မြန်မာ့သတင်းများစုစည်းရာ |
- RFA မြန်မာဋ္ဌာန ဖေ့စ်ဘွတ်စာမျက်နှာ ပိတ်သိမ်း
- NLD ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် သုံးခွ နှင့် ကော့မှူးမြို့ နယ်များကို သွားရောက်မည်
- မြန်မာကို ဥပမာပေး၍ တောင်ကိုရီးယားသမ္မတက မြောက်ကိုရီးယားအား အပြောင်းအလဲလုပ်ရန် တိုက်တွန်း
- ဘင်္ဂလားဒေ့ရှ်နှင့် အမေရိကန်သံရုံးရှေ့၌ ရဟန်းရှင်လူများ ဆန္ဒထုတ်ဖော်
- ကျေးရွာ အုပ်ချုပ်ရေးမှူး သားက ရေတပ်သားလို အယောင်ဆောင်ပြီး အရပ်သားတစ်ဦးကို ဖမ်းဆီး နှိပ်စက်
- စက်သုံးဆီရောင်းချရာ၌ အချင်အတွယ် မမှန်ကန်ပါက လိုင်စင်ပိတ်သိမ်းခံရမည်
- OIC ရုံးဖွင့်မည်ကို ရခိုင်လူထု မလိုလား
- ဘုန်းကြီးကျောင်းများကို ကာကွယ်ပေးရန် မြန်မာ နစက ဘင်္ဂလားဒေ့ရှ်ကို တောင်းဆို
- “မဟာချိုင်လေးထပ်ပုလိပ် ပတ်စပို့ကိုင်ဆောင်ထားထားသည့်အလုပ်သမား ၂ဦးအားဖမ်းဆီးငွေတောင်း”
- ချယ်ရီကား နှင့် ကျောက်ဂွမ်း (Asbestos)ပြဿနာ
- အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်၏ အမေရိကန်ခရီးစဉ်သတင်းစာရှင်းလင်းပွဲ အနှစ်ချုပ်
- ဖယောင်းတိုင်ထွန်း ဆန္ဒဖော်ထုတ်သူအချို့အား တရားစွဲဆိုမှု လျှပ်စစ်နှင့်စက်မှုဝန်ကြီး မသိဟုဆို
- လက်ရှိအခြေအနေသည် အားလုံးကောင်းသည့်အခြေနေမဟုတ် သေးဟု ဒေါ်အောင်ဆန်းစုကြည်ပြော
- တိုက်ပွဲကြားက မြေစာပင်များ
- ဘင်္ဂလာတွင် ဗုဒ္ဓသမိုင်းဝင်များ မီးရှိုးဖျက်ဆီးလုယူခံရသော ကိစ္စနှင့်ပတ်သက်၍ ဆွေးနွေး
- သိန်း ( ၁၀၀၀ ) လောက် လာဘ်စားပြီး လူကုန်ကူးကြသည့် ဗိုလ်မှူးဇေါ်လင်းဦးအဖွဲ့  ဘယ်လဲဘာလဲ
- ဧရာဝတီ မြစ်ဆုံစီမံကိန်း ဆက်လက်လုပ်ဆောင်ပါက အလယ်ပိုင်းဒေသ ကန္တာရ ဖြစ်သွားနိုင်ဟုဆို
- နိုဗယ်ငြိမ်းချမ်းရေးဆုခန့်မှန်းချက်များတွင် သမ္မတဦးသိန်းစိန်အမည်ပါဝင်
- ရှားခဲအင်း လုံခြုံရေး စိတ်မချရသေး
- တရုတ်တွေဗိုလ်ကျနေတဲ့ သောက်ရေခပ်(၂)ရေအား လျှပ်စစ် စီမံကိန်း
- ဒေါ်အောင်ဆန်းစုကြည်ရဲ့ ရိုးရာ ဖက်ရှင်
- မြန်မာအသင်း ခြေစစ်ပွဲ အောင်နိုင်သော်လည်း ဗိုလ်လုပွဲ အဆင့်သို့ မရောက်နိုင်ဟု သုံးသပ်
- ပုဂ္ဂလိကဘဏ်တွေအပေါ် လူထု ယုံကြည်ဖို့ လို
- ဖိလစ်ပိုင်အစိုးရနှင့် မွတ်စလင်သူပုန်များအကြား ၁၅ နှစ်ကြာ ဆွေးနွေးမှုအပြီးတွင် သဘောတူညီချက်မူဘောင်တစ်ခုရရှိ
- ပန်းကောင်းများကို အညွှန့်ချိုးရေနွေးပူလောင်းနေသော ဒဂုံ(၁) ကျောင်းတော်မဟာ
