[mrsorcerer:33372] Fwd: [လူဗိုလ်ဟူသည် ...] ကြယ်စင်တစ်ပွင့် မွေးဖွားခြင်း ( ၁ + ၂)



---------- Forwarded message ----------
From: Blogger <no-reply@blogger.com>
Date: 2012/10/7
Subject: [လူဗိုလ်ဟူသည် ...] ကြယ်စင်တစ်ပွင့် မွေးဖွားခြင်း ( ၁ + ၂)
To: lubo601@gmail.com



by Linn Yaung on Tuesday, October 2, 2012 at 11:20pm 


စိတ်ကူးစိတ်သန်းဆိုသည်မှာ .... အာရုံစူးစိုက်သူတွေအတွက် မကြာခဏပွင့်သောပန်း..ဟု ကျွန်တော်ရေးဖူးပါသည်။
ထိုစကား မှန်၏။ အကြံကောင်းတော့ တစ်ချက်ဆိုသလို အကြံကောင်း ဥာဏ်ကောင်းမောင်လင်းရောင်၏ လက်ချက်ဖြင့် နာမည်ကျော်တက်သစ်စ မော်လ်ဒယ်ဂဲလ်လေးတစ်ယောက် အနုပညာအသိုင်းအ၀ိုင်းကြား တွင် ထွန်းတောက်ခဲ့ဖူးသည်ဆိုလျှင် ယုံနိုင်ကြမည်လော။ 

အွန်လိုင်းမှာ အရည်မရ.. အဖတ်မရ ချက်တင်ထိုင်ရင်း ဘုန်ကြီးရှူးနှင့် လှေလူးဆိုသလို... ဖိနပ်ပြတ်နှင့် ခွေးငတ်ဆိုသလို...
စာရေးဆရာရူးနှင့် မော်ဒယ်လ်ရူးတို့ ပေါင်းစပ်မိသောအခါ အနုပညာလောက၏ ကြယ်စင်တစ်ပွင့်ဖြစ်ထွန်းလာလေသည်။
ထို့ကြောင့် ဤဇာတ်လမ်းကို ကြယ်စင်တစ်ပွင့်မွေးဖွားခြင်းဟု အမည်သညာ ခေါ်စရာ ခေါင်းစဉ်အဖြစ် ကင်ပွန်းတပ်လိုက်ရလေတော့သည်။
ဇာတ်လမ်းအစမှာ ဤသို့ဖြစ်ပါ၏။

" ဦးလင်းရောင်"

" ဗျ "

" မီးကို တစ်ခုကူညီပါ"

" ဟုတ်ကဲ့ဗျ.. ပြောပါဗျ"

" ခစ်ခစ်.. ဦးရောင်က ဘောကောင်းလိုက်တာ..အာမွ "
( တိန် .. ဘီလိုကြီးတုန်း ) ...
မှတ်ချက် ။  ။ စိတ်ထဲက ပြောသည့်စကား။

" ကဲပါ.. ပြောပါ.. ဘာကူညီရမှာတုံး "

" ကူညီမယ်ဆို .. အရင်ဆုံး မီးကလှလားလို့ ကြည့်ပေး"

" ဟမ်.. ဘယ်လို !!!"

" ဒီလိုလေ .. မီးပရိုဖိုင်မှာ ဓာတ်ပုံတွေ လှလားလို့ အရင်ကြည့်ပေး.... လို့"

" နေပါဦးဗျ. ဘာအတွက်တုံး.. ဘာလုပ်ဖို့ ညည်းဓာတ်ပုံကို ကြည့်ရမှာတုန်း "

" ပြောမယ်လေ.. ပြောမယ်. ဒီကလည်း အဲဒါပြောချင်နေတာ..
မီးကလေ ... မော်လ်ဒယ်လုပ်ချင်လို့ .. အဲဒါ မီးမော်လ်ဒယ်လုပ်ရင် ဖြစ်နိုင်မဖြစ်နိုင်လေး ကြည့်ပေး "

" အာ.. ညည်း လူမှားနေပြီ ကလေးမ.. ငါက အဲဒါမျိုးတွေ မဝေဖန်တတ်ဘူး .. ပေါက်ပေါက်ရှာရှာအေ..."

