သစ်ထူးလွင်

သစ်ထူးလွင်


ဒီဇင်ဘာလ(၂၀)ရက်နေ့ ထုတ် အင်တာနက်ဂျာနယ် အတွဲ (၁၃) အမှတ် (၄၉)

Posted: 18 Dec 2012 06:11 AM PST

ဒီဇင်ဘာလ(၂၀)ရက်နေ့ ထုတ် အင်တာနက်ဂျာနယ် အတွဲ (၁၃) အမှတ် (၄၉)

ဂျာနယ် ဖတ်ရှုရန် ဒီနေရာကို နှိပ်ပါ



ဦးသိန်းစိန် မလာမီ နယူးဒေလီမှာ ထိုင်သပိတ် စတင်နေ

Posted: 18 Dec 2012 05:14 AM PST

လက်ပံတောင်း သပိတ်စခန်း များအား အကြမ်းဖက် ဖြိုခွင်းခဲ့ခြင်းနှင့် ကချင် ပြည်နယ်တွင် စစ်ပွဲများ ဆက်လက် ဖြစ်ပွား နေခြင်းကို ဆန့်ကျင်သည့်  အနေဖြင့် နယူးဒေလီရောက် မြန်မာ့ ဒီမိုကရေစီ အင်အားစုများက သမ္မတ ဦးသိန်းစိန် အိန္ဒိယ ခရီးစဉ်မတိုင်မီ ဒီဇင်ဘာလ ၁၇ ရက်နေ့က စတင်ခဲ့သည့် ငါးရက်ကြာ ထိုင်သပိတ်ကို ဆက်လက် ဆင်နွှဲလျက်ရှိကြသည်။

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ 

လက်ပံတောင်း ကြေးနီစီမံကိန်း ရပ်ဆိုင်းရေး၊ ပြည်တွင်းစစ် ရပ်စဲရေးတို့အတွက် အိန္ဒိယနိုင်ငံ၊ နယူးဒေလီမြို့ရှိ မြန်မာ့ ဒီမိုကရေစီအင်အားစု ၅ဝ ခန့်၏ ၅ ရက်ကြာ ဆန္ဒပြပွဲကို ၂ဝ၁၂ ခုနှစ်၊ ဒီဇင်ဘာလ ၁၇ ရက်နေ့တွင် မြို့လယ်ရှိ Janta manta အရပ်၌ စတင်ခဲ့ကြသည်။ (ဓာတ်ပုံ - မဇ္ဈိမ) သမ္မတ ဦးသိန်းစိန် နယူးဒေလီမြို့သို့ ဒီဇင်ဘာလ ၁၉ ရက်နေ့တွင် ရောက်ရှိလာမည်ဖြစ်သည်။




“အဖေ့ကျောင်း”ဇာတ်ကားကို မြန်မာနိုင်ငံတွင်ပြသရန် ကြိုးပမ်း

Posted: 18 Dec 2012 04:48 AM PST

ထိုင်းနိုင်ငံတွင် ရောက်ရှိနေသော ရွှေ့ ပြောင်း အလုပ်သမားများ၏ ဘဝကို အခြေခံကာ ရိုက်ကူးထားသော"အဖေ့ကျောင်း"ပညာပေးဇာတ်ကားကို မြန်မာနိုင်ငံတွင် တရားဝင်ပြသနိုင်ရန် ပြန်ကြားရေး ၀န်ကြီးဌာနကို တင်ပြရန် စီစဉ်လျက်ရှိကြောင်း အဆိုပါဇာတ်ကား ဖြစ်မြောက်ရေးတွင် အဓိက တာဝန်ရှိသူ တစ်ဦးဖြစ်သော ဦးချစ်ထူး၏ ပြောကြားချက်အရ သိရသည်။

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ 



တောဆင်ရိုင်းတွေ သောင်းကျန်းမှုကြောင့်လူသေဆုံးမှုရှိနေ

Posted: 18 Dec 2012 04:17 AM PST

ရန်ကုန်တိုင်း တိုက်ကြီးမြို့နယ် ဥက္ကံမြို့ ပတ်ဝန်းကျင်တ၀ိုက်  ကျေးရွာတွေမှာ အခုနှစ်အတွင်း ဆင်ရိုင်းတွေကြောင့် သေဆုံးသူပေါင်း  ၃ ဦး ရှိသွားပြီလို့  ဥက္ကံရဲတပ်ဖွဲ့က ပြောပါတယ်။ ပြီးခဲ့တဲ့ မေလက မိန်းကလေး ၁ ဦးသေဆုံးပြီး   နိုဝင်ဘာလမှာ အမျိုးသား ၁ ဦး ဆင်နင်းလို့ သေဆုံးခဲ့တဲ့အကြောင်းနဲ့ ပြီးခဲ့တဲ့ စနေနေ့ကလည်း ----

