---------- Forwarded message ----------
From: Blogger <no-reply@blogger.com>
Date: 2012/10/7
Subject: [လူဗိုလ်ဟူသည် ...] တာဝန်ယူမှု မရှိခြင်းကြောင့် လယ်သမားများ နစ်နာနေရ
To: lubo601@gmail.com
--
Posted By Blogger to လူဗိုလ်ဟူသည် ... at 10/07/2012 11:05:00 PM
From: Blogger <no-reply@blogger.com>
Date: 2012/10/7
Subject: [လူဗိုလ်ဟူသည် ...] တာဝန်ယူမှု မရှိခြင်းကြောင့် လယ်သမားများ နစ်နာနေရ
To: lubo601@gmail.com
by Naung Taw Lay on Sunday, October 7, 2012 at 1:21am ·
တာဝန်ယူမှု ပျက်ကွက်ခြင်းကြောင့် လယ်မြေသိမ်းခံ ပြဿနာများ ဖြေရှင်းပေးနိုင်ခြင်းမရှိဖြစ်နေကြောင်း မြောင်းတကာလယ်မြေသိမ်းခံ လယ်သမားအရေးလိုက်ပါကူညီသူဆို
ရန်ကုန်တိုင်းဒေသကြီး အတွင်းက မှော်ဘီမြို့နယ် မြောင်းတကာအမှတ်(၂) သံမဏိစက်ရုံအတွက် တပ်မတော် အနေနဲ့ လယ်မြေ ၂၂၅၂.၈၈ ဧက သိမ်ဆည်းခဲ့ပြီး ထိုသိမ်းဆည်းခဲ့သော လယ်မြေများထဲမှ စက်မှုဇုန်သို့ ပြန်လည် လွှဲပြောင်းရောင်း ချခြင်း ၊ အိုးအိမ်မှ စက်မှုဇုန်အတွက် တပ်မတော် အမည်ကိုအသုံးပြု၍ လယ်မြေများ ထပ်မံသိမ်းဆည်း ရယူသွားခြင်းကြောင့် သတ်မှတ် ဧက ၂၂၅၂.၈၈ ထက်ကျော်လွန်သိမ်းဆည်းထားခြင်း ကြောင့် သိမ်းဆည်းခံထားရသော မြေပမာဏကိုပင် အတိအကျ ဖော်ပြပေးနိုင်ခြင်း မရှိဘဲ လယ်သမားများ နစ်နာနေရပုံများကို တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်သို့လည်း တင်ပြထားပြီး ဖြစ်ကြောင်း သိရသည်။ မြောင်းတကာ လယ်သမားများအရေး နှင့် ပတ်သက်၍ ကူညီဆောင်ရွက်ပေးနေသူ ဦးငွေထွန်းမှ `မြောင်းတ ကာလယ်သိမ်းမှုမှာတော်တော်လေးကို ရှုပ်ထွေးနေတယ်။ တပ်မတော်က သိမ်းတယ်လို့ပြောတဲ့နေရာမှာ ၂၂၅၂.၈၈ သိမ်းတယ်လို့ ပြောတယ်။ အထောက်အထားအဖြစ် စာတွေအကြောင်းပြန်ထားတာလည်း ရှိတယ်။ ဒါပေမယ့် ၂၂၅၂.