သစ်ထူးလွင် |
- NLD ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် သုံးခွ နှင့် ကော့မှူးမြို့ နယ်များကို သွားရောက်မည်
- သမ္မတ ဦးသိန်းစိန် ယခုနှစ် နိုဘယ်ငြိမ်းချမ်းရေးဆု ထိပ်ဆုံးထင်ကြေး ငါးဦး စာရင်းတွင်ပါဝင်
- မြန်မာနိုင်ငံပညာရေးအပေါ် ဒေါ်အောင်ဆန်းစုကြည်အမြင်
- အောက်တိုဘာလ ၈ ရက်နေ့ ထုတ် လျှပ်တစ်ပြက် သတင်းဂျာနယ် အတွဲ (၃)၊ အမှတ် (၁၀၀)
- ဧရာဝတီတိုင်းလွှတ်တော် စွပ်စွဲပြစ်တင်မည့်ကိစ္စ မပြောသေး
- ဘင်္ဂလားဒေ့ရှ်သံရုံးရှေ့တွင် သံဃာတော် အပါး ၃၀၀ ခန့် ဆန္ဒဖော်ထုတ်
- သမ္မတ လုပ်ရဲသည့် သတ္တိ ရှိကြောင်း ဒေါ်အောင်ဆန်းစုကြည်ပြောကြား
- RFA မြန်မာဋ္ဌာန ဖေ့စ်ဘွတ်စာမျက်နှာ ပိတ်သိမ်း
- မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် အမေရိကန် ခရီးစဉ် သတင်းစာ ရှင်းလင်းပွဲ ရုပ်/သံ
- လက်ရှိ အခြေအနေသည် အားလုံးကောင်းသည့် အခြေနေမဟုတ် သေးဟု ဒေါ်အောင်ဆန်းစုကြည်ပြော
- ဖယောင်းတိုင်ထွန်း ဆန္ဒဖော်ထုတ်သူအချို့အား တရားစွဲဆိုမှု လျှပ်စစ်နှင့်စက်မှုဝန်ကြီး မသိဟုဆို
- အောက်တိုဘာ ၈ ရက်နေ့ထုတ် Weekly Eleven News Journal အတွဲ ၈ အမှတ် ၁
- နိုဗယ်ငြိမ်းချမ်းရေးဆုခန့်မှန်းချက်များတွင် သမ္မတဦးသိန်းစိန် အမည်ပါဝင်
- ဘင်္ဂလား ပင်လယ်အော် အနောက် မြောက်ပိုင်းတွင် လေဖိအား နည်းဆဲလ် 93B စတင် ဖြစ်ပေါ်လျှက်ရှိ
- မြန်မာအသင်း ခြေစစ်ပွဲ အောင်နိုင်သော်လည်း ဗိုလ်လုပွဲ အဆင့်သို့ မရောက်နိုင်ဟု သုံးသပ်
- တရုတ်တွေဗိုလ်ကျနေတဲ့ သောက်ရေခပ်(၂)ရေအား လျှပ်စစ် စီမံကိန်း
- ဧရာဝတီတိုင်း မြန်အောင်မြို့နယ် မထသဥက္ကဌ ရွေးချယ်ပွဲမှ ဘက်လိုက်မှုများ
- မူစလင်သူပုန်အဖွဲ့နဲ့ ဖိလစ်ပိုင်အစိုးရ ငြိမ်းချမ်းရေး သဘောတူညီမှုရ
- လစ်ဗျားဝန်ကြီးချုပ် ရာထူးက ဖယ်ရှားခံရ
- စစ်တွေမြို့ ဗလီဝင်း မီးလောင်မှုဖြစ်ပွား
- ရွှေပြည်သာမြို့နယ်၊စက်မှုဇုန်(၁)အတွင်း မီးလောင်မှုဖြစ်ပွား
- ကလေးမြို့တွင် ခိုးဝင် ဘင်္ဂလီ လေးဦးကို အောက်တိုဘာလ (၇)ရက်နေ့တွင် ထပ်မံ ဖမ်းဆီးရမိ
- ဖယောင်းတိုင်ထွန်း ဆန္ဒပြမှုတွင် ပါဝင်ခဲ့သူ ၃ဦးအား အမှုဖွင့်