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ 


ဆင်နင်းခံရ၍ နေရာတွင်သေဆုံး သွားသည့် ကိုစိုးသူဝင်း

အဆောက် အဦးရဲ့ အောက်ခြေ ၅ လက်မခန့် ပြတ်ရွေ့သွားတဲ့ အတွက် တိုက်ပေါ်နေ သူတွေ ဆက်နေဖို့ အခက်တွေ့ နေ(ရုပ်/သံ)

Posted: 18 Dec 2012 03:52 AM PST

ရန်ကုန်မြို့ စမ်းချောင်းမြို့နယ် ကျွန်းတောလမ်းက အမှတ် ၁၀၁၊ ၈ ထပ် အဆောက် အဦးရဲ့ အောက်ခြေ
ပထမထပ် ကစပြီး ၅ လက်မခန့် ပြတ်ရွေ့သွားတဲ့ အတွက် တိုက်ပေါ်နေ သူတွေ ဆက်နေဖို့ အခက်တွေ့ နေကြ ပါတယ်။ ၁း၄၅ ။ ရိုက်ကူး ၊ တည်းဖြတ် - အောင်စိုးထိုက်

ရုပ်/သံ ကြည့်ရှုရန် ဒီနေရာကို နှိပ်ပါ




ဒဟတ်ပင် ရေနံမြေပေါ်တွင် မသမာမှုများကို လှစ်လျူရှု၍ တင်ဒါခေါ်ယူခြင်း

Posted: 18 Dec 2012 03:13 AM PST

မြန်မာ့ရေနံနှင့် သဘာဝ ဓါတ်ငွေ့  လုပ်ငန်း (M.O.G.E) ပိုင်  ဒဟတ်ပင် ရေနံမြေတွင် လက်ယက်တွင်း တူးဖော်ခြင်း အတွက် တင်ဒါ ခေါ်ယူနေပြီ ဖြစ်ပါတယ်။ တင်ဒါ လျှောက်လွှာများကို (၁၉-၁၂-၁၂) နေ့ နေ့လည် (၁၂)နာရီ နောက်ဆုံးထားပြီး  နေပြည်တော် (M.O.G.E) ရုံး တင်ဒါ လျှောက်လွှာပုံး သို့ လာရောက် တင်သွင်းနိုင်ပြီး----

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ





စစ်ကိုင်းမြို့နယ်အတွင်း ဆယ်အိမ်စုများ ရွေးချယ်မှုတွင် ယခင်လူများသာ ဖြစ်ကြောင်း ပြောကြား

Posted: 18 Dec 2012 03:14 AM PST

စစ်ကိုင်းမြို့နယ် တဲကြီးကျေးရွာ အုပ်စု တွင် 16-12-12 ရက်နေ့မှ စတင်ကာ ဆယ်အိမ်စုများကို အုပ်ချုပ်ရေးမှူးနှင့် အဖွဲ့မှ လိုက်လံ ဆောင်ရွက် ရာတွင် အချို့ ရွာများမှာ အသံချဲ့စက်ဖြင့် ကြေငြာ၍ အများ ပြည်သူအား အသိပေး ခဲ့သော်လည်း ဂုံညင်းထောင်ရွာတွင် ကြေငြာခြင်း မရှိဘဲ ဆောင်ရွက် ခဲ့သည်ဟု သိရပါသည်။

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ



တစ်နိုင်ငံလုံးအတိုင်းအတာတွင် ချင်းပြည်နယ်ပညာရေးစနစ်မှာ အနိမ့်ကျဆုံးဖြစ်

Posted: 18 Dec 2012 01:59 AM PST

ချင်းပြည်နယ် ပညာရေးစနစ် သည် မြန်မာ တစ်နိုင်ငံလုံး နှင့်နှိုင်း ယှဉ်လျှင် အနိမ့်ဆုံး အဆင့်သို့ ရောက်ရှိနေကြောင်း စုံစမ်းသိရှိ  ရသည်။ ""ချင်းပြည်နယ် ကလေးတွေ က ချင်းလို သင်တော့ မူလတန်း  အထိ ဘာမှ မဖြစ်ပေမဲ့ အထက် တန်း ဆယ်တန်း အဆင့်လောက် ကျတော့ ----

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ


ချင်းပြည်နယ်မှ ကလေးတချို့ 

ကာမိုင်းရဲစခန်းကို ၀င်ရောက်တိုက်ခိုက်သည့် KIA များနောက်သို့ လိုက်လံ ရှင်းလင်း

Posted: 18 Dec 2012 01:48 AM PST

ယနေ့နံနက် ၀၄၁၅ အချိန်က ကေအိုင်အေ သောင်းကျန်းသူ (၈၀)ဦးခန့်သည် ဖားကန့်မြို့နယ်၊ ကာမိုင်းရဲစခန်းအား အာပီဂျေ လက်နက်ကြီး များဖြင့် အနီးကပ် ပစ်ခတ်တိုက်ခိုက်ခဲ့ ကြသည်။ တိုက်ပွဲဖြစ်ပွား သည်နှင့် ကာမိုင်း ရဲစခန်းမှူးနှင့် တပ်ဖွဲ့ဝင်များက ရဲစခန်းဝင်း အတွင်းမှ----

