---------- Forwarded message ----------
From: Blogger <no-reply@blogger.com>
Date: 2012/10/8
Subject: [လူဗိုလ်ဟူသည် ...] ဒေါ်စိန်အေးနှင့် သူ၏သားများ
To: lubo601@gmail.com
--
Posted By Blogger to လူဗိုလ်ဟူသည် ... at 10/08/2012 10:36:00 PM
From: Blogger <no-reply@blogger.com>
Date: 2012/10/8
Subject: [လူဗိုလ်ဟူသည် ...] ဒေါ်စိန်အေးနှင့် သူ၏သားများ
To: lubo601@gmail.com
by Seaman Nayminthu on Monday, October 8, 2012 at 12:46am ·
'တပ်မတော်ဟာ ဒီမိုကရေစီလမ်းကြောင်းပေါ်မှာ မားမားမတ်မတ် ပြည်သူတွေနဲ့ အတူတူ လျှောက်လှမ်းပြီ ဆိုရင်တော့ နောက်ကြောင်းပြန်လှည့်ဖို့ အလားအလာ မရှိသလောက် ဖြစ်သွားမယ်လို့ ကျွန်မတို့ ယုံကြည်လို့ ရပါတယ်' လို့ မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က သူ့ရဲ့အမေရိကန်ခရီးစဉ်အတွင်းမှာ ပြောကြားသွားတာကို မီဒီယာတွေပေါ်မှာ ဖော်ပြကြတာ ဖတ်ရပါတယ်။
အန်တီစုအနေနဲ့ ဒီစကားပြောတာဟာ မြန်မာ့ဒီမိုကရေစီအပြောင်းအလဲမှာ တပ်မတော်ရဲ့အခန်းကဏ္ဍ အရေးပါမှုကို အလေးအနက်ထားကြောင်း ပြသလိုက်တာဖြစ်တယ်လို့ နားလည်မိပါတယ်။
ဆယ်စုနှစ် အတန်ကြာ အမျိုးသားစည်းလုံးညီညွှတ်မှုပြိုကွဲပြီး နိုင်ငံရေး၊ စီးပွားရေး အဘက်ဘက်မှာ ယိုယွင်းချွတ်ခြုံကျနေသော မြန်မာပြည်အခြေအနေ ပြန်လည်ဦးမော့လာဖို့ရာ ပြည်သူလူထုတရပ်လုံးနဲ့ တပ်မတော် လက်တွဲညီညီ လျှောက်လှမ်းအကောင်အထည်ဖော်မှ ဖြစ်နိုင်မယ့် အနေအထားကို မီးမောင်းထိုးပြလိုက်တာလည်း ဖြစ်ပုံရပါတယ်။
နု-အက်တလီစာချုပ်၊ လက်ျာ-ဖရီးမင်းစာချုပ် (ကာကွယ်ရေး)၊ ခရွန်ဘီ-မြစာချုပ် (ဘဏ္ဍာရေး) တွေအရ လွတ်လပ်ရေးရခဲ့တဲ့ မြန်မာနိုင်ငံဟာ လွတ်လပ်ရေးသက်တမ်း လပိုင်းအတွင်းမှာပဲ ပြည်တွင်းစစ်ဒဏ်ကို အကြီးအကျယ် ခံစားခဲ့ရတာ ယနေ့တိုင်ပါပဲ။