| NLD ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် သုံးခွ နှင့် ကော့မှူးမြို့ နယ်များကို သွားရောက်မည် Posted: 08 Oct 2012 07:01 AM PDT အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ဥက္ကဌ၊ ကော့မှူးမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်အောင်ဆန်းစုကြည်သည် ၁၁.၁၀.၂၀၁၂ နေ့(ကြာသပတေးနေ့) နံနက်(၈)နာရီမှ နေ့ လယ် (၁၂) နာရီအထိ သုံးခွမြို့နယ်သို့ သွားရောက်မည် ဖြစ်ပါသည်။ သုံးခွမြို့နယ် အုပ်ချုပ်ရေးမှူးရုံး ၊ မြို့နယ် တရားရေးရုံး ၊ ကျန်းမာရေးဌာန နဲ့  ပညာရေးဌာနတွေကို သွားရောက်ကာ တာဝန်ရှိသူတွေနဲ့  တွေ့ဆုံဖို့ ရှိပါသည်။ အဲဒီနောက် သုံးခွမြို့ NLD ရုံးချုပ်မှာ ကော်မရှင် ဖွဲ့ စည်းရေး အစည်းအဝေးကို တက်ရောက်ဖို့ ရှိပါသည်။ သုံးခွမြို့  NLD ရုံးမှာ နံနက်စား စားသုံးမှာဖြစ်ပြီး နေ့ လည် (၁၂)နာရီမှာ ရန်ကုန်မြို့ ကို ပြန်လည် ထွက်ခွါမှာ ဖြစ်ကြောင်း သုံးခွမြို့ နယ် NLD ပါတီ တာဝန်ရှိသူများက Myanmar News Now ကို ပြောကြားပါသည်။ အောက်တိုဘာလ(၁၀) ရက်နေ့ မှာလည်း အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ပါတီ ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်သည် ကော့မှူးမြို့နယ် ဖွံ့ဖြိုးရေး လုပ်ငန်းများ လုပ်ဆောင်ရန်အတွက် ကော့မှူးမြို့ နယ်ကို သွားရောက်ဖို့ ရှိပါသည်။ Myammar News Now
| ||
| သမ္မတ ဦးသိန်းစိန် ယခုနှစ် နိုဘယ်ငြိမ်းချမ်းရေးဆု ထိပ်ဆုံးထင်ကြေး ငါးဦး စာရင်းတွင်ပါဝင် Posted: 08 Oct 2012 06:24 AM PDT ယခုနှစ် အောက်တိုဘာလ ၁၂ ရက်နေ့တွင် နိုဘယ် ငြိမ်းချမ်းရေး ဆုရသူကို ထုတ်ပြန် ကြေညာ မည်ဖြစ်ရာ မြန်မာသမ္မတ ဦးသိန်းစိန်မှာ ထိပ်ဆုံးက ထင်ကြေးပေး ခံရသူ ၅ ဦးတွင် ပါဝင်လျက်ရှိကြောင်း Bloomgerg သတင်းတွင်ဖော်ပြ ထားသည်။ နိုဘယ် ငြိမ်းချမ်းရေး ဆုအတွက် နာမည်စာရင်း တင်သွင်း ထားသူ လူပုဂ္ဂိုလ်နှင့် အဖွဲ့အစည်းပေါင်းမှာ ၂၃၁ ခု ရှိကြောင်း --- သတင်းအပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ
| ||