၈၈ ဧကမှာ ဘယ်နားကနေ ဘယ်အထိပါလဲ ဆိုတာကို လယ်သမားတွေ မေးကြည့်တော့ လည်း မသိဘူး။ ဘာလို့ထပ်ရှုပ်နေလဲဆိုရင် လက်ရှိ တစ်ချို့လယ်သမားတွေဆိုလည်း လုပ်ကိုင်ခွင့်ရနေတာ ရှိတယ်။ ဆုံးရှုံးတဲ့သူတွေကလည်း ဆုံးရှုံးတယ်။ ဒီအထဲကမှ သံမဏိက ဧက တစ်ထောင်ကျော်လောက်ပဲ သုံးပြီး ကျန်တဲ့ဟာကို စက်မှုဇုန်ထဲကို လွှဲတယ်။ အဲဒါက အိုးအိမ်ဖြစ်သွားပြီပေါ့။ ဒီလယ်သမားတွေထဲမှာလည်း သံမဏိသိမ်းတယ်တာ ပြောတယ်။ အိုးအိမ်သိမ်းတဲ့အထဲမှာ ပါနေတာလည်း ရှိတယ်။ လယ်ဧကတွေက ဆက်စပ်နေပြီး ရှုပ်ထွေးနေတာပေါ့။ ဧကတိုင်းတာပေးမယ်ဆိုတဲ့ ကိစ္စကိုလည်း ပြောတာပဲရှိသေးတယ်။ အခုချိန်ထိ မလုပ်သေးဘူး။ လယ်သမားတွေကို အနှောက်အယှက်တော့ သိပ်မပေးတော့ဘူး။ အရင်က ဆိုရင်တော့ တဲမဆောက်ရ ၊ ဘာမလုပ်ရ ၊ ညာမလုပ်ရ ၊ စိုက်ပျိုးခွင့် မပြုတာတို့ လုပ်တယ်။ အခုတော့ နွေသီးထပ်တောင် စိုက်လို့ရကြတယ်။ အရင်တုန်းကတော့ သူ့လယ်သူစိုက်ပြီး သီးစားခပေးရတာတွေလည်း ရှိတယ်။ အခုနောက်ပိုင်းတော့ ပေးစရာမလိုတော့ဘူး။ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ကို တင်ပြပြီး နောက်ပိုင်းပေါ့နော်။ ပြန်ပြီးတော့ လျှော့လာပေးတယ်။ ဖြစ်စေချင်တာက ပြေစာတွေ ၊ ဘဏ်ချေးငွေတွေ ရမယ်ဆိုရင်တော အဆင်ပြေမယ်။´လို့ ပြောဆိုပါတယ်။
လယ်သိမ်းခံ လယ်သမားတစ်ဦးဖြစ်သူ ဦးချစ်ဝေမှ ` သံမဏိစက်ရုံသိမ်းတဲ့အထဲမှာ အဖအမည် ဦးစံမောင် နာမည်နဲ့က ၁၆ဧက ၊ အကို့နာမည် ကိုဌေးအောင်နာမည်နဲ့က ၁၆ဧက အားလုံး ၃၂ ။ စက်ရုံလုပ်ငန်း ဖော်ဆောင်တဲ့အထဲမှာတော့ အားလုံးမပါဘူး။ လယ်မြေတွေကို တူးပြီး အောက်ခံမြေအဖြစ်သုံးလိုက်တာ ကျင်းတွေချိုင့်တွေဖြစ်ပြီး လယ်မြေတွေ ပျက်စီးသွားတယ်။ ကိုယ့်နည်းကိုယ့်ဟုန်နဲ့ ကန်သင်းတွေပြုပြင်ပြီး ပြန်စိုက်ပျိုးတယ်။ တစ်နှစ်တော့ စိုက်ခွင့်မရခဲ့ဘူး။ ၁၉၉၉ ခုနှစ်ကနေ ၂၀၀၇ အထိကို တစ်ဧက ၅တင်းနှုန်း ပေးခဲ့ရတယ်။ ပေးရတာက စပါးတော့မဟုတ်ဘူး။ နိုင်ငံတော်ဈေးလည်းမက ပြင်ပပေါက်ဈေးလည်းမကျ ကြားဈေးချပြီး တစ်ဧက ငါးတင်းနှုန်းကိုပိုက်ဆံသွင်းခဲ့ရတယ်။ နောက်ပိုင်းတော့ ကြီးကဲတဲ့အရာရှိ တစ်ယောက်က မတောင်းပါနဲ့လို့ပြောသွားတယ်လို့တော့ ကြားတယ်။ အဲဒီနောက်ပိုင်းမပေးရတော့ပါဘူး။´ လို့ ပြောဆိုပါတယ်။