" မမှားပါဘူး.. ဦးရောင်ရဲ့ .. ဦးရောင်က စိတ်ကူးကောင်းတယ်လေ..
အဲဒါ .. မီးရဲ့ ချောစီဖုလေးတွေကို လန်လား..မလန်လား ကြည့်ပေး...
ပြီးရင် .. အကြံဥာဏ်ပေးလေ...."

" ဘာ...ဘာ.. ချောစီဖုကို လန်လား မလန်လားကြည့်ပေးရမယ်..
အဲဒါ ဘာပြောတာတုံး နားမလည်ဘူး..."

" အာ.. ဦးရောင်ကလည်း ပိန်းလိုက်တာမှ ဂျွတ်နေတာပဲ ..
ချောစီဖုဆိုတာ အလှအပကိုပြောတာ .. လန်လား မလန်ဘူးလားဆိုတာ ကြည့်ကောင်းရဲ့လား..
စတိုင်ကျရဲ့လားလို့ မေးတာ.. ဂယ်ပဲ.. အိုပါးး ပိန်းတိန်းစတိုင်ပဲနော် "

" ညည်းတို့စကားတွေ နားမလည်ပါဘူးအေ... ရိုးရိုးပဲ ပြောပါ.. ဒါနဲ့ ညည်းက မော်လ်ဒယ်လား"

" ဟာ...လုပ်ပြန်ပီ .. အခုမှ မော်လ်ဒယ်လုပ်ချင်လို့ ဦးရောင်ကို အကူအညီတောင်းတာကို "

" ဟ .. ငါမှ အဲဒါတွေ နားမလည်တာ.. တခြားလူကို အကူအညီတောင်း "

" မရဘူး..မရဘူး.. ဦးရောင်က စိတ်ကူးကောင်းလို့ အဆက်အသွယ်ကောင်းလို့ အကူအညီတောင်းတာကို ....
ဒါပဲနော် .. မကူညီဘူးဆိုရင် ဦးရောင်ကြီးကို အာရုံအမြုံကြီးလို့ လျှောက်ပြောလိုက်မယ်. ပြီးတော့ ဦးရောင်စာတွေလည်း မဖတ်တော့ဘူး"

" ဟမ်.. အဲလိုတော့ မလုပ်ပါနဲ့ .. ဒါပေမယ့် .. ငါက အဲဒါတွေ .. နားမလည်...လည်..."

" ဦးရောင်နော် ..မီးက အားကိုးယုံကြည်လို့ ဘ၀နဲ့ရင်းပြီး အကူအညီတောင်းတဲ့ဟာကိုပဲ ..လုပ်ပါ ဦးရောင်ရဲ့ ကူညီပါ "

" ခက်တာပဲ.. ကဲ ပြော .. နင်က ဘာဖြစ်ချင်တာလဲ "

" နာမည်ကြီးချင်တယ် "

" အင်း "

" ပြီးတော့ .. ဂျာနယ်လေး မဂဇင်းလေးမှာ နေရာရအောင် လုပ်ပေးပေါ့ ဦးရောင်ရဲ့ "

" နေပါဦး .. အဲဒီလိုဖြစ်အောင် ငါက အကြံပေးတယ်ပဲ ထားပါတော့ ... နင်က ငါခိုင်းတာ အကုန်လိုက်လုပ်မှာလား"

" အင်း..လုပ်မယ်... ဦးရောင်ကို ယုံတယ်.. ဦးရောင်ကသာ မီးကို နာမည်ကြီးလာအောင် လုပ်ပေး"

" အေး.. ဒါဆို ပြီးရော .. ငါ အခု နင့်ပုံတွေကြည့်မယ်... ဖြစ်နိုင်လောက်မယ်ဆိုရင် နင့်ကို အကြံပေးမယ်.. နင် ငါခိုင်းတာအကုန်လုပ်ရမယ် . အတွန့်မတက်ရဘူး..ပြန်မပြောရဘူး.. ငါ့ကို ဆရာလို့ ခေါ်ရမယ်.. နာမည်ကြီးလာတဲ့ တစ်နေ့ ငါ့ကို မမေ့ရဘူး.. အင်တာဗျူးလုပ်တိုင်း သမီးဆရာက ဦးလင်းရောင်ပါလို့ ထည့်ပြောရမယ်.. ဘယ်လိုလဲ"

" အင်းး.. အိုကေတယ်... မီးက ဦးရောင်ကို အဲဒီထက်တောင် ပိုပေးချင်သေးတာ.."