အောင်ဆန်း-အက်တလီစာချုပ်နဲ့ နု-အက်တလီစာချုပ်ပါ အချက်အလက်တွေကို နှိုင်းယှဉ်ကြည့်ရင် ကွာခြားချက်တွေ ရှိနေတာ တွေ့မြင်နိုင်ပါတယ်။ ပြီးတော့ ၁၉၄၇ အခြေခံဥပဒေပါ တိုင်းရင်းသားရေးရာ ကိစ္စတချို့ကို လက်တွေ့ကိုင်တွယ်ဖြေရှင်း နိုင်စွမ်းရှိတဲ့ ဗိုလ်ချုပ်အောင်ဆန်း လုပ်ကြံခံခဲ့ရခြင်းဟာလည်း တိုင်းရင်းသားအရေး မပြေမလည်ဖြစ်ရခြင်းရဲ့ အဓိကအားနည်းချက်လို ဖြစ်ခဲ့ရပါတယ်။ ဗိုလ်ချုပ်အောင်ဆန်း လောက် တိုင်းရင်းသားတွေရဲ့ ယုံကြည်ကိုးစားမှုကို ရယူနိုင်တဲ့ ခေါင်းဆောင်မရှိခဲ့ပါ။
ပြီးတော့ လွတ်လပ်ရေးမရမီကတည်းက မြန်မာ့နိုင်ငံရေးမှာ အယူဝါဒပြိုင်ဆိုင်မှုတွေ ပြင်းထန်ခဲ့ရာ တပ်မတော် အတွင်းအထိ နက်နက်ရှိုင်းရှိုင်း ဖြစ်ပေါ်ခဲ့ပါတယ်။ BIA ဗမာ့လွတ်လပ်ရေးတပ်မတော် ထူထောင်စဉ်ကာလ ကတည်းက အမြော်အမြင်ကြီးမားတဲ့ ဗိုလ်ချုပ်အောင်ဆန်းဟာ တပ်မတော်ကို နိုင်ငံရေးအရောင်ကင်းရှင်းတဲ့ ယခုခေတ်အခေါ် ပရော်ဖက်ရှင်နယ် တပ်မတော်ဖြစ်ဖို့ကြိုးစားခဲ့ပေမဲ့ အရာမထင်နောက်ကျခဲ့ရပုံကို သမီးဖြစ်သူ ဒေါ်အောင်ဆန်းစုကြည်ရေးသားသော Freedom from Fear စာအုပ်ထဲက My Father ခေါင်းစဉ်ပါ စာပိုဒ်ထဲမှာ ယခုလိုဖော်ပြထားတာ တွေ့ရပါတယ်-
'He concentrated on strengthening and displining the army, aware that the struggle for independence was far from over. He also tried to keep the BIA away from party politics and from interfering in civil administrative matters, but he must have known that it was already too late to keep politics out of any army that had been created with politicians at its core.'
လူငယ်နိုင်ငံရေးသမားတွေဖြစ်တဲ့ သခင်ခေါင်းဆောင်၊ ကျောင်းသားခေါင်းဆောင်တွေ ပါဝင်ဖွဲ့စည်းခဲ့တဲ့ ဗမာ့လွတ်လပ်ရေးတပ်မတော်ထဲကို လူပုဂ္ဂိုလ်အသီးသီးယုံကြည်ရာ နိုင်ငံရေးအမြင်တွေ ကပ်ပါလာခဲ့တာ လက်တွေ့အမှန်တရားပါပဲ။ ဒါကို ဗိုလ်ချုပ်အောင်ဆန်းကိုယ်တိုင် အပြီးတိုင်မဖယ်ရှားနိုင်ခဲ့ပါဘူး။ ဒါကြောင့်လည်း လွတ်လပ်ရေးရပြီးနောက်ပိုင်း တပ်မတော်အတွင်းက တပ်ရင်းလိုက်တောခိုမှုတွေအထိ ဖြစ်ပွားခဲ့တာ အထင်အရှားပါ။
