---------- Forwarded message ----------
From: Blogger <no-reply@blogger.com>
Date: 2012/10/8
Subject: [လူဗိုလ်ဟူသည် ...] နောက်မဆုတ်နဲ့ ကိုသောင်းတင်
To: lubo601@gmail.com
--
Posted By Blogger to လူဗိုလ်ဟူသည် ... at 10/08/2012 10:48:00 PM
From: Blogger <no-reply@blogger.com>
Date: 2012/10/8
Subject: [လူဗိုလ်ဟူသည် ...] နောက်မဆုတ်နဲ့ ကိုသောင်းတင်
To: lubo601@gmail.com
by Messenger News Journal on Monday, October 8, 2012 at 2:51am ·
အသိဥာဏ်ဟူသည်မှာ ကောင်းခြင်းလက္ခဏာပင်ဖြစ်သည်။ (Virtue is knowledge) ဟူသောအယူအဆပေါ်တွင် အခြေပြုထားသည်။ ကောင်းခြင်းလက္ခဏာသည် အသိဥာဏ်ဖြစ်သည်ဟု ယူဆသည်။ (ပလေးတိုး)
မကြာသေးမီကာလက မြန်မာပြည်တွင် ပြည်သူများ အလွန်လိုလားတောင့်တနေကြသော ဆန္ဒများ အတွက် မျှော်လင့်ချက်များ အကောင်အထည်ပေါ်လာတော့မည့် အာရုဏ်ဦးကို မြင်လာရပါသည် ။ ပြည်သူ(သုံးစွဲသူ)တို့အား မိုဘိုင်းလ်ဖုန်း ဆင်းမ်ကတ်(sim card) တွေ အလကားပေးဖို့ကောင်းသည်။ ပထမ မိနစ်နှစ်ရာလောက်ကို အဖိုးအခမဲ့ ပြောခွင့်ရသင့်သည်ဟု ဆွေးနွေးခဲ့သူတစ်ဦး ရက်ပိုင်းအတွင်း ဆက်သွယ်ရေးဒုတိယဝန်ကြီး ဖြစ်လာသည် ။ သည်အချက်ကအမှတ်တမဲ့ တိုက်တိုက်ဆိုင်ဆိုင်မဟုတ် မှတ်မှတ် ရရ တေ့တေ့ဆိုင်ဆိုင် ဖြစ်သည်။ စာနယ်ဇင်းတွေ ကလည်း ခြေမြန်လက်မြန်ပင် " ပြောတဲ့အတိုင်းဖြစ်အောင်လုပ်မှာလား " ဆိုသည့်မေးခွန်း ကို ချက်ချင်း ထုတ်ကြသည်။ ကာယကံရှင်ကလည်း မယုတ်အလွန် ဖြေပုံရသည်။
ရုတ်တရက်ကြည့်လျှင် ဒီဖြစ်စဉ်လေးက ပုဂ္ဂလိကဆန်သည်ဟုထင်မှတ်စရာဖြစ်ပါသည် ။ သို့သော် တကယ်တမ်းတွင် မြန်မာနိုင်ငံတော် ပြုပြင်ပြောင်းလဲရေးဖြစ်စဉ်ကြီးတစ်ခုလုံး၏ သဘောသဘာဝကို မှတ်ကျောက်တင် ထုဆစ်ပေးမည့် အရေးပါသော ရှူထောင့်တစ်ခုအဖြစ် ရှူမြင်မိရပါသည်။
