[mrsorcerer:28933] သစ်ထူးလွင်



---------- Forwarded message ----------
From: Thit Htoo Lwin <noreply@blogger.com>
Date: 2012/8/8
Subject: သစ်ထူးလွင်
To: snsoenaing4@gmail.com


သစ်ထူးလွင်
<http://gmodules.com/ig/images/plus_google.gif>

________________________________

ရခိုင်ပြည်နယ်တွင် လုံခြုံရေးကြောင့် အခြေခံပညာ (၃၄၉)ကျောင်း မဖွင့်လှစ်နိုင်သေး
ဆိုဒီ အစိုးရမှ လူမျိုးတုန်း သတ်ဖြတ်မူ ကျူးလွန်နေကြောင်း မြန်မာကို စွပ်စွဲ
မောင်တောတွင် ဗုံးခွဲမည်ဆိုသော သတင်းကြောင့် အာဏာပိုင်များက လူစုလူဝေး မလုပ်ရန် ညွှန်ကြား
ရန်ကုန်မြို့က ရှစ်လေးလုံး လူတထောင်ကျော်တက်ရောက်
သြဂုတ်လ (၉)ရက်နေ့ ထုတ် 7Day News ဂျာနယ် အတွဲ (၁၁)၊ အမှတ် (၂၂)
သြဂုတ်လ (၈) ရက်နေ့ ထုတ် SHADE ဂျာနယ် အတွဲ(၆) အမှတ် (၂၈)
အစိုးရအဖွဲ့ဝင်များ ပိုင်ဆိုင်မှု အများပြည်သူသိအောင် ကြေညာရန်အဆို ပယ်ချခံရ
ကျောက်တော် ဆူပူ အကြမ်းဖက်မှု လူ ၇ ဦး သေဆုံး
ပြည်နယ်နှင့် တိုင်းအချို့တွင် ရေကြီး၊ သေဆုံးမှုများရှိ
နိုင်ငံတော်သမ္မတက ခန့်အပ်ထားသော ပုဂ္ဂိုလ်များ၏ စီးပွားရေး လုပ်ငန်းနှင့် ပိုင်ဆိုင်မှု တင်ပြရန် ညွှန်ကြားချက် ဆိုင်းငံ့ထား
ရခိုင်ဒေသ ပဋိပက္ခများနှင့် ပတ်သတ်ပြီး ကိုမင်းကိုနိုင် ပြောကြားချက် (ရုပ်သံ)
ရခိုင်ဒေသ ပဋိပက္ခများနှင့် ပတ်သတ်ပြီး ကိုကိုကြီး ပြောကြားချက် (ရုပ်သံ)
သြဂုတ်လ ၈ရက်နေ့ ပြည်သူ့လွှတ်တော် မြင်ကွင်း
၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် ကိုမင်းကိုနိုင်၏ ရှစ်လေးလုံး ငွေရတုအကြို (၂၄)နှစ်မြောက် အမှတ်တရစကား
ကချင်ပြည်နယ်မှာတရားမဝင်တရုပ်လူမျိုးတွေ ထောင်နဲ့ချီ အခြေချနေပြီလို့ လူဝင်မှု အရာရှိပြောဆို
ရှစ်လေးလုံးငွေရတုအကြို အခမ်းအနားကို မန္တလေးမြို့ ကျင်းပ
လွှတ်တော်မှာ ယနေ့ ဆွေးနွေးမည့် အကြောင်းအရာများ
ခြိမ်းခြောက်မှုတွေကို သမ္မတရုံး ညွှန်မှူး တုံ့ပြန်
Quintana မဲဆောက်ရောက်
ရိုဟင်ဂျာတွေကို အကူအညီပြန်ပေးခွင့်ပြုဖို့ ဘင်္ဂလားဒေ့ရှ်ကို ကုလသမဂ္ဂ တိုက်တွန်း
မန္တလေးမှာ ဈေးသည်တွေဆန္ဒပြ သုံးဦးအဖမ်းခံရ
ကြာအင်းဆိပ်ကြီးမြို့ အိမ်ခြေ ၃၀၀ ခန့် ရေနစ်မြှုပ်
NGO အဖွဲ့အစည်းတွေ ဆက်လက် အကူအညီ ပေးခွင့်ပြုဖို့ UNHCR တိုက်တွန်း
မုံရွာ အလုပ်ရုံ ဆွေးနွေးပွဲ သမ၀ါယမ ဝန်ကြီး ပွဲကြမ်း၍ပျက်
ကလေးတွေကို ပြည်အာဏာပိုင်တွေက တောနက်ထဲမှာ သွားရောက်စွန့်ပစ်