အယူဝါဒရေးရာနဲ့ တိုင်းရင်းသားအရေးအကြောင်းပြုပြီး ဖြစ်ပေါ်လာတဲ့ပြည်တွင်းစစ်အပြင် တရုတ်ဖြူနယ်ချဲ့ ကျူးကျော်မှုဒဏ်ကိုပါ ကြုံတွေ့လိုက်ရတဲ့ မြန်မာပြည်မှာ တပ်မတော်အင်အားကောင်းခဲ့ရတာလည်း သဘာဝကျ လှပါတယ်။ ပြည်တွင်းစစ် ပြည်ပကျူးကျော်စစ်တွေ ကြုံတွေ့နေရချိန် အစိုးရနဲ့ပါလီမန်အတွင်း နိုင်ငံရေး အင်အားစုတွေထဲမှာလည်း အုပ်စုတွေအလီလီကွဲပြားကာ ကိုယ့်တပ်ကိုယ်မနိုင် ဖြစ်နေခဲ့တဲ့ အနေအထားပါ။ ဒီလိုအခြေအနေမျိုးမှာ အာဏာသိုက်တူးလိုတဲ့ ဗိုလ်ချုပ်ကြီးနေဝင်းလို ပုဂ္ဂိုလ်မျိုးအတွက် အထောက်အပံ့များစွာ ဖြစ်စေခဲ့ပါတယ်။
တပ်မတော်အင်အားကောင်းမှုကို ခုတုံးလုပ်ပြီး အုပ်ချုပ်ရေးနယ်ပယ်မှာ တဆင့်ချင်းတန်ခိုးထွားလာတဲ့ ဗိုလ်ချုပ်ကြီးနေဝင်းရဲ့ အာဏာလောဘကို ဘယ်နိုင်ငံရေးအင်အားစုကမှ ကောင်းကောင်းဇက်ကြိုးသတ်နိုင်စွမ်း မရှိခဲ့ပါ။
အဲဒီအချိန်က မြန်မာပြည်ရဲ့ လက်တွေ့အခြေအနေတွေနဲ့ ကမ္ဘာ့အုပ်စုကြီးနှစ်ခုရဲ့ အပြန်အလှန်တွန်းတိုက်မှု အခွင့်အလမ်းတွေကို ထိထိမိမိ အသုံးချပြီး ဦးနေဝင်း အာဏာထူထောင်နိုင်ခဲ့တာလို့ ကျနော်နားလည် သဘောပေါက်မိပါတယ်။ ဦးနေဝင်းဟာ စစ်ခေါင်းဆောင်ဖြစ်တာနဲ့အညီ စစ်တပ်လည်း နိုင်ငံရေးစင်မြင့် ထက်ကို ရောက်ရှိလာပါ တယ်။
တပ်မတော်အကြောင်းပြောရင် ဒေါ်စိန်အေးက မပါမဖြစ် အဓိကဇာတ်ကောင်နေရာမှာ ရှိနေပါတယ်။ ဘာလို့ဆို ဒေါ်စိန်အေးမွေးထုတ်ပေးလိုက်တဲ့ သားတွေဟာ လက်ရှိတပ်မတော်ထဲမှာ ထိပ်ဆုံးကနေ အောက်ခြေအထိ ခေါင်းဆောင်ပိုင်းနေရာတွေမှာ တာဝန်ယူထားတာမို့ပါ။ သို့ပေမဲ့ တပ်မတော်တခုလုံးရဲ့ ထိပ်ဆုံးခေါင်းနေရာကို ရယူနိုင်တာက ၂၀၁၀ ရွေးကောက်ပွဲနောက်ပိုင်း ပေါ်ထွက်လာတဲ့ လက်ရှိအစိုးရလက်ထက်မှပါ။ ကျနော်တို့ ရေတပ်မှာတော့ နအဖလက်ထက် ဒုတိယဗိုလ်ချုပ်ကြီးတင်အေး (DSA- intake 1)က စတင်ပါတယ်။
၁၉၅၅ ခုနှစ်မှာ စတင်ထူထောင်ခဲ့တဲ့ ဒေါ်စိန်အေး (DSA) က နှစ်စဉ်မွေးထုတ်ပေးလိုက်တဲ့ စစ်တက္ကသိုလ်ဆင်း အရာရှိကြီးငယ်တွေက အရာရှိအသိုင်းအဝိုင်းမှာ အများဆုံးအင်အားစုလို့ ဆိုနိုင်ပါတယ်။ ဒါကြောင့်မို့ တပ်မတော်ရဲ့ ကောင်းသတင်းပဲပဲဖြစ်ဖြစ် မကောင်းသတင်းပဲဖြစ်ဖြစ် ထွက်ပေါ်လာတဲ့အခါ ဒေါ်စိန်အေး သားတွေရဲ့ အမည်နာမ ရှေ့ဆုံးပေါ်ကထွက်လာတတ်ပါတယ်။ ဒါဟာ ယေဘူယျသတ်မှတ်ချက်ဖြစ်တာမို့ အတိုင်းအတာတခုထိပဲ မှန်ကန်နိုင်ပါတယ်။