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ




လူငယ်များအကြားဖွံ့ဖြိုးစပြုနေသည့် ဘီယာဆိုင်ထိုင်ဓလေ့

Posted: 18 Dec 2012 01:31 AM PST

" လာပါ.... သူငယ်ချင်းရေ...... လက်ဖက်ရည်ဆိုင်ကို.....သွားကြပါစို့လေ" ဆိုတဲ့ တေးသံရှင် ကိုင်ဇာဆိုခဲ့တဲ့ သီချင်းကတော့ မနက်ပိုင်း အချိန်တွေ အတွက်ပဲ မှန်ပါလိမ့်မယ်။

မြန်မာနိုင်ငံရှိ လူငယ်အ များစုမှာ ယခင်လက်ဖက်ရည် ဆိုင်ထိုင်သည့် အလေ့အထမှ ခေတ် ကာလ ပြောင်းလဲမှု အလျောက် ဘီယာဆိုင်ထိုင်တဲ့ အလေ့အထသို့ တစတစ ကူးပြောင်းဖို့ ကြိုးစားနေချိန်။

လူငယ်အများစုက ဘီယာဆိုင်ထိုင်ခြင်းကို စိတ်အပန်းဖြေခြင်း၊ လွတ်လပ်စွာ ပြောဆိုခွင့်ရသော နေရာတစ်ခု အနေဖြင့်   ရွေးချယ်လာတာဖြစ်တယ်လို့ ဘီယာနေ့စဉ်သောက်သုံးသော အသက်(၂၀) ကျော် လူငယ်တစ်ဦးက ပြောပါတယ်။

ဘီယာ၊ အရက် နေ့စဉ်နီးပါးလောက်သောက်ဖြစ်နေတဲ့ အသက် (၂၅) နှစ်ကျော် ကိုကတုံး ကတော့သူဟာ ပျော်ရင်လည်း   သောက်တတ်ပြီး စိတ်ညစ်ရင်လည်း သောက်တယ်၊ စိတ်ကလည်း အမြဲလိုလို ညစ်စရာတွေချည်းပါပဲလို့လည်း သူက ငြီးပါတယ်။

အသက်(၁၈) နှစ်လောက်ကတော့ စမ်းသပ်တဲ့အနေနဲ့ စသောက်ခဲ့ပေမဲ့ အလုပ်ခွင်ထဲဝင်တဲ့အခါမှာတော့ စိတ်ညစ်လို့ အပန်းဖြေတဲ့အနေနဲ့ ညနေတိုင်း ဘီယာသောက် ဖြစ်နေတယ်လို့လည်း ဆိုပါတယ်။

" အလုပ်ထဲရောက်တော့ သူငယ်ချင်းတွေနဲ့ တော်တော်လေးသောက်ဖြစ်တယ်၊ လစာထုတ်တဲ့ရက်ဆိုသူတို့ကတိုက်တယ် ကိုယ်ကလည်း အဆင်ပြေရင်ပြေသလိုတိုက်တယ်၊ ပျော်လို့ သောက်တာလည်း ရှိတယ် စိတ်ညစ်လို့သောက်တာလည်းရှိတယ်၊ အဓိကကတော့ စိတ်အပန်းဖြေတဲ့အနေနဲ့ သောက်တယ်၊ များတော့ မူးတယ် အများကြီးမူးသွားတယ် အိပ်ပျော်သွားတယ် မေ့သွား တယ်ပေါ့ ဗျာ စိတ်ညစ်တာတွေ အကုန်လုံးလည်း အိပ်ပျော်ရင် ပျောက်သွားတယ်"လို့ ကိုကတုံးက ဆိုပါတယ်။

ညခင်းအချိန်တွေဆို relax ဖြစ်သွားအောင် သောက်ရင်းကနေ ဆရာဝန်တွေ ပြောသလို တန်းဆေးလွန်ဘေး မဖြစ်ဖို့ကိုလည်း သတိထားရပါသေးတယ်။

"ဆရာဝန်တွေကတော့ ပြောတာပေါ့ဗျာ နည်းရင်တော့ ကောင်းတယ်ပေါ့ များရင်မကောင်းဘူး သိပါတယ်၊ အဲ့ဒါတွေလည်း ဒါပေမဲ့ သောက်ဖြစ်နေတယ်ဗျ" လို့ ဆက်ပြောပါတယ်။

ဆယ်ကျော်သက်လူငယ်များကြား ညနေဘက် လက်ဘက်ရည်ဆိုင်ထိုင်ခြင်းထက် ဘီယာဆိုင်ထိုင် ခြင်းကို လူရာဝင်ခြင်း၊ နိုင်ငံတကာအဆင့်မီနေထိုင်တတ်ခြင်း  အလေ့အထတစ်ခုလို့ ထင်လာပါတယ်။

