သစ်ထူးလွင်

သစ်ထူးလွင်


ဒေါ်အောင်ဆန်းစုကြည် ဂန္ဒီ နဲ့ နေရူး တို့ ရဲ့ ဂူဗီမာန်ကို သွားရောက်ဂါရ၀ပြု (ရုပ်/သံ)

Posted: 14 Nov 2012 06:31 AM PST

အိန္ဒိယ နိုင်ငံကို ရောက်နေတဲ့ မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် အိန္ဒိယနိုင်ငံ ခေါင်းဆောင်ကြီးတွေ ဖြစ်ကြတဲ့ ဂန္ဒီ နဲ့ နေရူး တို့ ရဲ့ ဂူဗီမာန်ကို သွားရောက် ဂါရ၀ပြူ ခဲ့ပါတယ်။ ကိုသက် သတင်းပေးပို့ ထားပါတယ်။ DVB TV News

ရုပ်/သံ ကြည့်ရှုရန် ဒီနေရာကို နှိပ်ပါ



Photo :: AFP


ဒေါ်အောင်ဆန်းစုကြည် နဲ့ အိန္ဒိယ၀န်ကြီးချုပ် မန်မိုဟန်ဆင်း တို့ တွေ့ဆုံ (ရုပ်/သံ)

Posted: 14 Nov 2012 06:31 AM PST

မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် နဲ့ အိန္ဒိယ ၀န်ကြီးချုပ် မန်မိုဟန်ဆင်း တို့ တွေ့ဆုံတဲ့ သတင်းကို ခွန်ဘသာ တင်ဆက်ထားပါတယ်။ DVB TV News

ရုပ်/သံ ကြည့်ရှုရန် ဒီနေရာကို နှိပ်ပါ




နိုဝင်ဘာ (၁၅) ရက်နေ့ ထုတ် 7Day News ဂျာနယ် အတွဲ ၁၁၊ အမှတ် ၃၆

Posted: 14 Nov 2012 05:55 AM PST

နိုဝင်ဘာ (၁၅) ရက်နေ့ ထုတ် 7Day News ဂျာနယ် အတွဲ ၁၁၊ အမှတ် ၃၆

ဂျာနယ် ဖတ်ရှုရန် ဒီနေရာကို နှိပ်ပါ





နိုဝင်ဘာ (၁၃) ရက်နေ့ ထုတ် မဇ္ဈိမဂျာနယ် အတွဲ (၁)၊ အမှတ် (၈)၊

Posted: 14 Nov 2012 05:53 AM PST

နိုဝင်ဘာ (၁၃) ရက်နေ့ ထုတ်  မဇ္ဈိမဂျာနယ် အတွဲ (၁)၊ အမှတ် (၈)၊

ဂျာနယ် ဖတ်ရှုရန် ဒီနေရာကို နှိပ်ပါ




ဘက်စ်ကားစီးခရီးသည်များ သတိထားသင့်

Posted: 14 Nov 2012 05:37 AM PST

ယနေ့ နေ့လည် တစ်နာရီ ၀န်းကျင်ခန့်တွင် သာကေတမှ မြို့တွင်းသို့ ပြေးဆွဲသော ၃၅ မီနီဘတ်စ် တစ်စီးပေါ်တွင် ခရီးသည် တစ်ဦး၏ ပိုက်ဆံအိတ် ပျောက်ဆုံးခဲ့သည့် အတွက် ယာဉ်အား အနီးဆုံးဖြစ်သော လသာရဲစခန်းသို့ မောင်းနှင်ကာ စစ်ဆေးမှု ပြုလုပ်ခဲ့ရသည်။

" လမ်းမှာဆင်းတာက အများကြီးပဲလေ။ ဘယ်အချိန် ကပျောက်နေ မှန်းလည်း မသိဘူး။ ဒါပေမယ့် ကျွန်တော်တို့ကတော့ တာဝန်အရ စခန်းပဲမောင်းရတာပဲ" ဟု ၄င်းကားမှ ယာဉ်နောက်လိုက်က ပြောသည်။ ယခုကဲ့သို့ ဘက်စ်ကားပေါ်တွင် အလစ်သုတ် ခါးပိုက်နှိုက်မှုများ မကြာခဏ ကြုံတွေ့ ရသဖြင့် သတိပြုရန် သတိပေးစာများ ကပ်ထားသော်လည်း ခရီးသည်များ အနေဖြင့် ဂရုစိုက်မှုအားနည်း ကြောင်း၊ အထူးသဖြင့် လကုန်ရက်များ တွင် ပို၍ အဖြစ်များပြီး ခါးပိုက်နှိုက်များမှ လူကျပ်တတ်သည့် ယာဉ်လိုင်းများ
ပေါ်တွင် အများဆုံး ကျင်လည်ကျက်စား တတ်ကြကြောင်း သိရသည်။

သတင်း၊ ဓါတ်ပုံ - AKS
Popular Myanmar News Journal




ဝန်ကြီးဌာန ၁၅ ခု၏ ငွေကြေးအလွဲသုံးမှု စာရင်းစစ်ချုပ် လွှတ်တော်ကိုတင်ပြ

Posted: 14 Nov 2012 05:10 AM PST

ပြည်ထောင်စုအဆင့် ၀န်ကြီးဌာန ၁၅ ခုမှာ ဖြစ်ပေါ်ခဲ့တဲ့ ငွေကြေး အလွဲသုံးမှုတွေနဲ့ ပတ်သက်တဲ့ စစ်ဆေးတွေ့ရှိ ချက်တွေကို ပြည်ထောင်စု စာရင်းစစ်ချုပ်က ပြည်ထောင်စု လွှတ်တော်ကို တင်ပြပါတယ်။

ဒီနေ့ ကျင်းပပြုလုပ်တဲ့ ပြည်ထောင်စု လွှတ်တော် အစည်းအဝေးမှာ ဒီစစ်ဆေး တွေ့ရှိချက်တွေ ကို ပြည်ထောင်စု စာရင်းစစ်ချုပ် ရုံးရဲ့ ဦးသိန်းထိုက်ဦးက ဖတ်ကြား တင်ပြခဲ့တာပါ။

"၂၀၁၁ ခုနှစ် ဧပြီလ ၁ ရက်နေ့ကနေ ၂၀၁၁ ခုနှစ် စက်တင်ဘာလ ၃၀ ရက်နေ့အတွင်း စစ်ဆေးရာမှာ အရေးကြီးသော စစ်ဆေး တွေ့ရှိချက် အဖြစ် ၀န်ကြီးဌာန ၁၅ ခုမှာ နိုင်ငံတော်က ချမှတ်ပေးသည့် ရသုံးငွေနှင့် နိုင်ငံတော်က ရရမည့် ရငွေများနှင့် ပတ်သက်ပြီး အလွဲသုံးမှု၊ ပိုသုံးထားမှု၊ မရိုးဖြောင့်သော သဘောဖြင့် ဆောင်ရွက် ထားမှုတွေကို တွေ့ရှိတဲ့အတွက် ဒီတွေ့ရှိမှုအပေါ် နိုင်ငံတော် အရအသုံးစာရင်းကို ပြန်သွင်းရန် ၄၇ မှုရှိကြောင်း တွေ့ရပါတယ်။ တွေ့ချက်များကို တင်ပြထားပါတယ်။"

ဝန်ကြီးဌာနတွေကတော့ လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာန၊ သမဝါယမ ဝန်ကြီးဌာန၊ လျှပ်စစ်စွမ်းအား ဝန်ကြီးဌာန၊ ကျန်းမာရေး ဝန်ကြီးဌာန၊ သိပံ္ပနှင့် နည်းပညာ ဝန်ကြီးဌာန၊ မွေးမြူရေးနှင့် ရေလုပ်ငန်း ဝန်ကြီးဌာန၊ ပြန်ကြားရေး ဝန်ကြီးဌာန၊ စက်မှုဝန်ကြီးဌာန၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သစ်တောရေးရာဝန်ကြီးဌာန၊ ပညာရေး ဝန်ကြီးဌာန၊ ဘဏ္ဍာရေးနှင့်အခွန်ဝန်ကြီးဌာန၊ ဟိုတယ်နှင့် ခရီးသွားလာရေး ဝန်ကြီးဌာန၊ ရထားပို့ဆောင်ရေးဝန်ကြီးဌာနနှင့် ဆက်သွယ်ရေး၊ သတင်းအချက် အလက်နှင့် နည်းပညာဝန်ကြီးဌာနစတဲ့ ၀န်ကြီးဌာနတွေ ဖြစ်ပါတယ်။