DSA စစ်တက္ကသိုလ်ကျောင်းဟာ စစ်ပညာရေးရာမှာ မြန်မာပြည်ရဲ့အကောင်းဆုံးအတော်ဆုံးလို့ နာမည်ကြီးတာ နဲ့အညီ လေ့ကျင့်ရေးပိုင်း၊ အုပ်ချုပ်ရေးပိုင်း၊ စီမံခန့်ခွဲမှုအပိုင်းတွေကို အထူးတလည် ဝိရိယစိုက်သင်ကြားပေး လိမ့်မယ်လို့ ယူဆပါတယ်။ သူတို့တတွေရဲ့ စစ်စည်းကမ်းလိုက်နာမှုနဲ့ ဒဏ်ခံနိုင်ရည်စမ်းသပ်မှုတချို့ကိုလည်း ကျနော်မြင်တွေ့ခဲ့ဖူးပါတယ်။
တပ်မတော်ထဲမှာ ပုခုံးပေါ်အပွင့်တင်ထားတဲ့အရာရှိတိုင်း DSA ကျောင်းဆင်းမဟုတ်ပါ။ အလုပ်သင်ဗိုလ် (OTC) ၊ ဘွဲ့ရ ၂၅ နှစ်အောက် (OTS) ၊ အခြားအဆင့်မှ ဗိုလ်သင်တန်း ဖြေဆိုအောင်မြင်သူ ၊ အရာခံဗိုလ် လုပ်သက် ပြည့်မြောက်လို့ အရာရှိဖြစ်လာသူတွေနဲ့ ခုနောက်ပိုင်း တိုးချဲ့ထူထောင်လာတဲ့ တပ်မတော် နည်းပညာ တက္ကသိုလ် (DSTA)၊ တပ်မတော် ဆေးပညာတက္ကသိုလ် (DSMA) စသဖြင့် အများအပြားရှိပါတယ်။
ခုဖြစ်နတဲ့ ပြဿနာက ကိုယ့်မင်းကိုယ့်ချင်း အာဏာရှင်စနစ်ရဲ့ အရိပ်အယောင် အမူအကျင့်တွေနဲ့ ယှက်နွယ် ဆက်စပ်ပြီး ပေါ်ပေါက်လာတဲ့ အမြင်ပိုင်းဆိုင်ရာ တွေးခေါ်ရှုမြင်မှု လို့ထင်မြင်ယူဆတာမို့ ဒါကိုတတ်နိုင်သရွေ့ ရှင်းလင်းတင်ပြဖို့ စဉ်းစားရင်း ယခုစာစုကို ရေးသားမိတာပါ။
'စစ်တက္ကသိုလ်ကျောင်းမှာ ဆယ်တန်းအောင်ပြီးစ လူလားမမြောက်တမြောက် ဆယ်ကျော်သက်အရွယ် ဦးနှောက်အဖြူထည်ပိုင်ရှင် လူငယ်လေးတွေကို အတွေးသစ်၊ အမြင်သစ်၊ ခံယူချက်အသစ်တွေ ခေါင်းထဲစွဲနေ အောင် လိုသလိုပုံသွင်းမွေးထုတ်လိုက်တယ်။ ဒီကျောင်းကဆင်းလာတဲ့ အရာရှိအပေါင်းဟာလည်း လူသား စက်ရုပ်ကလေးတွေလို တပုံစံတည်း၊ အပြုအမူ စိတ်ဓာတ်တထေရာတည်းရှိပြီး အာဏာလက်ကိုင်ထားသူတွေ အလိုကျ တသွေမတိမ်း လိုက်နာဆောင်ရွက်တယ်။ သူတို့ ကိုယ်တွင်းမှာလည်း အာဏာရှင်စရိုက်လက္ခဏာတွေ အပြည့်အဝ ဖုံးလွှမ်းနေတယ်။ ဒါကြောင့် အာဏာရှင်ကြီးငယ်တွေက မိမိတို့ရဲ့ အာဏာထိုင်ခုံနဲ့ အကျိုးစီးပွား အဆက်ဆက် ထိန်းသိမ်းစောင့်ရှောက်နိုင်ဖို့ DSA ကျောင်းဆင်းတွေကို လက်သပ်မွေးမြူထားတယ်' လို့..
