2012/12/18 Ruby Mirror <ruby.mirror786@gmail.com>
From U U Mhaw Sayar
၁၉၆၀ Burma Law Report တစ်ခုကို မိတ်ဆွေတို့ စိတ်ဝင်စားမယ်ထင်လို့ တင်ပေးလိုက်တယ်။ ဒါမျိုး အမှုတွေ ရှေးယခင်ထဲက မြန်မာပြည်မှာ ရှိခဲ့တယ်။ ဒီတရားသူကြီးက ဘယ်လို ဆုံးဖြတ်ပေးခဲ့တယ် ဆိုတာ သေချာ ဖတ်ကြည့်ပါ။ စိတ်ဝင်စားဖို့ကောင်းပါတယ်။
မိတ်ဆွေတို့ ဒီစာရွက်တွေကို ဖတ်ရတာအဆင်မပြေမှာစိုးလို့ အဓိကကျတဲ့ တရားရုံးတော်ရဲ့ နောက်ဆုံး ကောက်ချက်နဲ့ အမိန့်ချမှတ်ခဲ့တာကို ကျနော် ပြန်ကူးပေးလိုက်တယ်။
[ ဤကဲ့သို့သော အမှုများတွင် လူတစ်ဦးတယောက်သည်
မြန်မာပြည်တွင်းသို့ ခိုးဝင်လာသည် ဆိုသည်မှာ တရားစီရင်ရေး ကိစ္စသာဖြစ်၍ အခြေခံဥပဒေပုဒ်မ ၁၅၀ အရ ကန့်သတ်ထားသည့် တရားစီရင်ရေးဆိုင်ရာ အလုပ်ဝတ္တရားအနေဖြင့် တရားဥပဒေနှင့်ကိုက်ညီအောင်
ဆောင်ရွက်စီရင်ဆုံးဖြတ်ရပေမည်။ ယခုကဲ့သို့ လူဝင်မှုကြီးကြပ်ေ၇းဝန်ထောက်က တင်သမျှကို စစ်ဆေးကြားနာခြင်း မပြုဘဲ ပြီးစလွယ် အသင့်ရှိပုံစံတွင် လက်မှတ်ထိုး၍ ပြည်နှင်ဒဏ်ပေးခဲ့ခြင်းမှာ လုံးဝမသင့်လျော်ကြောင်းကို ဤရုံးတော်က
ဖေါ်ပြလိုက်သည်။
ဤအမှုများတွင် လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာန ၊ တွဲဘက်အတွင်းဝန်က လျောက်ထားသူများသည် မြန်မာစကားပင် မတတ်၊ တရားသဖြင့် မြန်မာပြည်တွင်းသို့ ၀င်ရောနေထိုင်သူများဖြစ်ကြောင်းကို ယုံကြည် လောက်အောင် မပြနိုင်ဟု ဖေါ်ပြသည်။
ဤကဲ့သို့ ချေပခြင်းမှာ အဆန်းမဟုတ်၊ ရှေးကအမှုများ
တွင်လည်း ထိုနည်းတူ ချေပခဲ့သည်ကို ဤရုံးတော်က
ဝေဖန်ခဲ့ပြီး ဖြစ်သည်။ မြန်မာပြည်တွင် မြန်မာလူမျိုး အစစ်အများအပြားမရောက်သေးသော ဒေသများ၌
မြန်မာနှင့်အသွင်မတူ၊ မြန်မာစကားမတတ်၊ မြန်မာပြည်တွင် ဘယ်တုံးက ဘာဖြစ်ခဲ့သည်ကို မပြောနိုင်သော
ပြည်ထောင်စု တိုင်းရင်းသားများ ရှိကြသေးသည်။ ရခိုင်တိုင်း ဒေသများ၌ မြန်မာစကားမတတ်သူ ပြည်ထောင်စုသားများအမြောက်အမြားရှိနိုင်သည်။ ပြည်ထောင်စု နိုင်ငံသားဖြစ်မှု အက်ဥပဒေ ပုဒ်မ ၄(၂) အရ၊ ရှေးအခါက အခြားနိုင်ငံခြားမှ လာ၍ နေထိုင်ကြသူများမှ ဆင်းသက်သော မြေးမြစ်များသည် ဥပဒေအရ