ဒါနဲ့ပတ်သက်ပြီး အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးဖုန်းမြင့်အောင်က "စာရင်းစစ်တွေ့ရှိချက်က နိုင်ငံတော်ကို ပေးသွင်းရမယ့် ကျပ်ငွေ စုစုပေါင်း ၅၈ ဘီလီယံ (အမေရိကန်ဒေါ်လာ ၂ ဘီလီယံလောက်) စာရင်းဟနေတာ တွေ့တယ်တဲ့။ ၀န်ကြီးဌာန အားလုံးပေါင်းလိုက်ပေါ့။ အဲဒါကို သူက နိုင်ငံတော်ကိုပြန်ပေးသွင်းဖို့ စာရင်းစစ်က လုပ်တဲ့အခါ ကျပ်ငွေ ၂၀ ဘီလီယံကတော့ ပြန်သွင်းနိုင်ခဲ့တယ်။ ကျန်တဲ့ ကျပ်ငွေ ၄၀ ဘီလီယံထဲမှာ ၃၅ ဘီလီယံက မွေးမြူရေးနဲ့ရေလုပ်ငန်းဝန်ကြီးဌာနက ပေးသွင်းဖို့ ကျန်ပါသေးတယ်တဲ့။ အဓိက မသမာမှုက တနိုင်ငံလုံးမှာ ကျပ်သိန်းပေါင်း ၁၄၀၀ သွားတွေ့တယ်။ အဲထဲမှာ သတင်းနဲ့စာနယ်ဇင်းတဦးတည်းကပဲ သိန်း ၁၂၀၀ အလွဲသုံးစားလုပ်ထားတာတွေ့တယ်လို့  ပြောပါတယ်။"

ဒီပြည်ထောင်စုစာရင်းချုပ်ရဲ့ စစ်ဆေးတွေ့ရှိချက်တွေမှာ ကာကွယ်ရေးဝန်ကြီးဌာနရဲ့ အသုံးစရိတ်တွေနဲ့ပတ်သက်ပြီး ဖော်ပြတာမျိုး မရှိခဲ့ဘူးလို့လည်း သူက ဆိုပါတယ်။

"၀န်ကြီးဌာနာ တခုချင်း ပါပါတယ်။ ဒါပေမယ့် ကာကွယ်ရေးဝန်ကြီးဌာနရဲ့ အသုံးစရိတ်မတွေ့ရပါဘူး။ ကာကွယ်ရေးဝန်ကြီးဌာနနဲ့ပတ်သက်လို့ ဘတ်ဂျက်တိုးတဲ့အခါ တပ်မတော်သားတွေအတွက် စားနပ်ရိက္ခာ၊ အ၀တ်အစား ထောက်ပံ့ကြေး ဒါတွေတိုးပေးဖို့ ဟိုးအရင် ဒေါ်တင်နွယ်ဦး ကာကွယ်ရေးနဲ့ပတ်သက်တဲ့ ဘတ်ဂျက်ဆွေးနွေးတာမှာ ပါပါတယ်။ အသေးစိတ်ကတော့ စာရင်းစစ်မှာတော့ ကာကွယ်ရေးနဲ့ပတ်သက်တဲ့ စစ်ဆေးတွေ့ရှိချက် မပေါ်ပါဘူး။"

ဝန်ကြီးဌာနတွေရဲ့ အသုံးစရိတ်ကွာဟမှု၊ အလွဲသုံးမှုမျိုးတွေကို နောက်လာမယ့် ဘဏ္ဍာရေးနှစ်တွေမှာ မဖြစ်စေဖို့ လွှတ်တော်တွေအနေနဲ့ ထိန်းကျောင်းနိုင်မယ့် သင်ခန်းစာအဖြစ် ရှုမြင်တယ်လို့လည်း သူကဆိုပါတယ်။

"၀န်ကြီးဌာနတွေမှာ စာရင်းစစ်လိုက်လို့ ဘီလီယံနဲ့ချီပြီး ဖြစ်နေတာ ကျနော်တို့သိပြီ။ နောင်တချိန် လွှတ်တော်ကော်မတီတွေက ၀န်ကြီးဌာနတွေနဲ့ ပတ်သက်လို့ စစ်ဆေးတဲ့အခါ ပိုဂရုထားရမယ်၊ ပိုအသေးစိတ်ရမယ်၊ ပိုသတိထားရမယ်ဆိုတာ ပေါ်လာတယ်။ ၂၀၁၁-၁၂ ဘတ်ဂျက်ကတော့ ပြီးသွားပြီပေါ့။ ၂၀၁၂-၁၃ ဘတ်ဂျက်မှာတော့ ကျနော်တို့ဘက်က ၀န်ကြီးဌာနတွေနဲ့ ပတ်သက်တဲ့ အတွေ့အကြုံကောင်း ပညာတခုရတဲ့သဘော ရှိပါတယ်။"

အခုလို ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံးက အစီရင်ခံစာတင်ပြလာတဲ့ အစိုးရ ၀န်ကြီးဌာနတွေရဲ့ ငွေကြေးအလွဲသုံးမှုတွေနဲ့ပတ်သက်ပြီး ပြီးခဲ့တဲ့ လပိုင်းတွေက ဖော်ပြခဲ့တဲ့ အတွက် ပြည်တွင်းထုတ် သည်ဗွိုက်ဂျာနယ်ကို သတ္တုတွင်းဝန်ကြီးဌာနက တရားစွဲဆိုခဲ့ပါတယ်။ ဒါနဲ့ပတ်သက်ပြီး ဂျာနယ်ဖော်ပြချက်နဲ့ စာရင်းစစ်ချုပ်ရုံးရဲ့ စစ်ဆေးတွေ့ရှိချက် ကိုက်ညီမှု ရှိမရှိဆိုတာတွေကိုလည်း လွှတ်တော်ကော်မတီအနေနဲ့ ထပ်မံစိစစ်မှုတွေ ပြုလုပ်ဖို့ရှိတယ်လို့လည်း လွှတ်တော်ကိုယ်စားလှယ်အချို့က ပြောပါတယ်။

by အံ့ဘုန်းမြတ်  (ဒီဗွီဘီ)



ဒေါ်အောင်ဆန်းစုကြည်အတွက် ဂန္ဓီလက်ဆောင်များ

Posted: 14 Nov 2012 05:00 AM PST

မဟတ္တမဂန္ဓီ အထိမ်းအမှတ် dsvisitnayruu3s ဂူဗိမာန်သို့ နိုဝင်ဘာလ ၁၄ ရက်နေ့ နံတက် ၈ နာရီ ၅ဝ မိနစ်က ဒေါ်အောင်ဆန်းစုကြည် လာရောက် ဂါရဝပြု အဖြူရောင် ပန်းခွေချ ပြီးနောက် ဂူဗိမာန် တာဝန်ရှိသူများက အမှတ်တရ လက်ဆောင်များ ပြန်လည်ပေးအပ်ခဲ့
သည်။

အဆိုပါ လက်ဆောင် များထဲတွင် ဂန္ဓီကြီး၏ အထ္ထုပ္ပတ္တိ စာအုပ်များနှင့် ဂန္ဓီကြီး ရေးသားခဲ့သော စာအုပ်များ၊ ဂန္ဓီကြီး၏ ကိုယ်တပိုင်း ရုပ်တုနှင့် ဂန္ဓီကြီး၏ 'လူမှုဒုစရိုက်တရား ၇ ပါး' စာတမ်းများ ရေးထားရာ စာလိပ်ကြီး တခုလည်း ပါဝင်သည်။

နယူးဒေလီ (မဇ္ဈိမ)

နယူးဒေလီမြို့ရှိ မဟတ္တမဂန္ဓီ အထိမ်းအမှတ် ဂူဗိမာန်သို့ နိုဝင်ဘာလ ၁၄ ရက်နေ့ နံနက် ၈ နာရီ ၅ဝ မိနစ်က ဒေါ်အောင်ဆန်းစုကြည် လာရောက်၍ လွမ်းသူ့ပန်းခွေချ ဂါရဝပြုစဉ်။ (ဓာတ်ပုံ - မဇ္ဈိမ) ထိုမှဆက်၍ ဂျဝါဟာလာနေရူး အထိမ်းအမှတ် ဂူဗိမာန်သို့ သွားရောက်ဂါရဝပြုခဲ့သည်။