" အမလေးးး တော်ပါ..တော်ပါ.. ဒီလောက်ဆို ရပါပြီ.. ကဲ.. နင့်ပုံကိုကြည့်မယ် "

" ဟုတ်ကဲ့...ကြည့်ပါဆရာ.. အားရပါးရသာကြည့်.. ဒီပုံတွေနဲ့ အားမရရင်  home made လေးတွေ ထက်ပို့ပေးမယ်..
ဦးရောင်တစ်ယောက်ထဲ သီးသန့်ကြည့်ရမှာနော်... ခိ..ခိ"

" အေင်မယ်ငေးးး...  ရပြီ..ရပြီ.. ဒီလောက်နဲ့ပဲ ရပြီ "
(ဟူးးး.. စိတ်မောလိုက်တာ.. ပြမယ်ဆိုတာချည်းပဲ...)
မှတ်ချက် ။  ။ စိတ်ထဲက ပြောသည်။

ဒီလိုနဲ့ ကျွန်တော့်တင်မည့် ရွှေမင်းသမီး၏ ပုံများကို ကြည့်ဖြစ်သည်။
သိပ် မဆိုးလှ.. ။ စပွန်ဆာကောင်းကောင်းရလျှင် .. (အဲလေ) ကောင်းကောင်းလေ့ကျင့်ပေးနိုင်လျှင် နာမည်ကြီးမော်လ်ဒယ်တစ်ယောက်ဖြစ်နိုင်ချေ ရှိသည်။
သူ့ စကားအရပြောရလျှင်တော့ ချောစီဖု လန်သည်ဆိုပါတော့။
မော်လ်ဒယ် တစ်ယောက်၏ ရှိသင့် ရှိအပ်သော အဖုအဖောင်းများရှိသည်။ ရုပ်ရည်ကလည်း ရွက်ကြမ်းရေကြို၏ အထက်ဘက် ခပ်လှမ်းလှမ်းလောက်တွင် ရှိသည်။
ဝတ်ထားသည့် အ၀တ်အစားများကလည်း ငွေကြေးရတတ် ကျိကျိတက်ဆိုသော အသိုင်းအ၀ိုင်းကမှန်း သိသာ၏။
ဒီလို အလားအလာရှိသော ကလေးမမျိုးကို အကြံပေးရတာ ဘာခက်တာမှတ်လို့ ။ မအောင်မြင်တော့လည်း အရင်းပေါ့။
ပေါက်ကရ ဥာဏ်နီ ဥာဏ်နက်တွေနဲ့ အောင်မြင်သွားလျှင်လည်း မင်းသမီး၏ ဆရာဟု ဂုဏ်တက်စရာသာရှိသည်။
အွန်လိုင်းမှာသာ တွေ့ပြီး အကြံပေးရတာမို့ မဖြစ်ရင်လည်း အဆဲခံရတာအပြင် သိပ်ထိထိခိုက်ခိုက်ကြီးတော့ ဖြစ်မည်မဟုတ်။
ဒီလိုနှင့် မောင်လင်းရောင်နှင့် တပည့်မ မော်လ်ဒယ်ရူးတို့၏ ကြယ်စင်တစ်ပွင့် မွေးဖွားခြင်း အစီအစဉ်စလေသည်။
သူ့နာမည်ကိုတော့ ကြယ်စင်လင်းဟုသာ ဆိုပါစို့။

*****************************

"ပထမဆုံး ညည်း ဖေ့ဘွတ်မှာ နာမည်ကြီးအောင် အရင်လုပ်ရမယ်ဟ"

"အင်း..ဖေ့ဘွတ်မှာ နာမည်ကြီးအောင် ဘယ်လိုလုပ်ရမှာလဲ ဦးရောင်ပြောပြ"

"အေး.. နင် ဓာတ်ပုံ ခပ်လန်းလန်းတွေ တင်ရမယ်"

"ဟင် အခုပုံတွေနဲ့ မရဘူးလား"

"မရဘူး.. လန်းနေမှဖြစ်မယ်.. အရင်ဆုံး နင့်ဖေ့ဘွတ်အကောင့်မှာ အဖေတွေ..အမေတွေ..ညီအစ်ကိုမောင်နှမတွေရှိရင် ဘလော့လုပ်လိုက်"

"ဟမ်.. ဘာဖြစ်လို့တုန်း.."