ရခိုင်ပြည်နယ်တွင် လုံခြုံရေးကြောင့် အခြေခံပညာ (၃၄၉)ကျောင်း မဖွင့်လှစ်နိုင်သေး

Posted: 08 Aug 2012 06:58 AM PDT

<https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiPyYGA_78PMOBmkwGsZR4XFbyJGzoJw7q7bq9iyov6PYdOK1DOGpgb6I1lnRbqPQeI9xIC3y5-yKiywbZUQBY-pkZrlzAEnhtCAx4yyhWWR5Mj9RIr0s6ynDUPVhYfuE-x2jgaJiFVy3c/s1600/resize_image1.jpg>
ပဋိပက္ခဖြစ်ပွားမှု တစ်လကျော်ကြာနေပြီဖြစ်သော်လည်း ရခိုင်ပြည်နယ်တွင် အခြေခံပညာရေး ကျောင်းပေါင်း (၃၄၉) ကျောင်းမှာ လုံခြုံရေးအရ မဖွင့်နိုင်သေးကြောင်း ပြည်နယ်ပညာရေးဌာနမှ သိရှိရသည်။
 
 စစ်တွေ၊မောင်တော၊ဘူးသီးတောင်၊ကျောက်တော်၊ရသေ့တောင်မြို့နယ်တို့တွင် အခြေခံပညာကျောင်း အချို့မှာ ယနေ့(သြဂုတ်လ-၈ရက်နေ့)အထိ မဖွင့်နိုင်သေးကြောင်း ပြည်နယ်ပညာရေးမှူးရုံးမှ အရာထမ်းတစ်ဦးက ပြောသည်။

" တစ်ချို့ကျောင်းတွေက လုံခြုံရေးအရ မဖွင့်သေးတာပါ၊ မဖွင့်ပဲကျန်နေတာက မောင်တောမှ ၁၅၉ကျောင်း၊ ဘူးသီးတောင်မှာ ၁၄၃ ကျောင်း၊ စစ်တွေမှာ ၂၂ ကျောင်း၊ ရသေ့တောင်မှာ ၁၀ကျောင်း၊ ကျောက်တော်မှာ ၁၅ ၊ စုစုပေါင်း ၃၄၉ ကျောင်း ရှိပါတယ်"ဟု ပြည်နယ်ပညာရေးမှူးရုံးမှ တာဝန်ရှိသူတစ်ဦးကပြောသည်။

မောင်တောမြို့နယ်တွင် ကျောင်းပေါင်း ၁၅၉ ကျောင်းရှိရာ ယနေ့ထိ မဖွင့်နိုင်သေးကြောင်းကိုလည်း  ၄င်းက ဆိုသည်။

"မောင်တောတစ်မြို့နယ်လုံးက မဖွင့်သေးပါ။ အဲဒီမှာ တာဝန်ထမ်းဆောင်ခဲ့တဲ့ ဆရာ၊ဆရာမတွေကိုလည်း မိမိတို့နီးစပ်ရာကျောင်းတွေမှာ စီစဉ်ထားပါတယ်၊ နောက်တဖြည်းဖြည်းကျောင်းတွေ ဖွင့်ဖို့စီစဉ်ထားပါတယ်၊ ကျောင်းတွေပြန်ဖွင့်နိုင်ဖို့က လုံခြုံရေးအဓိကပါ'' ဟု ၄င်းက ဆက်ပြောသည်။