ဆေးဆရာ၏တာဝန်မှာ ဆေးဝါးကုသ စောင့်ရှောက်မှုပေးရန်ပင်ဖြစ်သည် ၊ထိုသို့ကုသစောင့်ရှောက်ပေးနေရသည့် အတွက် ကိုယ့်တွင် ဝေဒနာသည်များထံမှ ရောဂါစွဲကပ်လာမည် ကို စိုးရိမ်နေ၍ မရနိုင်ပေ ။ သိုးထိန်း၏တာဝန်မှာ သိုးများကို အန္တရာယ်မကျရောက်စေရေးအတွက် ကြည့်ရှု့စောက်ရှောက်ရန်ပင် ဖြစ်သည်။ ထိုသို့စောင့်ရှောက်ရသဖြင့် ကြုံတွေ့လာရမည့် မြေခွေး၏ ရန်ကို စိုးရိမ်ထိတ်လန့်နေ၍ မဖြစ်ပေ ။ ထိုနည်းတူစွာ အုပ်ချုပ်သူ ဆိုသည်မှာလည်း ကိုယ်ကျိုးမငဲ့ဘဲ တိုင်းပြည်သားတို့၏အကျိုးကိုသာ အဓိကထား၍ ဆောင်ရွက်ရန်ပင်ဖြစ်သည်။ ထိုသို့ဆောင်ရွက်ရာတွင် ကိုယ်ကျိုးစီးပွားကာကွယ်သူ တို့၏ အန္တရာယ်ကို စိုးရိမ်နေ၍ မဖြစ်နိုင်ပေ ။
တရားမျှတမှု ( Justice ) သည် ပလေးတိုး၏ နိုင်ငံရေးတွေးခေါ်မှုတွင် အဓိကဦးတည်ရည်ရွယ်ချက်ပင် ဖြစ်သည်။ လူတိုင်း လူတိုင်းက မိမိတို့ တာဝန်ကို ပိုမိုကျေပွန်စွာ လုပ်ကိုင်ခြင်းသည် တရားမျှတမှုပင်ဖြစ်သည်။ တရားမျှတသောသူသည် ရေရှည် တွင် စိတ်ချမ်းသာမည့်သူဖြစ်သည်။ မတရားသောသူသည် ရေရှည်တွင်ပဋိပက္ခတွေ့ကြုံ၍ စိတ်ဆင်းရဲရပေမည်ဟု ပလေးတိုး ကဆိုသည်။ တရားမျှတမှုသည် ကျန်းမာခြင်းနှင့်တူ၍ တရားမျှတမှုမရှိခြင်းသည် ရောဂါနှင့်တူလေသည်။ လူတို့၏အလိုရမက်နှင့် စိတ်ဓါတ်တို့ကို ဆင်ခြင်တုံတရားနှင့် ထိန်းချုပ်ရသည့် နည်းတူစွာ နိုင်ငံတော်ကိုလည်း ဆင်ခြင်တုံတရားများ နှင့် ထိန်းချုပ်ပဲ့ကိုင် ရပေမည်။
ယနေ့ကမ္ဘာတွင် နိုင်ငံရေး၊ စီးပွားရေး၊ ပြုပြင်ပြောင်းလဲရေးတို့ ပုံဖော်ရာတွင် ဦးဆောင်အခန်းကဏ္ဍမှတာဝန်ယူ၍ အရွေ့ကိုပုံဖော် ရသော Professional Elite ခေါ်သစ္စာခံစွမ်းအားရှင်များ၏ ကဏ္ဍသည် အရေးပါဆုံးဖြစ်သည်ဟု လက်ခံထားကြရပါသည်။ အသက်ရှင်သန်ရေးအတွက် သဘာဝအတိုင်းပေါက်ရောက်နေသည့် သီးပင်စားပင်တို့ကို လိုက်လံခူးဆွတ် စားသုံးနေရာမှ မြေကိုတူးဆွ၍ သီးနှံပင်များ စိုက်ပျိုးတတ်လာသည့် အဆင့် ၊ တောရိုင်းတိရိစ္ဆာန်များကို လိုက်လံဖမ်းဆီး သတ်ဖြတ်စားသောက်သည့်အဆင့်မှသည် မွေးမြူ၍ အသက်မွေးတတ်လာသောအဆင့်ကို လူ့သမိုင်း၏ ပထမဆုံး တော်လှန်ရေး (စိုက်ပျိုးမွေးမြူရေး တော်လှန်ရေး) ဟုခေါ်သည်။ ဒုတိယ တော်လှန်ရေးဖြစ်သည့် ထုနှင့်ထည်နှင့် ကုန်ထုတ်လုပ်မှု ပြုလုပ်လာနိုင်သည့် စက်မှုတော်လှန်ရေးအပြီးတွင် လူ့သမိုင်းကြောင်းယဉ်ကျေးမှုကို ခုန်ပျံကျော်လွှား အဆင့်မြှင့်တင်ပေးမည့် တော်လှန်ရေးမှာ Professional elite များတို့ပေါ်ထွန်းလာ ခြင်းနှင့် ဦးဆောင်ဖန်တီးသော အရွေ့တော်လှန်ရေးဖြစ်သည်ဟု လက်ခံလာကြပါသည်။ ဤသည်မှာ လူ့ဘောင်သမိုင်း တိုးတက်ဖြစ်ပေါ်မှု၏ တတိယအဆင့် တော်လှန်ရေးဟု တင်စားခေါ်ဝေါ်နေကြသော Professional elite များ ၏ အခန်းကဏ္ဍအရေးပါပုံ ၊ စွမ်းအားထက်ပုံဖြစ်ပါ သည်