ဘီယာဆိုင်တွေမှာ အထိုင်များနေကြတာကတော့  အသက်ရွယ် အသက် ၂၀ နဲ့ ၅၀ ကြား အရွယ်စုံလူငယ်တွေနဲ့ မိန်းကလေးတွေ အထိုင်များတာ တွေ့ရပါတယ်။

မိန်းကလေးတွေ (ကောင်မလေး) အများစုကိုလည်း ဘီယာဆိုင်ထိုင်ထိုင်လာကြတာ တွေ့တွေ့ လာရပါတယ်၊ အထူးသဖြင့် ညနက်ပိုင်းတွေမှာဆိုရင် ဘီယာဆိုင်တွေမှာ ကောင်မလေးဝင်ရောက်မှု ပိုလာတက်တယ်လို့ ရွေဂုံတိုင်မှ လက်ဘက်ရည်နှင့် ဘီယာပူးတွဲရောင်းချသည့် စားသောက်ဆိုင် ၀န်ထမ်းတစ်ဦးက ပြောတယ်။

"ညဥ့် နက်ရင် ကောင်မလေးတွေ အတိုလေးတွေနဲ့ မူးမူးပြီး ၀င်ဝင်လာတာ များတယ်၊ မှာလိုက်ရင်လည်း ဘီယာပဲ၊ သောက်ပြီးရင် သူတို့ ဘယ်ပြန်ကြမှာလဲ၊ ကျွန်တော့် အမတွေ ညီမတွေသာ ဒီလိုဖြစ်နေရင် ဆိုတဲ့ စိတ်နဲ့ တွေးတောင် မတွေးရဲဘူး၊ တစ်ညကို အနည်းဆုံး ကောင်မလေး ရာဂဏန်းလောက်တော့ ၀င်တယ်"ဟု စားသောက်ဆိုင်ဝန်ထမ်း ဖိုးသားက ပြောပါတယ်။

ကောင်မလေးအများစုက ကာရာအိုကေ ဆိုင်တွေကနေ ထွက်လာတဲ့ အရွယ်ကောင်းလေးတွေ ဖြစ်တယ် လိုလည်း သူက ဆက်ပြောပါတယ်။

လူငယ်အချင်းချင်း ပြောချင်တဲ့ အကြောင်းအရာတွေကို လွတ်လွတ်လပ်လပ် ပြောဆိုခွင့်ရဖို့နဲ့ သူငယ်ချင်း အချင်းချင်း ပိုမိုထိတွေ့နိုင်တဲ့အတွက် ဘီယာဆိုင်များကို ရွေးချယ်လာရခြင်းဖြစ်တယ်လို့ ဘီယာဆိုင်ပိုင်ရှင်တစ်ဦးက အခုလို သုံးသပ်ပါတယ်။

 "ဘီယာဆိုင်ထိုင်တာက သူတို့လူငယ်အချင်းချင်း တွေ့ကြဆုံကြပြောကြတဲ့ အခါကြတော့ လက်ဘက် ရည်ဆိုင်ထိုင်ပြီး   ပြောရင် ဘေးပတ်ဝန်းကျင်က ကြားတာရှိမယ် ဥပမာ မိန်းကလေးကိစ္စ ပြောတယ် မိသားစုကိစ္စ ရင်ဖွင့်ချင်တာ ရှိချင်ရှိမယ် ဒါမျိုးတွေကြောင့် လူငယ်တွေဘီယာဆိုင်ဘက်ကို ခြေဦး လှည့်လာရတယ်လို့ အကို့အနေနဲ့ သုံးသပ်တယ်။ တစ်ခုရှိတာက လူငယ်တွေအနေနဲ့မှာတော့ ကျောင်းသားအရွယ်လောက်မှာ ဘီယာဆိုင်ထိုင်တာတော့ လုံးဝမကောင်းဘူး"လို့  သူ့အမြင်ကို ပြောပါတယ်။

လူငယ်ချင်း ဘီယာဆိုင်ထိုင်မှ လွတ်လွတ်လပ်လပ် ပြောဆိုပွင့်အံ ကြနိုင်တယ်ဆိုတာကိုတော့ လူငယ်တစ်ဦးဖြစ်တဲ့ ကိုကောင်းမြတ်က ကန့်ကွက်ပါတယ်။

" ဘီယာဆိုင်ထိုင်မှ လွတ်လွတ်လပ်လပ်ပြောဆိုဆွေးနွေးနိုင်တယ်ဆိုတာ မဟုတ်ပါဘူး၊ လက်ဖက်ရေဆိုင်တွေ၊ ဒီထက်ပို လွတ်လပ်ချင်ရင် ကမ်းနားတွေ၊ ပန်းခြံတွေထဲမှာလည်း ပြောလို့ရနိုင်ပါတယ်၊ ဘီယာဆိုင်ထိုင်မှ လွတ်လပ်တယ်ဆိုတာ ရမယ်ရှာတာပါ"လို့ ပြောပါတယ်။