| RFA မြန်မာဋ္ဌာန ဖေ့စ်ဘွတ်စာမျက်နှာ ပိတ်သိမ်း Posted: 08 Oct 2012 08:12 AM PDT အမေရိကန်ပြည်ထောင်စု အခြေစိုက် လွတ်လပ်သောအာရှအသံ RFA မြန်မာဋ္ဌာန၏ Facebook စာမျက်နှာ ကို မကြာသေးမီက ပိတ်သိမ်း လိုက်ကြောင်း သိရသည်။ ပုံမှန်ကြည့်ရှုသူ ပရိတ်သတ် Fan အရေအတွက် ၁၇၀၀၀ ကျော်ရှိသည့် ဖေ့စ်ဘွတ်စာမျက်နှာကို မည်သည့်အကြောင်းကြောင့် ပိတ်သိမ်းလိုက်သည်ကို ထုတ်ပြန်ကြေညာခြင်း မရှိသော်လည်း မကြာသေးမီ ရက်ပိုင်းက RFA သတင်းဋ္ဌာနတွင်း လိင်မှုကိစ္စ ပြဿနာများနှင့် ပတ်သက်သည့် ဝေဘန်ချက်များကို ဖေ့စ်ဘွတ်စာမျက်နှ |
| NLD ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် သုံးခွ နှင့် ကော့မှူးမြို့ နယ်များကို သွားရောက်မည် Posted: 08 Oct 2012 08:05 AM PDT အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ဥက္ကဌ၊ ကော့မှူးမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်အောင်ဆန်းစုကြည်သည် ၁၁.၁၀.၂၀၁၂ နေ့(ကြာသပတေးနေ့) နံနက်(၈)နာရီမှ နေ့ လယ် (၁၂) နာရီအထိ သုံးခွမြို့နယ်သို့ သွားရောက်မည် ဖြစ်ပါသည်။ သုံးခွမြို့နယ် အုပ်ချုပ်ရေးမှူးရုံး ၊ မြို့နယ် တရားရေးရုံး ၊ ကျန်းမာရေးဌာန နဲ့  ပညာရေးဌာနတွေကို သွားရောက်ကာ တာဝန်ရှိသူတွေနဲ့  တွေ့ဆုံဖို့ ရှိပါသည်။ အဲဒီနောက် သုံးခွမြို့ NLD ရုံးချုပ်မ |
| မြန်မာကို ဥပမာပေး၍ တောင်ကိုရီးယားသမ္မတက မြောက်ကိုရီးယားအား အပြောင်းအလဲလုပ်ရန် တိုက်တွန်း Posted: 08 Oct 2012 07:44 AM PDT တောင်ကိုရီးယားသမ္မတ လီမြောင်ဘတ်က ကမ္ဘာပေါ်တွင် မည်သည့် တိုင်းပြည်မှ ကမ္ဘာလုံးဆိုင်ရာ ဒီမိုကရေစီလှုပ်ရှားမှု ဖြစ်ပေါ်လာသည်ကို ငြင်းဆန်၍မရကြောင်း၊ ဒီမိုကရေစီ လှုပ်ရှားမှုများသည် မြောက်အာဖရိက၊ အရှေ့အလယ်ပိုင်းနှင့် မြန်မာတို့မှ အာဏာရှင်အစိုးရများကို ဖြုတ်ချပြီး အပြောင်းအလဲများနှင့် ပွင့်လင်းမှုတို့ကို ဖော်ဆောင်ရန် တွန်းအားပေး နေကြောင်း ပြောကြားလိုက်သည်။ ဆိုးလ်မြို့တော်တွင် ကိုရီးယားစစ်မှုထမ်းဟောင်းများ |