သမိုင်းတလျှောက် ပြန်လည်ဆင်ခြင်သုံးသပ်ပါကလည်း တိုင်းပြည်တစ်ခုတွင် သစ္စာခံလူစွမ်းကောင်းများမပါဘဲ ကြီးမားသောအရွေ့တို့ဖြစ်ပေါ်ခဲ့သည် မရှိပါ။ အနော်ရထာမင်းစောသည် ကျန်စစ်သားဦးဆောင်သော သူရဲကောင်းများ၊ ရှင်အရဟံ အစရှိသည့် ဘာသာရေး ဦးဆောင်များ၏ တွန်းအားဖြင့် ယနေ့ ဗုဒ္ဓဘာသာမြန်မာနိုင်ငံတော်ကြီးကို အုတ်မြစ်ချခဲ့သည်။ ထို့အတူ လွတ်လပ်ရေး၊ သမိုင်း ကြောင်းတွင်လည်း ဗိုလ်ချုပ်အောင်ဆန်း၏ ဦးဆောင်မှုနှင့်အတူ သခင်ကိုယ်တော်မှိုင်း၊ သခင်မြ၊ ရဲဘော်သုံးကျိပ် အစရှိ သော နိုင်ငံတော်၏ သစ္စာခံစွမ်းအားရှင်တို့၏ တွန်းအားတွေ အများကြီးပါခဲ့သည်။ ယနေ့ပြည်သူ၏ အာဏာပိုင်စိုးမှုကိုတည်ဆောက်နေသည့် အခါသမယတွင် ပြည်သူ့သစ္စာခံယူသော စွမ်းအားရှင် လူစွမ်းကောင်းတို့ အနေဖြင့် ပြည်သူအတွက် ပြည်သူ့ဘက်မှ တောက်တောက်ခါးခါး ပြတ်ပြတ် သားသား ရပ်တည်ကြရမည့် အချိန်ရောက်ပါပြီ။ မပြတ်မသားစိတ် ၊ မကွဲမပြားစိတ်များဖြင့် ဖြစ်ပါ့မလားဟု နှောင့်နှေးနေရမည့်အချိန် မဟုတ်တော့ပါ ၊ မယုံ့တယုံ မရဲတရဲနှင့် ခန့်တိုး မှန်းတိုး သွေးတိုးစမ်းနေရမည့် အချိန်မဟုတ်တော့ပါ၊ ပြည်သူများအတွက် ရပ်တည်ပေးမည့်သူများကို ပြည်သူတွေက အားကိုးကြပါသည်။ ပြည်သူများအတွက် ရပ်တည်ပေးမည့်သူများကို ပြည်သူတွေက ယုံကြည်ကြပါသည်။ ပြည်သူများအတွက် ရပ်တည်ပေးမည့်သူများကို ပြည်သူတွေက နောက်ကနေမားမား မတ်မတ် ရပ်တည်ပေးကြပါမည်။ နောက်မတွန့် မကြောက်မရွံ့ မိမိယုံကြည်ချက်ကို ပြတ်ပြတ်သားသား ပုံဖော်ရန်သာရှိပါ သည်။
အာဏာရှင်ခေတ်လွန် လူ့အဖွဲ့အစည်း၏ ပြုပြင်ပြောင်းလဲမှုများ ပြုလုပ်ရာတွင် ချက်ချင်းလက်ငင်းပြောင်းလဲမှုများရှိ သလို အချိန်ယူပြောင်းလဲရမှုများလည်း ရှိပါသည်။ အဆိုပါ အပြောင်းအလဲ နှစ်မျိုးစလုံးကို တပြိုင်တည်း ဟန်ချက်ညီ ပုံဖော်ရပါသည်။ ထိုသို့ ပုံဖော်ရာတွင် ချက်ချင်းပြောင်းလဲမှုများဖြစ်သော