[aurorageneration] သက်မွန်မြင့်ငြင်းဆန်သည့်ဇာတ်ဝင်ခန်းသည်ဒါရိုက်တာမှ ဖြည့်စွက်တဲ့ အခန်းသာဖြစ်ကြောင်း စာရေးဆရာမ ပုညခင်ဆို


ဒါရိုက်တာဝိုင်း ရိုက်ကူးမယ့် "ကျွန်မက

 နှင်းဆီပါမောင်" ရုပ်ရှင် မှာ သက်မွန်မြင့်
 ကနမ်းရမယ့် ဇာတ်ဝင်ခန်းကို ရိုက်ကူးဖို့
 ငြင်းဆန်လိုက်ကြောင်း သိရပါတယ်။


 အဲဒီ ဇာတ်ဝင်ခန်း ကိုငြင်းဆန်မှု နဲ့ ပတ်သက်ပြီး "ကျွန်မက နှင်းဆီပါမောင်" ဝတ္ထုရေးသူ စာရေးဆရာမ ပုညခင် ကို ပရိသတ်တွေက ဝတ္ထုထဲက အကြာင်း ကို မေးမြန်း ခဲ့ကြကြောင်း သိရပါတယ်။

ပရိသတ်တွေရဲ့ မေးမြန်းမှုတွေကို ပြန်လည်ဖြေကြားတဲ့ အနေနဲ့ စာရေးဆရာမ ပုညခင်က သူ့ရဲ့ဖေ့စ်ဘုတ် စာမျက်နှာထက်မှာ အခုလို "ကျွန်မကနှင်းဆီပါမောင်" နဲ့ ပတ်သက်ပြီး ကျွန်မဘက်က ပြောစရာလေး ရှိလာပါတယ်။

 အခုတလော ဂျာနယ်စာမျက်နှာထက်မှာ ဒီဇာတ် ကားရိုက်ဖို့ သက်မွန်မြင့် က ငြင်းဆိုတာနဲ့ ပတ်သက်ပြီး ကျွန်မရဲ့ ပရိသတ် များက မေးမြန်းလာတဲ့ အတွက် ဒီစာကို ရေးရခြင်း ဖြစ်ပါတယ်။ ဒီဝတ္ထုက ကျွန်မရဲ့ အုပ်၁ဝဝပြည့် ဝတ္ထုပါ။ ၁၅. ၆.၂ဝ၁၁ နေ့က ရေးသား ပြီးစီးခဲ့တဲ့ ဝတ္ထုဖြစ်ပါတယ်။

သက်မွန်မြင့်က ကျွန်မဝတ္ထုကို ဖတ်ပြီးသားပါ။ သူငြင်းတာက ကျွန်မဝတ္ထု ထဲက အခန်းတွေ ကိုမဟုတ်ပါဘူး။ ဒါရိုက် တာဖြည့်စွက် ထားတဲ့ အခန်းတွေ ကို ငြင်းတာပါ။

 ဖြည့်စွက်ထားတဲ့ အခန်းတွေကို ကျွန် မသိရချိန်မှာ ဒီအခန်းတွေဟာ မြန်မာ့ ယဉ်ကျေးမှုအရ ရိုက်မပြသင့်တဲ့ အခန်းတွေ လို့ ယူဆတဲ့ အတွက် ပြန် ဖြုတ်ပေးဖို့ ဒါရိုက်တာကို တောင်းဆို ခဲ့ပေမယ့် ဒါရိုက်တာက လက်မခံခဲ့ ပါဘူး။ အတိအကျ သိချင်လို့ ဒါရိုက်တာ ဆီက ဇာတ်ညွှန်းတောင်းပြီး ဖတ်ပါတယ်။

ဒါရိုက်တာကသူ Sexy ဖြစ်အောင် ရိုက်မှာမဟုတ်ဘူး လို့ ဆိုခဲ့ပေမယ့် ကျွန်မ သေသေချာချာ အထပ်ထပ် ဖတ်ပြီးတဲ့ အချိန်မှာ တချို့ အခန်း တွေဟာ ဘယ်လိုပဲ ရိုက်ရိုက် ဒီအဓိပ္ပာယ် ပဲ သက်ရောက်နိုင်တယ် လို့ မြင်လာပါတယ်။