ပြည်ထောင်စု နိုင်ငံသားများ ဖြစ်ကြသည်ကိုလည်း သတိမူသင့်သည်။
ယုံကြည်လောက်အောင် အထောက်အထား မပြနိုင်ဆိုသည့်အချက်နှင့် ပက်သက်၍ ဖမ်းဆီးသည့်နေ့ကစပြီး ထောင်ထဲတွင် ချုပ်ထားသူတို့ကို အထောက်အထားပြရန်အတွက် အခွင့်အရေးကို လုံးဝမပေးသည့်အပြင် ကိုင်ဆောင်ထားသည့်
နိုင်ငံသားလက်မှတ်များကိုပင် အာဏာပိုင်များက သိမ်းဆည်းထားသေးသည်။
လျောက်ထားသူ ၂၃ ဦးကို မြန်မာပြည်တွင်းသို့ ခိုးဝင်လာသူများဟု ယူဆနိုင်ရန် တရားဝင် သက်သေခံ ဖြစ်နိုင်သော အထောက်အထား လုံးဝမရှိ၍ ထိုကဲ့သို့သော ယူဆချက်ကို ကိုးကားပြီး လူဝင်မှုအရေးပေါ် အက်ဥပဒေ ပုဒ်မ ၇ (၂) အရ ပြည်နှင်ဒဏ်ပေးခြင်းသည် တရားဥပေးနှု့် မကိုက်ညီသဖြင့် ဖမ်းဆီးချုပ်နှောင် ထားခြင်းမှာ တရားဥပဒေနှင့် ဆန့်ကျင်သော ချုပ်နှောင်ထားခြင်းသာ ဖြစ်သောကြောင့် မောင်းတောနယ်ပိုင် ၀န်ထောက်မင်း၏ အမိန့်များကို ပယ်ဖျက်ပြီး လျောက်ထားသူများအား အချုပ်မှ ချက်ခြင်း လွတ်ပစ်ရန် အမိန့်ချမှတ်လိုက်သည်။1960 အောက်တိုဘာလက လူဝင်မှုပြဿနာနဲ့ပက်သက်တဲ့ ရုံးတော်မှတ်တမ်း တစ်ခုကို ပြန်တင်ပေးလိုက်တာပါ။ အဆုံးအဖြတ်ပေးခဲ့တဲ့ တရားသူကြီးက သမိုင်းကျေပုံရတယ်း)
--
May Peace Be Upon You
Regards,
Ruby--2012/12/18 aatolay <kkogyister@gmail.com>
ဦးလင်းထက်ဆွေခင်ဗျာနိုင်ငံသား ဖြစ်ခွင့် ဥပဒေ သည် တနိုင်ငံနှင့် တနိုင်ငံ တူညီပါသလားမတူညီခဲ့ လျင် မြန်မာနိုင်ငံတွင် လက်ရှိ ကျင့် သုံးသော ဥပဒေ ကိုသိချင်ပါတယ် ဖြစ်နိုင်ရင် ပြောပြပေးစေလိုပါတယ်2012/12/18 Lynn Htet Swe <myatchitshin@gmail.com>
တိုင်းရင်းသား က တော့ သွေး နဲ့ ဆုံးဖြတ် ပါတယ်။ နိုင်ငံသား က တော့ ဆိုင်ရာ နိုင်ငံသားဖြစ်မှု ဥပဒေ တွေ အရ ပဲ ဆုံးဖြတ် ရပါလိမ့်မယ်။
တိုင်းရင်းသား ဖြစ်ခြင်း နဲ့ နိုင်ငံသား ဖြစ်ခြင်း ကို ရောထွေး နေပုံ ရပါတယ်။2012/12/18 အေမီ <amizarhlaing@gmail.com>မြန်မာနိုင်ငံသည် နိုင်ငံသားဖြစ်မှု၊ မဖြစ်မှုကို သွေးဖြင့် ဆုံးဖြတ်သည့် နိုင်ငံဖြစ်ကြောင်းလဝကဝန်ကြီး ဦးခင်ရီပြော