Private capital နှင့် Public capital များပြန်လည် ပုံဖော်ရာ လုပ်ငန်းစဉ်တို့တွင် အထက်ဖော်ပြပါ Professional elite ခေါ်ပြည်သူ့သစ္စာခံ စွမ်းအားရှင်တို့က ဦးဆောင်အရွေ့ ဖန်တီးရှင်များဖြစ်သလို သူတို့၏ လုပ်ဆောင်ရမည့်လုပ်ငန်းစဉ်များထိရောက်အောင် ပြည်သူ့ရေးရာ မူဝါဒ Public policy ကိုချမှတ်ပုံဖော်ခြင်း များကိုလည်း အမြန်လုပ်ဆောင်ရမည်ဖြစ်ပါသည်။
တယ်လီဖုန်း (mobile phone ) ဆင်းမ်ကတ်တစ်ကတ်ကို အလကားပဲ ပေးပေး၊ ၅၀၀၀ ကျပ်နဲ့ပဲရောင်းရောင်း ထိုကိစ္စမှာ အမြန်ဆုံး ဖြစ်ကိုဖြစ်သင့်သည့်ကိစ္စဖြစ်ပါသည် ။ ပြည်သူများအတွက် အကျိုးကျေးဇူးဖြစ်စေမည့် ၀န်ဆောင်မှုအတွက်ကုန်ကျစာရိတ် အနည်းဆုံး ဖြစ်ရေးလုပ်ငန်းစဉ်ကို ဖော်ဆောင်ရာမှာ လွတ်လပ်သော ယှဉ်ပြိုင်မှု ထွန်းကားသည့် ဈေးကွက်တစ်ခု ပေါ်ပေါက်စေရေးကို အမြန်ဆုံးတကာ့ အမြန်ဆုံး အကောင်အထည်ဖော်ရမည်သာ ဖြစ်ပါသည်။ အလွန်ရိုးရှင်း သလောက် သိမ်မွေ့သည့်လုပ်ငန်းစဉ် ဖြစ်လာပါလိမ့်မည်။ ဆင်းမ်ကတ် တစ်ကတ်ကိုတရားဝင် ၁၅ သိန်း၊ ပြင်ပဈေး သိန်း ၄၀ အထိပေးခဲ့ရခြင်းမှာ မြန်မာ့ ဆက်သွယ်ရေးလုပ်ငန်းက လက်ဝါးကြီးအုပ် လုပ်ကိုင်ခဲ့သော စနစ် ကြောင့် ဖြစ်ရပါသည်။ ထိုလက်ဝါးကြီးအုပ်စနစ်ကို မည်သူတွေကြိုးကိုင်၍ မည်သူတွေ တစ်ဝကြီး နှစ်ဝကြီးခံစားသွားသည် ဆိုသည်မှာ အများသိပြီးဖြစ်၍ မပြောလိုတော့ပါ ။ တစ်ဦးတစ်ယောက် တစ်ဖွဲ့၏ အကျိုးစီးပွားအတွက် ပြည်သူအများ၏ ရပိုင်ခွင့်ကို ချုပ်ကိုင်ဟန့်တားမှုများကို ယခုအခါတွင် အမြန်ဆုံး ပြုပြင် ပြောင်းလဲသင့်လှပြီဖြစ်ပါသည် ။ ထိုလက်ဝါးကြီးအုပ် ချုပ်ကိုင်စနစ်မှ လွတ်လပ်စွာယှဉ်ပြိုင်မှုပုံစံဖြစ်အောင် ပြောင်းလဲခြင်းသည် ရိုးရှင်းလှသော်လည်း Crony များ၏ အဆီးအတား အခက်အခဲတွေများစွာကို ဖြတ်ကျော်ရမှာ သေချာသည်။ အခွင့်ထူးဆိုသည်မှာ တစ်ခါရရှိခံစားဖူးသူများအဖို့ လွယ်လွယ်စွန့်လွှတ်လိုကြသည် မဟုတ်ပါ။ တစ်ရက်ပဲခံစားရသည်ဖြစ်စေ၊ အချိန်ကာလအနည်းငယ်သာ ခံစားရတော့မည်ဖြစ်စေ ခံစားရဖို့ အပြင်းအထန် အားထုတ်ကြမည်သာဖြစ်ပါသည် ။ ထိုသူတို့သည်ကား နောက်ဆုံးအချိန်အထိ ဆက်၍ ပြည်သူတို့၏ ဂုတ်သွေးကို စုပ်ယူရန်ကြိုးစားနေကြဦးမည်သာဖြစ်ပါသည် ။