| မြန်မာနိုင်ငံပညာရေးအပေါ် ဒေါ်အောင်ဆန်းစုကြည်အမြင် Posted: 08 Oct 2012 06:06 AM PDT မြန်မာနိုင်ငံ၏ ပညာရေးသည် နှစ်ပေါင်း ၅၀ ကြာ အင်မတန်မှ ညံ့ဖျင်းခဲ့ကြောင်း ဒေါ်အောင်ဆန်း စုကြည်က သတင်းစာ ရှင်းလင်းပွဲ၌ ထည့်သွင်း ပြောကြားခဲ့သည်။ ယခင် နှစ်ပေါင်းများစွာ ညံ့ဖျင်းခဲ့သည့် ပညာရေးကြောင့် မျိုးဆက်သစ် လူငယ်များကြားတွင် လုပ်နိုင် ကိုင်နိုင်သော အရည် အချင်း ပြည့်ဝသည့် လူငယ်များ ရှားပါးသွားခဲ့ကြောင်း --- သတင်းအပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ | ||
| အောက်တိုဘာလ ၈ ရက်နေ့ ထုတ် လျှပ်တစ်ပြက် သတင်းဂျာနယ် အတွဲ (၃)၊ အမှတ် (၁၀၀) Posted: 08 Oct 2012 05:47 AM PDT အောက်တိုဘာလ ၈ ရက်နေ့ ထုတ် လျှပ်တစ်ပြက် သတင်းဂျာနယ် အတွဲ (၃)၊ အမှတ် (၁၀၀) ဂျာနယ်ဖတ်ရှုရန် ဒီနေရာကို နှိပ်ပါ | ||
| ဧရာဝတီတိုင်းလွှတ်တော် စွပ်စွဲပြစ်တင်မည့်ကိစ္စ မပြောသေး Posted: 08 Oct 2012 05:41 AM PDT ဧရာဝတီတိုင်းလွှတ်တော် အစည်းအဝေးမှာ တိုင်းလွှတ်တော်က တိုင်းအစိုးရအဖွဲ့ကို စွပ်စွဲပြစ်တင်မယ် ဆိုတဲ့ ကိစ္စရပ်ကို ဘယ်သူတဦးတယောက်ကမှ ဖွင့်ဟပြောကြား ဆွေးနွေးတာမျိုး မရှိဘူးလို့ လွှတ်တော်ကိုယ်စားလှယ်တဦးက ပြောပါတယ်။--- သတင်းအပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ
| ||
| ဘင်္ဂလားဒေ့ရှ်သံရုံးရှေ့တွင် သံဃာတော် အပါး ၃၀၀ ခန့် ဆန္ဒဖော်ထုတ် Posted: 08 Oct 2012 05:06 AM PDT မြန်မာနိုင်ငံတွင် OIC ရုံးဖွင့်လှစ်ရန် လုံးဝအလိုမရှိကြောင်းနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံရှိ ဗုဒ္ဓဘာသာဝင်များကို ဘင်္ဂလားဒေ့ရှ်အစိုးရက လုံခြုံစွာ ဆောင်ရွက်ပေးရေး အပါအ၀င် စုစုပေါင်း အချက် ၁၄ ချက်အား သံဃာတော်အပါး ၃၀၀ ခန့်က အောက်တိုဘာ ၈ ရက်(ယနေ့၌) ဘင်္ဂလားဒေ့ရှ်သံရုံးရှေ့တွင် ဆန္ဒဖော်ထုတ် တောင်းဆိုခဲ့ကြသည်။---- သတင်းအပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ
| ||
| သမ္မတ လုပ်ရဲသည့် သတ္တိ ရှိကြောင်း ဒေါ်အောင်ဆန်းစုကြည်ပြောကြား Posted: 08 Oct 2012 04:55 AM PDT နိုင်ငံရေး ပါတီ တစ်ခု၏ ခေါင်းဆောင် တစ်ယောက်ဖြစ်သည့် အတွက်သမ္မတ လုပ်ရဲသည့် သတ္တိ ရှိကြောင်း အမျိုးသားဒီမို ကရေစီအဖွဲ့ ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်း စုကြည်က ပြောကြားလိုက်သည်။ စက်တင်ဘာလ အတွင်းက အမေရိကန်နိုင်ငံသို့ ခရီးထွက် ခဲ့စဉ် နိုင်ငံတော် သမ္မတဦးသိန်းစိန်က ဒေါ် အောင်ဆန်းစုကြည် အနေနှင့် ပြည်သူ များကထောက်ခံပါက နိုင်ငံတော်သမ္မတ ဖြစ်နိုင်ကြောင်း--- သတင်းအပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ
| ||
| RFA မြန်မာဋ္ဌာန ဖေ့စ်ဘွတ်စာမျက်နှာ ပိတ်သိမ်း Posted: 08 Oct 2012 04:36 AM PDT ပုံမှန်ကြည့်ရှုသူ ပရိတ်သတ် Fan အရေအတွက် ၁၇၀၀၀ ကျော်ရှိသည့် ဖေ့စ်ဘွတ် စာမျက်နှာကို မည်သည့် အကြောင်းကြောင့် ပိတ်သိမ်းလိုက်သည်ကို ထုတ်ပြန် ကြေညာခြင်း မရှိသော်လည်း မကြာသေးမီ ရက်ပိုင်းက RFA သတင်းဋ္ဌာနတွင်း လိင်မှုကိစ္စ ပြဿနာများနှင့် ပတ်သက်သည့် --- သတင်းအပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ
| ||
| မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် အမေရိကန် ခရီးစဉ် သတင်းစာ ရှင်းလင်းပွဲ ရုပ်/သံ Posted: 08 Oct 2012 04:23 AM PDT ယနေ့နံနက် ၁၁ နာရီခွဲ အချိန်က အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ပါတီ၌ ကျင်းပပြုလုပ်သည့် မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် အမေရိကန် ခရီးစဉ် သတင်းစာ ရှင်းလင်းပွဲ ရုပ်/သံ ရုပ်/သံ ကြည့်ရှုရန် ဒီနေရာကို နှိပ်ပါ | ||
| လက်ရှိ အခြေအနေသည် အားလုံးကောင်းသည့် အခြေနေမဟုတ် သေးဟု ဒေါ်အောင်ဆန်းစုကြည်ပြော Posted: 08 Oct 2012 04:13 AM PDT "နိုင်ငံရဲ့ လိုအပ်ချက်တွေနဲ့ ပတ်သက်လို့ ကတော့ ကျွန်မ အမြဲတမ်း ပြောခဲ့ပါတယ်။ ကျွန်မတို့ဟာ ဒီမိုကရေစီရသေးတဲ့ နိုင်ငံမဟုတ်ပါဘူး။ ကျွန်မတို့ နိုင်ငံရဲ့ စနစ်က ဒီမိုကရေစီစနစ်လို့ ပြောလို့ မရသေးပါဘူး။ လက်ရှိ အခြေအနေ အရ ဒီမိုကရေစီလမ်းကို လျှောက်နိုင်တဲ့ အခြေအနေ ရောက်လာတယ် ဆိုတာကို ရှင်းပြဖို့သွားတာပါ။ --- သတင်းအပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ
| ||
| ဖယောင်းတိုင်ထွန်း ဆန္ဒဖော်ထုတ်သူအချို့အား တရားစွဲဆိုမှု လျှပ်စစ်နှင့်စက်မှုဝန်ကြီး မသိဟုဆို Posted: 08 Oct 2012 04:02 AM PDT လွန်ခဲ့သော ငါးလခန့်က မန္တလေး မြို့တွင် လျှပ်စစ်မီးရရှိရေး ဖယောင်းတိုင်ထွန်း လမ်းလျှောက် ကာ ငြိမ်းချမ်းစွာ ဆန္ဒဖော်ထုတ်ခဲ့ သူများထဲမှ အချို့ကို မန္တလေးမြို့ ချမ်းအေးသာစံ မြို့နယ် အမှတ်(၈) ရဲစခန်းမှ အမှုဖွင့် အရေးယူဆောင် ရွက်နေမှုများနှင့် ပတ်သက်၍ တိုင်း ဒေသကြီး လျှပ်စစ်နှင့် စက်မှုဝန် ကြီးက မသိရှိကြောင်း ပြောကြားသည်။ ---- သတင်းအပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ | ||
