[Real Family: 24519] အမှန်ကို ချစ်ပါ (ဦးဌေးလွင်ဦး)

(အထူးမှတ်ချက်- ကျွန်တော် ရေးသား တင်ပြနေတဲ့ သမိုင်းကြောင်းများကို
ဘယ်သူနဲ့ မဆို ဘယ်နေရာမှာ မဆို ကမ္ဘာ့မီဒီယာ သက်သေရှေ့မှောက် ဖြစ်ရင်
အချိန်မရွေး ဆွေးနွေးလိုပါတယ်။ အခုရေးနေတဲ့ သမိုင်းကြောင်းဟာ
အမှန်အတိုင်း ဖြစ်လို့ အမှန် အတိုင်းရေးသားနေခြင်းသာ ဖြစ်ပါတယ်။ ဒီအတွက်
ရိုဟင်ဂျာများကို မျက်နှာလိုက် တယ်၊ ရခိုင်လူမျိုးတွေကို မုန်းတီးမှုနဲ့
ဖန်တီးတယ်လို့- ခံစားနိုင်သူများ ရှိပါတယ်။ ကျွန်တော်ကိုယ်တိုင် ရခိုင်
ဖြစ်လို့ ရခိုင်များကို ဘယ်တော့မှ မမုန်းပါ။ ရခိုင်လူမျိုးများ အတွက်
ကျွန်တော် တတ်နိုင်သမျှ ကူညီပံ့ပိုး နေတယ်၊ ပံ့ပိုးခဲ့တယ်၊ ပံ့ပိုးဦးမယ်
ဆိုတာ ကျွန်တော့ အနည်းအနားနေ ရခိုင်လူမျိုးတိုင်း သိနေပါတယ်။ ခွဲထွက်
ရေးကို မကြိုက်လို့ ခွဲထွက်ရေး သီအိုရီကို လက်မခံတာကလွဲ ကျန်တဲ့
ကိစ္စအားလုံးမှာ အမြဲကူညီနေပါတယ်။ အိန္ဒိယထောင်မှာ ရခိုင်နဲ့ ကရင်လူမျိုး
၃၄ ဦး နှစ်ရှည်ထောင်ကျနေစဉ်- သူတို့ကို ကူညီထောင်ပံ့ဘို့ မျိုးချစ်ရခိုင်
ဆိုသူတွေက ပိုက်ဆံ ၂ ပဲ ၁ ပြားကို တွက်ကပ်နေချိန်မှာ ကျွန်တော်က လစဉ်
အပျက် အများဆုံး ခွဲတမ်းကို တာဝန်ယူပြီး သူတို့ ထောင်ကကျွတ်လွတ်ပြီးတဲ့
အထိ ကူညီခဲ့ပါတယ်။ ကျွန်တော် သန်းကြွယ် သူဌေး မဟုတ် သော်လည်း
ငါ့အမျိုးသားတွေ ဒုက္ခရောက်နေ တယ် ဆိုတဲ့ စိတ်နဲ့ ကူညီခဲ့တာပါ။

ကျွန်တော့ ရေးသားချက်များကို မိတ်ဆွေ တစ်ချို့က ဖေ့စ်ဘုတ်မှာ
ဖြန့်ချီတော့ ကျွန်တော့ရဲ့ အကြောင်း မကောင်းပြောသူတွေ၊ ပုတ်ခတ်သူတွေ
ကြုံရပါတယ်။ အဲ့ဒီ မကောင်းပြောသူ၊ ပုတ်ခတ်သူ အများစုသည်လည်း
သူတို့အပေါ်မှာ ကျွန်တော့ကျေးဇူး မကင်းခဲ့ပါ။ သူတို့ကိုယ်တိုင်
သိနေမှာပါ။–။ တင်ပြတဲ့ အကြောင်းအရာများ ကို သမိုင်းချက်များနဲ့ တကွ
ပြန်လည်ဆွေးနွေးတာမျိုး မရှိဘဲ-၊ လူပုဂ္ဂိုလ် ပုတ်ခတ်မှုများသာ တွေ့ရတဲ့
အတွက် သူတို့အတွက် စိတ်မကောင်း ဖြစ်မိတာကလွဲ အခြား ဘယ်လိုမှ မခံစားမိပါ။-
အနာဂါတ် မျိုးဆက်များ အနေနဲ့ သမိုင်းမှန်နဲ့ လက်ရှိ အမှန်တရားကို သိမှ-
အမှန်ကို အမှန်အတိုင်း သုံးသပ်ပြီး အနာဂါတ် မြန်မာနိုင်ငံကို စနစ် တကျ
ပြန်လည်ထူထောင်နိုင်မယ်လို့ ယုံကြည်တဲ့ အတိုင်း ကျွန်တော်တင်ပြလိုတဲ့
အမှန်တရား တံခါးချပ်ကို ဆက် လက်ဖွင့်လှစ်ပေးနေမှာပါ။– မနာလို ၀န်တိုမှုနဲ့
အမှန်တရား တံခါးကို ပိတ်သူများဟာ အနာဂါတ်ရဲ့ တရား ခံများသာ
ဖြစ်သွားမှာပါ။)