 ပဋိပက္ခကြောင့်လုံခြုံရေးအရ တက္ကသိုလ်၊ကောလိပ်နှင့် အခြေခံပညာရေး ကျောင်းအချို့ကို ဇွန်လ ကတည်းက တစ်လနီးပါးကို ပိတ်ထားခဲ့ရသည်။

"ကျွန်တော်တို့ မင်းပြားဘက်မှာတော့ ဖွင့်ပါတယ်၊ ဒါပေမဲ့ ဘင်္ဂလီတွေနဲ့နီးတဲ့ရွာတွေမှာတော့ မဖွင့်သေးတာ ရှိပါတယ်"ဟု မင်းပြားမြို့နယ် ဖေသာပြင်ကျေးရွာမှ မူလတန်းကျောင်းအုပ်က ပြောသည်။

 အလားတူ စစ်တွေတက္ကသိုလ်ကိုလည်း ယခုလ (၆)ရက်နေ့တွင် ပြန်လည်ဖွင့်လှစ်ထားသော်လည်း  ကျောင်းတတ်ရောက်နှုန်းမှာ နည်းပါးနေသေးကြောင်း  ဒေသခံများက ဆိုသည်။

မိုးဝေ ရခိုင်ပြည်နယ် (မြစ်မခ)
by Myit Makha Mediagroup
http://feeds.feedburner.com/thithtoolwin/yIWV<https://blogger.googleusercontent.com/tracker/7198247346387613446-3831606243593656650?l=www.thithtoolwin.com>

<https://feedads.g.doubleclick.net/%7Ea/gTsYCK6uZp_VtxgMvXSWc0T4BlY/YeQNZmGWdMyoi_ROPgdF0YleWwA/0/pi>
<https://feedads.g.doubleclick.net/%7Ea/gTsYCK6uZp_VtxgMvXSWc0T4BlY/YeQNZmGWdMyoi_ROPgdF0YleWwA/1/pi>

<http://feeds.feedburner.com/%7Er/thithtoolwin/yIWV/%7E4/ELwaIDvcoPc?utm_source=feedburner&utm_medium=email>

