[aurorageneration] Burma Law Report

From U U Mhaw Sayar

၁၉၆၀ Burma Law Report တစ်ခုကို မိတ်ဆွေတို့ စိတ်ဝင်စားမယ်ထင်လို့ တင်ပေးလိုက်တယ်။ ဒါမျိုး အမှုတွေ ရှေးယခင်ထဲက မြန်မာပြည်မှာ ရှိခဲ့တယ်။ ဒီတရားသူကြီးက ဘယ်လို ဆုံးဖြတ်ပေးခဲ့တယ် ဆိုတာ သေချာ ဖတ်ကြည့်ပါ။ စိတ်ဝင်စားဖို့ကောင်းပါတယ်။

မိတ်ဆွေတို့ ဒီစာရွက်တွေကို ဖတ်ရတာအဆင်မပြေမှာစိုးလို့ အဓိကကျတဲ့ တရားရုံးတော်ရဲ့ နောက်ဆုံး ကောက်ချက်နဲ့ အမိန့်ချမှတ်ခဲ့တာကို ကျနော် ပြန်ကူးပေးလိုက်တယ်။


[ ဤကဲ့သို့သော အမှုများတွင် လူတစ်ဦးတယောက်သည်
မြန်မာပြည်တွင်းသို့ ခိုးဝင်လာသည် ဆိုသည်မှာ တရားစီရင်ရေး ကိစ္စသာဖြစ်၍ အခြေခံဥပဒေပုဒ်မ ၁၅၀ အရ ကန့်သတ်ထားသည့် တရားစီရင်ရေးဆိုင်ရာ အလုပ်ဝတ္တရားအနေဖြင့် တရားဥပဒေနှင့်ကိုက်ညီအောင်
ဆောင်ရွက်စီရင်ဆုံးဖြတ်ရပေမည်။ ယခုကဲ့သို့ လူဝင်မှုကြီးကြပ်ေ၇းဝန်ထောက်က တင်သမျှကို စစ်ဆေးကြားနာခြင်း မပြုဘဲ ပြီးစလွယ် အသင့်ရှိပုံစံတွင် လက်မှတ်ထိုး၍ ပြည်နှင်ဒဏ်ပေးခဲ့ခြင်းမှာ လုံးဝမသင့်လျော်ကြောင်းကို ဤရုံးတော်က
ဖေါ်ပြလိုက်သည်။

ဤအမှုများတွင် လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာန ၊ တွဲဘက်အတွင်းဝန်က လျောက်ထားသူများသည် မြန်မာစကားပင် မတတ်၊ တရားသဖြင့် မြန်မာပြည်တွင်းသို့ ၀င်ရောနေထိုင်သူများဖြစ်ကြောင်းကို ယုံကြည် လောက်အောင် မပြနိုင်ဟု ဖေါ်ပြသည်။

ဤကဲ့သို့ ချေပခြင်းမှာ အဆန်းမဟုတ်၊ ရှေးကအမှုများ
တွင်လည်း ထိုနည်းတူ ချေပခဲ့သည်ကို ဤရုံးတော်က
ဝေဖန်ခဲ့ပြီး ဖြစ်သည်။ မြန်မာပြည်တွင် မြန်မာလူမျိုး အစစ်အများအပြားမရောက်သေးသော ဒေသများ၌
မြန်မာနှင့်အသွင်မတူ၊ မြန်မာစကားမတတ်၊ မြန်မာပြည်တွင် ဘယ်တုံးက ဘာဖြစ်ခဲ့သည်ကို မပြောနိုင်သော
ပြည်ထောင်စု တိုင်းရင်းသားများ ရှိကြသေးသည်။ ရခိုင်တိုင်း ဒေသများ၌ မြန်မာစကားမတတ်သူ ပြည်ထောင်စုသားများအမြောက်အမြားရှိနိုင်သည်။ ပြည်ထောင်စု နိုင်ငံသားဖြစ်မှု အက်ဥပဒေ ပုဒ်မ ၄(၂) အရ၊ ရှေးအခါက အခြားနိုင်ငံခြားမှ လာ၍ နေထိုင်ကြသူများမှ ဆင်းသက်သော မြေးမြစ်များသည် ဥပဒေအရ
ပြည်ထောင်စု နိုင်ငံသားများ ဖြစ်ကြသည်ကိုလည်း သတိမူသင့်သည်။