မြန်မာနိုင်ငံ လွတ်လပ်ရေး နယ်နိမိတ်

မြန်မာအင်ပါယာဟာ သမိုင်းကောင်းလို့ တောင်ငူမင်းဆက် လက်ထက်မှာ ဘယ်လို
ကျယ်ဝန်းခဲ့ပါစေ၊ သို့ မဟုတ် သမိုင်းပျက်လို့ ဘယ်လို
ကျဉ်းမြောင်းခဲ့ပါစေ- မြန်မာကို အိန္ဒိယက ခွဲ လွတ်လပ်ရေးပေးမယ့် အချိန်မှာ
မြန်မာအင်ပါယာရယ်လို့ စတင်အသိ အမှတ်ပြုတဲ့ ပုဂံအင်ပါယာကိုပဲ
အသိအမှတ်ပြုပေးခဲ့ပါတယ်။ ဒါကြောင့် မြောက်ဦးနိုင်ငံတော်နဲ့
မြန်မာပြည်အောက်ပိုင်း မွန်တို့ရဲ့ နိုင်ငံဟာ မြန်မာနိုင်ငံထဲမှာ
ပါဝင်လာပြီး မဏိပူရနဲ့ မြန်မာ အရှေ့ဘက် လာအို၊ ယိုးဒယားများက
မြန်မာနိုင်ငံထဲမှာ မပါဝင်လာတော့ပါ။ (အင်္ဂလိပ်က မြန်မာကို သိမ်းစဉ်
ယိုးဒယား၊ လာအိုတို့ဟာ မြန်မာရဲ့ အုပ်ချုပ်ခံများ ဖြစ်နေခဲ့ပါတယ်။)

ဒီမှာ အငြင်းပွားဘွယ် ဖြစ်လာတာက- မြောက်ဦး အင်ပါယာ တစ်ခုလုံးကို
မြန်မာပိုင်တယ် ဆိုပြီး ဗိုလ်ချုပ် အောင်ဆန်းက လိုချင်ခဲ့ပါတယ်။
နိုင်ငံရေး အရ ကြည့်ရင် ဗိုလ်ချုပ်အောင်ဆန်းဟာ အမျှော်အမြင်ကြီးသူလို့
မှတ်ချက်ချ နိုင်ပါတယ်။ သူက ဘာသာတရားနဲ့ နိုင်ငံရေးအာဏာ နယ်နမိတ်ကို
ခွဲခြားစီစစ်နိုင်တယ်။ ဘုရင် နောင်ပုံစံမျိုး မိမိတို့ရဲ့ အချုပ်အခြာ
အာဏာကို ရနိုင်သမျှ ဖြန့်ကျက်ချင်တယ်၊ လူမျိုးမတူ ဘာသာမတူရင်လည်း
ပြည်ထောင်စုထဲမှာ လွတ်လပ်တဲ့ ပြည်နယ်များအဖြစ် ထားပြီး နိုင်ငံကို
အကျယ်ကြီး တည်ဆောက်ချင်တယ် ဆိုတဲ့ ရည်ရွယ်ချက်ကို တွေ့မြင်ရတယ်။
ပြည်ထောင်စုအတွင်းမှာ ပြည်ထောင်စုရဲ့ အကျိုးတရားကို ခံစားနေရ ရင်
ကာလကြာသော် ငါတို့ မြန်မာရယ်လို့ပဲ ခံစားသွားမှာ လို့ ယုံကြည်တယ်။
(လက်ရှိ အမေရိကန် ပြည်ထောင် စု ဥပမာမျိုးပါ။)