ဆိုဒီ အစိုးရမှ လူမျိုးတုန်း သတ်ဖြတ်မူ ကျူးလွန်နေကြောင်း မြန်မာကို စွပ်စွဲ

Posted: 08 Aug 2012 06:48 AM PDT

ဆိုဒီအာရေးဗီးယား အစိုးရမှ ဗုဒ္ဓဘာသာ မြန်မာ အစိုးရသည် ရိုဟင်ဂျာ ဆိုသူများ အပေါ် လူမျိုးတုန်း သတ်ဖြတ်မူများ ပြုလုပ်နေကြောင်း တနင်္လာနေ့က စွပ်စွဲ ပြောကြားလိုက်သည်ဟု ဘင်္ဂလာဒေခ်ျ့ မှ ထုတ်ဝေသော The Daily Star သတင်းစာ အပါအ၀င် သတင်းစာ အများအပြားက ယနေ့ ဖေါ်ပြသည်။
<http://www.narinjara.com/burmese/wp-content/uploads/2012/08/Tibetan-sets-fire1.jpg>
အိန္ဒိယကို တရုတ်သမ္မတ လာရောက်လည်ပတ်စဉ် မိမိကိုယ်ကို မီးရှို့၍ ဆန္ဒပြသူ အသက် ၂၇ နှစ်အရွယ် တိဗက် လူငယ် တစ်ဦး၏ ပုံကို ရိုဟင်ဂျာ တစ်ဦး၏ ပုံဖြစ်သည်ဟု ဆိုကာ ပုံမှားရိုက်ပြီး  နိုင်ငံတကာ တွင် လိမ်လည်ပြီး ဖေါ်ပြခဲ့ကြသည်။
AFP သတင်းကို ကိုးကားပြီး ဘင်္ဂလာဒေခ်ျ့ သတင်းစာများက ရေးသားဖေါ်ပြရာတွင် မြန်မာနိုင်ငံ အနောက်ဘက်ခြမ်းရှိ ရိုဟင်ဂျာ ဆိုသူ လူနည်းစုများ အပေါ် လူမျိုးတုန်း သတ်ဖြတ်မူများ ပြုလုပ်နေကြောင်း ဖေါ်ပြကြသည်။
ဆိုဒီအာရေးဗီးယား ပါလီမာန်မှ ထိုကဲ့သို့ သတ်ဖြတ်နေမူများနှင့် ရိုဟင်ဂျာ ဆိုသူများ အပေါ် နေအိမ်များမှ နှင်ထုတ်ပြီး လူ့အခွင့်အရေး ချိုးဖေါက်နေမူများကို ရှုတ်ချကြောင်း သတင်းစာများက ရေးသားသည်။
ဆိုဒီအာရေးဗီးယား ဘုရင် Abdullah ဥက္ကဌ အဖြစ် ဆောင်ရွက်သော  လွှတ်တော်က ရိုဟင်ဂျာ ဆိုသူများ၏ အသက်အိုးအိမ် စည်းစိမ်များကို ကာကွယ်ရန်နှင့် ပိုပြီး သတ်ဖြတ်မူများ မဖြစ်ရအောင် တားဆီးရန် နိုင်ငံတကာသို့လည်း မေတ္တာရပ်ခံခဲ့သည်ဟု ဆိုသည်။
မြန်မာ အစိုးရကမူ ရခိုင်ပြည်နယ်တွင် ဖြစ်ပေါ်ခဲ့သော ဆူပူ အကြမ်းဖက်တွင် ရခိုင် ၃၁ ဦးနှင့် မွတ်ဆလင် ဘင်္ဂလီ လူမျိုး ၄၆ ဦး သေဆုံးပြီး စုစုပေါင်း ၇၇ ဦးသာ သေဆုံးကြောင်း ဖေါ်ပြသည်။