ယခုအခါ ပြောင်းအလဲတွေ ဖန်တီးဖို့မှာ ဆက်သွယ်ရေးလုပ်ငန်း တစ်ခုတည်းမဟုတ်တော့ မြန်မာ့လူ့အဖွဲ့အစည်း တစ်ခုလုံး နှင့်သက်ဆိုင်တော့သည်။ ပြုပြင်ပြောင်းလဲရေး သီအိုရီတို့ အလိုအရ အခွင့် ထူးခံများဗဟိုပြုလူ့ အဖွဲ့အစည်း အသွင်သဏ္ဍာန် (Opportunity based community) မှသည် လူသားတို့၏ကျင့်ဝတ်သိက္ခာနှင့်ယုံ ကြည် ကိုးစားနိုင်စွမ်း အပေါ်ဗဟိုပြုသော လူ့အဖွဲ့အစည်းအသွင်သဏ္ဍာန် (Trust based community) သို့ကူးပြောင်းရပါလိမ့်မည်။ ထိုသို့ကူးပြောင်းရေးတွင် (Professional elite) ခေါ်သောစွမ်းအားရှင်ကလေးတစ်စု၏ ပါဝါနှင့်မလုံလောက်တော့ဘဲ နိုင်ငံသားအားလုံးပါဝင်သော ဒီမိုကရက်တစ် လူ့အဖွဲ့အစည်းသို့ ကူးပြောင်းလိုသည့်အင်အားစုကြီး တစ်ခုလုံး၏ တစ်ခဲနက် တွန်းအားပါလိုလာတော့သည်။ ထိုတွန်းအားကြီးသည် အခွင့်ထူးခံသမားများ၏ ပုံစံအမျိုးမျိုးအရေခြုံလျှက် ဆန့်ကျင်ဟန့်တား ပိတ်ဆို့မှု ချုပ်ကိုင်မှုများကို ကျော်နင်းနိုင် သည့်အခြေအနေ (Trust Equilibrium) အထိရောက်ရှိအောင် တွန်းရွှေ့နိုင်မှသာ တည်ငြိမ်သော လူ့အဖွဲ့အစည်းသစ်တစ်ခု ပေါ်ထွန်း လာပါလိမ့်မည်။
တယ်လီဖုန်း (mobile phone ) ဆင်းမ်ကတ်များ ပြည်သူ့လက်ဝယ်သို့ အခမဲ့ ဖြန့်ဝေနိုင်ရေး၏ နောက်ကွယ် တွင် လွတ်လပ်စွာယှဉ်ပြိုင်သော ဈေးကွက်ဖြစ်ပေါ်ရေးနှင့် ထိုသို့ဖြစ်ပေါ်စေမည့် မူဝါဒချမှတ်ပုံဖော်ခြင်းအား နောက်ပြန်ဆွဲ နေသော အဟန့်အတား အဆီးအတားများကို ပြည်သူအများ၊ ပြည်သူအစိုးရနှင့် ပြည်သူ့ကိုယ်စားလှယ်များ ပြက်ပြက်ထင်ထင်ရှူမြင်ကြစေချင်ပါသည်။ ပြတ်ပြတ်သားသား ထောက်ကန်ရပ်တည် ပေးကြစေလိုပါသည်။ လိုအပ်သော ဘက်စုံပံ့ပိုးမှုများ (Enforcement)ဖြင့် ၀ိုင်းကြ၀န်းကြ တွန်းရွှေ့ကြစေလိုပါသည် ။ "မင်းတို့ကို တာဝန်ပေးလိုက် ပြီပဲ လုပ်ပြတော့လေ " ဆိုသည့် မျက်နှာလွှဲ ခဲပစ် တာဝန်မဲ့မှုများဖြင့် မြန်မြန်ဆန်ဆန် ရွေ့နိုင်မည်မဟုတ်ပါ ။