အမြင်အယူအဆတွေရှိနေတာဟာ အမျိုးသားပြန်လည်သင့်မြတ်ရေးအတွက် အဖုအထစ် အဟန့်အတား သဖွယ် ဖြစ်နေတယ်လို့ ကျနော် တွေးမိပါတယ်။
အမျိုးသားပြန်လည်သင့်မြတ်ရေး ဖြစ်စဉ်မှာ တပ်မတော်နဲ့ ပြည်သူလူထုအကြား အပြန်အလှန် အမြင်လွဲမှား သံသယဖြစ်နေတာတွေကို ချေဖျက်ပစ်နိုင်ဖို့အရေးက အကြီးမားဆုံး ကိစ္စရပ်ဖြစ်ပါတယ်။ တိုင်းရင်းသား အရေးကိစ္စပင်လျှင် တပ်မတော်နဲ့ပြည်သူ ဆက်ဆံရေး အခြေအနေထဲမှာ အကျုံးဝင်ပတ်သက်မှုတွေ ရှိနေ ပါတယ်။ ကျနော်တို့ နိုင်ငံအတွင်းမှာ မှီတင်းနေထိုင်သော တိုင်းရင်းသားလူမျိုး မျိုးနွယ်စုကြီးငယ်မှန်သမျှ ပြည်သူလူထုပင် မဟုတ်ပါလား။
စစ်တက္ကသိုလ်နဲ့ ဗိုလ်သင်တန်းကျောင်းတွေမှာ ဘယ်လိုပင် Brain wash တွေလုပ်တယ် ဆိုစေဦးတော့ စစ်တပ် အရာရှိတိုင်း အာဏာရှင်ဖြစ်တာ မဟုတ်ပါဘူး။ ဒီလိုပဲ DSA ကျောင်းဆင်းတိုင်းလည်း အာဏာယစ်မူးသူတွေလို့ တထစ်ကျ သတ်မှတ်ထားလို့မရပါဘူး။ အာဏာရှင်စရိုက်လက္ခဏာနဲ့ အမူအကျင့်ဟာ လူတဦးချင်းရဲ့ အဇ္ဖျတ္တ ညာဉ်နဲ့လည်း သက်ဆိုင်မယ်ထင်ပါတယ်။
အာဏာယစ်မူးဂုဏ်မောက်တတ်သူဟာ မဖြစ်စလောက်နေရာလေးရလည်း သူ့ဂုဏ်ကိုပြတတ်ပါတယ်။
ကျနော်တပ်ထဲမှာ ရှိစဉ်က အရာရှိတွေထဲမှာကို တချို့သူတွေ အုပ်စုစွဲအမြင်လေးတွေ ရှိတတ်တာကို တွေ့မြင် ခဲ့ရဖူးပါတယ်။ အဓိကတော့ ပုဂ္ဂိုလ်တဦးချင်းအမြင်မကြည်လင်မှုက အစပြုတယ်လို့ ထင်ပါတယ်။ DSA ချင်းတူတာတောင် ဘယ်အပတ်စဉ်က ဘယ်လိုရှိတယ်စသဖြင့် ရဲဘော်တွေ ဝေဖန်တာလည်း ရှိပါတယ်။ စောစောက ပြောသလိုပါပဲ ယေဘူယျ မှန်းဆချက်တွေဖြစ်ပါတယ်။ လူတဦးနဲ့တဦးအကြားမှာ လုံးဝဥဿုံ တူညီမှုရှိတယ်ဆိုတာ ဖြစ်မှမဖြစ်နိုင်တာ။ ဒီတော့ ကျနော်တို့အနေနဲ့ ထိတွေ့ဆက်ဆံမှုကို ကျင့်သုံးရာမှာ လူအပေါ်အခြေခံ စဉ်းစားရတာမျိုးလည်း ရှိနိုင်ပါတယ်။