သို့သော် အမေရိကန်တွင် အခြေစိုက်သော ရိုဟင်ဂျာ အဖွဲ့အစည်း တစ်ခု ဖြစ်သော အမျိုးသား လူ့အခွင့် အရေး ဒီမိုကရက်တစ် ပါတီ (ပြည်ပ) အမေရိကန်ဌာနချုပ်မှ သြဂတ်စ်လ (၅) ရက်နေ့က အမေရိကန် သမ္မတ အိုဘားမား အစိုးရ အဖွဲ့ အပါအ၀င် နိုင်ငံတကာသို့ ပေးပို့ရာတွင် ကိန်းဂဏန်း အရေအတွက်ကို အလွန်အကျွန် လွှဲမှားစွာ ရေးသားဖေါ်ပြခဲ့ဟု သိရသည်။
အဆိုပါ အဖွဲ့က လွန်ခဲ့သော (၂) လအတွင်း ရခိုင်ပြည်နယ်တွင် ရခိုင်နှင့် လုံခြုံရေး တပ်ဖွဲ့ဝင်များ သတ်ဖြတ် မူကြောင့် ရိုဟင်ဂျာ ၃၀၀၀၀ အစုလိုက် အပြုံလိုက် သေကြေခဲ့ ရပြီး တချို့ စာရင်းအရ ၅၂၀၀၀ အထိ အသတ်ခံရကြောင်း ဖေါ်ပြသည်။ ၎င်းပြင် မူဆလင်ကျေးရွာ ၅၂ ရွာ အဖျက်ခံရပြီး  ဗလီ ၅၀ မီးရှို့ခံရကြောင်း ဖေါ်ပြသည်။ လူပေါင်း တစ်သိန်း ထွက်ပြေးနေရကြောင်းနှင့် ကူရင်ကျမ်းများလည်း ဖျက်ဆီးခံရကြောင်း  ဖေါ်ပြသည်။
<http://www.narinjara.com/burmese/wp-content/uploads/2012/08/Thailand-riot-2004.jpg>
ဖေါ်ပြပါပုံမှာ ၂၀၀၄ ခုနှစ်က ထိုင်းနိုင်ငံတွင် ဆန္ဒပြသူများကို ရဲက ထိန်းသိမ်းထားသော ပုံဖြစ်ပါသည်။ ၎င်းပုံအား ရိုဟင်ဂျာ ၁၀၀၀ အား မြန်မာနိုင်တွင် ဗုဒ္ဗဘာသာများက သတ်ဖြတ်လိုက်ပြီဟု နိုင်ငံတကာတွင် သတင်းလိမ်ပြီး တင်ခဲ့ကြသည်။
ဇူလိုင်လ ၁၇ ရက်နေ့က အဆိုပါ အဖွဲ့က ကုလသမဂ္ဂ လုံခြုံရေး ကောင်စီသို့ ပေးပို့သော စာတစ်စောင်တွင် အထက် ဖေါ်ပြပါ သေဆုံးသူ အရေအတွက် အချက်အလက်များကို ထည့်သွင်းသည့်  အပြင် မွတ်ဆလင် အမျိုးသမီး ၅၀၀၀ ကို ရခိုင်နှင့် လုံခြုံရေး တပ်ဖွဲ့ဝင်များက မုဒိမ်းကျင့်ခဲ့ပြီး ရိုဟင်ဂျာ လူပေါင်း ၃၀၀၀၀ မှာ ပျောက်ဆုံးနေသည်ဟု ဖေါ်ပြထားသည်။
ယခုကဲ့သို့ ပြည်ပ အခြေစိုက် ရိုဟင်ဂျာ အဖွဲ့အစည်းများ၏ အစီအစဉ်ရှိရှိ  မမှန်မကန် ရေးသား ဖေါ်ပြပြီး ဓါတ်ပုံ အတုများဖြင့် ၀ါဒ ဖြန့်ချီနေမူကြောင့် ကမ္ဘာ မွတ်ဆလင် အသိုင်းအ၀ိုင်းတွင် မြန်မာနိုင်ငံ အပေါ် မကျေနပ်မူများ တိုးပွားနေကြောင်း သိရသည်။

