[mrsorcerer:33501] ဘင်္ဂလားဒေ့ရှ် ဝန်ကြီးချူပ် ဗုဒ္ဓဘာသာ ခေါင်းဆောင်တွေကို တွေ့ဆုံ

အောက်တိုဘာ၊ ၆၊ ၂၀၁၂

Source: BBC မြန်မာပိုင်း

တနင်္လာနေ့မှာ ရာမူးနဲ့ ကော့စ်ဘဇား တို့ကို ကိုယ်တိုင် သွားရောက်ပြီး ကြည့်ရှုမယ်

ဘင်္ဂလားဒေ့ရှ် နိုင်ငံမှာ ဖြစ်ပေါ် ခဲ့တဲ့ ဗုဒ္ဓဘာသာ ဘုန်းတော်ကြီး ကျောင်းတွေ တိုက်ခိုက် ခံရမူနဲ့ ပတ်သက်ပြီး ဝန်ကြီးချူပ် ရှိတ်ခ် ဟာဆီနာက ဗုဒ္ဓဘာသာ ခေါင်းဆောင် တွေကို စနေနေ့က ဝန်ကြီးချူပ် ရုံးခန်းကို ဖိတ်ခေါ်ပြီး တွေ့ဆုံ ခဲ့ပါတယ်။

တနာရီလောက် ကြာတဲ့ ဒီတွေ့ဆုံပွဲမှာ ဝန်ကြီးချူပ် ရှိတ်ခ်ဟာဆီနာက အကြမ်းဖက် သူတွေကို ဖမ်းဆီးပြီး တရား ဥပဒေနဲ့ အညီ အရေးယူ ဆောင်ရွက်မှာ ဖြစ်ကြောင်းနဲ့ ဘုန်းတော်ကြီး ကျောင်းတွေကို ပြန်လည် တည်ဆောက်ပေးမှာ ဖြစ်သလို နစ်နာ သူတွေကိုလည်း လျော်ကြေး ပေးမယ်လို့ ကတိပြု ပြောကြား ခဲ့တယ်လို့၊ တွေ့ဆုံပွဲကို တက်ရောက် ခဲ့သူ မာရမာကြီး ရှေ့နေ ဘီပလော့ ဘရဝါက ဘီဘီစီကို ပြောပြ ပါတယ်။

ဝန်ကြီးချူပ်ဟာ လာမယ့် တနင်္လာနေ့မှာ အကြမ်းဖက် မီးရှို့တိုက်ခိုက် ခံခဲ့ ရတဲ့ ရာမူးနဲ့ ကော့စ်ဘဇား တို့ကို ကိုယ်တိုင် သွားရောက်ပြီး ကြည့်ရှုမှာ ဖြစ်သလို ဘာသာရေး ခေါင်းဆောင်တွေနဲ့ လည်း အဲဒီမှာ တွေ့ဆုံမှာ ဖြစ်ပါတယ်။

အခုအခါ ဒီအရေး ကိစ္စကြောင့် ဘင်္ဂလားဒေ့ရှ် နိုင်ငံရဲ့ ဂုဏ်သိက္ခာကို ကျဆင်း စေခဲ့တာကြောင့် အာဏာပိုင်တွေဟာ အရေးယူမူတွေ အကြီး အကျယ် ပြုလုပ်နေ ပါတယ်။

စနေနေ့က ထုတ်ပြန်တဲ့ သတင်းတွေ အရ လူပေါင်း ၂၅၀ဝ လောက်ကို ရဲက တရားစွဲဆို ထားပြီး၊ ဖမ်းဆီးထားသူ ၂၀ဝ ကျော်ကိုလည်း စစ်ဆေး မေးမြန်း နေတယ်လို့ သိရပါတယ်။

--
မှော်ဆရာအဖွဲ့ မှ နေ့ စဉ်မေးလ်များ ရယူလိုပါက http://groups.google.com/group/mrsorcerer/subscribe?hl=en ကို နှိပ်ပြီး မန်ဘာဝင်နိုင်ပါသည် ။
မန်ဘာဝင်များ မိမိတို.သိထားသည်များကို မျှဝေလိုပါက mrsorcerer@googlegroups.com သို. မေးလ်ပို.နိုင်ပါသည် ။
မှော်ဆရာအဖွဲ့ မှ နှုတ်ထွက်လိုလျှင် mrsorcerer+unsubscribe@googlegroups.com ကိုနှိပ်ပြီး မေးလ်ပို.ပါ ။
စာလက်ခံလိုသည့်ပုံစံ ပြင်လိုလျှင် http://groups.google.com/group/mrsorcerer?hl=en ကို သွားပါ ။
မှော်ဆရာ အဖွဲ့ ၏ စည်းကမ်းများကို သိလိုလျှင် http://groups.google.com/group/mrsorcerer/browse_thread/thread/af2f4a1d44d4d909?hl=en တွင် ဖတ်ရှုနိုင်ပါသည် ။
 
Facebook (FB) မှော်ဆရာအဖွဲ့သို့ Mail ပို့လိုလျှင် mrsorcerer2@groups.facebook.com
FB မှော်ဆရာအဖွဲ့သို့ ၀င်ရန် http://www.facebook.com/home.php?sk=group_173571176006981&ap=1
 
မှော်ဆရာ အဖွဲ့ နှင့်ပက်သက်၍ ဝေဖန်အကြံပြုလိုပါက >>>
ဦးဦး မှော်ဆရာ ( mrsorcerer9@gmail.com, mrsorcerer27@gmail.com ) ထံသို.
ပေးပို.နိုင်ပါသည် ။
 
ခင်မင်စွာဖြင့်
ဦးဦး မှော်ဆရာ