ဘယ်အရာဘာပဲဆိုဆို အခရာအကျဆုံးကတော့ ကာယကံရှင်တွေသာဖြစ်ကြပါလိမ့်မည် ၊ ပြည်သူတွေက ယုံကြည် ကိုးစား၍ တာဝန်ပေးလိုက်ပါပြီ။ မိမိယုံကြည်သည့်အတိုင်း ပြည်သူကိုနင်းချေ၍ ကိုယ်ကျိုးရှာသူ မည်သူမည်ဝါ တစ်ဦး တစ်ယောက်တစ်ဖွဲ့ကို မထောက်မညှာမငဲ့မကွက်ဘဲ ပြည်သူ့တစ်မျက်နှာ ထဲကိုကြည့်ပြီး ရဲရဲဝံ့ဝံ့ ပုံဖော်ရန်သာ ရှိပါတော့ သည်။ (Trust based) လူ့အဖွဲ့အစည်းတွင် ရာထူးတစ်ခု၊ တာဝန်တစ်ခု ပေးအပ်ခံရခြင်းသည် ကိုယ်ကျိုးစီးပွား လုပ်စားဖို့အခွင့်အရေးများ ဖန်တီးနိုင်ဖို့ မဟုတ်ပါ ။ မိမိနှင့်မိမိအသိုင်းအဝိုင်း၏ ပုဂ္ဂလိက အကျိုးစီးပွားမြှင့်တင်ရေးထက် ပြည်သူတို့၏ ယုံကြည်လေးစားမှု၊ ချစ်ခင်မှုနှင့် သမိုင်းမှတ်ကျောက်တင်ခံရမည့် ဂုဏ်သိက္ခာတည်ဆောက်ရေးအတွက်သာ ဖြစ်ပါသည် ။ မိမိကိုယ်ကျိုးမဖက်သဖြင့် ဘာကိုမှမက်မောနေရန်မလို ၊ တွန့်ဆုတ် နေစရာမလို။ ယုံကြည်ချက် အပြည့်ဖြင့်သာ မိမိတို့ တန်ဖိုးထားရာဖြစ်သော လူ့ဘောင်အဖွဲ့အစည်းဆီသို့ ချီလေရာဝယ် အရေးပါသော ကဏ္ဍ မှပါဝင်ခွင့် ရသည့် အခွင့်အရေးကို ဂုဏ်ယူစွာအသုံးချရင်း ရဲရဲ တောက်ဦးဆောင်ရန်သာ ရှိပါတော့၏။
အထက်တွင်တင်ပြခဲ့သလို အာဏာရှိသူ၏ အရိပ်ကိုခို၍ ကိုယ်ကျိုးရှာကြသော စရိုက်ပျက် စီးပွားရေးသမားများ ကလည်း နောက်ဆုံးအချိန်ထိ ကျားကုတ်ကျားခဲ့ ကိုယ်ကျိုးစီးပွားကာကွယ်ကြပါလိမ့်မည် ။ အခက်အခဲတွေ၊ အတားအဆီးတွေ၊ အတိုက်အခိုက်တွေ ပုံစံအမျိုးမျိုးနှင့် ပေါ်ပေါက်လာနိုင်ပါလိမ့်မည်။ နောက်ဆုံး စကားပြောရပါလျှင်တော့ တစ်ဗိုလ်ကျတစ်ဗိုလ်တက်စနစ်နဲ့ပဲ ချီတက်ရချီတက်ရ မိမိယုံကြည်ချက်နှင့်တန်ဖိုးထား စံတွေကိုအရင်းတည်ပြီး ပြည်သူ့တစ်မျက်နှာထဲကိုကြည့်၍ ဦးဆောင်ပုံဖော်ကြပါလျှင်တော့ ကြွေလည်းမွှေး၊ ဝေလည်းမွှေး ဆိုသည့်နှယ် ပြည်သူ့သြဘာသံ တို့၏ မိုးလုံးဟိန်းညံ ရိုက်ခတ်သံတွေနှင့် သမိုင်းတွင် ထင်ကျန်ရစ်ပါတော့မည်။
ဇာတ်လမ်းအစ ဆင်းမ်ကတ်ကနေ ပြန်အဆုံးသတ်ရပါစေ။ ဆင်းမ်ကတ်တွေအလကားရသင့်သည်ဟု ဆိုခဲ့သူ ဦးသောင်းတင် (၃)ရက်အတွင်း ထိုအဆိုအပြောကို လက်တွေ့ပုံဖော်ဖို့ တာဝန်ရှိသည့်နေရာကို လက်ခံလိုက်ရသည်။ မေးခွန်း ထုတ်သူတို့က လည်း တကယ်လုပ်မှာလားလို့ မေးလိုက်ကြသည်။ ဆရာဦးသောင်းတင်အနေဖြင့် ထိုမေးခွန်းကို ရဲရဲကြီးဖြေစေလိုပါသည်။ ပြည်သူအပေါင်းကလည်း ဦးသောင်းတင်နောက်မှ ရဲရဲကြီးရပ်တည်ပေးလိုနေကြပါပြီ ။
