သမိုင်းတကွေ့မှ မွန်အမျိုးသားခေါင်းဆောင်ကြီး မွန်ဦးဖိုးချို သန်းဝင်းလှိုင် နိုဝင်ဘာ ၁၄၊ ၂၀၁၂ နိုင်ငံဂုဏ်ရည်(ပထမအဆင့်) ရ မွန်အမျိုးသားခေါင်းဆောင်ကြီး မွန်ဦးဖိုးချိုကို ပြည်ခရိုင်၊ ရွှေတောင်မြို့၌ ၁၉၀၅ခုနှစ် နိုဝင်ဘာလ၁၈ရက် စနေနေ့တွင် အဖခရိုင်ဆရာဝန်ကြီး ဝဏ္ဏကျော်ထင် ဦးဖိုးလှ၊ အမိ ဒေါ်ကြေးနုတို့မှ ဖွားမြင်ခဲ့သည်။ ငယ်စဉ်က မော်လမြိုင်မြို့ အင်္ဂလိပ်-မြန်မာ အစိုးရအထက်တန်းကျောင်း၌ ပညာသင်ကြားခဲ့ပြီး ၁၀တန်းအောင်မြင်ခဲ့သည်။ ယင်းနောက် ရန်ကုန်တက္ကသိုလ်တွင် ဆက်လက်ပညာသင်ကြားခဲ့ရာ ၁၉၂၇ခုနှစ်တွင် ဝိဇ္ဇာဘွဲ့ကို အင်္ဂလိပ်စာဂုဏ်ထူးဖြင့် အောင်မြင်ခဲ့သည်။ ၁၉၅၃ခုနှစ်တွင် ဥပဒေဘွဲ့ရရှိခဲ့သည်။ မွန်ဦးဖိုးချိုသည် ရန်ကုန်တက္ကသိုလ် အင်္ဂလိပ်စာဌာနတွင် နည်းပြဆရာအဖြစ် လုပ်ကိုင်ခဲ့သည်။ ၁၉၄၂ခုနှစ်တွင် ပညာရေးနှင့် ငြိမ်းချမ်းရေးထိန်းသိမ်းမှုကော်မတီ (Education and Peace Preservation Committee)တွင် ဥက္ကဌအဖြစ် ဆောင်ရွက်ခဲ့သည်။ မွန်ဦးဖိုးချိုသည် ဗိုလ်ချုပ်အောင်ဆန်း၊ ဦးညိုမြတို့၏ [...]

Read more of this post