နယူးဒေလီမြို့ရှိ မဟတ္တမဂန္ဓီ အထိမ်းအမှတ် ဂူဗိမာန်သို့ နိုဝင်ဘာလ ၁၄ ရက်နေ့ နံနက် ၈ နာရီ ၅ဝ မိနစ်က ဒေါ်အောင်ဆန်းစုကြည် လာရောက်၍ လွမ်းသူ့ပန်းခွေချ ဂါရဝပြုပြီးနောက် ဧည့်မှတ်တမ်းတွင် အမှတ်တရစာ ရေးသား လက်မှတ်ထိုးနေစဉ်။ (ဓာတ်ပုံ - မဇ္ဈိမ) ထိုမှဆက်၍ ဂျဝါဟာလာနေရူး အထိမ်းအမှတ် ဂူဗိမာန်သို့ သွားရောက်ဂါရဝပြုခဲ့သည်။

နယူးဒေလီမြို့ရှိ မဟတ္တမဂန္ဓီ အထိမ်းအမှတ် ဂူဗိမာန်သို့ နိုဝင်ဘာလ ၁၄ ရက်နေ့ နံနက် ၈ နာရီ ၅ဝ မိနစ်က ဒေါ်အောင်ဆန်းစုကြည် လာရောက်၍ လွမ်းသူ့ပန်းခွေချ ဂါရဝပြုပြီးနောက် ဂန္ဓီရုပ်တုကို လက်ဆောင်အဖြစ် လက်ခံရယူနေစဉ်။ (ဓာတ်ပုံ - မဇ္ဈိမ) ထိုမှဆက်၍ ဂျဝါဟာလာနေရူး အထိမ်းအမှတ် ဂူဗိမာန်သို့ သွားရောက်ဂါရဝပြုခဲ့သည်။


ကချင်ပြည်နယ်၊ ဖားကန့်ဒေသတွင် တိုက်ပွဲဖြစ်ပွား

Posted: 14 Nov 2012 04:50 AM PST

ကချင်ပြည်နယ်၊ ဖားကန့်ဒေသ မော်ဝမ်း ဗျူဟာကုန်းနှင့် လမောင်းကုန်း ကျေးရွာတွင်  နိုဝင်ဘာလ (၁၄)ရက်၊ ည (၁၂နာရီ၊၂၂မိနစ်) အချိန်ခန့်တွင် ကေအိုင်အေ(KIA)နှင့် တပ်မတော်ကြား တိုက်ပွဲ ဖြစ်ပွားခဲ့ကြောင်း သတင်းရရှိသည်။ ''နှစ်ဖက် ပစ်ခတ်ကြတာပါ။ တပ်မတော်က ဗျူဟာကုန်းကနေ လမောင်ကုန်းကို လက်နက်ကြီး တွေနဲ့ပစ်တာ။

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ




မြန်မာ့ ဒီမိုကရေစီရေး ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် အိန္ဒိယ၀န်ကြီးချုပ်နှင့်တွေ့ဆုံ

Posted: 14 Nov 2012 04:32 AM PST

အိန္ဒိယနိုင်ငံသို့ ရက်သတ္တပတ် တစ်ပတ်ကြာ အလည်အပတ် သွားရောက် နေသော အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်သည် အိန္ဒိယနိုင်ငံ ၀န်ကြီးချုပ် ဒေါက်တာမန်မိုဟန်ဆင်းအား ၎င်း၏ အိမ်တော်၌ သွားရောက် တွေ့ဆုံခဲ့သည်။ မြန်မာ့ ဒီမိုကရေစီရေး ခေါင်းဆောင် ဒေါ်အောင်ဆန်း စုကြည်သည် ယနေ့ နံနက်စောစောပိုင်းတွင် အိန္ဒိယနိုင်ငံ၏ ခေါင်းဆောင်ကြီးဂန္ဓီ၏ ဂူဗိမာန်သို့ သွားရောက်ဂါရ၀ပြုခဲ့သည်။ ယင်းနောက် ဒေါ်အောင်ဆန်းစုကြည်သည် ဂျာဝါဟာလာနေရူး ----

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ




တနင်္သာရီ ကမ်းရိုးတန်းဒေသများနှင့် မွန်ပြည်နယ် ဒေသအချို့တွင် မိုးသက်လေပြင်း ကျရောက်နိုင်

Posted: 14 Nov 2012 04:29 AM PST

တောင်တရုတ် ပင်လယ်တွင် ဖြစ်ပေါ်သော မုန်တိုင်းကြောင့် တနင်္သာရီ ကမ်းရိုးတန်း ဒေသများတွင် တစ်နာရီ ၃၅ မိုင်နှုန်းဖြင့် မိုးသက်လေပြင်း ကျရောက် နိုင်ကြောင်း မိုးလေ၀သနှင့် ဇလဗေဒ ညွှန်ကြားမှု ဦးစီးဌာနမှ ဒုတိယ ညွှန်ကြားရေးမှူး ဦးချစ်ကျော်က ပြောသည်။

သတင်း  အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ






ပြည်ထောင်စုဝန်ကြီး ဦးကျော်ဆန်း၏ သားတစ်ဦးအား အမျိုးသမီးတစ်ဦး တရားစွဲ

Posted: 13 Nov 2012 09:54 PM PST

ယခုအမှုတွင် စွပ်စွဲခံရသူကို သီဟအောင်မှာ လက်ရှိ သမ၀ါယမ ၀န်ကြီးဌာန ပြည်ထောင်စု ၀န်ကြီး ဦးကျော်ဆန်း၏ သားဖြစ်ကြောင်း တရားလိုနှင့် ၎င်း၏ရှေ့နေများက အတည်ပြု ပြောကြားသည်။ ယခုအမှုကို မမြနန္ဒာညွန့် ဘက်မှ တရားစွဲ ဆိုနေစဉ် အတွင်း ကိုသီဟအောင်၏ မိသားစုဘက်မှ ကွာရှင်းရန် ငါးကြိမ်တိတိ လာရောက် ကမ်းလှမ်း ပြောကြား ခဲ့ကြောင်း၊ မကွာရှင်းပါက ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ




ဝန်ကြီးဌာန ၁၅ခု၏ အလွဲသုံးစားမှု

Posted: 13 Nov 2012 08:19 PM PST

ဝန်ကြီးဌာန ၁၅ခု၏ အလွဲသုံးစားမှုမှာ ကျပ်သန်း ၅၈၃၉၀ ဒသမ ၈၁၀ ( အမေရိကန် ဒေါ်လာ ၂၃၂၉၇၇ ဒသမ ၃၁ ) ဖြစ်ကြောင်း အဆိုပါ ဌာနဆိုင်ရာ ၁၅ ခုက ပြန်သွင်းငွေသည် ကျပ်သန်း ၁၇၄၄၇ ဒသမ ၆၂၉ (အမေရိကန် ဒေါ်လာ ၁၆၂၃၂၂ ဒသမ ၂၉ ) ဖြစ်ကြောင်း ယင်းအလွဲသုံးစားမှုကို ပြည်ထောင်စု အဖွဲ့အစည်းများ၏ ၂၀၁၁-၂၀၁၂ ဘဏ္ဍာရေးနှစ် ဘဏ္ဍာငွေ အရသုံးဆိုင်ရာ စစ်ဆေးခြင်းတွင် ဝန်ကြီးဌာန ၁၅ ခု စစ်ဆေးခြင်းနှင့် စပ်လျဉ်း ၍ အရေးကြီးသည့် စစ်ဆေးတွေ့ရှိချက်များကို ပြည်ထောင်စု စာရင်းစစ်ချုပ်က ပြည်ထောင်စုလွှတ်တော်သို့ ရှင်းလင်း တင်ပြချက်များမှ သိရသည်။

The Voice Weekly (facebook)