ဦးသောင်းတင်သည် ဒုဝန်ကြီးအဖြစ် ခန့်အပ်ခြင်းကို ခံယူသည့် အခမ်းအနားတွင် အောက်ပါ ကတိသစ္စာစကားများကို ရင်မှလာသော စကားလုံးတို့ဖြင့် အလေးအနက်ရွတ်ဆိုခဲ့ပါလိမ့်မည် ။
"ကျွန်ုပ်သည် ….. ဒုတိယ၀န်ကြီးအဖြစ် ခန့်အပ်ခံရပြီးဖြစ်သဖြင့် နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံဥပဒေကိုထိန်းသိမ်းကာ ကွယ်စောင့်ရှောက်ပြီး နိုင်ငံတော်၏ဥပဒေများကိုလည်း လိုက်နာပါမည် ၊ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်နှင့် နိုင်ငံသား များအပေါ် သစ္စာစောင့်သိရိုသေပါမည်။ ပြည်ထောင်စုမပြိုကွဲရေး၊ တိုင်းရင်းသားစည်းလုံးညီညွတ်မှုမပြိုကွဲရေး အချုပ်အခြာ အာဏာတည်တံ့ခိုင်မြဲရေးတို့ကို ထာဝစဉ်ဦးထိပ်ပန်ဆင် ဆောင်ရွက်ပါမည်။ ထို့အပြင် ယခုကျွန်ုပ်ထမ်းဆောင်မည်ဖြစ်သော တာဝန်ဝတ္တရားများကို ဖြောင့်မတ်မှန်ကန်စွာ ဆောင်ရွက်မည်ဟု လေးနက်တည်ကြည်စွာ ကတိသစ္စာပြုပါသည်။ "
ဒုဝန်ကြီးဟူသည်မှာ အစိုးရအဖွဲ့ဝင်ဖြစ်ပါသည် ။ အစိုးရအဖွဲ့ဟူသည် အုပ်ချုပ်ရေးစနစ်အရ တိုင်းပြည်အတွက် ပြည်သူတို့၏ အကျိုးစီးပွားအတွက် နေ့စဉ်လုပ်ငန်းဆောင်တာများကို နိုင်ငံတော်သမ္မတ အား တာဝန်ခံ၍ အကောင်အထည်ဖော် လုပ်ဆောင်ရသည့် အဖွဲ့အစည်းဖြစ်ပါသည်။ ယင်းအဖွဲ့အစည်းမှအဖွဲ့ဝင် များအားလုံး၏ ကျိန်ဆိုရ သောစကားစုမှာ ပြည်သူသန်း( ၆၀ )၏ ယုံကြည်မှုနှင့်ယင်းတို့၏ ကိုယ်စားထမ်းရွက်ရန်အတွက်နှုတ်မြွက်သစ္စာပြုခြင်း ဖြစ်သည်။ ဆရာဦးသောင်းတင်သည် ပြည်သူတွေအတွက် တယ်လီဖုန်း (mobile phone ) ဆင်းမ်ကတ်တွေ အလကားရသင့်သည်ဟု ဆိုခဲ့သူဖြစ်ပါသည် ။ ထိုသို့ဆို၍ ဒုဝန်ကြီးအဖြစ်ခန့်အပ်ခံခဲ့ရသူတစ်ယောက်သည် ဒုဝန်ကြီးဖြစ်ကာမှ ခေါင်းပေါင်းပိ၍ ၊ ကုလားထိုင် ဖင်မှာကပ်နေ၍ ၊ အထက်ဝန်ကြီးကိုအားနာ၍ စသည်တို့ဖြင့်တော့ ပြည်သူကိုပေးခဲ့သော မျှော်လင့်ချက်ကလေးကို အကောင်အထည်ဖော်ရန် မေ့လျော့မနေစေလိုပါ ။ အတိုက်အခိုက်များကို ကြောက်ရွံ့နောက်တွန့်၍လည်း အကောင်အထည်ဖော်ရန်နှောင့်နှေးမနေစေလိုပါ ။ ပြည်သူတို့၏ အိပ်မက်များ အမှန်တကယ်ဖြစ်လာစေရန် ဆရာ၏ ပညာစွမ်း ၊ ဆရာ၏ လုပ်ဆောင်နိုင်စွမ်းတို့ဖြင့် အမြန်ဆုံးအကောင်အထည်ဖော်ရန် နေ့မအား ညမနား ကြိုးပမ်းအားထုတ်ပါရန် လေးစားစွာဖြင့် သတိပေး ၊ တိုက်တွန်း ၊ အားပေးလိုက်ချင်ပါသည် ။