ကမ္ဘာပေါ်ရှိ နိုင်ငံအသီးသီး၌ နိုင်ငံသားဖြစ်မှုမဖြစ်မှုကိုဆုံးဖြတ်ရာတွင် မြေပေါ်၌မူတည်၍ဆုံးဖြတ်ခြင်း၊ အချိန်ပေါ်တွင်မူတည်၍ဆုံးဖြတ်ခြင်းနှင့်သွေးပေါ်တွင် မူတည်ဆုံးဖြတ်ခြင်း စသည့်အချက် သုံးချက်ရှိသည့်အနက် မြန်မာနိုင်ငံသည် နိုင်ငံသားဖြစ်မှုကို သွေးဖြင့်ဆုံးဖြတ်သော နိုင်ငံဖြစ်ကြောင်းလူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်ရီကနိုင်ငံခြားရေးရာ
ဝန်ကြီးဌာနရုံးတွင်ပြုလုပ်သော သတင်းစာရှင်းလင်းပွဲတွင် ပြောသည်။
''ကျွန်တော်တို့နိုင်ငံက သွေး နဲ့ဆုံးဖြတ်တဲ့နိုင်ငံဖြစ်ပါတယ်။ ဒီလို နိုင်ငံမျိုးတွေက ကမ္ဘာပေါ်မှာအများ ကြီးရှိပါတယ်'' ဟု ဝန်ကြီးဦးခင်ရီ က ပြောသည်။
နိုင်ငံတစ်နိုင်ငံ အချိန်ကြာမြင့် စွာနေထိုင်ပါက အလိုအလျောက် နိုင်ငံသားအဖြစ်ဆုံးဖြတ်သောနိုင်ငံ များရှိသော်လည်း မြန်မာနိုင်ငံတွင်မူ အဆိုပါစနစ်ကို မကျင့်သုံးကြောင်း၎င်းက ဆက်ပြောသည်။''သွေးပေါ်မူတည်ပြီးတော့ ဆုံးဖြတ်တယ်ဆိုတာက ဒီနိုင်ငံမှာ ရှိနေတဲ့နိုင်ငံသားရဲ့သွေး၊ နိုင်ငံသား ဖြစ်နိုင်တဲ့သွေးနဲ့ရောတဲ့ သွေးပါမှလို့ ပြောတာပါ။ဝန်ကြီးဦးခင်ရီပြော တာဟာ ကျွန်တော်တို့နိုင်ငံရဲ့ ပကတိ အခြေအနေနဲ့ အင်မတန်မှကိုက်ညီ တဲ့ အဖြေဖြစ်ပါတယ်''ဟု ရခိုင် တိုင်းရင်းသားရေးရာဝန်ကြီးဦးဇော် အေးမောင်က ပြောသည်။
မြန်မာနိုင်ငံရှိ တိုင်းရင်းသား လူမျိုးများသည် တိုင်းတစ်ပါး၏ မြေကို ကျူးကျော်နေထိုင်ခြင်းမျိုးမရှိသည့်အတွက် မြေပေါ်တွင် မူ တည်၍ နိုင်ငံသားအဖြစ် ဆုံးဖြတ်မှု ဖြင့် လည်းကောင်း၊အချိန်ပေါ်တွင် မူတည်၍လည်းကောင်း နိုင်ငံသား ဖြစ်မှုအတွက် ဆုံးဖြတ်ရန်မဖြစ်နိုင်ဘဲသွေးဖြင့်သာ ဆုံးဖြတ်သည့် နိုင်ငံ ဖြစ်ကြောင်း ပြောဆိုခဲ့မှုကို ရခိုင်တိုင်း ရင်းသားရေးရာဝန်ကြီးတစ်ယောက် အနေဖြင့် အပြည့်အဝထောက်ခံ ကြောင်းလည်း ၄င်းက ပြောသည်။''သွေးနဲ့ဆိုတာက ကျွန်တော် တို့က Mixed ဖြစ်နေတာမျိုးပေါ့။ ဘိုး ဘွားအဖေအမေကဒီမှာနေခဲ့တယ်၊ နှစ်ပေါင်းငါးဆယ်ကျော်ခြောက်ဆယ် နေထိုင်ခဲ့ကြပြီးပြီ၊ မြန်မာပြည်ရဲ့ကောင်းမွေဆိုးမွေကိုလည်း မျှဝေခံ စားခဲ့ကြပြီးပြီ၊ နိုင်ငံခြားသွားဖို့လည်းရည်ရွယ်ချက်မရှိတော့ဘူး။ အဲလိုလူ မျိုးတွေကို ဧည့်သည်အမျိုးအစားအ ဖြစ်လက်ခံတာ၊သူတို့ရဲ့တတိယ Generation ရောက်တော့မှပေးတယ်ဆိုတာ ဟာအင်မတန် Fair ဖြစ်တဲ့ဥပဒေ ပါ' ဟု ဝန်ကြီးဦးခင်ရီက ဆိုသည်။