ရွှေဘိုငလျင် နမူနာယူ၍ ကြိုတင်ကာကွယ်ရန် ပညာရှင်များ တိုက်တွန်း

Posted: 13 Nov 2012 08:17 PM PST

ရန်ကုန်၊နိုဝင်ဘာ-၁၂

ငလျင် အင်အားနှင့် နှိုင်းယှဉ်လျှင် လူသေဆုံး၊ ထိခိုက် ဒဏ်ရာ ရရှိမှုနှင့် ပျက်စီး ဆုံးရှုံးမှုတို့မှာ နည်းပါးပြီး၊ ကံကောင်း ခဲ့ခြင်းသာ ဖြစ်ကြောင်း မြေငလျင် ပညာရှင်များက သုံးသပ် ပြောကြားသည်။

ရွှေဘို ငလျင်ကဲ့သို့ အင်အားပြင်း ငလျင်မျိုး စစ်ကိုင်းနှင့် မန္တလေး အနီးဖြစ်စေ၊ ပဲခူးအနီးဖြစ်စေ လှုပ်ခတ်ခဲ့ပါက ပျက်စီး ဆုံးရှုံးမှုမှာ ယခုထက် အဆပေါင်းများစွာ များနိုင်ကြောင်း ၎င်းတို့က ဆက်လက် ပြောကြားသည်။

ထို့ကြောင့် အနာဂတ်တွင် မြေငလျင် အန္တရာယ်နှင့် ပတ်သက်၍ ပိုမိုသတိရှိပြီး ကြိုတင် ကာကွယ်မှု များ ပြုလုပ်ရန် ပညာရှင်များက တိုက်တွန်းကြသည်။

    "အခုငလျင်က ကျွန်တော့်အမြင်က တစ်နည်းအားဖြင့် ပြောရရင် ကျွန်တော်တို့ ကံကောင်းတယ်ဗျ။ ကံကောင်းတယ် ဆိုတာက လူနေနည်းတဲ့ ဒေသမှာ လှုပ်လို့။ အားလုံးကို ခြုံလိုက်ရင် မန္တလေးနဲ့ နီးရင်သော် လည်းကောင်း၊ စစ်ကိုင်းနဲ့ နီးရင်သော် လည်းကောင်း မြို့ကြီးကြီးနဲ့နီးရင် ပျက်စီးဆုံးရှုံးမှု ပိုများမယ်။ လူလည်းသေတာ ပိုများမယ်။" ဟု စစ်ကိုင်းငလျင်ကြောကို တွေ့ရှိပြီး ဖော်ထုတ်နိုင်ခဲ့သော ဘူမိဗေဒပညာရှင် ဒေါက်တာဝင်းဆွေက ပြောသည်။

    "အခုသာ ရန်ကုန် ပဲခူးကို ဗဟိုပြုပြီး လှုပ်ရင် ပျက်စီးဆုံးရှုံးမှုက ဒီထက်များနိုင်တယ်" ဟု မြန်မာနိုင်ငံမြေငလျင်ကော်မတီ အတွင်းရေးမှူး ဦးစိုးသူရထွန်းကလည်းပြောသည်။ ထို့ကြောင့် ရွှေဘိုမြေငလျင်မှာ မြန်မာနိုင်ငံအတွင်း မြေငလျင်အန္တရာယ် ကြိုတင်ကာကွယ်ရေး အစီအမံများ မဖြစ်မနေပြုလုပ်ရတော့မည်ကို သတိပေးလိုက်ခြင်းပင် ဖြစ်ကြောင်း မြေငလျင်ပညာရှင်များကပြောသည်။

    မြန်မာနိုင်ငံ၏ လူနေထိုင်မှုအရ စစ်ကိုင်းပြတ်ရွေ့ကြော တစ်လျှောက် မြောက်ပိုင်းဒေသများတွင် လူနေထိုင်မှုကျဲပြီး အဆောက်အအုံကြီးများ အနည်းငယ်သာ ရှိသည်။ သို့သော် တောင်ပိုင်းသို့ ရောက်လာသည်နှင့်အမျှ လူနေပိုမိုထူထပ်လာပြီး အဆောက်အအုံကြီးများမှာ ပိုမိုများပြားလာသည်။

    ထို့ကြောင့် စစ်ကိုင်းငလျင်ကြောပေါ်တွင် နှစ်ပေါင်း ၅၆ နှစ်အတွင်း အင်အားအပြင်းဆုံး မြေငလျင်လှုပ်ခဲ့သော်လည်း ယခု အကြိမ် လူသေဆုံးထိခိုက် ဒဏ်ရာ ရရှိမှုနှင့် ပျက်စီးဆုံးရှုံးမှုမှာ ငလျင်ပမာဏနှင့်စာလျှင် လျော့နည်း သက်သာခဲ့ခြင်းသာဖြစ်ကြောင်း ပညာရှင်များက သုံးသပ်ခြင်းဖြစ်သည်။

    စစ်ကိုင်းသက်ရှိပြတ်ရွေ့ကြောပေါ်တွင် နောက်ဆုံးလှုပ်ခဲ့သော အင်အားပြင်းငလျင်မှာ ၁၉၅၆ ခုနှစ် ဇူလိုင် ၁၆ ရက်တွင် စစ်ကိုင်းမြို့အနီးကို ဗဟိုပြု၍ ရစ်ခ်ျတာစကေး ၇ ရှိ ငလျင်ကြီးဖြစ်သည်။ ထိုစဉ်ကပင် အဆိုပါငလျင်ကြောင့် လူ ၄၀ မှ ၅၀ အတွင်းသေဆုံးခဲ့ရသည်။

    "ဒီငလျင်က ငလျင်ကြီးပါ။ ငလျင်ကြီးမှာမှ ဒီလောက်ဘဲ အသေအပျောက်ဆိုတာ။ အချက်အလက်ရတာ စောသေးလို့လို့ အစကထင်တယ်။ အခုချိန်အထိ သေတာ ၁၃ ယောက်လောက်၊ ပျောက်ဆုံးနေတဲ့သူတွေနဲ့ ပေါင်းရင် လူ ၂၀၊ ၂၅ လောက်ဖြစ်မယ်ထင်တယ်။ ဒီလောက် ငလျင်ကြီး၊ လူနေထူထပ်တဲ့ နေရာတွေမှာ ဖြစ်သွားတယ် ဆိုတဲ့ဟာမှာ ကျွန်တော်တို့ နိုင်ငံရဲ့ အခြေအနေက မဆိုးဘူးလို့ ပြောလို့ရမယ်။ ဆောက်လုပ်ရေးလုပ်ငန်းကြီးတွေ စဆောက်ဖို့ တာစူနေတုန်းအချိန်မှာ ဒီလောက် ထိန်းသိမ်းနိုင်တယ်ဆိုတာ ကျွန်တော့်အနေနဲ့ မဆိုးဘူးလို့ ထင်ပါတယ်။" ဟု မြန်မာနိုင်ငံ မြေငလျင် ကော်မတီမှ အတွင်းရေးမှူး တစ်ဦးဖြစ်သော ဦးစောထွေးဇော်ကလည်း သုံးသပ်သည်။

ရွှေဘိုမြို့မြောက်ဘက် ၄၅ မိုင်အကွာ မြေငလျင်ပညာရှင်များက မကြာခဏ သတိပေးခဲ့သော စစ်ကိုင်းမြေငလျင်ကြောပေါ်တွင်ပင် ဗဟိုပြု၍ ရစ်ခ်ျတာစကေး ၆ ဒသမ ၈ အဆင့်ရှိ အင်အားပြင်းငလျင်မှာ နိုဝင်ဘာ ၁၁ ရက် နံနက် ၇ နာရီ ၄၂ မိနစ် တွင် လှုပ်ခတ်ခဲ့သည်။ ရွှေဘို၊ သပိတ်ကျင်း၊ ကျောက်မြောင်း၊ စဥ့်ကူးစသော မြို့များအပါအ၀င် မြို့နယ်ပေါင်း ဆယ်မြို့နယ်ကျော်မှာ မြေငလျင်ဒဏ်ခံခဲ့ရသည်။ သပိတ်ကျင်း၊ ကျောက်မြောင်း၊ ရွှေဘိုမြို့နယ်များမှာ ငလျင်ဒဏ်ကို အဆိုးဆုံးခံခဲ့ရသည်။ မြေငလျင်နှင့် ဘူမိဗေဒပညာရှင်များက စစ်ကိုင်း ငလျင်ကြောတစ်လျှောက်ရှိ ဒေသများကို မြေငလျင်အန္တရာယ်ကို အထူးသတိပြုရန် မကြာခဏ သတိပေးခဲ့သော်လည်း လက်တွေ့ မြေငလျင်လှုပ်လာသောအခါ ပြည်သူအများစုမှာ ဘေးအန္တရာယ်လျော့ပါးအောင် မည်သို့နေထိုင် ပြုမူရမည်ကို မသိရှိကြောင်း ဒေသခံများက ပြောသည်။