ကျွန်မဖန်တီးခဲ့တဲ့ ထားသခင်ဟာ ဒီလိုစရိုက်မျိုး မဟုတ်ပါဘူး။ ဒီလိုအခန်းတွေ ထည့် လိုက်တဲ့ အတွက် ထားသခင်ရဲ့ စရိုက်ကို ပြောင်းလဲ သွားစေနိုင်ပါတယ်။ ကျွန်မ ဒါမျိုး ရေးတတ် တဲ့စာရေး ဆရာမ မဟုတ်ဘူး ဆိုတာ ကျွန် မရဲ့ ပရိသတ် တွေ အသိဆုံးပါ။

ကျွန်မ ဝတ္ထုရေးတဲ့ အခါ ကျွန်မ မိဘ၊ မောင်၊ ညီမကိုပေး မဖတ်ရဲတဲ့ ဝတ္ထုမျိုး မဖြစ်စေရဘူး ဆိုတဲ့ ခံယူချက်နဲ့ ရေးပါတယ်။

 ဒါရိုက်တာ မှာလည်းသူ့ ပညာနဲ့သူ ရှိ ပါလိမ့်မယ်။ ဒါရိုက်တာရဲ့ အပိုင်းကိုတော့ ကျွန်မ ဘာမှမဝေဖန်လိုပါဘူး ။သူဘယ်လို ရိုက်မယ် ဆိုတာ အတိအကျ ကြိုမသိနိုင်တဲ့ အတွက် ဘာကိုမှ ကြိုပြီး မဝေဖန် ချင်ပါဘူး။

 ကျွန်မနဲ့ ပတ်သက်တာကိုပဲ ကျွန်မပြောတာပါ။ ကျွန်မ ဝတ္ထုနဲ့ အကယ်ဒမီ ရခဲ့တဲ့ မင်းသမီးလေး ဒီဇာတ်ကားကို ရိုက်ခွင့် မကြုံတော့တဲ့ အတွက်တော့ ကျွန်မ တကယ် စိတ်မကောင်းပါဘူး။

 ဒါပေမဲ့ ဒါရိုက်တာ ဖြုတ်မပေးနိုင်တာလည်း သူ့ခံယူချက် နဲ့သူ ၊မင်းသမီးက ငြင်းတာ လည်း သူ့ခံယူချက်နဲ့သူ။ ကျွန်မ လက်မခံနိုင်တာ ဟာလည်း ကျွန်မခံယူချက် နဲ့ကျွန်မ။ ဘယ်သူမဆို လွတ်လပ်စွာကွဲလွဲနိုင် တာပဲမဟုတ်ပါလား ရှင်" လို့ပြောပါတယ်။ .

--
Computer နည်းပညာများ
http://groups.google.com/group/auroracomputerservice?hl=en_US
 
ဂြိုဟ်တုနှင့်အာကာသ
http://sites.google.com/site/9spacestudy/
 
Entertainment (game)
www.vaperida.com
 
Aurorageneration အတွက် facebook link ပါ။
http://www.facebook.com/groups/186830348042417
 
Aurorageneration facebook page
https://www.facebook.com/Aurorageneration (Still fixing)
 
--
သင်သည် aurorageneration group ဧ။် member တစ်ယောက်ဖြစ်သောကြောင့် ယခု mail ရရှိခြင်းဖြစ်သည်။group ဧ။်အသေးစိတ်ကိုhttp://groups.google.com/group/aurorageneration/topics?start=10&sa=N မှာကြည့်နိုင်ပါသည်။ သင်ဧ။် mail များကိုဖြန့်ဝေချင်ပါကaurorageneration@googlegroups.comသို့ပို့နိုင်ပါသည်။ group ကိုဝင်ချင်ပါက aurorageneration+subscribe@googlegroups.com သို့ mail ပို့ ခြင်းဖြင့် ၀င်နိုင်ပါတယ်။ group မှထွက်ချင်ပါက aurorageneration+unsubscribe@googlegroups.com ဖြင့်ထွက်နိုင်ပါတယ်။
 
group နှင့်ပတ်သက်ပြီး အကြံဥာဏ်များပေးလိုပါက aurorageneration+owner@googlegroups.com သို့ မေးလ်ပို့နိုင်ပါသည်။
---
You received this message because you are subscribed to the Google Groups "Newgeneration" group.
To post to this group, send email to aurorageneration@googlegroups.com.
To unsubscribe from this group, send email to aurorageneration+unsubscribe@googlegroups.com.
Visit this group at http://groups.google.com/group/aurorageneration?hl=en.
For more options, visit https://groups.google.com/groups/opt_out.