လက်လွတ်ခွက်ချွတ်အသိမ်းခံလိုက်ရတဲ့ လယ်သမားတစ်ဦးဖြစ်တဲ့ ဦးမြသောင်းက ` ကျွန်တော်တို့လယ်မြေ အားလုံး ၁၂ ဧက ပါသွားတယ်။ အဲဒီလိုသိမ်းပြီး နစ်နာကြေးတို့ ၊ လျှော်ကြေးတို့ဆိုတာ တစ်ခါမှမပေးခဲ့ဘူး။ ရလည်း မရပါဘူး။ ကျွန်တော်တို့ကလည်း တောင်းဆိုဖို့မဖြစ်နိုင်ဘူး။ သူတို့က နိုင်ငံပိုင်မြေမို့ သူတို့ပြန်သိမ်း တဲ့ ပုံစံမျိုးလုပ်သွားတယ်။ ကျွန်တော်လယ်တွေ စက်ရုံဖော်ဆောင်တဲ့အထဲမှာ အကုန်ပါသွားပြီ။ အလွတ်အလပ် မရှိ တော့ဘူးဆိုတော့ တခြားလယ်သမားတွေလို လုပ်ကိုင်ခွင့်လည်း မရတော့ဘူး။ ကျွန်တော်မှာ လယ်မြေနဲ့ပတ် သက်ပြီး ဘာမှမကျန်တော့တဲ့အခါကြတော့ ထိုက်သင့်တဲ့ နစ်နာကြေး ကျွန်တော်ပြန်လိုချင်တာပါ´လို့ ဆိုပါတယ်။
အခြားသော လယ်သမားတွေရဲ့ လယ်မြေတွေဟာလည်း ထိုနည်းလည်းကောင်းသာဖြစ်ပြီး စက်ရုံဖော်ဆောင်တဲ့အထဲမှာ ပါမသွားတဲ့လယ်မြေတွေမှာတော့ ယခင်ပိုင်ဆိုင်ခဲ့တဲ့ လယ်သမားတွေ ပြန်လည် စိုက်ပျိုးနေကြပါတယ်။ ယခင်က ဒီလယ်မြေတွေအတွက် ဘဏ်ချေးငွေလည်း ရတယ်ဆိုတော့ စိုက်ပျိုးတဲ့နေရာ မှာ မြေသြဇာအသုံးပြုပြီး စိုက်ပျိုးတော့ တစ်ဧကကို ၇၀ နှုန်းလောက်ထိ ထွက်ရှိပြီး ပြဿနာပေါ်ပေါက်ပြီး နောက်ပိုင်းမှာ လယ်သမားတွေဟာ ဘယ်က အထောက်အပံ့မှ မရနိုင်တော့တဲ့အတွက် သမရိုးကျ စိုက်ပျိုးပြီး တစ်ဧကကို တင်း ၅၀ နှုန်းလောက်သာ ထွက်တော့တယ်လို့ ဆိုပါတယ်။ စက်ရုံ ၊ စက်မှုဇုန် ဘာမျှ ဖော်ဆောင် ခြင်းမရှိဘဲ မြေရိုင်းတွေဖြစ်နေတာတွေလည်း တွေ့မြင်ရပါတယ်။ ဒါတွေဟာ စိုက်ပျိုးနိုင်ခြင်းလည်းမရှိ အခြား လုပ်ငန်းဖော်ဆောင်ခြင်းလည်းမရှိတဲ့အတွက် မြေတွေရဲ့အကျိုးခံစားခွင့် ဆုံးရှုံးနေရခြင်း သာဖြစ်ပါတယ်။