 ထို့ပြင် မြေငလျင်ကြီးများ ဆက်လှုပ်ဦးမည်ဟူသော ကောလဟလများကြောင့် ဒေသခံများစွာ စိုးရိမ်နေကြဆဲဖြစ်သည်။ မြေငလျင်ကြီးများ၏ ထုံးစံ အတိုင်း နောက်ဆက်တွဲ မြေငလျင်ငယ်များလည်း လှုပ်ခဲ့ပြီး နိုဝင်ဘာ ၁၃ ရက်ထိ နောက်ဆက်တွဲမြေငလျင် ၄ ကြိမ်လှုပ်ခဲ့ပြီး အင်အား ၅ အထက်ရှိသော အင်အား အသင့်အတင့်ရှိ မြေငလျင်များဖြစ်သည်။ မိုးဇလက နောက်ဆက်တွဲငလျင်များမှ အင်အား ၅ မကျော်ပါက မှတ်တမ်းတင်သော်လည်း သတင်းမထုတ်ပြန်ပေ။ နိုဝင်ဘာ ၁၃ နံနက် ၈နာရီကျော်တွင် နေပြည်တော်တောင်ဘက် ၃၅မိုင်၊ ဆွာမြို့အနောက်ဘက် ၁၄ မိုင်ဗဟိုပြု၍ ၄ ဒသမ ၈ အင်အားရှိ နောက်ဆက်တွဲငလျင်လှုပ် ခဲ့သည်။ ထို့ကြောင့် မြေငလျင် ပညာရှင်များက နောက်ဆက်တွဲ မြေငလျင်ငယ်များကိုလည်း သတိထားရန်နှင့် နိုဝင်ဘာ ၁၁ ရက် ငလျင်ကြီး လှုပ်ပြီးနောက် ယိုင်နဲ့နေပြီး ပြုတ်ကျနိုင်သော အိမ်နှင့် အဆောက်အအုံ များအောက်တွင် မနေထိုင်ကြရန် အကြံပြုပြောကြားသည်။

ထို့ပြင် စစ်ကိုင်းငလျင်ကြောပေါ်တွင် ၁၉၂၉ ခုနှစ်က ရစ်ခ်ျတာစကေး ၇ ၀န်းကျင်ရှိ အင်အားကြီးငလျင် လှုပ်ခဲ့ပြီးနောက် လအနည်းငယ်ခြား၍ ပြတ်ရွေ့ကြောတစ်လျှောက်ရှိ အခြားအပိုင်းများဖြစ်သော ဖြူး၊ ပဲခူး၊ တောင်ငူစသော ဒေသတို့တွင် အင်အားကြီးငလျင်များ လှုပ်ခတ်ခဲ့ဖူးသည်။ ထိုအတွေ့အကြုံအရ ငလျင်ကြောတစ်လျှောက်ရှိ အခြားဒေသများမှာလည်း မြေငလျင်အန္တရာယ်ကို အထူးသတိပြုရမည်ဖြစ်သည်။ ကီလိုမီတာ ၁၀၀၀ ခန့်ရှည်သော ကမ္ဘာ့အကြီးဆုံးသက်ရှိ ပြတ်ရွေ့များတွင် ပါဝင်သော စစ်ကိုင်းပြတ်ရွေ့ တလျှောက်တွင် ဧရိယာအလိုက် ပြတ်ရွေ့အပိုင်း ၁၀ ပိုင်းဝန်းကျင် ရှိကြောင်းလည်း ဦးစိုးသူရထွန်း ကပြောသည်။

    "စစ်ကိုင်းငလျင် ပြတ်ရွေ့ကြောမှာ နှစ်တစ်ရာအတွင်းမှာ တစ်ကြိမ် ရစ်ခ်ျတာစကေး ၇ ကနေ ၇ ဒသမ ၅ လောက် လှုပ်နိုင်တယ်။ ၁၉၅၆ ကနေ စတွက်ရင် အခု နှစ်ပေါင်း ၆၀ လောက်မှာ ၆ ဒသမ၈ လောက်နဲ့ ပြန်လှုပ်တာ ၁၉၃၀ မှာ ၇ ဒသမ ၃ နဲ့ ပဲခူးမှာ လှုပ်တယ်။ ပဲခူးမှာ လူငါးရာလောက်သေတယ်။ ရန်ကုန်မှာ ၅၀ လောက်သေတယ်။ အခုလူဦးရေက အဆမတန်များလာပြီ။" ဟု ဦးစိုးသူရထွန်းက ဆက်လက်ပြောသည်။

အဆောက်အအုံများကို ခိုင်ခံ့အောင် ဆောက်လုပ်ရန်နှင့် အဆောက်အအုံများ အရည်အသွေးမီ၊မမီနှင့်ပတ်သက်၍ အရည်အသွေး စစ်ဆေးသော လွတ်လပ်ပြီး အမှီအခို ကင်းသော ကြားခံ အဖွဲ့အစည်းများကို ဖွဲ့စည်းကာ စစ်ဆေးကြပ် မတ်သင့်ပြီဖြစ်ကြာင်း ဘူမိဗေဒပညာရှင် ဦးအေးကိုကလည်း အကြံပြုသည်။

    "အဓိကကတော့ အဆောက်အအုံတွေကို ခံနိုင်ရည်ရှိအောင် ဆောက်ရမယ်။ ဆောက်ပြီးသားတွေလည်း စစ်ဆေးပြီး ပြင်ဆင်သင့်တာပြင်ရမယ်။ လူတွေကလည်း ငလျင်နဲ့ ပတ်သက်ပြီး ဗဟုသုတရှိရမယ်။ ဖြစ်လာရင် ဘယ်လိုလုပ်ရမလဲဆိုတာတွေ သိထားသင့်တယ်။" ဟု ဦးစိုးသူရထွန်း က အကြံပြုသည်။ အဆောက်အအုံများခိုင်ခံ့အောင် ဆောက်လုပ်ရာတွင် အခြေခံအုတ်မြစ်၊ ထုတ်နှင့် တန်းများ၊ ဂျွိုင့်များကို ခိုင်ခံ့အောင် ဆောက်ရန် ဦးစောထွေးဇော်က အကြံပြုသည်။

မြေအောက်ရေတူးပါက ပေအနည်းငယ်နှင့် ထွက်သော ရေလျှံဒေသများတွင် မြေငလျင် လှုပ်ပါက ငလျင်ဒဏ်အပြင် ရေလျှံသည့်ဒဏ်ကိုပါ ခံရတတ်၍ သတိပြုရန် လိုကြောင်းလည်း ဒေါက်တာဝင်းဆွေက သတိပေးသည်။ ထို့ပြင် ရေကန်နှင့် မြစ်ချောင်း များပေါ်တွင် မြေဖို့၍ အဆောက်အအုံ များ ဆောက်လုပ် နေထိုင်ခြင်းကို ရှောင်ကြဉ်ရန်လည်း ၎င်းက အကြံပြုသည်။ ထို့ကြောင့် ပြည်သူများ အနေဖြင့် မြေငလျင်လှုပ်လာလျှင် မည်သို့ ပြုမူဆောင်ရွက် သင့်သည်ကို ကြိုတင်သိရှိရန် လေ့လာ ထားရန်၊ ဖြစ်နိုင်ပါက ကြိုတင် လေ့ကျင့်ထားရန် ပညာရှင်များက အကြံပြုသည်။

 အားမာန်၊ ခိုင်ထွန်း၊ အောင်ခိုင်
7Day News Journal

ငလျင်ဒဏ်ကြောင့် ရွှေဘိုခရိုင်၊ ကျောက်မြောင်းမြို့နယ်၊ မလားကျေးရွာရှိ အိမ်အဖီ တစ်ခု ပြိုကျနေသည်ကို တွေ့ရစဉ်