"လျှာမရှည်ပါနဲ့ ငါခိုင်းတာသာ လုပ်စမ်းပါ.. နင် ဓာတ်ပုံအသစ်တွေရိုက်ရမယ်..ကင်မရာကောင်းကောင်းရှိလား"

"မီး ကင်မရာကတော့ သိပ်မကောင်းဘူး.. သူငယ်ချင်းဆီမှာ ရှိတယ်.. သူ့ကို ရိုက်ခိုင်းလို့ရတယ်.."

"အေး.. ကောင်းတာပေါ့.. အတော်ပဲ.. ဒါနဲ့ ညည်းမှာ စကတ်တိုတိုလေးတွေရှိလား"

"အင်း ရှိတာပေါ့.. မီနီစကတ်တွေ များကြီးပဲ ရှိတယ်"

"ဟာ .. မီနီစကတ်လောက်နဲ့ မရဘူး.. မိုက်ခရို စကတ်လောက်မှ ရမယ်.. တိုချင်သလောက်တို.. ကျပ်ချင်သလောက်ကျပ် .. ပါးလေကောင်းလေပဲ"

"ရှင်"

"မရှင်နဲ့ .. ငါပြောတာနားထောင်.. ငါခိုင်းသလိုသာလုပ် ..နင် တစ်ပတ်အတွင်း ဖေ့ဘွတ်မှာ နာမည်ကြီးသွားစေရမယ်"

"ဟုတ်...ဟုတ်ကဲ့ ဆရာ"

"အေး.. ပထမဆုံး နင့်သူငယ်ချင်းကို ခေါ်.. အတိုဆုံး အပါးဆုံးစကတ်ကို ရွေးဝတ်.. ပြီးရင် ဓာတ်ပုံကောင်းကောင်းရိုက်..ဖေ့ဘွတ်ပေါ်တင်..."

"ရိုက်တာက ဟုတ်ပါပြီ.. မီး ဘယ်မှာ အောက်ဒိုးရိုက်ရင် ကောင်းမလဲဟင်.. ကန်တော်ကြီးမှာရိုက်ရမလား.. ကန်ဘောင်ပေါ်မှာ သွား ရိုက်ရမလား.. ဒါမှမဟုတ်...."

"အေး.. ငါကလည်း အဲဒါပြောမလို့ .. ဘယ်အောက်ဒိုးမှ သွားရိုက်စရာလိုဘူး.. နင် လှေကားဒိုးမှာ ရိုက်ရမယ်"

"ငမ်.. လှေကားဒိုး.. ဘာလဲဟင်..လှေကားဒိုးဆိုတာ.."

"လှေကားဒိုးဆိုတာ အိမ်က လှေကားပေါ်မှာပဲ ရိုက်ရမယ်လို့ ပြောတာ... နင် လှေကားရဲ့ အပေါ်ဆုံးထစ်နားလောက်မှာ မတ်တပ်ရပ်လိုက်.. ထိုင်လိုက် ပို့စ်အမျိုးမျိုးပေးပြီး ရိုက်ရမယ်.. "
"ဘယ်လို !!! လှေကားပေါ်မှာ... LOL.. ဒါဆို ဓာတ်ပုံဆရာက ဘယ်နားက ရိုက်ရမှာလည်း ဦးရောင်ရဲ့ ..လာနောက်နေပြန်ပြီ..."

"နောက်တာ မဟုတ်ဘူး.. ဓာတ်ပုံဆရာကို လှေကားအောက်က ပင့်ရိုက်ခိုင်း"

"တိန်"