မြန်မာပြည်မှာ လက်ဖက်ရည်ဆိုင်နည်းတူ ဘီယာဆိုင်တိုးချဲ့ဖွင့်လှစ်မှုတွေကလည်း များလာပါတယ်၊

လက်ဖက်ရည် ရိုးရိုးတစ်ခွက် ကျပ်(၂၀၀) လက်ဖက်ရည် ရှယ်တစ်ခွက် (၃၀၀)ပေးနေရချိန်မှာ စည်ဘီယာတစ်ခွက်(၆၀၀)နှုန်းနဲ့ ငါးခွက်သောက်ပါက တစ်ခွက်အပိုရသည့်ခေတ်နှင် ပုလင်းဘီယာ တစ်လုံး(၁၂၀၀)ပေးရသည့် အခြေအနေသို့  ပြောင်းလဲစီးဝင်နေချိန်။

စာရေးဆရာကိုတာကတော့ ပြည်ပနိုင်ငံတွေမှာဆိုရင် အရက်တို့ ဘီယာတို့ကို ဈေးတင်ထားတယ်၊ မြန်မာနိုင်ငံမှာတော့ လူငယ်တွေ လက်လှမ်းမီနိုင်တဲ့ ဈေးနှုန်းမှာပဲ ရှိနေလို့ အလွယ်တကူ သောက်ဖြစ်နေကြတယ်လို့လည်း ထောက်ပြ ပြောဆိုပါတယ်။

 "လူတွေကစဉ်းစားတတ်အာင် လုပ်ကြပေါ့ စဉ်းစားတတ်အောင်ဆိုတာက စာလေးဘာလေးဖတ် ငါတို့ဘယ်လိုနေမယ် ဆိုတာ စဉ်းစားပေါ့ ငါတို့အနာဂတ်အတွက်ပြင်ဆင်ရမှာပေါ့ ပညာဆိုတာက အနာဂတ်လို့ သဘောထားရမယ်၊ ကျောင်းတက်ပြီး ဘွဲ့ရတာတော့မဟုတ်ဘူးပေါ့  ဘာမှမတတ်တဲ့ လူကဘာမှ မဟုတ်ဘူး အဲ့တော့ ကိုယ့်ဘာကို ပြင်ဆင်ပေါ့ စာဖတ်ပေါ့၊ ဘီယာပြောလို့ ဘီယာအများကြီးသောက်တာ အရက်အများကြီးသောက်တာ ကိုယ့်ဟာကို ပြင်ဆင်ရမှာပေါ့ လိုအပ်လို့လုပ်ရမှာပေါ့ ကိုယ့်အားကိုယ်ကိုးဖို့ အတွ က် ကိုယ့်ကိုကိုယ် ပြင်ဆင်ရမှာပေါ့" လို့ စာရေးဆရာကိုတာက ပြောခဲ့ပါတယ်။

ယခုအချိန်မှာတော့ ဘီယာဆိုင်တွေဟာ ရပ်ကွက်တိုင်း မြို့တိုင်းလိုလိုမှာကိုတွေ့နေရပါပြီ ကမာရွတ် မြို့နယ်က လှည်းတန်းမှာတင် ယခင်ငါးနှစ်ခန့်က ဘီယာဆိုင်တစ်ဆိုင် နှစ်ဆိုင်သာရှိပေမဲ့ အခုဆိုရင် ဘီယာဆိုင် ၁၀ ဆိုင်လောက် အထိရှိလာတာ တွေ့ရပါတယ်။

လက်ဖက်ရည်ဆိုင်တွေကတော့ တန်းတူလောက်ရှိနေပေမဲ့ စနေ၊ တနင်္ဂနွေ နေ့မျိုးတွေမှာသာ ဘောလုံးပွဲကြည့်တဲ့လူတွေနဲ့ စည်ကားနေတာကို တွေ့ရပါတယ်။

ဘီယာဗူးတွေ၊ အရက်တွေ ရောင်းချနေတာကလည်း ဆိုင်တိုင်းလိုလိုမှာ ရောင်းချနေကြပါတယ်။ ဥပမာ စိန်ဂေဟာတို့လို ကုန်တိုက်တွေ၊ ဆိုင်အသေးလေးတွေဖြစ်တဲ့ 108 တို့ ABC စတိုးတို့ဟာလည်း ညလုံးပေါက်ဖွင့်နေကြပြီး ဘီယာ အရက်လာဝယ်တဲ့လူတွေနဲ့ စည်ကားနေလေ့ရှိကြပါတယ်။

အခုဆိုရင် လူငယ်တွေကြားမှာ လခထုတ်ရက်တို့ ငွေရပေါက်ရလမ်းရွင်တဲ့နေ့တွေဆိုရင် လက်ဘက်ရည်လိုက်တိုက်လို့ မပြောကြတော့ပါဘူး "ဘီယာလိုက်တိုက်ကွာ" ဆိုတဲ့ စကားသံတွေ အစားထိုးကြားလာရတာပါ များလာတာကတော့ အသေအချာပါပဲ။