နိုင်ငံသားဆိုရာတွင်မွေးရာပါ နိုင်ငံသားနှင့် ဥပဒေအရ ပြုလုပ်ထား သောနိုင်ငံသားဟူ၍နှစ်မျိုးရှိကြောင်း ၁၈၂၃ ခုနှစ်က မြန်မာနိုင်ငံ၏ ပြည် နယ်အချို့ဗြိတိသျှလက်အောက်မကျ ရောက်မီကတည်းက မှီတင်းနေထိုင် ခဲ့ကြသည့် လူမျိုးစုကြီးရှစ်စုနှင့် ¤င်း တို့နှင့်ဆက်နွှယ်သည့် လူမျိုး ၁ဝ၁ ပါးမှာ မွေးရာပါ နိုင်ငံသားများဖြစ် ကြပြီး ဥပဒေအရ ပြုလုပ်ထားသော နိုင်ငံသားများမှာ ဥပဒေကြောင်းအရ အဆင့်ဆင့်လျှောက်ထားပြီးမှ ဖြစ်လာသူများဖြစ်ကြောင်းအဆိုပါ ဥပဒေ အကြောင်းအရ ပြန်လည်လက်ခံသည့်နိုင်ငံသားများကို မြန်မာနိုင်ငံအတွင်းရှိ တိုင်းရင်းသားများဟု ပြော၍မရဘဲပြည်ထောင်စု မြန်မာနိုင်ငံအတွင်းတွင် နေထိုင်ခွင့်အတွက် မှတ်ပုံတင်ထားသူများသာဖြစ်ကြောင်း ဝန်ကြီးဦးခင်ရီ က ဆက်လက်ပြောဆိုသည်။
မြန်မာနိုင်ငံတွင် ထုတ်ပေးသော Registeration Card ဟု ခေါ်သည့် သုံးခေါက်ချိုးကတ်များမှာဤနေရာ တွင် သည်လူရောက်ရှိနေထိုင်သည် ဟူသောအချက်ကို စာအုပ်တွင် ရေး သား၍မှတ်ပုံတင်ထားခြင်းသာဖြစ် ကြောင်း၊ အဆိုပါကတ်တွင်လည်း၊ဤကတ်ပြားထုတ်ပေးခြင်းခံရသူသည် ဤနိုင်ငံသားအဖြစ်အလျဉ်းသက် သေခံခြင်းမဖြစ်စေရဟူ၍ ရေးထိုးထား ကြောင်း ဝန်ကြီးဦးခင်ရီကဆက် လက်ပြောဆိုသည်။
Messenger News Journal တွင်ဖော်ပြသော သတင်းကို မူရင်းအတိုင်းမျှဝေခြင်းဖြစ်ပါသည်။
May Peace Be Upon You
Regards,
Ruby
--
Computer နည်းပညာများ
http://groups.google.com/group/auroracomputerservice?hl=en_US
ဂြိုဟ်တုနှင့်အာကာသ
http://sites.google.com/site/9spacestudy/
Entertainment (game)
www.vaperida.com
Aurorageneration အတွက် facebook link ပါ။
http://www.facebook.com/groups/186830348042417
Aurorageneration facebook page
https://www.facebook.com/Aurorageneration (Still fixing)
--