နောက်ပြီး ပညာရေချိန်နဲ့ ရာထူးမာနတက်တယ်ဆိုရာမှာလည်း အတိုင်းအတာရှိပါတယ်။ ကျနော် ဟိုင်းကြီးကျွန်းမှာ တာဝန်ထမ်းဆောင်စဉ်က DSA ကျောင်းဆင်း ရေတပ်ဗိုလ်ကြီးတဦး ပြောဆိုတာကို သတိထားမိပါတယ်။ သူက 'ဆရာဝန်တွေဟာ သူတို့ရထားတဲ့ဘွဲ့မှ လူရာဝင်တယ်ထင်နေပုံရတယ်၊ လူတွေကိုဆက်ဆံတာ အထက်စီးကျ လွန်းတယ်' တဲ့။
ဒါလည်း ပုဂ္ဂိုလ်ရေးကို အခြေခံတဲ့ ခံစားချက်ဖြစ်နိုင်ပါတယ်။ အဲဒီအချိန်က ဟိုင်းကြီးကျွန်းပေါ်မှာ ဆရာဝန် နှစ်ဦးသာ ရှိပါတယ်။ ရွာထဲမှာဆေးခန်းဖွင့်ထားတဲ့ ဆရာဝန်နဲ့ ဆရာဝန်ဘွဲ့ရပြီး တပ်မတော်မှာဝင်ရောက် အမှုထမ်းနေတဲ့ ဆေးတပ်က ဗိုလ်ကြီးတဦး တို့ဖြစ်ပါတယ်။ ကျနော်တို့ရုံးခန်းထဲမှာ ပြောကြဆိုကြတာဆိုတော့ ဒီစကားက ဘယ်မှ ပြန့်နှံ့မသွားခဲ့ပါဘူး။
ပြောလိုက်တဲ့စကားတခွန်းဟာ ပြောသူရဲ့အနေအထားနဲ့ ပြောတဲ့နေရာအပေါ်မူတည်ပြီး သက်ရောက်မှု အတိုင်းအတာ ကျယ်ပြန့်နိုင်ပါတယ်။ 'လျှပ်စစ်မီးမလင်းတာကို ဖယောင်းတိုင်ထွန်းပြီး အစားထိုးဖို့ပြောလိုက် သူနဲ့ လူပုံအလယ် သတင်းသမားတွေကြားမှာ စိတ်လိုက်မာန်ပါ ဆဲရေးလိုက်သူ တို့ရဲ့ ပြောစကားတွေ တမဟုတ်ချင်း ပျံ့နှံ့သွားတာကို ကြည့်ရင်သိနိုင်ပါတယ်။
တပ်မတော်(ကြည်း၊ ရေ၊ လေ) သင်တန်းတခု တက်စဉ် ကြည်းတပ်ရဲဘော်တချို့နဲ့မပြေမလည်ဖြစ်တဲ့ ရေတပ်သားတဦးက 'ကျောက်ဆူးကွ၊ စောက်ရူးမဟုတ်ဘူး' လို့ အဆောင်တွင်းမှာ ဟစ်ကြွေးလိုက်တော့ ကြည်းတပ်ရဲဘော်တဦးကလည်း 'မင်းတို့ကျောက်ဆူးတွေ စစ်မတိုက်ရဲလို့ ရေတပ်ထဲဝင်တဲ့ကောင်တွေ' ဆိုပြီး ပြန်ပြောတဲ့အခါ ကျန်တဲ့ရေတပ်သားတွေ ခေါင်းထောင်ကြည့်ကြပါတယ်။
ဒါကတော့ ရေတပ်သားပြောတာဟာ သူ့ကိုယ်သူတာဝန်ခံတဲ့ သဘောသက်ရောက်ပြီး ကြည်းတပ်သား ပြောလိုက်ပုံက အားလုံးသိမ်းကျုံး ပါဝင်နေတဲ့ သဘောသက်ရောက်နေလို့ပါ။ လူ့သဘာဝကိုက ဒီလိုပဲ ရှိတတ် ပါတယ်။
ဒီလိုပဲ တပ်မတော်နဲ့ပတ်သက်ပြီး ပြောဆိုဝေဖန်တဲ့အခါ ဒေါ်စိန်အေး ခေါင်းတပ်ပြီးပြောမယ်ဆိုရင် ဒေါ်စိန်အေး သားတွေရဲ့ ရင်ထဲမှာ ခံစားချက်ကောင်းမှာ မဟုတ်ပါဘူး။