ဉာဏ်ဉာဏ် ( မြစ်မခ )
by Myit Makha Mediagroup


မိတ္ထီလာမြို့နယ် အုံတုံကျေးရွာတွင် အိမ်သာကျင်း ဆင်းဆည်ရာမှ လူငါးဦး သေဆုံး

Posted: 18 Dec 2012 01:19 AM PST

မန္တလေးတိုင်း ဒေသကြီး ၊မိတ္ထီလာမြို့နယ် ၊အုံတုံ ကျေးရွာတွင် အိမ်သာကျင်း ဆင်းဆည်ရာမှ လူငါးဦး သေဆုံးပြီး လူတစ်ဦး သတိလစ် မေ့မျောသွားသဖြင့် ဆေးရုံသို့ ပို့ဆောင်ခဲ့ ရကြောင်း သိရှိရသည်။ ဖြစ်စဉ်မှာ ဒီဇင်ဘာ ၁၇ ရက် ညနေ ၅ နာရီခန့်က---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ




မဒေးကျွန်း တရုတ် CNPC ရုံးရှေ့တွင် ဆန္ဒပြမည့် အစီအစဉ် အာဏာပိုင်များက ပယ်ချ

Posted: 18 Dec 2012 01:05 AM PST

ရခိုင်ပြည်နယ် ကျောက်ဖြူမြို့ မဒေးကျွန်းတွင် ရွှေသဘာဝ ဓါတ်ငွေ့စီမံကိန်း လုပ်ကိုင်နေသည့် တရုတ် China National Petroleum Corporation CNPC Project (CNPC) ကုမ္ပဏီ ရုံးခန်းရှေ့တွင် ဒေသခံ များ ငြိမ်းချမ်းစွာ ဆန္ဒပြမည့် အစီအစဉ်ကို ခွင့်ပြုချက် တင်ထားရာ အာဏာပိုင်များမှ ပယ်ချ လိုက်ကြောင်း သတင်း ရရှိသည်။

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ



မွတ်ဆလင်တွေ ဘင်္ဂလာဒေခ်ျ့ကို ထွက်သွားအောင် နစကမှ အားပေး အားမြှောက်လုပ်နေဟုဆို

Posted: 18 Dec 2012 12:56 AM PST

မြန်မာနိုင်ငံ ဘက်ကနေ ဘင်္ဂလာဒေခ်ျ့ကို ၀င်လာတဲ့ မွတ်ဆလင် အရေအတွက်ဟာ တစ်နေ့ထက် တစ်နေ့  များပြား လာနေပြီး ဒီလို ဖြစ်အောင် မြန်မာ နယ်ခြားစောင့် တပ်ဖွဲ့  နစကမှ ပြုလုပ် နေတယ်လို့ ဒီကနေ့ထုတ် Daily Sun သတင်းစာက သတင်း တစ်ပုဒ်မှာ ဖေါ်ပြပါတယ်။

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ



ကာမိုင်းရဲစခန်းသို့ KIA ၀င်တိုက် (၂)ဦးသေ၊ (၃)ဦးဒဏ်ရာရ

Posted: 18 Dec 2012 12:46 AM PST

ဖားကန့်မြို့နယ်၊ ကာမိုင်း ရဲစခန်းအား ဒီဇင်ဘာ(၁၇)ရက်နေ့ နံနက်(၄)နာရီ အချိန်က KIAတပ်မှ ၀င်ရောက် စီးနင်းမှုကြောင့် ရဲတပ်ကြပ် စိုးမင်းသူနှင့် ဒေါ်တင်မေအောင်တို့ သေဆုံး၍ (၃)ဦးဒဏ်ရာ ရရှိခဲ့ကြောင်း ဖားကန့် NLDပါတီမှ သိရသည်။ "နံနက်(၄)နာရီ လောက်မှာ KIAက ၀င်ရောက် စီးနင်းတာပါ၊ ရဲအင်အား ကလည်း နည်းတော့ ထိခိုက်မှု တွေရှိတာပေါ့၊ -----