ဓာတ်ပုံ - မျိုးမင်းဦး


နိုဝင်ဘာလ (၁၅)ရက်နေ့ ထုတ် အင်တာနက် ဂျာနယ် အတွဲ ၁၃ အမှတ် ၄၄

Posted: 13 Nov 2012 08:03 PM PST

နိုဝင်ဘာလ (၁၅)ရက်နေ့ ထုတ် အင်တာနက် ဂျာနယ် အတွဲ ၁၃ အမှတ် ၄၄

ဂျာနယ် ဖတ်ရှုရန် ဒီနေရာကို နှိပ်ပါ




နိုဝင်ဘာလ (၁၄)ရက်နေ့ ထုတ် The Myanmar Post News Journal အတွဲ ၄ အမှတ် ၄၄

Posted: 13 Nov 2012 07:58 PM PST

နိုဝင်ဘာလ (၁၄)ရက်နေ့ ထုတ် The Myanmar Post News Journal အတွဲ ၄ အမှတ် ၄၄

ဂျာနယ် ဖတ်ရှုရန် ဒီနေရာကို နှိပ်ပါ




နိုဝင်ဘာလ (၁၅)ရက်နေ့ ထုတ် Hot News Weekly Journal Vol-3, No-116

Posted: 13 Nov 2012 07:43 PM PST

နိုဝင်ဘာလ (၁၅)ရက်နေ့ ထုတ်  Hot News Weekly Journal Vol-3, No-116

ဂျာနယ် ဖတ်ရှုရန် ဒီနေရာကို နှိပ်ပါ



နိုဝင်ဘာလ (၁၄)ရက်နေ့ ထုတ် Mobile Guide journal Issue #78

Posted: 13 Nov 2012 07:37 PM PST

နိုဝင်ဘာလ (၁၄)ရက်နေ့ ထုတ် Mobile Guide journal Issue #78

ဂျာနယ် ဖတ်ရှုရန် ဒီနေရာကို နှိပ်ပါ




အိန္ဒိယကောလိပ်က ဒေါ်စုကို စောင့်ကြို

Posted: 13 Nov 2012 06:41 PM PST

အိန္ဒိယနိုင်ငံကို ၅ ရက်ကြာ ခရီးစဉ်အဖြစ် အင်္ဂါနေ့က စတင်ရောက်ရှိနေတဲ့ ဒေါ်အောင်ဆန်းစုကြည်ဟာ သူအိန္ဒိယမှာ နေခဲ့စဉ် ၁၉၆၂-၆၃ ကာလက နိုင်ငံရေး သိပ္ပံဘာသာရပ်ကို သင်ယူခဲ့တဲ့ နယူးဒေလီမြို့က အမျိုးသမီးသီးသန့် ပညာသင်တဲ့ လေဒီရှရီရမ် ကောလိပ်ကို နိုဝင်ဘာ ၁၆ ရက် မနက်ခင်းမှာ သွားရောက်မှာဖြစ်ပါတယ်။

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ

ကျောင်းအုပ်ကြီး Dr Meenakshi Gopinath


အာရှ-ပစိဖိတ်ဒေသ အမေရိကန်ဆက်ဦးဆောင်ဖို့ ကြိုးစား

Posted: 13 Nov 2012 06:21 PM PST

လာမယ့် သီတင်းပတ်ထဲ အမေရိကန်သမ္မတ Barack Obama ရဲ့ မြန်မာ ခရီးစဉ် မစခင်မှာ အာရှ ပစိဖိတ် ဒေသထဲမှာ အမေရိကန် ပြည်ထောင်စု အနေနဲ့ အဓိကကျတဲ့ အခန်းကဆက်ပြီး ပါဝင်သွားမယ်လို့ အမေရိကန် နိုင်ငံခြားရေး ၀န်ကြီး Clinton က ပြောဆို လိုက်ပါတယ်။

အင်္ဂါနေ့က Australia နိုင်ငံ Perth မြို့မှာ ၀န်ကြီးချုပ် Julia Gillard နဲ့ ဒေသတွင်း အကြောင်းအရာတွေ ကို ဆွေးနွေးကြစဉ်မှာ ခုလိုပြောဆိုခဲ့တာ ဖြစ်ပါတယ်။  အာရှ-ပစိဖိတ်ရေပြင်ဟာ ကမ္ဘာ့စီးပွားရေးရဲ့ အဓိက ဗဟိုအချက်အခြာဖြစ်လာပြီး ဒီဒေသအတွက် အမေရိကန်ရဲ့ ထိတွေ့ဆက်ဆံမှုတွေ တိုးချဲ့ရာမှာ အဓိကကျတဲ့ အချက်လည်း ဖြစ်တယ်လို့ ၀န်ကြီး Clinton ကပြောဆိုလိုက်ပါတယ်။

အာရှပစိဖိတ် ဒေသအတွက် အမေရိကန် စစ်တပ်ရဲ့ စိတ်ပိုင်းဖြတ်ထားမှုကိုလည်း သူကပြောဆိုခဲ့ ပါတယ်။  အာရှတိုက်မှာ စစ်ရေးချိန်ခွင်လျှာညီမျှဖို့ အမေရိကန်စစ်တပ်က ဆောင်ရွက်မယ်လို့ ပြီးခဲ့တဲ့နှစ်က ပြောဆိုထားခဲ့ပြီးနောက် အခု ထိပ်သီးတွေ့ဆုံမှုဟာ ပထမအကြိမ်ဖြစ်ပြီး ဒီအစီအစဉ်အရ အမေရိကန် မရိမ်းတပ်ဖွဲ့ဝင် ၂,၅၀၀ သြစတြေးလျနိုင်ငံမြောက်ပိုင်းမှာ အခြေစိုက်ဖို့ ရှိပါတယ်။

ဗွီအိုအေ (မြန်မာဌာန)




မြေမြှုပ်မိုင်းအန္တရာယ် မြန်မာနိုင်ငံမှာ ကြီးမားဆဲ

Posted: 13 Nov 2012 06:17 PM PST

မြန်မာနိုင်ငံ အတွင်းက စုစုပေါင်း ဒေသ ၄၈ ခုလာက်မှာ မြေမြှုပ်မိုင်း အန္တရာယ်ရှိနေတယ်လို့ ကမ္ဘာ တဝန်း မြေမြှုပ်မိုင်းနဲ့ ဆင့်ကဲဗုံး ပပျောက်ရေး ဆောင်ရွက်နေတဲ့ Switzerland အခြေစိုက် မြေမြှုပ် မိုင်း တားဆီးရေး နိုင်ငံတကာအဖွဲ့ ICBL က ပြောလိုက်ပါတယ်။

မြေမြှုပ်မိုင်း အသုံးပြုမှု တားမြစ်ရေး သဘောတူ စာချုပ်မှာ လက်မှတ် ရေးထိုး ထားခြင်းမရှိတဲ့ မြန်မာနိုင်ငံ အနေနဲ့ စာချုပ်မှာ လက်မှတ် ထိုးသင့်ပြီလို့လည်း မြန်မာနိုင်ငံ မြေမြှုပ်မိုင်း သုံးစွဲမှုဆိုင်ရာ အစီရင်ခံစာ ထုတ်ပြန်ပွဲမှာ ICBL ရဲ့ သုတေသနမှူး Yeshua Moser က တိုက်တွန်း လိုက်ပါတယ်။ အစီရင်ခံစာ ထုတ်ပြန်တဲ့ သတင်းစာ ရှင်းလင်းပွဲမှာ ကိုယ်တိုင်တက်ရောက်သတင်းယူခဲ့တဲ့ ရန်ကုန်VOA သတင်းထောက် ကိုအောင်ရဲမောင်မောင်က အပြည့်အစုံကို ပြောပြပေးထားပါတယ်။

၂၀၁၂ မြေမြှုပ်မိုင်း လေ့လာစောင့်ကြည့်ရေးအဖွဲ့ အစီအရင်ခံစာအရ မြန်မာနိုင်ငံရဲ့ ဒေသ ၄၈ ခုဟာ မြေမြှုပ်မိုင်းအန္တရာယ် ရှိနေတယ်လို့
မြေမြှုပ်မိုင်းတားဆီးရေး နိုင်ငံတကာအဖွဲ့ ICBL က ပြောလိုက် ပါတယ်။ အင်္ဂါနေ့တုန်းက ရန်ကုန်မြို့မှာ ထုတ်ပြန်ခဲ့တဲ့ အစီရင်စာမှာ ICBL ရဲ့ သုတေသနမှူး Yeshua Moser ကခုလိုပြောခဲ့ပါတယ်။