*******************************************

ဒီလိုနဲ့ .. ဒီလိုနဲ့ပေါ့ဗျာ..
ကျွန်တော်တင်တဲ့ ရွှေမင်းသမီးရဲ့ အပျံစား..အလန်စား..ဓာတ်ပုံတွေ အွန်လိုင်းပေါ် ရောက်လာတော့တာပါပဲ။
စဉ်းစားကြည့်လေ.. မိုက်ခရိုစကတ်ပါးပါးလေးဝတ်ပြီး လှေကားအောက်က ပင့်ရိုက်ထားတဲ့ ပုံတွေဆိုတော့ ဖေ့ဘွတ်မှာ ချက်ချင်းဟော့ပြီပေါ့...
ကောင်မလေးရဲ့ ဖရန့်လစ်စ် ဆိုတာ နေ့ချင်းညချင်း ငါးထောင်ပြည့်ပြီး ဖန်ပေ့ခ်ျတောင် လုပ်လိုက်ရပါကောလား။
ဆဲတဲ့လူတွေ..ရိုင်းတဲ့လူတွေလည်း ရှိတာပေါ့..။ ဒါပေမယ့် .. သူတို့ဆဲလေ ..နာမည်ကြီးလေပဲလို့ ကောင်မလေးကို ပြောထားရတယ်..
သူကလည်း နာမည်ကြီးလို့ကတော့ ဆဲယုံမကလို့ ကလော်ပါ တုတ်ပါစေတဲ့ .. အေးရော..
အဲဒီလိုနဲ့ ကြယ်စင်လင်းတစ်ယောက် မောင်လင်းရောင်ရဲ့ အရောက်ပို့မှုနဲ့ နေ့ချင်းညချင်း အွန်လိုင်းမင်းသမီးဖြစ်သွားပါလေရော..
ဒါပေမယ့် ဒီလောက်နဲ့တင် ကျေနပ်လို့ မဖြစ်သေးဘူးမို့လား... နာမည်ကြီးသထက်ကြီးအောင် ထပ်ပို့ပေးရသေးတယ်။
အဲဒီဓာတ်ပုံတွေနဲ့ တစ်ပတ်လောက်ခြားပြီး အပြင်မှာ အောက်ဒိုးထွက်ရိုက်ခိုင်းရတယ်။
ဒီတစ်ခါ သွားရိုက်ခိုင်းတာက သူဌေးတွေ အများဆုံးလာတဲ့ စူပါကုန်တိုက်ကြီးရဲ့ ကားပါကင်မှာ။
အကောင်းတကာ့ အကောင်းဆုံးကားတွေပေါ်မှာ မှောက်လိုက်.. လှန်လိုက်.. ကုန်းလိုက်..ကွလိုက်နဲ့ အင်တာနေရှင်နယ် sexy ပုံတွေချည်းပဲ။
သိတယ်မို့လား.. မော်လ်ဒယ်ဆိုတာ ကားနဲ့ ကင်းလို့ မရဘူးလေ။ ကားပြပွဲမှာ လိုလို ဘာလိုလိုနဲ့ လူပြတဲ့ ပုံတွေ ဖန်တီးခိုင်းပြီး ထပ်တင်လိုက်တဲ့အခါ ကြယ်စင်လင်းဆိုတာ ဖေ့ဘွတ်မှာ နာမည်ကြီးသထက်ကြီးလာတော့တာပေါ့။
ရက်ပိုင်းအတွင်းမှာ ဒီလောက် ဟိုးလေးတစ်ကြော်ဖြစ်အောင် လုပ်ပေးနိုင်တဲ့ မန်နေဂျာဆိုပြီး သူကလည်း မောင်လင်းရောင်ကို ပိုပြီးယုံကြည်အားကိုးလာ..
မောင်လင်းရောင်ကလည်း ပေါက်တီးပေါက်ကရဆို သိပ်ထွက်တဲ့ကောင်ဆိုတော့ ဆရာတပည့်နှစ်ယောက်ရဲ့ အောင်မြင်မှုက ကြောက်ခမန်းလိလိပဲ ဆိုပါတော့။

******************
" ဟဲ့.. ကြယ်စင်လင်း "

"ရှင်...ဆရာ"

"ဒီတစ်ခါ ထူးထူးခြားခြားဖြစ်အောင် လုပ်ရမယ်.. ဒီတစ်ခါပေါက်ရင် နင် ဂျာနယ်စာမျက်နှာပေါ်ပါ တန်းရောက်သွားနိုင်တယ်"

"ဟယ်... တကယ်.. လုပ်ပါဦးရောင်ရယ်.. မီးရင်တွေ ဖလမ်းဖလမ်းလိုက်တာ"

"အေးး.. နင် နည်းနည်းတော့ သတ္တိရှိဖို့ လိုတယ်နော်.. ငါခိုင်းတာ လုပ်ရဲပါ့မလား..."