ကုန်းကလေး ကျေးရွာက လယ်သမားတွေနဲ့ တွေ့ဆုံရာမှာတော့ သူတို့တွေဟာ သူတို့လယ်တွေကို ဘယ်လို ၊ ကြောင့် ဘယ်က သိမ်းမှန်းတောင် မသိရဘဲ အသိမ်းခံခဲ့ရတာပါ။ ကုန်းကလေးကျေးရွာမှ အဘဦးစိုးပိုင်ကို မေးမြန်ကြည့်ရာမှာ `သိမ်းတာကတော့ ၁၇.၄၃ ဧကအကုန်ပါသွားတယ်။ လုပ်ငန်းဖော်ခြင်း ဘာမှမရှိဘဲ သဲတွေ မှုတ်တင်ထားလို့ ဘာမှလုပ်စားမရဘူး။ သိမ်းတဲအထဲမှာ မပါတဲ့ ဟာလေးကိုပဲ ဆက်ပြီးလုပ်စားနေတယ်။ လုပ်ငန်းစတင်ဖို့လာတဲ့အခါမှာတော့ အဘအနေနဲ့ ကန့်ကွက်လိုက်တယ်။ နိုင်ငံတော်သမ္မတထံကို စာတင်ထား တယ်။ အရှုံးအနိုင်မသိသေးဘူး။ မင်းတို့သူဌေးတွေဘက်က နိုင်ရင်လာလုပ်။ လယ်သမားက နိုင်ရင် တစ်လက်မ မှအဆင်းမခံဘူးလို့ ဒါမျိုးကန့်ကွက်လွှတ်လိုက်တယ်။ အဘတို့က ကိုယ့်မြေပဲ ကိုယ်ပြန်လိုချင်တယ်။´လို့ ပြောပါတယ်။
ဒီလယ်မြေတွေကို ၂၀၀၆ - ၂၀၀၇ထဲမှာ လာရောက်ဖျက်စီးသွားပြီး ၂၀၁၀ ထဲမှာ တစ်ဧက နှစ်သောင်းနှုန်း လာပေးတယ်။ မယူဘူး။ အိုးအိမ်ကပြောတော့ နိုင်ငံကပေးတာလို့ပြောတယ်။ နောက်ပိုင်း နိုင်ငံတော်က မဟုတ်ဘဲ ကုမ္ပဏိသုံးခုပူးပေါင်းပြီး သနားလို့ပေးတာလို့ ကြားရတယ်။ ဘာမှကိုယ့်အတွက် အာမခံချက် မရှိလို့ မယူတာ။ ကျွန်မတို့ ဖြစ်စေချင်တာက ပျက်စီးသွားတဲ့လယ်တွေအတွက် တန်ရာတန်ကြေးပေး။ လုပ်ငန်းမလုပ် ရသေးတဲ့လယ်တွေကို ပြန်လိုချင်တယ်´လို့ ဒေါ်စိန်အေးက ပြောပါတယ်။
တခြားသော လယ်သမားတွေဟာလည်း သူတို့တွေက နှစ်သောင်းနှုန်းပေးတဲ့နေရာမှာ မယူလည်း ဆုံးမှာပဲ ဆိုလို့ ယူလိုက်ကြသူတွေရှိသလို လက်မခံနိုင်တဲ့ အတွက် မယူဘဲနေလိုက်သူတွေလည်းရှိနေပါတယ်။ လယ်မြေတွေနဲ့ ပတ်သက်ပြီး ပြတ်ပြတ်သားသား အသက်ပေးပြီး ရင်ဆိုင်သွားမယ်လို့ ဆုံးဖြတ်ထားတဲ့ ကရင်အမျိုးသမီးတစ်ဦးကတော့ `သူတို့တွေက အစိုးရက သိမ်းတယ်ဆိုပြီး လမ်းလာဖောက်တယ်။ ကျွန်မတို့ပဲခင်းရှိတယ်။ ဘူဒိုဇာတွေနဲ့လာနေတော့ ကျွန်မအကိုကို ပဲခင်းကိုလာမထိုးဖို့ ဘူဒိုဇာ သမားတွေကို သွားပြောပါဆိုတာကို ပြောလို့ရမှာ မဟုတ်ဘူးဆိုပြီး သွားမပြောဘူး။ အဲဒါနဲ့ ကျွန်မမောင်လေးကို ပြောတော့ လဲ သူတို့ လုပ်ချင်ရာ လုပ်ပစေတဲ့။ ကျွန်မက မနေနိုင်ဘူး။ ပဲအတွက် အရင်းအနှီးက အများကြီး ထွန်ယက်ခတွေ လည်းရှိသေးတယ်။ အဆုံးရှုံး မခံနိုင်ဘူးလို့ ဆိုပြီး ဓားတစ်လက်နဲ့ ထွက်သွားတယ်။ ကားသမားကို သွားပြောတော့ အထက်က ခိုင်းလိုက်တာတဲ့။ ပဲခင်းတွေရှိတာကို မတင်ပြဘူးလားမေးတော့ ရုံးကိုလုက်ခဲ့ဖို့ ခေါ်တယ်။ ကျွန်မလိုက်စရာမလိုဘူးပြောလိုက်တယ်။ သူတို့ရုံးကလူကြီးလာပြီး ပဲခင်းကို လမ်းနေရာလောက်ပဲ လျော်ကြေးပေးချင်တယ်။ အဲဒီလိုမရဘူး ။ ကျွန်မလယ်တစ်ပွဲလုံးဆုံးရှုံးမှာ အရင်းအနှီးအများကြီးပဲ။ မနှစ်က ဘယ်လောက်အတိုင်းအတာရတယ်ဆိုတာကိုပါပြောပြလိုက်တယ်။ ဆေးဖြန်းရင် ပဲက ပိုထွက်မှာ။ သူတို့ လျော်ကြေးပေးတယ်။ အစိုးရက သိမ်းတာ မှန်မှန်ကန်ကန်ပဲလို့ထင်ခဲ့တာ။ ဒါပေမယ့် သူတို့ဟာ လမ်းဖောက်ရင် ညဘက်မှာပဲ ဖောက်တယ်။ နေ့ဘက်ဘာမှမလုပ်ဘူး။ မမှန်မကန်လုပ်နေတယ်ဆိုတာကို ကျွန်မသိလာတယ်။ ကျွန်မတို့က စာတင်ဖို့ လုပ်တော့ တစ်ယောက်တည်းလုပ်လို့ မကောင်းဘူးအားလုံးစုလုပ်မှ ဆိုပြီး အခုအခြေအနေထိရောက်လာတာပဲ။ အားလုံး ၁၅ဧကရှိတယ်။ ခဏခဏ လာတိုင်းနေကြတော့ ကျွန်မတို့နေ တာက အနှစ်(၃၀)ကျော်ပြီ။ ကျွန်မတို့ နေတဲ့အိမ်နဲ့ခြံကို သူဌေးက ၀ယ်ပြီးပြီ ဆိုပြီး ကျောက်တိုင်တွေ လာစိုက်ထားတယ်။ တိုင်းချင်တိုင်း မသေမချင်းတိုင်း ကျွန်မတို့လည်း အသေခံပြီးနေမှာပဲလို့ ပြောလိုက်တယ်။ မဖယ်ပေးရင် စစ်တပ်နဲ့ခေါ်ပြီး မောင်းထုတ်ဖို့အခြေအနေရှိတယ်။ ကျွန်မတို့ကတော့ စစ်တပ်ပဲခေါ်ခေါ် ဘာပဲခေါ်ခေါ် အသေခံပြီးနေမှာပဲ။´လို့ပြောပါတယ်။ သူတို့ရဲ့ လယ်ထဲက ခြံနဲ့အိမ်ကိုပါ လာပြီး မောင်းထုတ်ဖယ်ရှားပေးဖို့ လုပ်ဆောင်နေကြတဲ့အတွက် ပြတ်ပြတ်သားသား ရင်ဆိုင်နေခြင်း ဖြစ်ပါတယ်။
ဒီမြောင်းတကာ သံမဏိစက်ရုံအမှတ်(၂)ကနေ စပြီး သိမ်းလိုက်တဲ့လယ်တွေဟာ လှိုင်မြစ်ကမ်းပါးအထိ ရောက်လာပြီး ရွာကိုပင် သနားလို့ ထားတဲ့အကြောင်း သိမ်းဆည်းတဲ့အထဲမှာ ပါဝင်နေကြောင်းဖြင့် ပြောဆိုကြတာတွေကိုလည်း ရွာသားတွေက ပြန်ပြောပြပါတယ်။