| ဘင်္ဂလားဒေ့ရှ်နှင့် အမေရိကန်သံရုံးရှေ့၌ ရဟန်းရှင်လူများ ဆန္ဒထုတ်ဖော် Posted: 08 Oct 2012 07:38 AM PDT အင်တာနက်မှ ဘာသာရေးလှုံ့ဆော်မှုများကြောင့် ဖြစ်ပွားခဲ့သည့် ဘာသာရေးတိုက်ခိုက်နေမှုများ ရပ်တန့်စေရန် ရည်ရွယ်၍ ရန်ကုန်မြို့မှ ဗုဒ္ဓဘာသာဘုန်းကြီးများနှင့် လူထုပါဝင်သည့် ဆန္ဒပြမှု တစ်ရပ်ဖြစ်ပွားခဲ့သည်။ အောက်တိုဘာ(၈)ရက် နေ့လည်(၂)နာရီဝန်းကျင်ခန့်တွင် ဘင်္ဂလားဒေ့ရှ်သံရုံးရှေ့၌ လူထုနှင့်သံဃာ အပါအ၀င် အယောက်(၇၀၀)၀န်းကျင်က ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော်ခဲ့ပြီး ထိုမှတဆင့် အမေရိကန် သံရုံးသို့ လမ်းလျှောက်ချီတက်ကာ လွ |
| ကျေးရွာ အုပ်ချုပ်ရေးမှူး သားက ရေတပ်သားလို အယောင်ဆောင်ပြီး အရပ်သားတစ်ဦးကို ဖမ်းဆီး နှိပ်စက် Posted: 08 Oct 2012 04:23 AM PDT ရခိုင်ပြည်နယ် ကျောက်ဖြူမြို့နယ် ကျေးရွာ တစ်ခုမှ အုပ်ချုပ်ရေးမှူး သားတစ်ဦးသည် သူ၏ အပေါင်းအဖေါ် (၉) ဦးနှင့် အတူ ရေတပ်သားဟန်ဆောင်ပြီး အရပ်သား တစ်ဦးကို ဖမ်းဆီးကာ ပြင်းပြင်းထန်ထန် နှိပ်စက် ညှဉ်းပမ်းခဲ့သည်ဟု သတင်း ရရှိသည်။ ဖမ်းဆီးနှိပ်စက်ခံရသူမှာ အမ်းမြို့ တပ်တောင် ရွာမှ ဦးမောင်ခိုင်စိုး ဖြစ်ပြီး သူ့အား ကျောက်ဖြူမြို့နယ် ငသန့်သာကျွန်းတွင် ပိုက်ချနေစဉ် ဖမ်းဆီးခေါ်ဆောင် နှိပ်စက်ခံရခြင်း ဖြစ်ကြောင်း |
| စက်သုံးဆီရောင်းချရာ၌ အချင်အတွယ် မမှန်ကန်ပါက လိုင်စင်ပိတ်သိမ်းခံရမည် Posted: 08 Oct 2012 04:10 AM PDT ချင်တွယ်မှုပြည့်မီခြင်းမရှိသည့် စက်သုံးဆီအရောင်းဆိုင်များအား နောက်တစ်ကြိမ် ဆီရောင်းချမှု အချင်အတွယ် ချို့ယွင်းချက်များရှိပါက စက်သုံးဆီဖြန့်ဖြူးရောင်းချခွင့် လိုင်စင်ရသူများအား လိုင်စင် ပိတ်သိမ်းသည်အထိ အရေးယူသွားမည်ဖြစ်ကြောင်း သိရှိရသည်။ စက်သုံးဆီဆိုင်များ၏ ဆီရောင်းချမှုအချင်အတွယ်အားနည်းမှုနှင့်ပတ်သက်၍ စစ်ဆေးရေးအဖွဲ့ဝင် များက ရှောင်တခင် စစ်ဆေးမှု များပြုလုပ်ခဲ့ရာ အချင်အတွယ်မပြည့်မီသည့်ဆိုင် |
| OIC ရုံးဖွင့်မည်ကို ရခိုင်လူထု မလိုလား Posted: 08 Oct 2012 04:07 AM PDT အစ္စလာမ်မစ် ပူးပေါင်း ဆောင်ရွက်ရေးအသင်း OIC ရုံးကို ရခိုင်ပြည်နယ်နှင့် မြန်မာနိုင်ငံတွင် ဖွင့်လှစ်ရန် ကြိုးပမ်းနေခြင်းအား ရခိုင်ပြည်သူအများစု က ကန့်ကွက်ကြောင်း သိရသည်။ မောင်တောမြို့ အလိုတော်ပြည့်ကျောင်းတိုက်မှ ဆရာတော် ဦးမဏိစာရ က ဧရာဝတီကို "စစ်တွေနဲ့ ရခိုင်ပြည်တွင်းက ဘယ်နေရာမှာပဲ ဖြစ်ဖြစ်ဖွင့်ဖို့ ကိစ္စကန့်ကွက်တယ်၊ အလားတူပဲ မြန်မာနိုင်ငံရဲ့ တခြားဒေသတွေမှာ ဖွင့်ခွင့်ပေးမယ်ဆိုရင် လည်းပဲ သဘောမတူဘူး" |