နိရဉ္စရာ သတင်းဌာန
http://feeds.feedburner.com/thithtoolwin/yIWV<https://blogger.googleusercontent.com/tracker/7198247346387613446-5544256552406126301?l=www.thithtoolwin.com>

<https://feedads.g.doubleclick.net/%7Ea/gTsYCK6uZp_VtxgMvXSWc0T4BlY/avEoMRRXqHiIac0kSUnqPTGBoow/0/pi>
<https://feedads.g.doubleclick.net/%7Ea/gTsYCK6uZp_VtxgMvXSWc0T4BlY/avEoMRRXqHiIac0kSUnqPTGBoow/1/pi>

<http://feeds.feedburner.com/%7Er/thithtoolwin/yIWV/%7E4/pwQKH40s2CI?utm_source=feedburner&utm_medium=email>

မောင်တောတွင် ဗုံးခွဲမည်ဆိုသော သတင်းကြောင့် အာဏာပိုင်များက လူစုလူဝေး မလုပ်ရန် ညွှန်ကြား

Posted: 08 Aug 2012 06:46 AM PDT

မြန်မာနိုင်ငံ အနောက်ဘက် နယ်စပ် မောင်တောမြို့တွင် အကြမ်းဖက် သမားများက ဗုံးဖေါက်ခွဲမည် ဆိုသော သတင်းများကြောင့် အာဏာပိုင်များက ယနေ့တွင် ဈေးဆိုင်တန်းများ၊ လမ်းဘေးဈေးများကို ပိတ်ခိုင်းထားကြောင်း သတင်း ရရှိသည်။
<http://www.narinjara.com/burmese/wp-content/uploads/2012/07/Maungdaw-watch-tower.jpg>
" ဟုတ်တယ်။ ဗုံးသတင်းကြောင့် ဒီနေ့က ဈေးဆိုင်တွေ၊ လမ်းဘေးဈေးတွေ အပါအ၀င်၊ လူစုလူဝေး မလုပ်ဖို့ ညွှန်ကြားထားပါတယ်" ဟု အမည်မဖေါ်လိုသူ ရဲအရာရှိ တစ်ဦးက ပြောသည်။
မောင်တောမြို့တွင် ဈေးကြီးကို အရေးအခင်း ဖြစ်ပွားသည့် အချိန်မှ ပိတ်ထားခဲ့ရာ ယခု အချိန်ထိ ပြန်မဖွင့်နိုင်သေးသော်လည်း လမ်းဘေး ဈေးများနှင့် ပြင်ပ ဈေးဆိုင်များကို ဖွင့်လှစ်ရောင်း ချနေကြောင်း သိရသည်။
ယနေ့တွင် အဆိုပါ ဈေးများနှင့် ဈေးဆိုင်များကို ဖွင့်လှစ် မရောင်းချရန် အာဏာပိုင်များက ညွှန်ကြားထားကြောင်း ဒေသခံ အမျိုးသမီးကြီး တစ်ဦးကလည်း  ပြောကြားသည်။
"အကြမ်းဖက်သမားတွေ ဗုံးဖေါက်ခွဲမယ်ဆိုပြီး မနေ့ကညနေပိုင်း ကနေ သတင်းတွေ ထွက်နေ ပါတယ်။ ဒီနေ့ လမ်းဘေးဈေးတွေ အားလုံး မနက် ၆နာရီကနေ ပိတ်လိုက်ပါပြီ။ လူတွေကိုလည်း အပြင် မသွားကြဖို့၊ ကိုယ်အိမ်မှာကိုယ်နေကြဖို့  မြို့နယ်နဲ့  ခရိုင်အုပ်ချုပ်ရေးမှူး တာဝန်ရှိသူတွေက ပြောထားပါတယ်" ဟု ပြောသည်။
အစိုးရ ရုံးအများအပြားလည်း ယနေ့တွင် ပိတ်ထားကြောင်း မျက်မြင် ဒေသခံ လူငယ် တစ်ဦးဖြစ်သူ ကိုမျိုးချစ်က ပြောသည်။
" အစိုးရရုံးတွေလည်း ဖွင့်တာ မတွေ့ဘူး အစ်ကို။ မနက်ပိုင်းကတော့ အစိုးရ ဘဏ်နဲ့ ကမ္ဘောဇ ဘဏ်ကို ဖွင့်တာတော့ တွေ့လိုက်ရတယ်။ အခုတော့ ပိတ်သွားပြီ။ အထက်တန်းကျောင်းကတော့ အရေးအခင်း ဖြစ်ပြီးကတည်းက ပိတ်ထားတဲ့ အတွက် ကျောင်းက မဖွင့် ဖြစ်သေးပါဘူး။ အခုတော့ လူတွေ အကုန်လုံး အိမ်ထဲမှာနေကြပါတယ်။ လူငယ် တစ်ချို့ ဆိုင်ကယ်နဲ့ သွားလာ တာက လွဲပြီး လမ်းပေါ်မှာ လူမရှိဘူး အစ်ကို" ဟု ပြောသည်။
ဘင်္ဂလီ မွတ်ဆလင် လူမျိုးများမှာလည်း အပြင်ကို မထွက်ကြဘဲ အိမ်တွေတွင် နေထိုင်နေကြသည်ဟု ဆိုသည်။
" လုံခြုံရေးတွေကတော့ နေရာတိုင်းမှာ ချထားတာကို တွေ့ရပါတယ်။ လမ်းဆုံ လမ်းခွတိုင်းမှာပါဘဲ။ မနေ့ကလည်း မောင်နီရွာဘက်ကို အာရ်အက်စ်အို လက်နက်ကိုင် အဖွဲ့တွေ ၀င်လာတယ်ဆိုပြီး သတင်းရတဲ့ အတွက် စစ်သားတွေ လိုက်သွားတယ်လို့ ကြားရပါတယ်။ ဒါကြောင့် မွတ်ဆလင် ဘင်္ဂလီတွေလည်း အိမ်ထဲမှာ နေနေကြတာကို တွေ့ရပါတယ်" ဟု ကိုမျိုးချစ်က ပြောသည်။
လုံထိန်း၊ ရဲ၊ စစ်တပ် နှင့် နစကတပ်ဖွဲ့ များကို မောင်တောမြို့နယ် ခန်းမဆောင်၊ အလိုတော် ပြည့်ကျောင်း၊ အထက် တန်းကျောင်း၊ ဈေးရုံဝ၊ ဈေးကြီးနှင့် မွတ်ဆလင်ရွာများ၌ တင်းကျပ်စွာ ဖြည့်တင်း ချထားသည်ဟု သိရသည်။
မောင်တောမြို့ပေါ်တွင်  နစကနဲ့ လုံထိန်း ကားများဖြင့် လှည့်လည်နေသည်မှ အပ အခြေအနေမှာ အေးဆေး ငြိမ်သက်နေပြီး  မုန်တိုင်းမတိုက်မှီ ငြိမ်သက်ခြင်းမျိုးဖြင့် ငြိမ်သက် တိတ်ဆိတ် နေကြောင်း သူက ပြောသည်။