ဦးငွေထွန်းက အားလုံးကို ခြုံငုံသုံသပ်ပြီး ရှုပ်ထွေးမှုဖြစ်စေတဲ့ အကြောင်းအရင်းတွေကို ` ဒီလယ်မြေတွေကို တပ်မတော်က သိမ်းတယ်ဆိုပြီး သိမ်းသွားတဲ့ဧကကိုတော့ ဖော်ပြတယ်။ ဒါပေမယ့် ရှုပ်နေတဲ့ အကြောင်းအရာ တွေမှာက အိုးအိမ်ဦးစီးဌာနကို ၈၀၁.၆၉ ဧကလွှဲတယ်လို့ ပြောတယ်။ တကယ်ကတယ်ကြတော့ ၈၀၁.၆၉ ဧက မကဘူးဖြစ်နေတယ်။ အိုးအိမ်ဦးစီးဌာနက ဧကထောင်ကျော်နေတယ်။ တိုင်းတာသတ်မှတ်ပေးဖို့ ပြောတော့လည်း သူတို့က လုပ်မပေးဘူး။ လုပ်မပေးတဲ့အပြင် တိုးပြီး သိမ်းတယ်။ သူတို့ကို ၂၀၀၀၀ နှုန်းပေးတယ် ဆိုတာလည်း နိုင်ငံတော်ကပေးတာမဟုတ်ဘူး။ ကုမ္ပဏီသုံးခုက ပေးတာလို့ သိရတယ်။ အစိုးရ လျော်ကြေးမပေးတာတော့ လုံးဝသေချာတယ်။ ရှုပ်တယ်ဆိုတဲ့ အထဲမှာ စွမ်းအင်ကလည်းပါနေတယ်။ စွမ်းအင် ကိုပေးထားတဲ့ ၂၀၈.၅၆ ဧကမှာလည်း သိမ်းထားတာက မကဘူး။ သတ်မှတ်ဧကထက် ပိုသိမ်းတဲ့အတွက်ကို လယ်သမားတွေ ပိုဒုက္ခရောက်တယ်။ ဘယ်သူ့ကိုပြောလို့ ပြောရမှန်းမသိဘူး။ တိုင်းတာသတ်မှတ်ပေးဖို့ ပြောတော့လည်း မြေစာရင်းက တိုင်းတာပေးဖို့ အာဏာမရှိဘူး။ အခွင့်မရှိဘူးဆိုတဲ့ ပုံစံမျိုးတွေ။ တပ်မတော် အမည်ကိုသုံးပြီး သိမ်းသွားတာက အိုးအိမ်ဦးစီးဌာန။ ၈၀၁.၆၉ ဧကအပြင်ကို တပ်မတော်အမည်သုံးပြီး သိမ်းသွားတယ်။ အရပ်ဖက်အဖွဲ့အစည်းတွေစစ်တာတော့ ဘာတစ်ခုမှမပေါ်ဘူး။ ပေါ်စရာလည်း အကြောင်း မရှိဘူး။ သူတို့လုပ်ထားတာတွေ ဖြစ်တဲ့အတွက် မှန်မှန်ကန်ကန်ပေါ်လာမှာမဟုတ်ဘူး။ သူခိုးရွှေသော့အပ် သလိုဖြစ်နေမယ်။ နိုင်ငံတော်သမ္မတဆီလည်း တင်ပြီးပြီ။ လွှတ်တော်ကတော့ သေသေချာချာ ပြန်စိစစ်ပြီး တင်ပြဖို့ ပြောထားတယ်။ စုံစမ်းရေးကော်မရှင်လည်း ဒီဘက်ကို မလာသေးဘူး။ ၂၀၀၀၀နှုန်းပေးတယ်ဆိုတာ လည်း နိုင်ငံတော်က ပေးတယ်ဆိုပြီးလုပ်တယ်။ ယူသွားရင်ပြီးပြီလို့ တွက်မှာပေါ့။ လယ်သမားက လယ်ရောင်း သလိုဖြစ်နေမယ်။ ဥပဒေကြောင်းနဲ့ ပြန်ကြည့်ရင် လုံးဝညီညွတ်စရာ အကြောင်းမရှိပါဘူး။ လယ်ယာမြေကို နိုင်ငံတော်က သိမ်းတာဆိုရင် အကြောင်းတော့ ကြားဦးမှာပေါ့။ ဒီမှာက ဘာမှမပြောဘဲနဲ့ သူတို့လုပ်ချင်ရာ လုပ်သွားတဲ့အရာတွေချည်းပါပဲ။´ လို့ သုံးသပ်ပြပါတယ်။