| ဘုန်းကြီးကျောင်းများကို ကာကွယ်ပေးရန် မြန်မာ နစက ဘင်္ဂလားဒေ့ရှ်ကို တောင်းဆို Posted: 08 Oct 2012 04:05 AM PDT ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ ဘန်တရိုဘန်ခရိုင်၊ နတ်ကျောက်စရီမြို့နယ်ရှိ ဒူဆိုးရီကျေးရွာ စာသင်ကျောင်းတွင် ယမန်နေ့က ကျင်းပသည့် မြန်မာ-ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံ နယ်ခြားစောင့်တပ် အစည်းအဝေးတွင် ဗုဒ္ဓဘာသာ ဘုန်ကြီးကျောင်းများကို အကာအကွယ်ပေးရန် မြန်မာ နယ်စပ်ဒေသ လုံခြုံရေးနှင့် ကွပ်ကဲရေး (နစက) က ဘင်္ဂလားဒေ့ရှ် နယ်ခြားစောင့်တပ် (BGB) ကို တောင်းဆိုလိုက်သည်။ နံနက် ၁၀ နာရီမှ ၁၁ နာရီအထိ ကျင်းပသည့် ယင်းအစည်းအဝေးတွင် ဘင်္ဂါ |
| “မဟာချိုင်လေးထပ်ပုလိပ် ပတ်စပို့ကိုင်ဆောင်ထားထားသည့်အလုပ်သမား ၂ဦးအားဖမ်းဆီးငွေတောင်း” Posted: 08 Oct 2012 02:34 AM PDT ဘန်ကောက်မြို့အနီး မဟာချိုင်မြို့နယ် အုန်းနွဲ့တွင် အလုပ် လုပ်ကိုင်နေကြ သည့် မြန်မာအလုပ်သမား၂ဦးအား မဟာချိုင်၎ထပ် ပုလိပ်ရုံးမှ ဖမ်းဆီး ...ခေါ်ဆောင်သွားပြီး ဘတ်ငွေ တစ်သောင်းပေးခဲ့ရကြောင်း အလုပ်သမား များကပြောသည်။ ယမန်နေ့ညနေ၈နာရီခန့်က ညီမဖြစ်သူအခန်းသို့ အလည် သွားခဲ့ကြသည့် ကိုမောင်မြင့်နှင့် ကိုဇေါ်လင်းတို့ အား မဟာချိုင် လေးထပ် ပုလိပ်ရုံးသို့ ဖမ်းဆီးခေါ်ဆောင်သွားခဲ့ပြီးဘတ်ငွေ လေးသောင်း ပေးရမည်ဖြစ်ြေ |
| ချယ်ရီကား နှင့် ကျောက်ဂွမ်း (Asbestos)ပြဿနာ Posted: 08 Oct 2012 01:12 AM PDT ယခုရက်ပိုင်းအတွင်း တရုတ် ပြည်မှ သွင်းလာသောချယ်ရီကားများနှင့် ပတ်သက်၍ Australia နှင့် Singapore တို့မှစက်မှုလက်မှု တွင်းထွက် (Industrial Mineral) တစ်မျိုးဖြစ်သော ကျောက်ဂွမ်း (Asbestos) ကို အင်ဂျင် Gasket, Brake Lining နှင့် Clutch Facing စသည့် အပူခံနိုင် သည့်ကား အစိတ်အပိုင်းများတွင်ထည့်သွင်း အသုံးပြုထားကြောင်းတွေ့ ရှိသဖြင့် တရုပ်ပြည်သို့ Reject အနေဖြင့် ပြန်လည်ပေးပို့ကြောင်း သတင်း များဖတ်ရှုရပါ |
| အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်၏ အမေရိကန်ခရီးစဉ်သတင်းစာရှင်းလင်းပွဲ အနှစ်ချုပ် Posted: 08 Oct 2012 01:07 AM PDT အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်၏ ယနေ့ ပြုလုပ်သော အမေရိကန်ခရီးစဉ်သတင်းစာရှင်းလင်းပွဲတွင် ခရီးစဉ်အား သွားရောက်ရခြင်း ရည်ရွယ်ချက်၊ မီဒီယာ၏ အရေးပါမှု၊ မြန်မာနိုင်ငံ၏ တရားစီရင်ရေး၊ ပညာရေးနှင့် ကျန်းမာရေးဆိုင်ရာ ကဏ္ဍများနှင့် ပတ်သက်ပြီး ရှင်းလင်းပြောကြားခဲ့ပါသည်။ အမေရိကန်နိုင်ငံသို့ သွားရောက်ရသည့် ခရီးစဉ် ရည်ရွယ်ချက်မှာ အကြောင်းအချက် နှစ်ခု ရှိပြီး မြန်မာ့ ဒီမိုကရေစီ ဖြစ်ထွ |
| ဖယောင်းတိုင်ထွန်း ဆန္ဒဖော်ထုတ်သူအချို့အား တရားစွဲဆိုမှု လျှပ်စစ်နှင့်စက်မှုဝန်ကြီး မသိဟုဆို Posted: 08 Oct 2012 01:03 AM PDT ရန်ကုန်၊ အောက်တိုဘာ-၇ လွန်ခဲ့သောငါးလခန့်က မန္တလေး မြို့တွင် လျှပ်စစ်မီးရရှိရေး ဖယောင်းတိုင်ထွန်းလမ်းလျှောက် ကာ ငြိမ်းချမ်းစွာဆန္ဒဖော်ထုတ်ခဲ့ သူများထဲမှ အချို့ကို မန္တလေးမြို့ ချမ်းအေးသာစံမြို့နယ် အမှတ်(၈) ရဲစခန်းမှ အမှုဖွင့်အရေးယူဆောင် ရွက်နေမှုများနှင့်ပတ်သက်၍ တိုင်း ဒေသကြီး လျှပ်စစ်နှင့်စက်မှုဝန် ကြီးက မသိရှိကြောင်းပြောကြားသည်။ တိုင်းဒေသကြီး လျှပ်စစ်နှင့် စက်မှုဝန်ကြီး ဒေါက်တာမြင့်ကြူ က "မီးထွ |
| လက်ရှိအခြေအနေသည် အားလုံးကောင်းသည့်အခြေနေမဟုတ် သေးဟု ဒေါ်အောင်ဆန်းစုကြည်ပြော Posted: 08 Oct 2012 12:14 AM PDT "နိုင်ငံရဲ့လိုအပ်ချက်တွေနဲ့ ပတ်သက်လို့ကတော့ ကျွန်မအမြဲတမ်းပြောခဲ့ပါတယ်။ ကျွန်မတို့ဟာ ဒီမိုကရေစီရသေးတဲ့နိုင်ငံမဟုတ်ပါဘူး။ ကျွန်မတို့ နိုင်ငံရဲ့ စနစ်က ဒီမိုကရေစီစနစ်လို့ပြောလို့မရသေးပါဘူး။ လက်ရှိအခြေအနေအရ ဒီမိုကရေစီလမ်းကို လျှောက်နိုင်တဲ့အခြေအနေရောက်လာတယ်ဆိုတာကို ရှင်းပြဖို့သွားတာပါ။ ဒီမိုကရေစီ လမ်းစကိုရောက်တယ်ဆိုတာဟာ ဖြူးဖြောင့်နေတဲ့လမ်း မဟုတ်ပါဘူး။ ကျွန်မတို့ကိုယ်တိုင် ဖောက်ယူရမယ့်လမ်းပါ။ ကျွ |
| Posted: 07 Oct 2012 11:37 PM PDT အမြင့်ငါးပေခန့် ရှိသော အုတ်နံရံ ကာထားသည့် ခြံဝင်းကျယ်ကြီးသို့ အဖြူရောင် Van ကား တစ်စီး ကွေ့ဝင် လိုက်သည်ကို ထင်းပုံကြားရှိ လူငယ် တစ်စု ကားဆီသို့ မဝံ့မရဲ ကြည့်နေကြသည်။ ၎င်းတို့ ဘေးတွင် ခြောက်ပေါက်ဟု ခေါ်သော ခြေထောက် ခတ်သည့် ထိတ်တုံးနှစ်စုံ ရှိနေသည်။ အရပ်သား ဝတ်စုံဖြင့် သေနတ် ကိုင်ထားသော ကေအိုင်အေ စစ်ဗိုလ်သည် ထိုလူငယ်များကို အော် ဟစ် ခေါ်လိုက်သည်။ အဆိုပါ လူငယ်များသည် မဝံ့ မရဲဖြင့် ထွက်လာကာ ခုံတန်းလျ |
