March 08, 2013 (Burmese Version)

 

သတင်းလွှာကို ကောင်းကောင်းမမြင်ရပါက ဤနေရာသို့နှိပ်ပါ။

 
 

ဂျော်ဒန် မြန်မာ အလုပ်သမားအရေး အစိုးရ ဖြေရှင်းပေးမည်

“ကျနော်တို့ ပြဿနာတွေ မပြေလည်သေးတာက အလုပ်ရှင်နဲ့လည်း ယနေ့အထိ တိုက်ရိုက်တွေ့ ခွင့်မရတာ၊ လာဖြေ ရှင်းပေးတယ်ဆိုတဲ့ အေးဂျင့် ကိုစိုင်းကလည်း အလုပ်ရှင်ဘက်က ခပ်ပါပါနဲ့ သူက အလုပ် ပြန်ဆင်းရေးပဲ ပြောနေတာ” R ead More

 

ချင်းမိုင် ၀ပ်ဆိုင်းမွန်းကျောင်းတွင် မြန်မာဆရာတော် ကျောင်းထိုင်ခွင့် ရပြီ

ဝပ်ဆိုင်းမွန်း မြန်မာဘုန်းတော်ကြီး ကျောင်းတွင် လက်ရှိ သီတင်းသုံးနေသော မြန်မာဘုန်းကြီး ၆ ပါးရှိပြီး ကျောင်းထိုင် ဆရာတော် ခန့်အပ်ပြီးနောက်ပိုင်းတွင် နှစ်နိုင်ငံ သာသနာပြု လုပ်ငန်းများကို ပူးတွဲ လုပ်ကိုင်သွားမည် Read More

 

မြန်မာအမျိုးသမီးများ အကြမ်းဖက်ခံရမှု အစိုးရ ကာကွယ်ပေးရန် တောင်းဆို

ငြိမ်းချမ်းစွာ ဆန္ဒ ဖော်ထုတ်နေသူ အမျိုးသမီးများကို အစိုးရ အာဏာပိုင်များက အကြမ်းဖက် ဖြိုခွဲခဲ့ခြင်းသည် အမျိုးသမီးများ ရပိုင်ခွင့် အခွင့်အရေးများကို အစိုးရကိုယ်တိုင် ချိုးဖောက်လိုက်ခြင်း ဖြစ်ကြောင်း Read More

 

စစ်တွေ ဆန္ဒပြပွဲ ဦးဆောင်သူ တချို့ တရားစွဲခံရ

နိုင်ငံသား ဖြစ်ခွင့် ဥပဒေအရ စစ်ဆေးပြီး နိုင်ငံသား မှန်ကန်တဲ့လူတွေကို နေအိမ်တွေ ပြန်ပေးပြီးတော့ နိုင်ငံသား မဟုတ်တဲ့ လူတွေကို အစိုးရက တခုခု စီစဉ်ဖို့ပါ Read More

 

ရခိုင်ပဋိပက္ခ ပြုပြင်ပြောင်းလဲရေးကို ခြိမ်းခြောက်ဟု ကင်တားနား ပြောဆို

အစီရင်ခံစာတွင် နစက နယ်စပ်လုံခြုံရေးတပ်ဖွဲ့များက မွတ်စလင်များကို ခွဲခြားဖိနှိပ်မှုများရှိနေကြောင်း၊ မွတ်စလင် လူငယ် အများစုပါဝင်သော လူ ၁၁၀၀ ကျော်ကို ဖမ်းဆီးထိန်းသိမ်းထားဆဲ ဖြစ်ပြီး ညှင်းပမ်းနှိပ်စက်မှုများ မလုပ်ရန်လည်း တောင်းဆိုထားသည်။ Read More

 

USAID မြန်မာ့ ဖွံ့ဖြိုးရေး အလေးထား ကူညီမည်

“ဖွံ့ဖြိုးရေးအတွက် ကျနော်တို့ရဲ့ ရင်းနှီးမြှုပ်နှံမှုတွေကို တိုး ချဲ့နိုင်မှာပါ။ ကျန်းမာရေး၊ စိုက်ပျိုးရေး၊ စားနပ်ရိက္ခာ ဖူလုံရေး၊ နည်းပညာနဲ့ အစိုးရ ပွင့်လင်းမှု ရှိအောင် နောက်ပြီး လူ ငယ်တွေကို လုပ်ငန်းကျွမ်းကျင်မှု သင်တန်းတွေ ပေးဖို့ စတာတွေကို အကောင် အထည်ဖော်ဖို့ ကျနော်လာခဲ့တာပါ” Read More

 