"မြန်မာပြည်ရဲ့ ၄၇ မြို့နယ်မှာ မြေမြှုပ်မိုင်းအန္တရာယ် ရှိနေပါတယ်။ ကရင်၊ ကယား၊ ပဲခူးတိုင်းနဲ့ ချင်းပြည်နယ်၊ စစ်ကိုင်းတိုင်းတို့မှာ ဖြစ်ပါတယ်။ ချင်းနဲ့စစ်ကိုင်းတို့မှာတော့ မြေမြှုပ်မိုင်းအန္တရာယ် ရှိတယ်၊ မရှိဘူးဆိုတာကတော့ စဉ်းစားစရာပါပဲ။ ၄၇ မြို့နယ်ထဲမှာ ဆယ်မြို့နယ်ကတော့ မြေမြှုပ်မိုင်း အန္တရာတွေ ရှိနေပါတယ်။"

မြေမြှုပ်မိုင်းတွေ ရှင်းလင်းရေးအတွက်ညွှန်ကြားမှုပေးနိုင်တဲ့ အုပ်ချုပ်ရေးအဖွဲ့က အဓိက စတင် ဆောင်ရွက်ရမှာဖြစ်ပြီး တပ်မတော်နဲ့ တိုင်းရင်းသား လက်နက်ကိုင်တွေအကြားက တင်းမာမှုတွေ မလျှော့ပါးသေးတာကြောင့် မြေမြှုပ်မိုင်းပပျောက်ရေး ကိစ္စကို မြန်မာနိုင်ငံမှာ တွင်တွင်ကျယ်ကျယ် လုပ်လို့ မရဘူးလို့ သူက ပြောပါတယ်။

ICBL အဖွဲ့အနေနဲ့ကတော့ မြန်မာနိုင်ငံမှာ မြေမြှုပ်မိုင်းပပျောက်ရေးအတွက် တွန်းအားပေး အရှိန်မြှင့် လုပ်ဆောင်တော့မှာ ဖြစ်တယ်လို့ ရန်ကုန်မှာ ကျင်းပတဲ့ သတင်းစာရှင်းလင်းပွဲမှာ ICBL က ပြောပါ တယ်။ မြန်မာနိုင်ငံမှာ မြေမြှုပ်မိုင်းတွေကို ဆက်မသုံးဖို့ အစိုးရ အဖွဲ့အစည်းတွေ အပြင် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းတွေနဲ့လည်း ICBL အဖွဲ့က ဆွေးနွေးမှုတွေ လုပ်နေ တယ်လို့ ဆိုပါတယ်။ တိုင်းရင်းသား လက်နက်ကိုင်တွေနဲ့ အစိုးရအကြား ပြေလည်မှုတွေ မြန်မြန် ရလေ၊ မြန်မာနိုင်ငံမှာ မြေမြှုပ်မိုင်း ရှင်းလင်းရေးကို မြန်မြန် လုပ်နိုင်လေ ဖြစ်မယ်လို့ ပြောပါတယ်။

ငြိမ်းချမ်းရေးရအောင် အစိုးရက ဆောင်ရွက်နေတဲ့ တချိန်တည်းမှာပဲ မမြှုပ်မိုင်း မသုံးစွဲရေး ကိစ္စတွေ ကို လက်နက်ကိုင်အဖွဲ့အစည်းတွေနဲ့ ညှိသင့်တယ်လို့လည်း ICBL အဖွဲ့က အကြံပေး ပါတယ်။ မြေမြှုပ် မိုင်းရဲ့ အကျိုးဆက်တွေဟာ လူသားတွေအားလုံး ခံရတာမို့ ဒီကိစ္စကို အာရုံစိုက်ဖို့ လိုအပ်တယ်လို့ မစ္စတာ Moser ကပြောပါတယ်။

"သူတို့ကြားမှာ ပြေလည်မှုရရင် ငြိမ်းချမ်းရေးလုပ်ငန်းတွေ ဆက်လုပ်လို့ရမယ်၊ ပြောချင်တာက ငြိမ်းချမ်းရေးအတွက် စကားပြောနေတဲ့အချိန်မှာ လက်နက်ကိုင်တွေနဲ့ အစိုးရကြားမှာ မိုင်းကိစ္စတွေ ထည့်သွင်းပြောကြားဖို့ ဖြစ်ပါတယ်။ ဒါကြောင့် အစိုးရနဲ့ လက်နက်ကိုင်တွေကြားမှာ ငြိမ်းချမ်းရေးဆွေးနွေးရင် ဒီအချက်ကို ထည့်သွင်းညှိနှိုင်းသင့်တယ်လို့ ကျနော် ယူဆပါတယ်။"

ကမ္ဘာ့နိုင်ငံစုစုပေါင်းရဲ့ ၈၀ ရာခိုင်နှုန်းလောက်က မြေမြှုပ်မိုင်းတားဆီးရေး သဘောတူစာချုပ်မှာ လက်မှတ် ထိုးထားကြပေမဲ့ မြန်မာနိုင်ငံကတော့ အခု ထိ လက်မှတ်ထိုးခြင်း မရှိသေးပါဘူး။ ဒီကိစ္စ အတွက် အစိုးရက စဉ်းစားနေတယ်လို့ ဆိုပါတယ်။ မကြာခင် အနာဂါတ်မှာတော့ မြန်မာနိုင်ငံ အနေနဲ့ မြေမြှုပ်မိုင်း ပပျောက်ရေးတွေကို ဆောင်ရွက်လာနိုင်မယ်လို့ ICBL အဖွဲ့က မျှော် လင့်ပါတယ်။

မြန်မာနိုင်ငံဟာ မြေမြှုပ်မိုင်း ပပျောက်ရေးနဲ့ ပတ်သက်ပြီး နိုင်ငံတကာမှာ အကူအညီတောင်း တာတွေ ရှိတာမို့ မြေမြှုပ်မိုင်းတားဆီးရေး စာချုပ်မှာ လက်မှတ်ရေးထိုးဖို့ လိုနေပြီလို့လည်း ICBL က သုတေ သန တာဝန်ခံ Yeshua Moser ကပြောပါတယ်။ မြန်မာနိုင်ငံမှာ မြေမြှုပ်မိုင်း ကူညီရှင်းပေးဖို့ သမ္မတ ဦးသိန်းစိန်က ၂၀၁၂ နှစ်ဆန်းပိုင်းမှာ EU ဥရောပသမဂ္ဂအဖွဲ့တွေကို အကူအညီတောင်းထား သလို အမေရိကန်နိုင်ငံကလည်းမြန်မာနိုင်ငံရဲ့ မြေမြှုပ်မိုင်းတွေ ကူညီရှာဖွေ ရှင်းပေးဖို့ သဘောတူ ထားတယ်လို့ မစ္စတာ Yeshua Moser က သတင်းစာရှင်းပွဲမှာ ပြောသွားပါတယ်။

ICBL အဖွဲ့ဟာ ကမ္ဘာတဝန်း မြေမြှုပ်မိုင်းနဲ့ ဆင့်ကဲ ဗုံးတွေသုံးစွဲမှု ပပျောက်ရေး အတွက် ဆောင်ရွက် မှုတွေကြောင့် ၁၉၉၇ ခုနှစ်က Nobel ငြိမ်းချမ်းရေးဆုကို ပူးတွဲရရှိထားတဲ့ အဖွဲ့ဖြစ်ပါတယ်။

အောင်ရဲ မောင်မောင် (ဗွီအိုအေ)



ဆီးရီးယားဘက်မှ မော်တာကျည် ကျရောက်ပေါက်ကွဲပြီးနောက် အစ္စရေး တုံ့ပြန်ပစ်ခတ်

Posted: 13 Nov 2012 06:06 PM PST

အစ္စရေး စစ်တပ်သည် ဂိုလန် ကုန်းပြင်မြင့်သို့ ဆီးရီးယားဘက်မှ ပစ်လွှတ်သော မော်တာကျည် ကျရောက် ပေါက်ကွဲ ပြီးနောက် တုံ့ပြန် ပစ်ခတ်မှုများ ပြုလုပ် ခဲ့ကြောင်း သိရသည်။ တနင်္လာနေ့ ကတည်းက အစ္စရေး တပ်များသည် ဆီးရီးယား နယ်နိမိတ်ဘက်သို့ တုံ့ပြန် ပစ်ခတ်မှုများ စတင်ခဲ့ကြောင်း သတင်းများက ဆိုသည်။