̏ နောက်မဆုတ်နဲ့ ကိုသောင်းတင်˝ ရေ့ ။ ။
စာကြွင်း ။ ။ နောက်မဆုတ်နဲ့ ကိုသောင်းတင် ဟူသောခေါင်းစဉ်တွင် ကိုယ့်ထက် ပညာ ၊ ၀ါ ၊ သမ္ဘာကြီးသော ဆရာ ဦးသောင်းတင်အား ကိုသောင်းတင် ဟု သုံးစွဲလိုက်ခြင်းအတွက် မရိုမသေပြုခြင်းမဟုတ်ကြောင်း အထူးပင် တောင်းပန်အပ်ပါသည် ၊ မြန်မာဗီဒိယိုဇာတ်လမ်းတစ်ခုတွင် နောက်မဆုတ်နဲ့ ကိုကံချွန် ဟူသော ခေါင်းစဉ်မှာ အလွန်ပင် လူသိများခဲ့သော အမည်နာမ တစ်ခုဖြစ်ခဲ့ပါသဖြင့် ပြည်သူအများ အလွယ်မှတ်ယူနိုင်စေရန် ကိုသောင်းတင် ဟု သုံးစွဲလိုက်ရခြင်းအား ခွင့်လွှတ်ပေးပါရန် လေးစားအပ်သော ဆရာ ဦးသောင်းတင်အား အထူးတလည် ဂါရ၀ ဖြင့် ကြိုတင်တောင်းပန်အပ်ပါသည် ။
ထင်လင်းဦး(wisdom villa)
--
Posted By Blogger to လူဗိုလ်ဟူသည် ... at 10/08/2012 10:48:00 PM
--
မှော်ဆရာအဖွဲ့ မှ နေ့ စဉ်မေးလ်များ ရယူလိုပါက http://groups.google.com/group/mrsorcerer/subscribe?hl=en ကို နှိပ်ပြီး မန်ဘာဝင်နိုင်ပါသည် ။
မန်ဘာဝင်များ မိမိတို.သိထားသည်များကို မျှဝေလိုပါက mrsorcerer@googlegroups.com သို. မေးလ်ပို.နိုင်ပါသည် ။
မှော်ဆရာအဖွဲ့ မှ နှုတ်ထွက်လိုလျှင် mrsorcerer+unsubscribe@googlegroups.com ကိုနှိပ်ပြီး မေးလ်ပို.ပါ ။
စာလက်ခံလိုသည့်ပုံစံ ပြင်လိုလျှင် http://groups.google.com/group/mrsorcerer?hl=en ကို သွားပါ ။
မှော်ဆရာ အဖွဲ့ ၏ စည်းကမ်းများကို သိလိုလျှင် http://groups.google.com/group/mrsorcerer/browse_thread/thread/af2f4a1d44d4d909?hl=en တွင် ဖတ်ရှုနိုင်ပါသည် ။
Facebook (FB) မှော်ဆရာအဖွဲ့သို့ Mail ပို့လိုလျှင် mrsorcerer2@groups.facebook.com
FB မှော်ဆရာအဖွဲ့သို့ ၀င်ရန် http://www.facebook.com/home.php?sk=group_173571176006981&ap=1
မှော်ဆရာ အဖွဲ့ နှင့်ပက်သက်၍ ဝေဖန်အကြံပြုလိုပါက >>>
ဦးဦး မှော်ဆရာ ( mrsorcerer9@gmail.com, mrsorcerer27@gmail.com ) ထံသို.
ပေးပို.နိုင်ပါသည် ။
ခင်မင်စွာဖြင့်
ဦးဦး မှော်ဆရာ