သင်သည် aurorageneration group ဧ။် member တစ်ယောက်ဖြစ်သောကြောင့် ယခု mail ရရှိခြင်းဖြစ်သည်။group ဧ။်အသေးစိတ်ကိုhttp://groups.google.com/group/aurorageneration/topics?start=10&sa=N မှာကြည့်နိုင်ပါသည်။ သင်ဧ။် mail များကိုဖြန့်ဝေချင်ပါကaurorageneration@googlegroups.comသို့ပို့နိုင်ပါသည်။ group ကိုဝင်ချင်ပါက aurorageneration+subscribe@googlegroups.com သို့ mail ပို့ ခြင်းဖြင့် ၀င်နိုင်ပါတယ်။ group မှထွက်ချင်ပါက aurorageneration+unsubscribe@googlegroups.com ဖြင့်ထွက်နိုင်ပါတယ်။
group နှင့်ပတ်သက်ပြီး အကြံဥာဏ်များပေးလိုပါက aurorageneration+owner@googlegroups.com သို့ မေးလ်ပို့နိုင်ပါသည်။
---
You received this message because you are subscribed to the Google Groups "Newgeneration" group.
To post to this group, send email to aurorageneration@googlegroups.com.
To unsubscribe from this group, send email to aurorageneration+unsubscribe@googlegroups.com.
Visit this group at http://groups.google.com/group/aurorageneration?hl=en.
For more options, visit https://groups.google.com/groups/opt_out.
![Photo: ၁၉၆၀ Burma Law Report တစ်ခုကို မိတ်ဆွေတို့ စိတ်ဝင်စားမယ်ထင်လို့ တင်ပေးလိုက်တယ်။ ဒါမျိုး အမှုတွေ ရှေးယခင်ထဲက မြန်မာပြည်မှာ ရှိခဲ့တယ်။ ဒီတရားသူကြီးက ဘယ်လို ဆုံးဖြတ်ပေးခဲ့တယ် ဆိုတာ သေချာ ဖတ်ကြည့်ပါ။ စိတ်ဝင်စားဖို့ကောင်းပါတယ်။ မိတ်ဆွေတို့ ဒီစာရွက်တွေကို ဖတ်ရတာအဆင်မပြေမှာစိုးလို့ အဓိကကျတဲ့ တရားရုံးတော်ရဲ့ နောက်ဆုံး ကောက်ချက်နဲ့ အမိန့်ချမှတ်ခဲ့တာကို ကျနော် ပြန်ကူးပေးလိုက်တယ်။ [ ဤကဲ့သို့သော အမှုများတွင် လူတစ်ဦးတယောက်သည် မြန်မာပြည်တွင်းသို့ ခိုးဝင်လာသည် ဆိုသည်မှာ တရားစီရင်ရေး ကိစ္စသာဖြစ်၍ အခြေခံဥပဒေပုဒ်မ ၁၅၀ အရ ကန့်သတ်ထားသည့် တရားစီရင်ရေးဆိုင်ရာ အလုပ်ဝတ္တရားအနေဖြင့် တရားဥပဒေနှင့်ကိုက်ညီအောင် ဆောင်ရွက်စီရင်ဆုံးဖြတ်ရပေမည်။ ယခုကဲ့သို့ လူဝင်မှုကြီးကြပ်ေ၇းဝန်ထောက်က တင်သမျှကို စစ်ဆေးကြားနာခြင်း မပြုဘဲ ပြီးစလွယ် အသင့်ရှိပုံစံတွင် လက်မှတ်ထိုး၍ ပြည်နှင်ဒဏ်ပေးခဲ့ခြင်းမှာ လုံးဝမသင့်လျော်ကြောင်းကို ဤရုံးတော်က ဖေါ်ပြလိုက်သည်။ ဤအမှုများတွင် လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာန ၊ တွဲဘက်အတွင်းဝန်က လျောက်ထားသူများသည် မြန်မာစကားပင် မတတ်၊ တရားသဖြင့် မြန်မာပြည်တွင်းသို့ ၀င်ရောနေထိုင်သူများဖြစ်ကြောင်းကို ယုံကြည် လောက်အောင် မပြနိုင်ဟု ဖေါ်ပြသည်။ ဤကဲ့သို့ ချေပခြင်းမှာ အဆန်းမဟုတ်၊ ရှေးကအမှုများ တွင်လည်း ထိုနည်းတူ ချေပခဲ့သည်ကို ဤရုံးတော်က ဝေဖန်ခဲ့ပြီး ဖြစ်သည်။ မြန်မာပြည်တွင် မြန်မာလူမျိုး အစစ်အများအပြားမရောက်သေးသော ဒေသများ၌ မြန်မာနှင့်အသွင်မတူ၊ မြန်မာစကားမတတ်၊ မြန်မာပြည်တွင် ဘယ်တုံးက ဘာဖြစ်ခဲ့သည်ကို မပြောနိုင်သော ပြည်ထောင်စု တိုင်းရင်းသားများ ရှိကြသေးသည်။ ရခိုင်တိုင်း ဒေသများ၌ မြန်မာစကားမတတ်သူ ပြည်ထောင်စုသားများအမြောက်အမြားရှိနိုင်သည်။ ပြည်ထောင်စု နိုင်ငံသားဖြစ်မှု အက်ဥပဒေ ပုဒ်မ ၄(၂) အရ၊ ရှေးအခါက အခြားနိုင်ငံခြားမှ လာ၍ နေထိုင်ကြသူများမှ ဆင်းသက်သော မြေးမြစ်များသည် ဥပဒေအရ ပြည်ထောင်စု နိုင်ငံသားများ ဖြစ်ကြသည်ကိုလည်း သတိမူသင့်သည်။ ယုံကြည်လောက်အောင် အထောက်အထား မပြနိုင်ဆိုသည့်အချက်နှင့် ပက်သက်၍ ဖမ်းဆီးသည့်နေ့ကစပြီး ထောင်ထဲတွင် ချုပ်ထားသူတို့ကို အထောက်အထားပြရန်အတွက် အခွင့်အရေးကို လုံးဝမပေးသည့်အပြင် ကိုင်ဆောင်ထားသည့် နိုင်ငံသားလက်မှတ်များကိုပင် အာဏာပိုင်များက သိမ်းဆည်းထားသေးသည်။ လျောက်ထားသူ ၂၃ ဦးကို မြန်မာပြည်တွင်းသို့ ခိုးဝင်လာသူများဟု ယူဆနိုင်ရန် တရားဝင် သက်သေခံ ဖြစ်နိုင်သော အထောက်အထား လုံးဝမရှိ၍ ထိုကဲ့သို့သော ယူဆချက်ကို ကိုးကားပြီး လူဝင်မှုအရေးပေါ် အက်ဥပဒေ ပုဒ်မ ၇ (၂) အရ ပြည်နှင်ဒဏ်ပေးခြင်းသည် တရားဥပေးနှု့် မကိုက်ညီသဖြင့် ဖမ်းဆီးချုပ်နှောင် ထားခြင်းမှာ တရားဥပဒေနှင့် ဆန့်ကျင်သော ချုပ်နှောင်ထားခြင်းသာ ဖြစ်သောကြောင့် မောင်းတောနယ်ပိုင် ၀န်ထောက်မင်း၏ အမိန့်များကို ပယ်ဖျက်ပြီး လျောက်ထားသူများအား အချုပ်မှ ချက်ခြင်း လွတ်ပစ်ရန် အမိန့်ချမှတ်လိုက်သည်။ ]](https://fbcdn-sphotos-c-a.akamaihd.net/hphotos-ak-ash3/c0.154.403.403/p403x403/528427_426253064112560_1759143031_n.jpg)


