နေမျိုး (ညောင်တုန်း)၊ ဇန်န၀ါရီ ၁၇၊ ၂၀၁၃ ဧရာဝတီတိုင်းဒေသကြီး မအူပင်ခရိုင် ညောင်တုန်းမြို့နယ်အတွင်းရှိ ကျေးရွာအသီးသီးမှ တောင်သူလယ်သမားများ၊ ရေလုပ်သားများ သည် အင်အား(၄၀၀)ခန့်သည် (၁၇-၁-၂၀၁၃)နေ့ နံနက် ၁၀ နာရီခွဲမှ စတင်ကာ ညောင်တုန်းမြို့နယ်တွင် ကိုယ်ကျိုးနစ်နာဆုံးရူံးမှုများအတွက် ငြိမ်းချမ်းစွာ စီတန်းလှည့်လည်၍ ဆန္ဒဖော်ထုတ်နေကြောင်း သတင်းရရှိပါသည်။ ညောင်တုန်းမြို့နယ်အတွင်း ညောင်တုန်း ကျွန်းပတ်တာနှင့် ဆက်စပ်လျှက်ရှိသော ရေသွင်း၊ရေနုတ်မြောင်းများကို အင်းလေလံဆွဲသည်ဟူ၍ လုပ်ကိုင်နေသူ ဦးထိန်လင်း နှင့် တဆင့်ခံ ၀ယ်ယူလုပ်ကိုင်နေသူများသည် ရေချိုငါးလုပ်ငန်း ဥပဒေ၊ အင်းသားကြီးစဉ်းမျဉ်းစည်းကမ်း နှင့် တူးမြောင်းအက်ဥပဒေများကို ချိုးဖောက်နေကြကြောင်း သိရှိရပါသည်။ အော့(ဒ်)ချက်ကုမ္မဏီ အင်းသားကြီး ဦးထိန်လင်းသည် ဆည်မြောင်းပိုင်ရေသွင်းရေနုတ်မြောင်းများအား သူပိုင်ဆိုင်သည်ဟု ဆိုပြီး အဆင့်ဆင့်ရောင်းချလျှက်ရှိခြင်း၊ ဆည်မြောင်းဦးစီးဌာနမှ ထိန်းသိမ်းထားရှိသော ရေသွင်းရေနုတ်မြောင်းများအတွင်းယင်းကာပိတ်ဆို့၍ ငါးဖမ်းခြင်း၊ ရေစီးရေလာ အနှောက်အယှက်ဖြစ်စေသော [...]

Read more of this post