ရခိုင် သမိုင်းဆိုင်ရာ ရှင်းလင်း ဆွေးနွေးပွဲ ကျင်းပမည်

“ရိုဟင်ဂျာဆိုတာ သမိုင်းမှာ တကယ်ရှိ မရှိဆိုတာကို သမိုင်းပညာရှင်တွေက ဘာပြောကြသလဲ ဆိုတာကို သမိုင်း အထောက် အထားနဲ့ ပညာရှင်တွေက ပြောကြမှာပါ၊ ဒီနာမည်ကို အသုံးပြုလို့ ဖြစ်ပွားရတဲ့ ပဋိပက္ခ တွေကိုလည်းပဲ သမိုင်းရှုထောင့်က ဖြေရှင်းနိုင်မယ့် နည်းလမ်းတခုကို ရစေချင်တဲ့ ရည်ရွယ်ချက်လည်းပါတယ်” Read More

 

ပုံနှိပ်ထုတ်ဝေ ဥပဒေကြမ်းအပေါ် ဝန်ကြီး ကာကွယ် ပြောဆိုချက် မီဒီယာသမားများ လက်မခံ

ဦးအောင်ကြည်က ပုံနှိပ်ခြင်းနှင့် ထုတ်ဝေခြင်းလုပ်ငန်း ဥပဒေကြမ်းသည် သတင်းမီဒီယာ လွတ်လပ်ခွင့်ကို မထိခိုက်ကြောင်း ကာကွယ်ပြောဆိုခဲ့သော်လည်း သတင်းစာနယ်ဇင်းသမားများက မီဒီယာလုပ်ငန်းအတွင်း အစိုးရက ဝင်ရောက် ခွဲခြားခြယ်လှယ်ခြင်းကို လက်မခံနိုင်ကြောင်း ပြောကြသည်။ Read More

 

ကုမ္ပဏီများ အွန်လိုင်းစနစ်ဖြင့် မှတ်ပုံတင်နိုင်တော့မည်

ပြင်ဆင်ရန် စီစဉ်နေသည့် ကုမ္ပဏီဥပဒေမှာ ၁၉၁၄ ခုနှစ်က ရေးဆွဲခဲ့သည့် ဥပဒေဖြစ်ပြီး လက်ခံ ကျင့်သုံးလာမှုမှာ နှစ်ပေါင်း ၁၀၀ နီးပါးရှိပြီ ဖြစ်သည် Read More

 

အိမ်တွင်း အာဏာ၊ စည်းကမ်းနဲ့ စည်းလွတ်ဝါးလွတ်

အာဏာနဲ့ အုပ်ချုပ်မှု ရယ်၊ စည်းလွတ် ၀ါးလွတ် လွတ်လပ်စွာ အလိုလိုက်မှုရယ် ကြားက စည်းကမ်းဘောင်လေးတွေ ကလေးတို့ကို ချပေးနိုင်ရမယ် Read More

 

“အမျိုးသမီးတွေကို လက်တွဲခေါ်ပြီး အမှန်တရား ဖော်ထုတ်ချင်တာပါ”

ဟောပြောပွဲတွေ လုပ်မယ်။ ယောက်ျားတွေဆိုရင် ယုံကြည်စရာ မရှိဘူး၊ ကိုယ့်မိသားစုလို ဘယ်အမျိုးသားတွေကိုမှ မဆက်ဆံနဲ့၊ အလုပ်ရှင်ဆိုပြီးတော့ တရင်းတနှီး မဆက်ဆံနဲ့ Read More

 

ယနေ့ လူငယ်အားကစားသမားများ မြင်စေချင်ပါသည်

ဂျွန်စမစ်သည်ပင်လျှင် ဘယ်လက်သီးဖြင့် စတင် ထိုးလွှတ်ပြန်သည်။ သို့သော် တင်ထွန်း၏ ညာဖြတ် လက်သီးက ဦးနေလေပြီ။ ဂျွန်စမစ်သည် ဒုတိယအကြိမ် လဲကျသွားပြန်သည် Read More

 

ရခိုင်အရေး နိုင်ငံတကာမှဝင်မစွက်ရန် စစ်တွေဒေသခံများ ဆန္ဒပြ (ရုပ်/သံ)

ရခိုင်ပြည်နယ် စစ်တွေမြို့မှာ မတ်လ ၇ ရက်နေ့က ရခိုင်အရေးကို နိုင်ငံတကာမှ ဝင်ရောက်မစွတ်ဖက်ရေး အတွက် သံဃာနှင့် ပြည်သူ ၄၀၀၀ ကျော် ဆန္ဒပြခဲ့ကြပါတယ်.။ အဲ့ဒီ အကြောင်းကို ဧရာဝတီက ရုပ်သံနဲ့ တင်ဆက်ထားပါတယ်။ Read More

 

