ၀င်နိုင်ပါတယ်။ group မှထွက်ချင်ပါက aurorageneration+unsubscribe@googlegroups.com ဖြင့်ထွက်နိုင်ပါတယ်။
group နှင့်ပတ်သက်ပြီး အကြံဥာဏ်များပေးလိုပါက aurorageneration+owner@googlegroups.com သို့ မေးလ်ပို့နိုင်ပါသည်။