ဗိုလ်ချုပ်ကျသွားတော့ နောက်ပိုင်းခေါင်းဆောင်တွေက ဗိုလ်ချုပ်လောက်
မပြတ်သားနိုင်ခဲ့ဘူး၊ သြဇာကြီးနေတဲ့ ဗုဒ္ဓဘာသာ ဘုန်းကြီးများကို
မလွန်ဆန်နိုင်ဘူးလို့ ပြောရမှာ ဖြစ်တယ်။ ရခိုင်ကို မြောက်ဦးနေပြည်တော်
အတိုင်း ယူလိုက်ရင် ရရဲ့သားနဲ့ မွတ်စလင်တွေ လူဦးရေအများကြီး
ပါဝင်လာတော့မှာပဲ ဆိုတဲ့ စိတ်နဲ့ မေယုမြစ်က ဖြတ် ယူလိုက်တယ်။
တစ်ကယ်တမ်းမှာ ဘုန်းကြီး ဦးစိန္တာရဲ့ လက်ရုံး ရခိုင်အမတ် ဦးအောင်ဇံဝေက
မေယုတောင်က နယ်နမိတ်သတ်မှတ်စေတာပါ။ မေယုတောင်ကသာ
နယ်နမိတ်သတ်မှတ်ယူလိုက်ရင် ရသေ့တောင်၊ ဘူးသီး တောင်၊ မောင်းတော
နယ်မြေများဟာ ဘင်္ဂလားဒေ့ရှ်ထဲကို အလိုလို ရောက်သွားမှာ ဖြစ်တယ်။ ဦးနုက
လက်မခံ ခဲ့ဘဲ မေယုမြစ်ကို နယ်ခြား သတ်မှတ်ပေးလိုက်တော့- ရိုဟင်ဂျာလို့
ခေါ်တွင်တဲ့ လူမျိုးများ ဘိုးစဉ်ဘောင်ဆက် နေခဲ့ရာ ဒေသဟာ
မြန်မာနိုင်ငံထဲကို ပါဝင်လာခဲ့တယ်။ အမြင်ကျဉ်းမြောင်းတဲ့ ဘာသာရေးဝါဒီတွေက
မိမိရဲ့ အချုပ်အခြာ နိုင်ငံကို ဖဲ့ပေးလိုက်ရတာကို နှမြောရမှန်းတောင်
ဆင်ခြင်နိုင်အား မရှိဘူးလို့ ပြောဆိုရတော့မှာပါ။

အင်ပါယာ ကြီးထွားလာခဲ့တဲ့ မြောက်ဦးနေပြည်တော်ဟာလည်း ဘာသာရေး
အမြင်ကျဉ်းမြောင်းတဲ့ ဆရာတော် တစ်ချို့ကို အလိုလိုက်ရာက
အချင်းချင်းသွေးကွဲ နိုင်ငံပဲ့ခဲ့ရပြီး နောက်ဆုံးမှာ ရခိုင်တို့ရဲ့
အချုပ်အခြာ ပျောက်ဆုံး ခဲ့ရတဲ့ သမိုင်းက အထင်အခြား ဖြစ်သလို၊
ခေတ်သစ်မြန်မာနိုင်ငံဟာလည်း သာသာရေး အမြင်ကျဉ်းမြောင်းမှုတဲ့ ဆရာတော်
တစ်ချို့ကို အလိုလိုက်ရင်း နယ်နမိတ်ကျဉ်းမြောင်းခဲ့ရပါတော့တယ်။

အခု လက်ရှိကြုံနေရတဲ့ ရခိုင်ပြည်နယ် အရေးမှာလည်း
နိုင်ငံရေးသမားများကိုယ်တိုင် ဘာသာရေး မှိုင်းမိနေ ခြင်း၊ ဘာသာရေး အယူသန်
ဆရာတော် တစ်ချို့ရဲ့ သြဇာကို မလွန်ဆန်နိုင်ခြင်း အဖြစ်များကို
ကြုံနေရပြီး မြေကို ယူမယ်- လူကိုမောင်းထုတ်မယ် ဆိုတဲ့ စီမံချက်တွေကို
ထပ်ဆင့်ချမှတ်နေရပါတော့တယ်။

