[mrsorcerer:33488] လူမရှိတဲ့အိမ် မူစလင်ဝင်လို့မရတဲ့နေရာကို မူစလင်တွေမီးရှို့တာပါဆိုသူများအတွက် သတင်းအမှန်

အောက်တိုဘာ၊ ၇၊ ၂၀၁၂

M-Media

သတင်း – ဇာဏီ

ရခိုင်ပြည်နယ်၊ မော်လိပ်ရပ်ကွက်၊ ဦးဥတ္တမပန်းခြံရှေ့၊ ယဉ်ကျေးမှုပြတိုက်ဘေး၊ ထွန်းဓါတ်မှန်နှင့် မျက်နှာချင်းဆိုင်တွင်ရှိသော မြို့မဂျာမေ့သမိုင်းဝင်ဗလီကြီးနှင့် ဗလီဝင်းအတွင်းရှိ အိမ်များအား ရခိုင်များမှ မီးရှို့ခဲ့ကြောင်း သတင်းရရှိပါသည်။

ဖြစ်စဉ်မှာ ဒီနေ့(၇.၁၀.၂၀၁၂) နေ့လည် ၁-နာရီအချိန်ခန့်တွင် ဗလီကြီးမှ မီးခိုးများ ထွက်ပေါ်နေသည်ကို မြင်တွေ့ရသောကြောင့် ဒုရဲအုပ်ခင်မောင်လတ်မှ ဗလီကြီး၏ တာဝန်ရှိသူများအားခေါ်ယူပြီး သော့ဖွင့်ကာ ဗလီအတွင်း ၀င်ရောက်ကြည့်ရှုခဲ့ရာ ဗလီဝင်း အတွင်းတွင် မီးလောင်နေသည်ကို တွေ့ရကြောင်း၊ ထိုမီးလောင်မှုမှာ ဗလီဝင်းအတွင်းရှိ လူနေအိမ်များကို မီးလောင်စေရန်အတွက် စက္ကူများကို မီးရှို့ကာ ပစ်ချထားပြီး ဗလီနှင့်ဗလီဝင်းအတွင်းရှိ နေအိမ်များကိုမီးရှို့မှုပြုလုပ်ခဲ့ကြောင်း သိရှိရပါသည်။

ဤဖြစ်စဉ်နှင့်ပတ်သက်၍ ဆက်သွယ်မေးမြန်းခဲ့ရာ "ဒီနေ့ နေ့လည် ၁-နာရီလောက်မှာ ဗလီဝင်းထဲကနေ မီးခိုးတွေအူတက်လာတာကိုမြင်ရတာနဲ့ ဒုရဲအုပ်ခင်မောင်လတ်ကနေ ဗလီတာဝန်ခံတွေကိုခေါ်ပြီး သော့ဖွင့်ဝင်ကြည့်တယ်။ အဲလို ၀င်ကြည့်တော့ စက္ကူတွေကိုမီးရှို့ပြီးပစ်ထားတာတွေ့ရတယ်။ ဗလီဝင်းထဲမှာက လူနေအိမ်က ၄-လုံးပဲရှိတယ်။ လူတော့ မနေကြတော့ဘူး။ အရင်ကတော့လူနေတယ်။ ရခိုင်ကိစ္စဖြစ်ပြီး အဲဒီက လူတွေ နေလို့မရတော့လို့ မနေကြတော့တာ။ မီးရှို့ခဲ့ပေမယ့် ဗလီကိုတော့ မီးမလောင်သွားခဲ့ပါဘူး။

မီးရှို့တယ်ဆိုတော့ လူတွေဝိုင်းအုံလာကြတယ်။ ထင်တာတော့ အဲလို မီးရှို့မှုလုပ်ပြီး လူတွေဝိုင်းအုံလာပြီးတော့ ဗလီကိုဝိုင်းပြီး ဖျက်ဆီးကြဖို့ ရည်ရွယ်တယ်လို့ ကျွန်တော်ထင်တယ်။ ဒါပေမယ့် သူတို့ ဘာမှ မလုပ်ဖြစ်လိုက်ပါဘူး။ ညနေ ၄-နာရီလောက်ကျတော့ အောင်မင်္ဂလာရပ်ကွက်ကို ရခိုင်တွေရယ်၊ ဘုန်းကြီးတွေရယ်က ၀ိုင်းထားလိုက်ကြတယ်။ ဟုတ်ကဲ့။ အောင်မင်္ဂလာရပ်ကွက်နဲ့ နေ့လည်ပိုင်းမီးရှို့ခံရတဲ့ ဗလီနဲ့က မီတာ ၁၅၀-၂၀၀ လောက်ပဲ ဝေးပါတယ်။ အောင်မင်္ဂလာကို သူတို့ ဝိုင်းထားတဲ့အချိန်မှာပဲ စစ်တပ်က ရောက်လာပြီး အဲဒီလူတွေကို လူစုကွဲအောင် အတင်း လူစုခွဲလိုက်တာကြောင့် လူစုကွဲသွားပါတယ်။"လို့ မော်လိပ်မြို့ခံ တစ်ဦးမှ ပြောပြခဲ့ပါသည်။

--
မှော်ဆရာအဖွဲ့ မှ နေ့ စဉ်မေးလ်များ ရယူလိုပါက http://groups.google.com/group/mrsorcerer/subscribe?hl=en ကို နှိပ်ပြီး မန်ဘာဝင်နိုင်ပါသည် ။
မန်ဘာဝင်များ မိမိတို.သိထားသည်များကို မျှဝေလိုပါက mrsorcerer@googlegroups.com သို. မေးလ်ပို.နိုင်ပါသည် ။
မှော်ဆရာအဖွဲ့ မှ နှုတ်ထွက်လိုလျှင် mrsorcerer+unsubscribe@googlegroups.com ကိုနှိပ်ပြီး မေးလ်ပို.ပါ ။
စာလက်ခံလိုသည့်ပုံစံ ပြင်လိုလျှင် http://groups.google.com/group/mrsorcerer?hl=en ကို သွားပါ ။
မှော်ဆရာ အဖွဲ့ ၏ စည်းကမ်းများကို သိလိုလျှင် http://groups.google.com/group/mrsorcerer/browse_thread/thread/af2f4a1d44d4d909?hl=en တွင် ဖတ်ရှုနိုင်ပါသည် ။
 
Facebook (FB) မှော်ဆရာအဖွဲ့သို့ Mail ပို့လိုလျှင် mrsorcerer2@groups.facebook.com
FB မှော်ဆရာအဖွဲ့သို့ ၀င်ရန် http://www.facebook.com/home.php?sk=group_173571176006981&ap=1
 
မှော်ဆရာ အဖွဲ့ နှင့်ပက်သက်၍ ဝေဖန်အကြံပြုလိုပါက >>>
ဦးဦး မှော်ဆရာ ( mrsorcerer9@gmail.com, mrsorcerer27@gmail.com ) ထံသို.
ပေးပို.နိုင်ပါသည် ။
 
ခင်မင်စွာဖြင့်
ဦးဦး မှော်ဆရာ