"အို ..လုပ်ရဲတယ်.. လုပ်ရဲတယ်.. မီးဘာပဲ လုပ်ရ..လုပ်ရ.. "

"အေး.. နင့်လက်မှာ နာမည်ကြီးမင်းသားတစ်ယောက်ရဲ့ နာမည်ကို ဒါးနဲ့ ခြစ်ပြီး ဓာတ်ပုံရိုက်တင်ရမယ်.."
ပြီးရင်.. အဲဒီမင်းသားက နင်နဲ့ ဘာလိုလို ..ညာလိုလို ဖြစ်ခဲ့တဲ့အကြောင်း.. သူက ညည်းကို ထားခဲ့လို့ အရမ်းခံစားရတဲ့အကြောင်း...
သူ့ကို မရရင် သေတော့မတတ်တွေ ရေးပြီး ဖွရမယ်..."

"ဟင် ..ဦးရောင်ကလည်း ..အဲဒါ သူများလုပ်ပြီးသားကြီး...."

"လျှာမရှည်ပါနဲ့ .. ငါခိုင်းတာလုပ်ပါ.. သူက ပြည်တွင်းက မင်းသားလောက်ပဲ လုပ်တာ.. ပြီးတော့ သူဒါးနဲ့ ခြစ်တာက နာမည်အတိုကောက်လေးပဲ ရှိတာ..
နင်က နိုင်ငံခြားက တကယ့် ဟောလိဝုဒ်မင်းသားနာမည်ကို နာမည်အပြည့်အစုံနဲ့သာ ရေးပစ်လိုက်... မကြောက်နဲ့... ကျန်တာ ငါကြည့်ကျက်လုပ်လိုက်မယ်..."

"အင်း ဟုတ်ပါပြီ.. ဒါဆို ဘယ်မင်းသားနာမည်ရေးပြီး လုပ်ရင် ကောင်းမလဲဟင်..."

"အေး.. ငါရေးပေးမှာပေါ့..အဲဒီမင်းသားက ရုပ်လည်းချောတယ်..  မြန်မာနိုင်ငံကလူတွေလည်း သူ့ကို သိတယ်.. နာမည်အရမ်းကြီးတယ်လေ..."

"ဟုတ်လား..မိုက်တယ်..ဘယ်သူလဲဟင်.. ဘယ်သူလဲ..."

"တိုက်တန်းနစ်မင်းသားလေ.. လီယိုနာဒို ဒီကာပရီယို"

" အမငီး .. သေပါပီတော့...."


--
Posted By Blogger to လူဗိုလ်ဟူသည် ... at 10/07/2012 10:59:00 PM

--
မှော်ဆရာအဖွဲ့ မှ နေ့ စဉ်မေးလ်များ ရယူလိုပါက http://groups.google.com/group/mrsorcerer/subscribe?hl=en ကို နှိပ်ပြီး မန်ဘာဝင်နိုင်ပါသည် ။
မန်ဘာဝင်များ မိမိတို.သိထားသည်များကို မျှဝေလိုပါက mrsorcerer@googlegroups.com သို. မေးလ်ပို.နိုင်ပါသည် ။
မှော်ဆရာအဖွဲ့ မှ နှုတ်ထွက်လိုလျှင် mrsorcerer+unsubscribe@googlegroups.com ကိုနှိပ်ပြီး မေးလ်ပို.ပါ ။
စာလက်ခံလိုသည့်ပုံစံ ပြင်လိုလျှင် http://groups.google.com/group/mrsorcerer?hl=en ကို သွားပါ ။
မှော်ဆရာ အဖွဲ့ ၏ စည်းကမ်းများကို သိလိုလျှင် http://groups.google.com/group/mrsorcerer/browse_thread/thread/af2f4a1d44d4d909?hl=en တွင် ဖတ်ရှုနိုင်ပါသည် ။
 
Facebook (FB) မှော်ဆရာအဖွဲ့သို့ Mail ပို့လိုလျှင် mrsorcerer2@groups.facebook.com
FB မှော်ဆရာအဖွဲ့သို့ ၀င်ရန် http://www.facebook.com/home.php?sk=group_173571176006981&ap=1
 
မှော်ဆရာ အဖွဲ့ နှင့်ပက်သက်၍ ဝေဖန်အကြံပြုလိုပါက >>>
ဦးဦး မှော်ဆရာ ( mrsorcerer9@gmail.com, mrsorcerer27@gmail.com ) ထံသို.
ပေးပို.နိုင်ပါသည် ။
 
ခင်မင်စွာဖြင့်
ဦးဦး မှော်ဆရာ