မရိုးနိုင်တမ်း ထိုးချနေရတဲ့ အဖြစ်က ခိုးဝင်လာသူများ ဆိုတဲ့
ဆိုင်းဘုတ်ဟောင်းကြီးကို ထပ်ဆင့် မိတ္တူကူးနေ ရတဲ့ အဖြစ်ပါ။

ခိုးဝင်လာသူများ

တိုင်းပြည်တစ်ခုနဲ့ တစ်ခု နယ်ခြား မသတ်မှတ်မှီက အင်္ဂလိပ်လက်ထက်မှာ
ဘင်္ဂလားနယ်က လူတွေ ရခိုင်ထဲကို ခိုးဝင်လာခဲ့တယ်လို့ ပြောဆိုနေကြပါတယ်။
ဒါကိုလည်း ဟုတ်မဟုတ် သေချာ စစ်ဆေးဘို့ လိုပါမယ်။ (၁) နယ်တစ်ခုမှာ
လုပ်ကိုင်စားသောက်စရာ ရှိရင် အဲ့ဒီနေရာကို အခြားက လုပ်စားလိုသူများ
ဝင်လာမှာ သေချာပါ တယ်။ ဥပမာ- ထိုင်းနိုင်ငံ၊ မလေးရှားနိုင်ငံကို
မြန်မာနိုင်ငံသားတွေ သွားရောက် လုပ်စားသလိုမျိုးပါ။- ဒါပေမယ့်
အင်္ဂလိပ်ခေတ်က မြန်မာနိုင်ငံထဲကို ၀င်လာမယ် ဆိုရင် လုပ်ကိုင်စားသောက်လို့
ရတဲ့ နေရာ ရန်ကုန်၊ မန္တလေး စတဲ့နေရာများနဲ့ ဆန်စပါး
စိုက်ပျိုးစားသောက်လို့ ရတဲ့ နေရာမျာကိုသာ ၀င်လာမှာပါ။ ရခိုင်နယ်မှာ
သူ့လူဦးရေ ထက်ပိုပြီး ဆန်စပါး စိုက်ပျိုးစားသောက်စရာ မြေနေရာ မရှိပါ။
ရခိုင်ရိုးနဲ့ ပင်လယ်ပြင်အကြား မြေနေရာ ကျဉ်း မြောင်းပါတယ်။ ဒီတော့
ရှိပြီးသား လူများက လူပို လက်မခံနိုင်ပါ။ (၂) လူတစ်ဦး မိမိရဲ့ ရွာမှာ
ဘယ်သူက အခြား အရပ်ကလာပြီး ရွာမှာ အိမ်ထောင်ကျတာ၊ ဘယ်သူတော့ ပြောင်းလာတာ
ဆိုတာမျိုးကို အဲ့ဒီ သက်ဆိုင်ရာ ရွာ သားတိုင်းက သိနေပါတယ်။-
ရခိုင်ပြည်နယ်က မြို့တွေဟာ ရန်ကုန်မြို့လောက် မကြီးကျယ်ပါ- အလွယ်တစ်ကူ
ခွဲခြားလို့ ရပါတယ်။ ဒါကြောင့် ဘယ်သူက ၀င်လာသူ၊ ဘယ်သူက နဂိုမူလ
လူဆိုတာမျိုးကို အလွယ်တစ်ကူ ခွဲ ခြားနိုင်ပါတယ်။ ရိုဟင်ဂျာကို မုန်းနေတဲ့
လူများက ရိုဟင်ဂျာ အားလုံးဟာ ခိုးဝင်လာသူများလို့ ပြောဆိုတာနေ တာကိုချည်း
အတည်ယူပြီး- အမှန်ကို အမှန်အတိုင်း ပြောတဲ့ ရခိုင်များရဲ့ စကားများကို
လျှစ်လျှူရှုထားတာမျိုးက အလွန်တရာ တစ်ဘက်သက် အမုန်းဆန်ပါတယ်။