စီးတီး ဘတ်စ် ၁၃၇ စီး ရောင်းချခွင့်ပြုမည်

အများပြည်သူ ခရီးသွားလာမှု လွယ်ကူအဆင်ပြေစေရေးအတွက် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့၏ တင်ပြချက်အရ အထူးအစီအစဉ် တရပ်အနေဖြင့် CNG ဓယတ်ငွေ့သုံး စီးတီး ဘတ်စ် ၁၃၇ စီးအား ရန်ကုန်တိုင်းဒေသကြီး Read More

 
 

ရခိုင်ပြည်နယ် မြေပုံမြို့နယ်တွင် ယာဉ်တိမ်းမှောက် တဦးသေ၊ ၃ ဦး ဒဏ်ရာရ

ရခိုင်ပြည်နယ် မြေပုံမြို့နယ် ကမ်းထောင်းကြီးကျေးရွာတွင် ယခုလ ၆ ရက်နေ့က ထော်လာဂျီယာဉ်တစီး တိမ်းမှောက်မှုကြောင့် စီးနင်းလိုက်ပါလာသူ ၄ ဦးအနက် ၁ ဦးသေဆုံးကာ၊ ၃ ဦးဒဏ်ရာရှိခဲ့ကြောင်း ဒေသတွင်းမှ လာသော သတင်းများအရ သိရသည်။ Read More

 
 

အစိုးရ ပုံနှိပ်ဥပဒေကြမ်းနှင့် ပတ်သက်ပြီး သတင်းမီဒီယာ သမားများ၏အမြင် ပြည်သူ့လွှတ်တော်ရေးရာ ကော်မတီက ကြားနာမည်

ပြန်ကြားရေးဝန်ကြီးဌာနက ပြည်သူ့လွှတ်တော်သို့ တင်သွင်းလိုက်ပြီဖြစ်သော ပုံနှိပ်ခြင်းနှင့်ထုတ်ဝေခြင်းလုပ်ငန်းဥပဒေကြမ်းအပေါ် သတင်းမီဒီယာများက ကန့်ကွက်နေမှုနှင့်ပတ်သက်ပြီး Read More

 
 

မြန်မာ လွှတ်တော်များကို USAID ကူညီပံ့ပိုးမည်

ပြည်သူ့လွှတ်တော် နိုင်ငံတကာဆက်ဆံရေး ကော်မတီ ဥက္ကဋ္ဌ ဦးလှမြင့်ဦး နှင့် United State Agency for Intrnational development (USAID) မှ Assistant Administrator, Mr. Gregory A. Beck တို့ ယမန်နေ့က နေပြည်တော်တွင် တွေ့ဆုံသည်။ Read More

 
 

NLD ပထမဆုံး နိုင်ငံလုံးဆိုင်ရာ ညီလာခံစတင်

စတင်တည်ထောင်ပြီး ၂၅ နှစ်ခန့် အကြာတွင် NLD ပါတီ၏ ပထမဆုံးအကြိမ် နိုင်ငံလုံးဆိုင်ရာ ညီလာခံကို ယနေ့ စတင်ကျင်းပပြီဖြစ် သည်။ ကိုယ်စားလှယ်ပေါင်း ၉၀၀ ခန့်တက်ရောက်သည့် ပါတီ ဗဟို ညီလာခံက ပါတီကို Read More

 
 

အမေရိကန် Cisco အဖွဲ့က သတင်းနည်းပညာ သင်တန်းများ ပေးမည်

နည်းပညာဆိုင်ရာ အဖွဲ့ဖြစ်သည့် Cisco က အမေရိကန် နိုင်ငံတကာဖွံ့ဖြိုးရေး အေဂျင်စီ(USAID)နှင့်ပူးပေါင်းကာ မြန်မာနိုင်ငံတွင် သတင်းဆက်သွယ်ရေး နည်းပညာဆိုင်ရာ သင်တန်းများ ပေးမည်ဖြစ်ကြောင်း သိရသည်။ Read More

 
 

ဤသတင်းလွှာမှာ ဧရာဝတီအင်တာနက်စာမျက်နှာက သတင်း၊ ဆောင်းပါး၊ အယ်ဒီတာ့အာဘော်နဲ့ အခြားကဏ္ဍတွေအားလုံး ပါဝင်ပါတယ်။ သိလိုတာ များရှိရင် news@irrawaddy.org ကို အီးမေးလ်ပို့ပြီး မေးမြန်းနိုင်ပါတယ်။

 

ဧရာဝတီနေ့စဉ်သတင်းလွှာကို ဆက်မယူလိုတော့ပါက ဤနေရာသို့ နှိပ်ပါ။ သတင်းလွှာယူသူများစာရင်းမှ အလိုအလျောက်ပယ်ဖျက်ပြီး ဖြစ်ပါလိမ့်မယ်။