| အောက်တိုဘာ ၈ ရက်နေ့ထုတ် Weekly Eleven News Journal အတွဲ ၈ အမှတ် ၁ Posted: 08 Oct 2012 03:24 AM PDT | ||
| နိုဗယ်ငြိမ်းချမ်းရေးဆုခန့်မှန်းချက်များတွင် သမ္မတဦးသိန်းစိန် အမည်ပါဝင် Posted: 07 Oct 2012 10:36 PM PDT ယခုနှစ် အတွက် နိုဗယ် ဆုရာသီ စတင် နေပြီဖြစ်ရာ နိုဗယ် ငြိမ်းချမ်းရေး ဆုအတွက် ခန့်မှန်း ချက်များတွင် မြန်မာနိုင်ငံ သမ္မတ ဦးသိန်းစိန်၏ အမည်လည်း ပါဝင်ကြောင်း သိရသည်။ နိုဗယ်ငြိမ်းချမ်းရေး ဆုကော်မတီက အမည် စာရင်း တင်သွင်း ခံရသူများ၏ အမည်များကို--- သတင်းအပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ
| ||
| ဘင်္ဂလား ပင်လယ်အော် အနောက် မြောက်ပိုင်းတွင် လေဖိအား နည်းဆဲလ် 93B စတင် ဖြစ်ပေါ်လျှက်ရှိ Posted: 07 Oct 2012 09:24 PM PDT လေဖိ အားနည်း ဆဲလ် 93B စတင် ဖြစ်ပေါ် လျှက်ရှိသည့် အခြေ အနေ ပြပုံ(အပေါ်) လေဖိအား နည်းဆဲလ် 93B ဖြစ်ပေါ် နေသည့် ဘင်္ဂလား ပင်လယ်အော် အနောက် မြောက်ပိုင်းမှ တိမ်တိုက် စုဖွဲ့ဖြစ်ပေါ်မှု အခြေအနေကို အောက်တို ဘာလ(၈)ရက် မြန်မာ စံတော်ချိန် နံနက် ၀၈၃၀ နာရီတွင် ရရှိသည့် ဂြိုလ်တု ဓါတ်ပုံတွင် အောက်ပါ အတိုင်း တွေ့မြင်ရပါသည်။ By mmweather.ygn, on October 8th, 2012 အောက်တိုဘာလ(၈) ရက်၊ မြန်မာစံတော်ချိန် နံနက် ၀၆၃၀ နာရီတွင် ရရှိသည့် NRL data များအရ ဘင်္ဂလားပင်လယ်အော် အနောက်မြောက်ပိုင်းတွင် လေဖိအားနည်းဆဲလ် 93B စတင်ဖြစ်ပေါ်လျှက်ရှိကြောင်း တွေ့ရပါသည်။ လေဖိအားနည်းဆဲလ် 93B သည် စစ်တွေမြို့၏ အနောက်-အနောက်တောင်ဘက် မိုင် ၃၄၀ ခန့်၊ အိန္ဒိယနိုင်ငံ သြရိသပြည်နယ်၊ Bhubanneswar မြို့ အရှေ့တောင်ဘက် မိုင် ၁၆၀ခန့် – ပင်လယ်ပြင်တွင် ဗဟိုပြုနေပြီး လွန်ခဲ့သည့် ၆ နာရီအတွင်း အနောက်- အနောက်တောင်ဘက်သို့ တစ်နာရီ ၆ မိုင်နှုန်းခန့်ဖြင့် ရွေ့လျားခဲ့ကြောင်း တွေ့ရှိရပါသည်။ လက်ရှိအချိန်တွင် JTWC မှ မုန်တိုင်း ဖြစ်ပေါ်နိုင်ခြေ နည်းပါးနေသေးကြောင်း(LOW အဆင့်မှာပင် ရှိနေကြောင်း)ထုတ်ပြန်ထားပါသည်။ မိုးလေ၀သသတင်း (၂၀၁၂ ခုနှစ်၊ အောက်တိုဘာလ(၈)ရက်နေ့ နံနက်(၇း၀၀)နာရီအချိန် ထုတ်ပြန်ချက်) ဘင်္ဂလားပင်လယ်အော်အခြေအနေ။ ယနေ့မြန်မာစံတော်ချိန် (၀၆း၃၀)နာရီအချိန် တိုင်းထွာချက်များအရ ယမန်နေ့က ဘင်္ဂလားပင်လယ်အော်အနောက်မြောက်ပိုင်းနှင့် ယင်းနှင့်ဆက်စပ်လျက် ရှိသော ဘင်္ဂလားပင်လယ်အော်အနောက်အလယ်ပိုင်း တွင်ဖြစ်ပေါ်နေခဲ့သော လေဖိအားနည်းရပ်ဝန်းသည် ဆက်လက်တည်ရှိနေပါသည်။ ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်တောင်ပိုင်းတို့တွင် မုတ်သုံလေအားအနည်းငယ်မှ အားအသင့်အတင့်ရှိနေပြီး၊ ကျန်ဘင်္ဂလားပင်လယ်အော်တွင် တိမ်အသင့်အတင့်မှ တိမ်ထူထပ်နေပါသည်။ မနက်ဖြန်ညနေအထိခန့်မှန်းချက်။ တနင်္သာရီတိုင်းဒေသကြီးနှင့် မွန်ပြည်နယ်တို့တွင်နေရာအနှံ့အပြား၊ ရန်ကုန်တိုင်းဒေသကြီးနှင့် ကရင်ပြည်နယ်တို့တွင်နေရာစိပ်စိပ်နှင့် ကျန်တိုင်းဒေသကြီးနှင့်ပြည်နယ်တို့တွင် နေရာကွက်ကျား မိုးထစ်ချုန်းရွာပြီး၊ တနင်္သာရီတိုင်းဒေသကြီးတွင် နေရာကွက်၍ မိုးကြီးနိုင်ပါသည်။ ရွာရန်ရာနှုန်း(၈၀)ဖြစ်ပါသည်။ မြန်မာ့ပင်လယ်ပြင်။ လှိုင်းအသင့်အတင့်ရှိမည်။ နောက်(၂)ရက်အတွက်ခန့်မှန်းချက်။ ကပ္ပလီပင်လယ်ပြင်တွင် မုတ်သုံလေ အားအသင့်အတင့်ရှိမည်။ | ||
| မြန်မာအသင်း ခြေစစ်ပွဲ အောင်နိုင်သော်လည်း ဗိုလ်လုပွဲ အဆင့်သို့ မရောက်နိုင်ဟု သုံးသပ် Posted: 07 Oct 2012 09:04 PM PDT မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံ ကျင်းပနေသော ဆူဇူကီး ဖလား ခြေစစ်ပွဲတွင် မြန်မာအသင်း အနေဖြင့် ခြေစစ်ပွဲ အောင်နိုင် နိုင်သော်လည်း ကစားသမားကောင်း ရှားပါးမှုကြောင့် ဗိုလ်လုပွဲ အဆင့်သို့ ရောက်မည်မဟုတ်ကြောင်း---- သတင်းအပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ | ||
| တရုတ်တွေဗိုလ်ကျနေတဲ့ သောက်ရေခပ်(၂)ရေအား လျှပ်စစ် စီမံကိန်း Posted: 07 Oct 2012 08:34 PM PDT တောင်ငူမြို့ အရှေ့မြောက်ဘက် ၁၂ မိုင်ခန့် အကွာတွင် အေးရှားဝေါလ်ကုမ္ပဏီမှ ဘီအိုတီ စနစ်ဖြင့် တာဝန်ယူကာ ၂၀၀၇ ခုနှစ်မှ စတင် တည်ဆောက် လျှက်ရှိသော သောက်ရေခပ်(၂)ရေအား လျှပ်စစ် စီမံကိန်းသည် တရုတ်လူမျိုးများ ထင်ရာ လုပ်နေသော စီမံကိန်း တစ်ခုဖြစ်ပါသည်။ --- သတင်းအပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ
| ||