| ဘင်္ဂလာတွင် ဗုဒ္ဓသမိုင်းဝင်များ မီးရှိုးဖျက်ဆီးလုယူခံရသော ကိစ္စနှင့်ပတ်သက်၍ ဆွေးနွေး Posted: 07 Oct 2012 11:04 PM PDT နစက-BGB အရာရှိအဆင့်တို့ ဘင်္ဂလာတွင် တနင်္ဂနွေနေ့က စတင်ပြီး ဗုဒ္ဓဘာသာဝင် နေအိမ်များ၊ ဘုန်းကြီးကျောင်းများနှင့် ဗုဒ္ဓရုပ်ပွားတော်များ မီးရှို့ဖျက်ဆီးပြီး၊ ပိစ္စည်းဥစ္စာများ လုယူခံရနေသော အခြေအနေများနှင့် စပ်လျဉ်း၍ တွေ့ဆုံဆွေးနွေးပွဲတစ်ခုကို ယမနေ့က ပြုလုပ်ခဲ့ကြောင်း သတင်းရရှိသည်။ ယင်းအစည်းအဝေးကို နတ်ချောင်းဆရီမြို့နယ် ဒိုးဆရီဒေသ နယ်စပ်မှတ်တိုင် ၅၁ အနီးရှိ လေမူဆရီ အစိုးရစာသင်ကျောင်းတစ်ခုတွင် ပြုလုပ်ခြဲ့ |
| သိန်း ( ၁၀၀၀ ) လောက် လာဘ်စားပြီး လူကုန်ကူးကြသည့် ဗိုလ်မှူးဇေါ်လင်းဦးအဖွဲ့  ဘယ်လဲဘာလဲ Posted: 07 Oct 2012 10:59 PM PDT ကျောက်ဖြူ အခြေစိုက် ဗိုလ်မှူးဝင်းခန့်  ဦးစီးတဲ့  ခမရ ( ၅၆၂ ) နဲ့  ကျောက်နီမော်အခြေစိုက် ခမရ ( ၅၄၂ ) တို့  မနေ့ က တပ်ချိန်း ကြတယ် ။ တပ်ချိန်းတော့ မော်တော်ပေါ်မှာ မွတ်ဆလင်ဘာသာဝင် ဘင်္ဂလီလူမျိုးတွေကို ခေါ်ဆောင်သွားကြတယ် ။ အဲဒီ မိတ္ထိလာနဲ့  ကျောက်ဖြူက မွတ်ဆလင်ဘာသာဝင် ဘင်္ဂလီလူမျိုးတွေနဲ့  ကျောက်နီမော်ကကုလားလူမျိုး(၃၂)ဦးဟာမသီတာထွေးလူသတ်ခံရပြီးနောက် ရောက်ရှိလာသူများဖြစ်ပြီး အဓိက ကျောက်နီမော်မှာ လှုပ်ရှ |
| ဧရာဝတီ မြစ်ဆုံစီမံကိန်း ဆက်လက်လုပ်ဆောင်ပါက အလယ်ပိုင်းဒေသ ကန္တာရ ဖြစ်သွားနိုင်ဟုဆို Posted: 07 Oct 2012 10:43 PM PDT ရန်ကုန်၊ အောက်တိုဘာ ၄ မြန်မာနိုင်ငံ ဧရိယာ တစ်ခုလုံး၏ ၅၅ ရာခိုင်နှုန်းခန့် ရယူဖြတ်သန်း စီးဆင်း နေသော ဧရာဝတီမြစ်ကြီးတွင် မြစ်ဆုံ စီမံကိန်းကို ဆက်လက် အကောင်အထည်ဖော် တည်ဆောက်ပါက မြန်မာနိုင်ငံ အလယ်ပိုင်းဒေသ တစ်ခုလုံး ကန္တာရ အဖြစ် ပြောင်းလဲ သွားနိုင်ကြောင်း မိုးလေဝသနှင့် ဇလဗေဒ ပညာရှင် ဦးထွန်းလွင်က အောက်တိုဘာလ ၃ ရက်နေ့တွင် ရန်ကုန်မြို့ တော်ဝင်နှင်းဆီသီရိ ခန်းမ၌ ကျင်းပပြုလုပ်သည့် ဧရာဝတီမြစ်ဆုံ |
| နိုဗယ်ငြိမ်းချမ်းရေးဆုခန့်မှန်းချက်များတွင် သမ္မတဦးသိန်းစိန်အမည်ပါဝင် Posted: 07 Oct 2012 10:41 PM PDT စတော့ဟုမ်း၊ အောက်တိုဘာ-၈ ယခုနှစ်အတွက် နိုဗယ်ဆုရာသီစတင်နေပြီဖြစ်ရာ နိုဗယ်ငြိမ်းချမ်းရေးဆုအတွက် ခန့်မှန်းချက်များတွင် မြန်မာနိုင်ငံသမ္မတ ဦးသိန်းစိန်၏အမည်လည်းပါဝင်ကြောင်းသိရသည်။ နိုဗယ်ငြိမ်းချမ်းရေးဆုကော်မတီက အမည်စာရင်းတင်သွင်းခံရသူများ၏ အမည်များကို ထုတ်ဖော်ပြောကြားလေ့မရှိပေ။ သို့သော် နော်ဝေးနိုင်ငံ အော်စလိုမြို့မှ ငြိမ်းချမ်းရေး သုတေသန အင်စတီကျူဒ်၏ အကြီးအကဲ မစ္စတာ ခရစ်ရှန်ဘာ့ဂ်ဟာဗီကင်က ငြိမ်းခ |
