မျောနေတဲ့ … မြို့ ကမာပုလဲ နိုဝင်ဘာ ၁၄၊ ၂၀၁၂ အရိပ်ပြင်းပြင်း တခွက် သောက်ချင်ပါတယ် ဆည်းဆာရီမှာ ကျောက်ပေါက်ခွက်ထဲ လမင်းသာလို့ လမ်းတွေ လမ်းလျှောက်နေပုံက သေလုမျောပါး တံတားတွေ မအိပ်အောင် မျက်ခုံးနဲ့ထောက်ထားရတယ် ဒဏ်ရာတွေနဲ့ ရောင်စုံပြက်လုံးတွေနဲ့ မြွေပွေးကို လည်ပင်းပတ်ထားတဲ့ အပြုံးတွေနဲ့ မနက်ဖြန်ကို ဖြတ်ကြမယ်တဲ့ … လှည်းကျိုးကြီးရဲ့ ထမ်းပိုးမှာ နံ့သာပါရီရေမွှေးတွေနဲ့ စိဉ္စမာနကြီး အတောင်ပေါက် ကြယ်မပွင့်တဲ့ မိုးကောင်းကင်ကနေ ခုန်ချလာမယ် …။ လက်ဘက်ရည်တွေ ဈေးမကျခင် အဲဒီကဗျာ နိုင်ငံတကာလှည့်တယ် လက်မှတ်ကို ဒူးခေါင်းနဲ့လိုက်ထိုးနေတဲ့ သူရဲကောင်းကြီးများ မကြောက်ဘူးပြောနေတဲ့ သွေးပျက်ဖွယ်ထုပ္ပတ် သူ့ခြေ ယိုင်နေပုံက သိုးတွေကတောင် သနား … သားသတ်ရုံဝမှာ ပရိတ်တရားတွေ … မေတ္တာသုတ်တွေ … [...]

Read more of this post