| ဧရာဝတီတိုင်း မြန်အောင်မြို့နယ် မထသဥက္ကဌ ရွေးချယ်ပွဲမှ ဘက်လိုက်မှုများ Posted: 07 Oct 2012 08:20 PM PDT ၂၀၁၂ ခုနှစ်၊ အောက်တိုဘာလ (၆) ရက်နေ့က ဧရာဝတီတိုင်း ဒေသကြီး မြန်အောင်မြို့ မုံရွာ ပရိယတ္တိ စာသင်တိုက် အတွင်းမှာ မထသ အသင်းရဲ့ အမှုဆောင် ရွေးချယ်ပွဲ ပြုလုပ်ခဲ့ပါတယ်။ ထိုရွေးချယ်ပွဲမှာ ယခင် မထသ ဥက္ကဌဟောင်းအား ယာဉ်ပိုင်ရှင်များမှ ငွေစာရင်းများ မရှင်းလင်း၊ ယာဉ်လုပ်သားများအား ဆဲရေး တိုင်းထွာခြင်း၊ ငွေစာရင်းများကိုလည်း လက်မှတ် အတုများ ထိုးပြီး လိမ်လည်ခြင်း စသည့် အချက်များကို ထောက်ပြပြီး ပြန်လည် ရွေးချယ်ခံခြင်းကို ကန့်ကွက်ခဲ့ပါတယ်။ --- သတင်းအပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ | ||
| မူစလင်သူပုန်အဖွဲ့နဲ့ ဖိလစ်ပိုင်အစိုးရ ငြိမ်းချမ်းရေး သဘောတူညီမှုရ Posted: 07 Oct 2012 06:22 PM PDT ဖိလစ်ပိုင်နိုင်ငံက အကြီးဆုံး မူစလင် သူပုန်အဖွဲ့တခုနဲ့ ငြိမ်းချမ်းရေး အတွက် ပဏာမ သဘောတူညီချက်တွေ ရရှိခဲ့ပြီး နိုင်ငံတောင်ပိုင်းက လူပေါင်း ၁ သိန်း ၂ သောင်းလောက် သေကျေ ခဲ့ရပြီး ဖြစ်တဲ့ ဆယ်စုနှစ်နဲ့ချီ ခွဲထွက်ရေး ပုန်ကန်ထကြွမှုတွေ အဆုံးသတ်နိုင်ရေး ရည်ရွယ်ထားတဲ့ အကြောင်း အစိုးရက ကြေညာလိုက်ပါတယ်။--- သတင်းအပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ
| ||
| လစ်ဗျားဝန်ကြီးချုပ် ရာထူးက ဖယ်ရှားခံရ Posted: 07 Oct 2012 06:11 PM PDT လစ်ဗျားနိုင်ငံရဲ့ ယာယီ ၀န်ကြီးချုပ်အပေါ် အယုံအကြည်မရှိ အဆိုတရပ်ကို လွှတ်တော်က အတည်ပြုလိုက်ပြီး ရာထူးက ဖယ်ရှားလိုက်တဲ့ အတွက် စစ်ဒဏ်ခံခဲ့ရတဲ့ လစ်ဗျားနိုင်ငံ တည်ငြိမ်ရေးနဲ့ အစိုးရတရပ်အဖြစ် ဖွဲ့စည်းရေး အချိန်ပိုကြာမယ့် အလားအလာတွေ ပေါ်ပေါက်လာပါတယ်။---- သတင်းအပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ
| ||
| စစ်တွေမြို့ ဗလီဝင်း မီးလောင်မှုဖြစ်ပွား Posted: 07 Oct 2012 05:05 PM PDT မကြာသေးခင် လတွေအတွင်း အကြမ်းဖက် ပဋိပက္ခတွေ ဖြစ်ပွားခဲ့တဲ့ ရခိုင်ပြည်နယ် စစ်တွေမြို့က ဗလီကျောင်းဝင်းတခုတွင်းမှာ ဒီကနေ့ နေ့ခင်းပိုင်းက မီးလောင်မှု ဖြစ်ပွားခဲ့ပါတယ်။ ပစ္စည်းသိုလှောင်တဲ့ အဆောင်တခုသာ မီးလောင်ခဲ့တာဖြစ်ပြီး အချိန်မီ ငြိမ်းသတ်နိုင်ခဲ့ သလို ဖြစ်ရတဲ့အကြောင်းရင်းကိုလည်း စုံစမ်းစစ်ဆေးနေဆဲလို့ စစ်တွေ တာဝန်ရှိသူတွေ က ပြောပါတယ်။ ဒီလိုအခြေအနေကြောင့် ဗလီအနီးတ၀ိုက်မှာ --- သတင်းအပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ
| ||
| ရွှေပြည်သာမြို့နယ်၊စက်မှုဇုန်(၁)အတွင်း မီးလောင်မှုဖြစ်ပွား Posted: 07 Oct 2012 04:56 PM PDT ရန်ကုန် စက်တင်ဘာ ၇ ရန်ကုန်တိုင်းဒေသကြီး၊ ရွှေပြည်သာမြို့နယ်၊ စက်မှုဇုန်(၁)၊ ကနောင်မင်းသားကြီး(၅)လမ်း၊ Ve Ve အချိုရည်စက်ရုံအနီး ဖြတ်စညှပ်စ စက်ရုံအတွင်း (၂၁း၃၀)နာရီအချိန်တွင် စတင်၍ မီးလောင်မှုဖြစ်ပွားခဲ့ပါသည်။ (၂၂း၁၅)နာရီအချိန် မီးထိန်း၊ (၂၃း၁၅) နာရီအချိန် မီးငြိမ်းပါသည်။ သတင်း ဓါတ်ပုံ - MFSD (မီးသတ်ဦးစီးဌာန) | ||
| ကလေးမြို့တွင် ခိုးဝင် ဘင်္ဂလီ လေးဦးကို အောက်တိုဘာလ (၇)ရက်နေ့တွင် ထပ်မံ ဖမ်းဆီးရမိ Posted: 07 Oct 2012 05:06 PM PDT ကလေးမြိုတွင် ခိုးဝင်ဘင်္ဂလီလေးဦးကို ၂၀၁၂-ခုနှစ် အောက်တိုဘာလ ( ၇ )ရက်နေ့တွင် ထပ်မံဖမ်းဆီးရရှိခဲ့သည်ဟု သိရှိရပါသည်။ အဆိုပါ ခိုးဝင်ဘင်္ဂလီလေးဦးကို ကလေးမြို့နယ် အနောက်မြောက်ဒေသ လက်ပံချောင်းကျေးရွာတွင် ဖမ်းဆီးရရှိသည် ဖြစ်ကြောင်း--- သတင်းအပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ | ||
| ဖယောင်းတိုင်ထွန်း ဆန္ဒပြမှုတွင် ပါဝင်ခဲ့သူ ၃ဦးအား အမှုဖွင့် Posted: 07 Oct 2012 04:39 PM PDT မန္တလေးမြို့တော်တွင် ယခုနှစ် မေလ တတိယပတ် အတွင်းက ပြုလုပ်ခဲ့သည့် လျှပ်စစ် ဓာတ်အား ပြည့်ဝစွာ ရရှိရေးအတွက် ဖယောင်းတိုင် ထွန်း၍ လူစုလူဝေးဖြင့် စီတန်း လှည့်လည်မှုတွင် ပါဝင်သူ သတင်းစာ ဆရာ တစ်ဦး အပါအဝင် ဒေသခံ သုံးဦးအား ချမ်းအေးသာစံ မြို့နယ် အမှတ် ၈ ရဲစခန်းက ငြိမ်းချမ်းစွာ စုဝေးခွင့်နှင့် စီတန်း လှည့်လည်ခွင့် ဥပဒေ၊ ပုဒ်မ ၁ ၈ ဖြင့် အမှုဖွင့် ထားကြောင်း--- သတင်းအပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ |
| You are subscribed to email updates from Thit Htoo Lwin To stop receiving these emails, you may unsubscribe now. | Email delivery powered by Google |
| Google Inc., 20 West Kinzie, Chicago IL USA 60610 | |
