ဥပဒေနဲ့အညီသာဆိုရင် လယ်သမားဘက်က မှန်ကန်နေပြီး လက်မှတ်တွေဘာတွေထိုးခိုင်းတာဆိုရင်လည်း ညာပြီးထိုးခိုင်းတာမျိုးတွေ ဖြစ်တတ်ပါတယ်လို့ သုံးသပ်ပါတယ်။ ဌာနဆိုင်ရာတွေအနေဲ့ ကိုယ့်တာဝန်ကိုယ်ယူ ပြီး မှန်မှန်ကန်ကန်လုပ်ဆောင်ကြမယ်ဆိုရင် စုံစမ်းရေး ကော်မရှင်တောင် မလိုဘူးလို့လည်း သုံးသပ်ပါတယ်။ ကိုယ့်တာဝန်ကိုယ်မယူတဲ့အတွက်ကို လယ်သမားတွေ မနစ်နာသင့်ဘဲ နစ်နာနေကြရတာပါလို့ သုံးသပ်ပြော ဆိုသွားပါတယ်။
နောင်တော်လေး
--
Posted By Blogger to လူဗိုလ်ဟူသည် ... at 10/07/2012 11:05:00 PM
--
မှော်ဆရာအဖွဲ့ မှ နေ့ စဉ်မေးလ်များ ရယူလိုပါက http://groups.google.com/group/mrsorcerer/subscribe?hl=en ကို နှိပ်ပြီး မန်ဘာဝင်နိုင်ပါသည် ။
မန်ဘာဝင်များ မိမိတို.သိထားသည်များကို မျှဝေလိုပါက mrsorcerer@googlegroups.com သို. မေးလ်ပို.နိုင်ပါသည် ။
မှော်ဆရာအဖွဲ့ မှ နှုတ်ထွက်လိုလျှင် mrsorcerer+unsubscribe@googlegroups.com ကိုနှိပ်ပြီး မေးလ်ပို.ပါ ။
စာလက်ခံလိုသည့်ပုံစံ ပြင်လိုလျှင် http://groups.google.com/group/mrsorcerer?hl=en ကို သွားပါ ။
မှော်ဆရာ အဖွဲ့ ၏ စည်းကမ်းများကို သိလိုလျှင် http://groups.google.com/group/mrsorcerer/browse_thread/thread/af2f4a1d44d4d909?hl=en တွင် ဖတ်ရှုနိုင်ပါသည် ။
Facebook (FB) မှော်ဆရာအဖွဲ့သို့ Mail ပို့လိုလျှင် mrsorcerer2@groups.facebook.com
FB မှော်ဆရာအဖွဲ့သို့ ၀င်ရန် http://www.facebook.com/home.php?sk=group_173571176006981&ap=1
မှော်ဆရာ အဖွဲ့ နှင့်ပက်သက်၍ ဝေဖန်အကြံပြုလိုပါက >>>
ဦးဦး မှော်ဆရာ ( mrsorcerer9@gmail.com, mrsorcerer27@gmail.com ) ထံသို.
ပေးပို.နိုင်ပါသည် ။
ခင်မင်စွာဖြင့်
ဦးဦး မှော်ဆရာ