အာဏာရှင်စနစ်နဲ့ပတ်သက်လာရင်လည်း 'ဦးနေဝင်း၊ ဦးသန်းရွှေ စသဖြင့် လူတဦးချင်းနာမည်တွေနဲ့ပြောဆို ဝေဖန်ရင် ကျနော်တို့ဘာမှ ပြောစရာမရှိပါဘူး။ တပ်မတော်တရပ်လုံးနဲ့ ကိုင်ပြီးပုတ်ခတ်တာကိုတော့ ဘယ်လိုမှ လက်မခံနိုင်ဘူး' ဆိုတဲ့ တပ်မတော်သားတချို့ရဲ့ နှုတ်ဖျားကထွက်ပေါ်လာတဲ့ စကားဟာ သူတို့ရင်ထဲ ဘာရှိနေ တယ်ဆိုတာကို လှစ်ဟဖော်ပြနေသလိုပါပဲ….။
အတွေးအမြင်ချင်း နီးစပ်ဖလှယ် ရှယ်ယာလုပ်နိုင်ကြပါစေ။
နေမင်းသူ
၈-၁၀-၂၀၁၂
--
Posted By Blogger to လူဗိုလ်ဟူသည် ... at 10/08/2012 10:36:00 PM
--
မှော်ဆရာအဖွဲ့ မှ နေ့ စဉ်မေးလ်များ ရယူလိုပါက http://groups.google.com/group/mrsorcerer/subscribe?hl=en ကို နှိပ်ပြီး မန်ဘာဝင်နိုင်ပါသည် ။
မန်ဘာဝင်များ မိမိတို.သိထားသည်များကို မျှဝေလိုပါက mrsorcerer@googlegroups.com သို. မေးလ်ပို.နိုင်ပါသည် ။
မှော်ဆရာအဖွဲ့ မှ နှုတ်ထွက်လိုလျှင် mrsorcerer+unsubscribe@googlegroups.com ကိုနှိပ်ပြီး မေးလ်ပို.ပါ ။
စာလက်ခံလိုသည့်ပုံစံ ပြင်လိုလျှင် http://groups.google.com/group/mrsorcerer?hl=en ကို သွားပါ ။
မှော်ဆရာ အဖွဲ့ ၏ စည်းကမ်းများကို သိလိုလျှင် http://groups.google.com/group/mrsorcerer/browse_thread/thread/af2f4a1d44d4d909?hl=en တွင် ဖတ်ရှုနိုင်ပါသည် ။
Facebook (FB) မှော်ဆရာအဖွဲ့သို့ Mail ပို့လိုလျှင် mrsorcerer2@groups.facebook.com
FB မှော်ဆရာအဖွဲ့သို့ ၀င်ရန် http://www.facebook.com/home.php?sk=group_173571176006981&ap=1
မှော်ဆရာ အဖွဲ့ နှင့်ပက်သက်၍ ဝေဖန်အကြံပြုလိုပါက >>>
ဦးဦး မှော်ဆရာ ( mrsorcerer9@gmail.com, mrsorcerer27@gmail.com ) ထံသို.
ပေးပို.နိုင်ပါသည် ။
ခင်မင်စွာဖြင့်
ဦးဦး မှော်ဆရာ