ယုံကြည်လောက်အောင် အထောက်အထား မပြနိုင်ဆိုသည့်အချက်နှင့် ပက်သက်၍ ဖမ်းဆီးသည့်နေ့ကစပြီး ထောင်ထဲတွင် ချုပ်ထားသူတို့ကို အထောက်အထားပြရန်အတွက် အခွင့်အရေးကို လုံးဝမပေးသည့်အပြင် ကိုင်ဆောင်ထားသည့်
နိုင်ငံသားလက်မှတ်များကိုပင် အာဏာပိုင်များက သိမ်းဆည်းထားသေးသည်။

လျောက်ထားသူ ၂၃ ဦးကို မြန်မာပြည်တွင်းသို့ ခိုးဝင်လာသူများဟု ယူဆနိုင်ရန် တရားဝင် သက်သေခံ ဖြစ်နိုင်သော အထောက်အထား လုံးဝမရှိ၍ ထိုကဲ့သို့သော ယူဆချက်ကို ကိုးကားပြီး လူဝင်မှုအရေးပေါ် အက်ဥပဒေ ပုဒ်မ ၇ (၂) အရ ပြည်နှင်ဒဏ်ပေးခြင်းသည် တရားဥပေးနှု့် မကိုက်ညီသဖြင့် ဖမ်းဆီးချုပ်နှောင် ထားခြင်းမှာ တရားဥပဒေနှင့် ဆန့်ကျင်သော ချုပ်နှောင်ထားခြင်းသာ ဖြစ်သောကြောင့် မောင်းတောနယ်ပိုင် ၀န်ထောက်မင်း၏ အမိန့်များကို ပယ်ဖျက်ပြီး လျောက်ထားသူများအား အချုပ်မှ ချက်ခြင်း လွတ်ပစ်ရန် အမိန့်ချမှတ်လိုက်သည်။
1960 အောက်တိုဘာလက လူဝင်မှုပြဿနာနဲ့ပက်သက်တဲ့ ရုံးတော်မှတ်တမ်း တစ်ခုကို ပြန်တင်ပေးလိုက်တာပါ။ အဆုံးအဖြတ်ပေးခဲ့တဲ့ တရားသူကြီးက သမိုင်းကျေပုံရတယ်း)




--












May Peace Be Upon You
Regards,
Ruby

--
Computer နည်းပညာများ
http://groups.google.com/group/auroracomputerservice?hl=en_US
 
ဂြိုဟ်တုနှင့်အာကာသ
http://sites.google.com/site/9spacestudy/
 
Entertainment (game)
www.vaperida.com
 
Aurorageneration အတွက် facebook link ပါ။
http://www.facebook.com/groups/186830348042417
 
Aurorageneration facebook page
https://www.facebook.com/Aurorageneration (Still fixing)
 
--
သင်သည် aurorageneration group ဧ။် member တစ်ယောက်ဖြစ်သောကြောင့် ယခု mail ရရှိခြင်းဖြစ်သည်။group ဧ။်အသေးစိတ်ကိုhttp://groups.google.com/group/aurorageneration/topics?start=10&sa=N မှာကြည့်နိုင်ပါသည်။ သင်ဧ။် mail များကိုဖြန့်ဝေချင်ပါကaurorageneration@googlegroups.comသို့ပို့နိုင်ပါသည်။ group ကိုဝင်ချင်ပါက aurorageneration+subscribe@googlegroups.com သို့ mail ပို့ ခြင်းဖြင့် ၀င်နိုင်ပါတယ်။ group မှထွက်ချင်ပါက aurorageneration+unsubscribe@googlegroups.com ဖြင့်ထွက်နိုင်ပါတယ်။
 
group နှင့်ပတ်သက်ပြီး အကြံဥာဏ်များပေးလိုပါက aurorageneration+owner@googlegroups.com သို့ မေးလ်ပို့နိုင်ပါသည်။
---
You received this message because you are subscribed to the Google Groups "Newgeneration" group.
To post to this group, send email to aurorageneration@googlegroups.com.
To unsubscribe from this group, send email to aurorageneration+unsubscribe@googlegroups.com.
Visit this group at http://groups.google.com/group/aurorageneration?hl=en.
For more options, visit https://groups.google.com/groups/opt_out.