ရသေ့တောင် မြို့သား နယ်သားဖြစ်တဲ့ "ကျွန်တော်တို့ဆီမှာ ခိုးဝင်လာသူများ
မရှိဘူး၊ မွတ်စလင်ရွာတွေက အရင်ကတည်းက ရှိနေတယ်၊ ကျွန်တော်တို့နဲ့
ညီအစ်ကိုလိုပဲ ဘိုးစဉ်ဘောင်ဆက် နေခဲ့ကြတယ်၊ တစ်ယောက် နဲ့ တစ်ယောက်
အားလုံးကို သိနေတယ်၊ ကျွန်တော်တို့ တော်လှန်ရေး လုပ်တော့ မဲ ဆောက်မှာ-
ရခိုင်ပါတီ အတွက် လိုအပ်တဲ့ အလှုခံငွေတွေကို ရသေ့တောင်သား
မွတ်စလင်တစ်ချို့ဆီက အလှုငွေတွေ ကျွန်တော် ကိုယ်တိုင် ယူခဲ့တယ်၊" ဆိုတဲ့
ALP ပါတီက ခိုင်ထွန်းထွန်းလို လူမျိုးရဲ့ စကားကိုတော့- ဘယ်သူကမှ
မကြားချင် ကြဘူး ထင်ပါတယ်။

ဘယ်သူတွေ ကြားချင် မကြားချင်- အမှန်က အမှန်အတိုင်း ရပ်တည်နေမှာပါ။
တစ်ကယ်လို့ အမှန်ကို မုန်းပြီး ၀ိုင်း တိုက်မယ် ဆိုရင် မြန်မာနိုင်ငံ
သမိုင်း ပြောင်းသွားနိုင်တယ် ဆိုတာကို တိုင်းချစ်ပြည်ချစ် ပုဂ္ဂိုလ်များ
သတိ ထားနိုင်ကြပါစေ။–

ဆက်လက်တင်ပြပေးပါမည်။

ဌေးလွင်ဦး
--
YESTERDAY IS DEAD & GONE,TOMORROW IS UNBORN,TODAY IS SWEET

--
--
♥ "Real Family Myanmar" group မှ ကြိုဆိုပါတယ် ♥
● Group ၏ မူလ လိပ်စာမှာ http://groups.google.com/group/real-family-mm?hl=en ဖြစ်ပါတယ်။ ဖေ့ဘုတ်လိပ်စာမှာ http://www.facebook.com/group.php?gid=148830205143871 ဖြစ်ပါတယ်။
● အသင်းဝင်လိုသူများအနေနှင့် မိမိ၏ အီးမေးမှ real-family-mm+subscribe@googlegroups.com သို့ လိပ်မူ၍ စာတစ်စောင်သာ ပို့ပေးပါ။ အလိုအလျောက် အသင်းဝင်ပြီးသား ဖြစ်ပါမည်။
● အသင်းဝင် မန်ဘာများမှ Post ကိုမေးကနေ တင်ချင်ရင် real-family-mm@googlegroups.com ကို မေးပို့လိုက်ပါ။ ဇော်ဂျီဖောင့်ဖြင့် ရေးတင်နိုင်ပါသည်။ အင်္ဂလိပ်လိုလည်း ရေးတင်နိုင်ပါတယ်။ ဘားဂလစ်ရှ် မသုံးရပါ။
● အကြောင်းအရာတူပါက ခေါင်းစဉ်များ မဖောင်းပွစေရန် လက်ရှိခေါင်းစဉ်အောက်မှာသာ ဆက်ရေး၍ Reply ပြန်ပေးပါ။
● အကြောင်းအမျိုးမျိုးကြောင့် အသင်းမှ နှုတ်ထွက်လိုပါက real-family-mm+unsubscribe@googlegroups.com ကို လိပ်မူ၍ စာတစ်စောင်ပို့ပါ။
● အက်တမင် မန်နေဂျာအဖွဲ့နှင့် တိုက်ရိုက် ဆက်သွယ်လိုပါလျင် မူလစာမျက်နှာမှ တဆင့် စာရေးဆက်သွယ်နိုင်ပါတယ်။