ထွန်းထွန်း  - နိရဉ္စရာ သတင်းဌာန 
http://feeds.feedburner.com/thithtoolwin/yIWV<https://blogger.googleusercontent.com/tracker/7198247346387613446-7401558638193509627?l=www.thithtoolwin.com>

<https://feedads.g.doubleclick.net/%7Ea/gTsYCK6uZp_VtxgMvXSWc0T4BlY/vCYO2Vph6A3EYMBAEDC6gYFnBrI/0/pi>
<https://feedads.g.doubleclick.net/%7Ea/gTsYCK6uZp_VtxgMvXSWc0T4BlY/vCYO2Vph6A3EYMBAEDC6gYFnBrI/1/pi>

<http://feeds.feedburner.com/%7Er/thithtoolwin/yIWV/%7E4/gEGkQEJuAEs?utm_source=feedburner&utm_medium=email>

ရန်ကုန်မြို့က ရှစ်လေးလုံး လူတထောင်ကျော်တက်ရောက်

Posted: 08 Aug 2012 06:14 AM PDT

<https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhyn8bWo2a5ofSKBkN48_qDl9a-Ndm0XxvQtJ_nMDRK4HA76pXknCfwqWUsYBJRp4AOJ2sMCpdaW6P52r_bSwzCs0R3C_m-sb9Bnf7K5FjocztHcoWjtJjxaQUTM8OtWpMOA61Y-tsMzh0/s400/488344_10151104686173128_1355024729_n.jpg>
(ဓါတ်ပုံ NLD information)
ရှစ်လေးလုံး ဒီမိုကရေစီလှုပ်ရှားမှု နှစ်ပတ်လည်အခမ်းအနားကို ရန်ကုန်မြို့
ရွှေဂုံတိုင် တော်ဝင်နှင်းဆီခန်းမမှာ ဒီကနေ့ မနက်ပိုင်းက ကျင်းပခဲ့ပြီး၊ ဦးတင်ဦး၊
ဦးဝင်တင် စတဲ့ NLD ခေါင်းဆောင်တွေ၊ ၀ါရင့် နိုင်ငံရေးသမားတွေ၊ ခေတ်အဆက်
ဆက်ကျောင်းသားခေါင်းဆောင်တွေ၊ နိုင်ငံရေးအကျဉ်းသား ဟောင်းတွေ၊
ဂီတအနုပညာရှင်တွေ စုစုပေါင်း လူ (၁ဝဝဝ) ကျော် တက်ရောက်ခဲ့ပါတယ်။

ဒီနေ့အခမ်းအနားကို တက်ရောက်သူ ဒီလောက်များပြားတဲ့အချက်က ရှစ်လေးလုံးလှုပ်ရှားမှုအပေါ် ပြည်သူတွေရဲ့ အလေးအနက်ထားမှုကို ဖော်ပြတာဘဲလို့ NLD ခေါင်းဆောင်တစ်ဦးဖြစ်တဲ့ ဦးဝင်းတင်က ပြောပါတယ်။