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ




ဒီဇင်ဘာ ၁၈ ရက်နေ့ထုတ် First Eleven Sports Journal အတွဲ ၁၃ အမှတ် ၂၉

Posted: 18 Dec 2012 12:26 AM PST

ဒီဇင်ဘာ ၁၈ ရက်နေ့ထုတ် First Eleven Sports Journal အတွဲ ၁၃ အမှတ် ၂၉

ဂျာနယ် ဖတ်ရှုရန် ဒီနေရာကို နှိပ်ပါ



shade journal အတွဲ(၇)၊အမှတ်(၅)ဒီဇင်ဘာ ၁၉မှ ဒီဇင်ဘာ ၂၅ ရက်နေ့ထိ။

Posted: 18 Dec 2012 12:15 AM PST

shade journal အတွဲ(၇)၊အမှတ်(၅)ဒီဇင်ဘာ ၁၉မှ ဒီဇင်ဘာ ၂၅ ရက်နေ့ထိ။

ဂျာနယ် ဖတ်ရှုရန် ဒီနေရာကို နှိပ်ပါ



ဒီဇင်ဘာလ(၁၈)ရက်နေ့ ထုတ် မဇ္ဈိမ အပတ်စဉ်ထုတ် ဂျာနယ်

Posted: 18 Dec 2012 12:13 AM PST

ဒီဇင်ဘာလ(၁၈)ရက်နေ့ ထုတ် မဇ္ဈိမ အပတ်စဉ်ထုတ် ဂျာနယ်

ဂျာနယ် ဖတ်ရှုရန် ဒီနေရာကို နှိပ်ပါ


ဒီဇင်ဘာလ(၁၉)ရက်နေ့ ထုတ် Mobile Guide Issue 83

Posted: 18 Dec 2012 12:07 AM PST

ဒီဇင်ဘာလ(၁၉)ရက်နေ့ ထုတ် Mobile Guide Issue 83

ဂျာနယ် ဖတ်ရှုရန် ဒီနေရာကို နှိပ်ပါ



NLD ဈေးရောင်းပွဲတော်တွင် ဒေါ်စု ၏ အမှတ်တရ ပစ္စည်းနှစ်ခု လေလံတင်မည်

Posted: 17 Dec 2012 11:52 PM PST

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် NLD ပညာရေး ကွန်ယက်၏ အခမဲ့ ပညာဒါ ကျောင်းများ အတွက် ဈေးရောင်း ပွဲတော်နှင့် ဂီတ ဖျော်ဖြေ ပွဲကို ဒီဇင်ဘာလ ၂၇ နှင့် ၂၈ ရက်နေ့ များတွင် ရန်ကုန်မြို့  ပြည်သူ့ ဥယျာဉ်၌ ပြုလုပ် ဦးမည် ဖြစ်ရာ ပါတီဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်၏ အမှတ်တရ ----

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ


အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ပညာရေးကွန်ယက် ၂ နှစ်ပြည့်နှင့် အခမဲ့ ပညာဒါန ကျောင်းများ ရန်ပုံငွေ ရှာဖွေရေး ဂီတပွဲတော် သတင်းစာ ရှင်းလင်းပွဲကို ၂၀၁၂ ခုနှစ်၊ ဒီဇင်ဘာလ ၁၈ ရက်နေ့ နံနက် ၁၀ နာရီအချိန်က ရန်ကုန်တိုင်း၊ ဗဟန်းမြို့နယ်ရှိ တော်ဝင်နှင်းဆီ စားသောက် ခန်းမတွင် ပြုလုပ် ကျင်းပရာ ပါတီ သဘာပတိ ဦးတင်ဦး အမှာစကား ပြောကြားစဉ်။ (ဓာတ်ပုံ - ဟိန်းထက်၊ မဇ္ဈိမ) ရန်ပုံငွေ ဈေးရောင်းပွဲနှင့် တေးဂီတ ဖျော်ဖြေပွဲကို ရန်ကုန်မြို့  ပြည်သူ့ ဥယျာဉ်တွင် ဒီဇင်ဘာလ ၂၇ နှင့် ၂၈ ရက်နေ့များတွင် ကျင်းပမည် ဖြစ်ပြီး ဒေါ်အောင်ဆန်းစုကြည်၏ အမှတ်တရ ပစ္စည်း နှစ်မျိုးကိုလည်း လေလံတင် ရောင်းချ သွားမည် ဖြစ်သည်။


အမေရိကန်ပြည်တွင်း လက်နက်ထိန်းချုပ်ရေး

Posted: 17 Dec 2012 06:41 PM PST

ဒီဇင်ဘာ ၁၄ရက် သောကြာနေ့က  Connecticut ပြည်နယ် Newtown မြို့ကလေးက Sandy Hook မူလတန်း ကျောင်းမှာ မူလတန်း ကျောင်းသား ကျောင်းသူလေး ၂၀နဲ့ ကျောင်းအုပ် ဆရာမကြီး အပါအ၀င် ဆရာမ ၆ဦးကို သေဆုံးစေခဲ့တဲ့  သေနတ်ပစ်ခတ်မှုဟာ အမေရိကန် သမိုင်းမှာ  အဆိုးဝါးဆုံး ကြေကွဲဖွယ်ဖြစ်ရပ် တခုဖြစ်ပြီး  ဒီဖြစ်ရပ်ကြောင့် ------