ဆီးရီးယား မော်တာကျည်ဆန်များသည် ဂိုလန်ဒေသသို့ ကျရောက် ပေါက်ကွဲခဲ့သလို ကျည်တစ်လုံးသည် အစ္စရေးစစ်တပ် အခြေစိုက်ရာ
နေရာအပြင်ဘက်ကိုပင် ထိမှန်ခဲ့သည်။ ဂိုလန်ကုန်းပြင်မြင့် အလယ်ပိုင်းသို့ ကျရောက်ခဲ့သော မော်တာကျည်ဆန်ကြောင့် မိမိတို့ စစ်စခန်းတွင် ထိခိုက်သေဆုံးသူ မရှိကြောင်း စစ်ဘက်ဆိုင်ရာ တာဝန်ရှိသူ တစ်ဦးက ပြောကြားခဲ့သည်။

"လိုအပ်တဲ့ တုံ့ပြန်မှုအတိုင်း အစ္စရေး ကာကွယ်ရေးတပ်ဖွဲ့က စစ်သားတွေဟာ တင့်ကားကနေ ပြန်ပစ်ခဲ့ပါတယ်။ ပစ်မှတ် ဦးတည်ရာကတော့ မော်တာကျည်ဆန် စပြီး ပစ်လွှတ်ခဲ့တဲ့ နေရာကိုပါ။ ပြီးတော့ ဆီးရီးယား စစ်တပ်ရဲ့ ရွေ့လျား လက်နက်ကြီး ယာဉ်တစ်စင်းကို တိုက်ရိုက် ထိမှန်ကြောင်း အတည်ပြုချက် ရရှိခဲ့ပါတယ်"ဟု အစ္စရေးစစ်ဘက်မှ အရာရှိ တစ်ဦးက ပြောကြားခဲ့သည်။ တယ်လ်အာဇီကာ စစ်စခန်းအနီးသို့ ဆီးရီးယားဘက်မှ ပစ်ခတ်သော လက်နက်ကြီး ကျည်ဆန်များ ကျရောက်နေသည်မှာ ရက်ပိုင်းမျှ ရှိနေပြီဖြစ်သည်။

အစ္စရေးသည် (၁၉၇၃)ခုနှစ်နောက်ပိုင်း ဆီးရီးယား စစ်ဘက် ယာဉ်တစ်စင်းကို တိုက်ရိုက် ပစ်ခတ်မှုသည် ယခုတစ်ကြိမ် ပထမဆုံး
ဖြစ်သည်။ အတည်မပြုနိုင်သော သတင်းများက အစ္စရေးသည် တာမက်ဇ် အမျိုးအစား ဒုံးကျည် တစ်စင်းတည်းဖြင့် ဆီးရီးယား လက်နက်ကြီး အမြောက်ယာဉ်ကို ဖျက်ဆီးခဲ့ကြောင်း ဖော်ပြခဲ့သည်။ ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူး ဘန်ကီမွန်းသည် ယခုကိစ္စအတွက် နှစ်ဖက် စစ်တပ်များအား အပစ်အခတ် ကင်းမဲ့ဇုန် သတ်မှတ်ချက်ကို ဆက်လက် လေးစားရန် တောင်းဆို တိုက်တွန်းဖွယ် ရှိနေကြောင်း သိရှိရသည်။

Source: Xinhua
Planet Myanmar Network



ရွှေဘိုမြို့အနီး နောက်ဆက်တွဲငလျင် ထပ်မံလှုပ်ခတ်

Posted: 13 Nov 2012 06:37 PM PST

နိုဝင်ဘာ ၁၄ ရက် နံနက် ၀၀ နာရီ၊ ၅၈ မိနစ်၊ ၁၄ စက္ကန့်အချိန်တွင် စစ်ကိုင်းတိုင်းဒေသကြီး ရွှေဘိုမြို့၏ အရှေ့မြောက်ဘက် ၂၄ မိုင်အကွာကို ဗဟိုပြု၍ ရစ်ခ်ျတာစကေး ၄.၉ အဆင့်ရှိ အင်အားအနည်းငယ်ရှိသော မြေငလျင်တစ်ခု လှုပ်ခတ်သွားကြောင်း U.S. Geological Survey ဝက်ဘ်ဆိုက်တွင် ဖော်ပြသည်။

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ




မြန်မာ့နိုင်ငံရေး အကောင်းမြင်လွန်းတာ မဖြစ်သင့်ဟု ဒေါ်စုက အိန္ဒိယအစိုးရကို ပြော

Posted: 13 Nov 2012 03:38 PM PST

မြန်မာနိုင်ငံက ဒီမိုကရေစီ အသွင်ကူးပြောင်းရေးနဲ့ ပတ်သက်ပြီး အိန္ဒိယ အစိုးရ အနေနဲ့ အကောင်း မြင်လွန်းတာမျိုး မဖြစ်စေသင့်ဘူးလို့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်က သတိပေး ပြောကြား လိုက်ပါတယ်။ အိန္ဒိယနိုင်ငံ နယူးဒေလီမြို့ကို ဒီကနေ့ ဆိုက်ရောက်သွားတဲ့ ဒေါ်အောင်ဆန်းစုကြည်က ခရီးမစခင်က အိန္ဒိယ နိုင်ငံထုတ် The Hindu သတင်းစာနဲ့ အင်တာဗျူး ပြောကြားရာမှာ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ


ဒေါ်အောင်ဆန်းစုကြည် မြန်မာ အပြည်ပြည် ဆိုင်ရာ လေဆိပ်မှ အိန္ဒိယကို ထွက်ခွာပုံ။ Photo: RFA/Kyaw Zawe Win


ငလျင်ဒဏ်ကြောင့် သေဆုံးသူဦးရေ နှစ်ဆတိုး

Posted: 13 Nov 2012 02:25 PM PST

မြန်မာနိုင်ငံ အလယ်ပိုင်းမှာ တနင်္ဂနွေနေ့ မနက်ပိုင်းက ပြင်းအား ၆.၈ ရှိတဲ့ ငလျင်ကြီး လှုပ်ခတ်ခဲ့ တာကြောင့် သေဆုံးသူ ဦးရေဟာ အခုဆိုရင် ၂၆ ယောက် ရှိသွားပြီ ဖြစ်တယ်လို့ နိုင်ငံတကာ ကြက်ခြေနီအဖွဲ့ ICRC က အင်္ဂါနေ့က ပြောလိုက်ပါတယ်။ ဒဏ်ရာ ရရှိသူ ဦးရေ ၂၃၀ ရှိပြီးတော့ ၁၂ ယောက်က ပျောက်ဆုံးနေဆဲ ဖြစ်တယ်လို့ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ




ဆီတင်ရထားမီးလောင်မှု သေဆုံးသူ ၃၀ ရှိလာ

Posted: 13 Nov 2012 02:17 PM PST

ကန့်ဘလူမြို့နယ်၊ ချပ်ကြီး ဘူတာအဝင်မှာ လောင်စာ ဆီတင် ထားတဲ့ ရထားတွဲ ဘီးချော် တိမ်းမှောက် ရာက ဖိတ်စင်တဲ့ လောင်စာဆီ တွေကို ရွာသားတွေ လာရောက် ခပ်ယူနေတုန်း မီးလောင်မှုဖြစ်ပွားလို့ ဒဏ်ရာရ သူတွေထဲက နောက်ထပ် သေဆုံးမှု တွေရှိလာပါတယ်။
ဆေးဝါး အခက်အခဲလည်း ရှိတာကြောင့် ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ

စစ်ကိုင်းတိုင်း ကန့်ဘလူ အနီး ဆီတွဲရထား တိမ်းမှောက်ပြီး မီးလောင်ခဲ့(ဓါတ်ပုံ ပြန်ကြားရေး ဝန်ကြီးဌာန ဝက်ဘ်ဆိုဒ်)