အဲဒိအခမ်းအနားမှာ ရှစ်လေးလုံး ၂၄ နှစ်မြောက် သဘောထားကြေညာချက်တစ်စောင်ကို ထုတ်ပြန်ခဲ့ပြီး၊ ကျန်ရှိနေသေးတဲ့ နိုင်ငံရေးအကျဉ်းသားတွေ အားလုံးလွှတ်ပေးဖို့၊ ရှစ်လေးလုံးနေ့ကို သမိုင်းဝင် အထိမ်းအမှတ်နေ့အဖြစ်သတ်မှတ်ပေးဖို့ တောင်းဆိုခဲ့ကြပါတယ်။

အဲဒိအခမ်းအနားမှာ သံဃာတော် (၄၄) ပါးကို ဆွမ်းနဲ့ ၀ါဆိုသင်္ဃန်းကပ်လှူခဲ့ပြီး၊ ရှစ်ဆယ့်ရှစ် ဒီမိုကရေစီ အရေးအခင်းမှာ ကျဆုံးသွားခဲ့တဲ့ ရဟန်းရှင်လူပြည်သူတွေအတွက် တစ်မိနစ်ခန့် ငြိမ်သက် အလေးပြုခဲ့ကြ ပါတယ်။

အဲဒိနောက် နိုင်ငံရေးအင်အားစုတွေရဲ့သ၀ဏ်လွှာတွေ ဖတ်ကြားခဲ့ကြပါတယ်။

ဒီအခမ်းအနားကို မနက် (၉) နာရီကနေ နေလည် (၁၂) နာရီအထိကျင်းပခဲ့တာဖြစ်ပြီး၊ အာဏာပိုင်တွေဘက်က အနီးကပ်စောင့်ကြည့်၊ ဓါတ်ပုံရိုက်တာတွေရှိခဲ့ပေမယ့် တစုံတရာ တားဆီးနှောင့်ယှက်တာ မရှိခဲ့ပါဘူး။

RFA Burmese

http://feeds.feedburner.com/thithtoolwin/yIWV<https://blogger.googleusercontent.com/tracker/7198247346387613446-2907682610377714424?l=www.thithtoolwin.com>

--
မှော်ဆရာအဖွဲ့ မှ နေ့ စဉ်မေးလ်များ ရယူလိုပါက http://groups.google.com/group/mrsorcerer/subscribe?hl=en ကို နှိပ်ပြီး မန်ဘာဝင်နိုင်ပါသည် ။
မန်ဘာဝင်များ မိမိတို.သိထားသည်များကို မျှဝေလိုပါက mrsorcerer@googlegroups.com သို. မေးလ်ပို.နိုင်ပါသည် ။
မှော်ဆရာအဖွဲ့ မှ နှုတ်ထွက်လိုလျှင် mrsorcerer+unsubscribe@googlegroups.com ကိုနှိပ်ပြီး မေးလ်ပို.ပါ ။
စာလက်ခံလိုသည့်ပုံစံ ပြင်လိုလျှင် http://groups.google.com/group/mrsorcerer?hl=en ကို သွားပါ ။
မှော်ဆရာ အဖွဲ့ ၏ စည်းကမ်းများကို သိလိုလျှင် http://groups.google.com/group/mrsorcerer/browse_thread/thread/af2f4a1d44d4d909?hl=en တွင် ဖတ်ရှုနိုင်ပါသည် ။
 
Facebook (FB) မှော်ဆရာအဖွဲ့သို့ Mail ပို့လိုလျှင် mrsorcerer2@groups.facebook.com
FB မှော်ဆရာအဖွဲ့သို့ ၀င်ရန် http://www.facebook.com/home.php?sk=group_173571176006981&ap=1
 
မှော်ဆရာ အဖွဲ့ နှင့်ပက်သက်၍ ဝေဖန်အကြံပြုလိုပါက >>>
ဦးဦး မှော်ဆရာ ( mrsorcerer9@gmail.com, mrsorcerer27@gmail.com ) ထံသို.
ပေးပို.နိုင်ပါသည် ။
 
ခင်မင်စွာဖြင့်
ဦးဦး မှော်ဆရာ