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ




ဝါရှင်တန်ဒီစီက လက်နက်ဆန့်ကျင်ရေး ဆန္ဒပြပွဲ

ဒေါ်အောင်ဆန်းစုကြည်အတွက် ဂုဏ်ထူးဆောင်ဒီမိုကရေစီဆု

Posted: 17 Dec 2012 06:29 PM PST

မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို ၂၀၁၂ ခုနှစ်အတွက် Ion Ratiu  ဂုဏ်ထူးဆောင် ဒီမိုကရေစီ ဆုချီးမြှင့် လိုက်တယ်လို့ အမေရိကန် အခြေစိုက် Wilson သုတေသန အဖွဲ့က  ကြေညာ လိုက်ပါတယ်  ။  လာမယ့် လထဲမှာ ချီးမြှင့်မယ့် ဒီဆုပေးပွဲ အကြောင်း-----

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ 



လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို လူထုက ကြိုဆိုနူတ်ဆက်စဉ်။

မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများဒီမိုကရက်တစ်တပ်ဦး ၂ပတ်ကြာမြန်မာပြည်တွင်းလာရောက်မည်

Posted: 17 Dec 2012 03:53 PM PST

မြန်မာ နိုင်ငံလုံး ဆိုင်ရာ ကျောင်းသားများ ဒီမိုက ရက်တစ် တပ်ဦး (မကဒတ)ဥက္ကဌ ရဲဘော်သံခဲနှင့် အဖွဲ့ဝင် ၉ဦးပါ ကိုယ်စားလှယ် အဖွဲ့သည် ဒီဇင်ဘာ ၁၈ ရက်မနေ့မှ စတင်၍၂ပတ်ကြာ မြန်မာနိုင်ငံ ခရီးစဉ်ကို စတင် မည်ဟု မကဒတ ကသတင်း ထုတ်ပြန်သည်။

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ





စစ်တွေတွင် အိန္ဒိယ၏ ကောင်စစ်ဝန်ရုံး ဖွင့်မည်

Posted: 17 Dec 2012 03:40 PM PST

ရခိုင် ပြည်နယ်၊ စစ်တွေမြို့တွင် ကောင်စစ်ဝန် ရုံးသစ်တခု ဖွင့်လှစ် ခြင်းဖြင့် အိန္ဒိယ နိုင်ငံသည် မြန်မာ နိုင်ငံတွင် အစိုးရ ကိုယ်စားလှယ် မစ်ရှင် သုံးခု ထားရှိမည့် ပထမ ဆုံးသော နိုင်ငံ ဖြစ်လာမည် ဖြစ်သည်။ အိန္ဒိယ နိုင်ငံခြားရေး ဝန်ကြီး ဆာလ်မန်း ခူးရှီးဒ် Salman Khurshid ၏ သုံးရက်ကြာ မြန်မာနိုင်ငံ ခရီးစဉ် အတွင်း ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ

အိန္ဒိယ နိုင်ငံခြားရေး ဝန်ကြီး ဆာလ်မန်း ခူးရှီးဒ် Salman Khurshid နှင့် သမ္မတ ဦးသိန်းစိန် တွေ့ဆုံ (PHOTO: President's Office)

တရုတ်-ဂျပန် ဆက်ဆံရေး တရုတ် သတိပေး

Posted: 17 Dec 2012 03:24 PM PST

အသစ်တက်မယ့် ဂျပန် အစိုးရသစ် အနေနဲ့ တရုတ်နဲ့ ဂျပန် နှစ်နိုင်ငံကြား အတိမ်းအစောင်း မခံတဲ့ ကိစ္စတွေကို အသေအချာ ကိုင်တွယ် ဖြေရှင်းပေးဖို့ တရုတ် အစိုးရက တိုက်တွန်း လိုက်ပါတယ်။ တနင်္ဂနွေနေ့က ကျင်းပခဲ့တဲ့ ဂျပန် လွှတ်တော် ရွေးကောက်ပွဲမှာ အတိုက်အခံ ရှေးရိုးစွဲ ဝါဒီ LDP (Liberal Democratic ) ပါတီက ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ


ပိုင်နက်အငြင်းပွားမှုကြောင့် ဒေသတွင်း တင်းမာခဲ့

ဆီးရီးယားအစိုးရတပ် ဒုက္ခသည်စခန်းကို ဗုံးကျဲ တိုက်ခိုက်

Posted: 17 Dec 2012 03:12 PM PST

ဆီးရီယား နိုင်ငံမှာ အကြမ်းဖက်မှု အခြေအနေတွေ ပိုဆိုးလာတဲ့ အပေါ် ကုလသမဂ္ဂ အတွင်းရေးမှုးချုပ် ဘန်ကီမွန်းက ဝေဖန် ရှုတ်ချ လိုက်ပါတယ်။ ဆီးရီယား ထဲမှာရှိတဲ့ ပါလက်စတိုင်း ဒုက္ခသည် စခန်းတခုကို ဆီးရီယား အစိုးရတပ်က လေယာဉ်နဲ့ ဗုံးကြဲ တိုက်ခိုက်တယ် ဆိုတဲ့ သတင်းဟာ အင်မတန်ကို----

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ


ဆီးရီးယားနိုင်ငံ