| ရှားခဲအင်း လုံခြုံရေး စိတ်မချရသေး Posted: 07 Oct 2012 09:37 PM PDT လူ ၃ ဦး သေဆုံးသည်အထိ ပဋိပက္ခများ ဖြစ်ပွားခဲ့သော ဧရာဝတီတိုင်း ပုသိမ်ခရိုင် ကျုံပျော်မြို့နယ် ရှားခဲကျေးရွာသားများမှာ ပဋိပက္ခနောက်ပိုင်း ၎င်းတို့အသက်အန္တရာယ် လုံခြုံရေး စိတ်မချသဖြင့် နေအိမ်များတွင် စုပေါင်းအိပ်စက်နေရကြောင်း သတင်းရရှိသည်။ကိုဝင်းနိုင် (ခေါ်) ကိုတရုတ်ကြီးအား သတ်ဖြတ်ခဲ့သူဟု ရွာသားများက စွပ်စွဲနေကြသည့် ဦးကျော်သိန်း (ခေါ်) ဖိုးလူဝ တို့အဖွဲ့အား ရဲတပ်ဖွဲ့က ဖမ်းဆီးအရေးယူခြင်း မရှိသည့်အပြင် ယင်းအဖဲ |
| တရုတ်တွေဗိုလ်ကျနေတဲ့ သောက်ရေခပ်(၂)ရေအား လျှပ်စစ် စီမံကိန်း Posted: 07 Oct 2012 08:57 PM PDT တောင်ငူမြို့ အရှေ့မြောက်ဘက် ၁၂ မိုင်ခန့် အကွာတွင် အေးရှားဝေါလ်ကုမ္ပဏီမှ ဘီအိုတီ စနစ်ဖြင့် တာဝန်ယူကာ ၂၀၀၇ ခုနှစ်မှ စတင် တည်ဆောက် လျှက်ရှိသော သောက်ရေခပ်(၂)ရေအား လျှပ်စစ် စီမံကိန်းသည် တရုတ်လူမျိုးများ ထင်ရာ လုပ်နေသော စီမံကိန်း တစ်ခုဖြစ်ပါသည်။ --- သစ်ထူးလွင် |
| ဒေါ်အောင်ဆန်းစုကြည်ရဲ့ ရိုးရာ ဖက်ရှင် Posted: 07 Oct 2012 08:50 PM PDT မြန်မာ့ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ၀တ်စား ဆင်ယင်မှုဟာ မြန်မာမိန်းကလေး များကြားမှာ ဖက်ရှင် တခု လိုဖြစ်နေတာ ကြာပါပြီ။ ပြည်တွင်း ချည်းထည်ဈေးကွက်ဟာလည်း ဒေါ်အောင်ဆန်းစုကြည်ရဲ့ ချည်ထည် ရိုးရိုးလေး ဖက်ရှင်တွေ ကြောင့် ရောင်းအားအလွန်တက်လာတယ်ဆိုတာလည်း သတင်းတွေက ဆိုပါတယ်။ ဒေါ်အောင်ဆန်းစုကြည် ၀တ်တဲ့ ချည်ထည်လေးတွေက ဈေးလည်း သိပ်မကြီးသလို အမြင်လည်း ရိုးပြီး ဆန်းစေတာကြောင့် မြန်မာမိန်းကလေးတွေ |
| မြန်မာအသင်း ခြေစစ်ပွဲ အောင်နိုင်သော်လည်း ဗိုလ်လုပွဲ အဆင့်သို့ မရောက်နိုင်ဟု သုံးသပ် Posted: 07 Oct 2012 08:43 PM PDT ရန်ကုန်၊ အောက်တိုဘာ ၇ မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံ ကျင်းပနေသော ဆူဇူကီး ဖလား ခြေစစ်ပွဲတွင် မြန်မာအသင်း အနေဖြင့် ခြေစစ်ပွဲ အောင်နိုင် နိုင်သော်လည်း ကစားသမားကောင်း ရှားပါးမှုကြောင့် ဗိုလ်လုပွဲ အဆင့်သို့ ရောက်မည်မဟုတ်ကြောင်း ဝါရင့် အားကစား ကလောင်ရှင် ဦးခင်မောင်ထွေး(ပျဉ်းမနား)က မြန်မာနှင့် အရှေ့တီမောအသင်းတို့ ပွဲစဉ် အပြီးတွင် သုံးသပ် ပြောဆိုသည်။ "ဘောလုံး ကစားတယ်ဆိုတာ ရှေ့လယ်နောက် မျှတနေမှ ရမှ |
| ပုဂ္ဂလိကဘဏ်တွေအပေါ် လူထု ယုံကြည်ဖို့ လို Posted: 07 Oct 2012 08:41 PM PDT ကောလဟာလသတင်းတွေကြောင့် ကမ္ဘောဇဘဏ်ကနေ လူတွေ ငွေပြန်ထုတ်ခဲ့ကြ ပြီးခဲ့တဲ့ ရက်ပိုင်းက ကမ္ဘောဇဘဏ်နဲ့ ပတ်သက်တဲ့ ကောလဟာလ သတင်း တွေကြောင့် ငွေအပ်နှံထားသူတွေ ငွေပြန်ထုတ်ခဲ့ပြီး လှုပ်လှုပ်ခတ်ခတ် ဖြစ်သွားခဲ့ရာမှာ စနေနေ့ကတော့ ကမ္ဘောဇဘဏ်တာဝန်ရှိသူတွေက ဒီကောလ ဟာလ သတင်းတွေ မမှန်ကြောင်း သတင်းစာ ရှင်းလင်းပွဲ ပြုလုပ်ပြီး ရှင်းလင်းခဲ့ရပါတယ်။ အဲဒီသတင်းစာ ရှင်းလင်းပွဲမှာပဲ ပုဂ္ဂလိက ဘဏ်တွေနဲ့ စပ်လျဉ်းလို့ စိုးရိမ်စရာ |
| Posted: 07 Oct 2012 06:02 PM PDT ဖိလစ်ပိုင်အစိုးရနှင့် နိုင်ငံတွင်းရှိ အင်အားအကြီးဆုံး မွတ်စလင်သူပုန်အဖွဲ့ Moro Islamic Liberation Front (MILF) တို့အကြား ဆယ်စုနှစ်များစွာဖြစ်ပွားခဲ့သော အပြန် အလှန်တိုက်ခိုက်မှုများ အဆုံးသတ်နိုင်ရေးအတွက် သဘောတူညီချက်မူဘောင်တစ်ခုကို ရရှိခဲ့ကြောင်း သမ္မတဘင်နစ်နိုအကွီနိုက အောက်တိုဘာလ ၇ ရက်တွင် ကြေညာခဲ့သည်။ ယင်းသူပုန်အဖွဲ့သည် ဖိလစ်ပိုင်တောင်ပိုင်းရှိ မင်ဒါနာအိုဒေသတွင် ကိုယ်ပိုင်အုပ်ချုပ်ခွ |
| ပန်းကောင်းများကို အညွှန့်ချိုးရေနွေးပူလောင်းနေသော ဒဂုံ(၁) ကျောင်းတော်မဟာ Posted: 07 Oct 2012 05:45 PM PDT မြန်မာနိုင်ငံ၏ ပညာရေးလောကတွင် အစဉ်အလာကောင်းပြီး ထိပ်တန်းအဆင့်ရှိ ဒဂုံ(၁) ကျောင်းတွင် ဆရာမများအနေဖြင့် ကျောင်းသူ/သားများအား ပန်းကောင်းအညွှန့်ချိုးနေကြောင်း ကျောင်းသားမိဘတစ်ဦးကပြောကြားလိုက်သည်။ "ကျွန်မရဲ့သားလေးက အခုမှ တတိယတန်းပဲရှိပါသေးတယ်။ ကလေးကငယ်လည်းငယ်တော့ အဆော့သန်တယ်။ ကျောင်းစာကတော့ တော်ပါတယ်။ အမြဲ ထူးချွန်ဆုရတယ်။ အဲဒါပြီးခဲ့တဲ့တစ်ပါတ်က ကလေးကျောင်းကပြန်လာတော့ ရေချိုးပေးမယ်လုပ်တော့ အရှို |
| You are subscribed to email updates from မြန်မာ့သတင်းများစုစည်းရာ To stop receiving these emails, you may unsubscribe now. | Email delivery powered by Google |
| Google Inc., 20 West Kinzie, Chicago IL USA 60610 | |