ဒေါက်တာမြင့်ဦး (ဂျီပီ) မတ်လ ၈၊ ၂၀၁၃ ဆေးပညာညွှန်ချုပ်နှင့် အိုင်အေပီပီအဖွဲ့ အမှတ်တရ အမေရိကန်နိုင်ငံလုံးဆိုင်ရာ ပညာရေးဦးဆောင်အဖွဲ့ကြီး (အိုင်အိုင်အီး - Institute of International Education) ရဲ့ မြန်မာ-အမေရိကန် တက္ကသိုလ်မိတ်ဖက်အစီအစဉ် (အိုင်အေပီပီ- International Academic Partnership Program) အကြောင်း တစေ့တစောင်းကို လင်းယုန် ငှက်နဲ့ဒေါင်းကကြိုးအမည်နဲ့ ဂျာနယ်တချို့မှာ ဆောင်းပါးရေးသားခဲ့ပြီးပါပြီ။ ဒီအစီအစဉ်အရ အမေရိကန်နိုင်ရဲ့ အထင်ကရတက္ကသိုလ်ကြီး ၁ဝ ခုက ပါမောက္ခတွေဟာ မြန်မာနိုင်ငံက တက္ကသိုလ် ၉ ခုကိုရောက်ရှိလာပြီး မြန်မာပါမောက္ခတွေနဲ့ တွေ့ဆုံညှိနှိုင်းမိတ်ဖွဲ့သွားခဲ့ပါတယ်။ ဒါ့အပြင် နေပြည်တော်ကိုသွားရောက်ပြီး သက်ဆိုင်ရာဝန်ကြီးဌာနအသီးသီးက တာဝန်ရှိသူတွေနဲ့လည်း ဆွေးနွေးပွဲတွေပြုလုပ်သွားခဲ့ပါ သေးတယ်။ မတ်လ ၁ ရက်နေ့ မိတ်ဖက်ခရီးစဉ်အဆုံးမှာတော့ စာနယ်ဇင်းရှင်းလင်းပွဲတစ်ရပ်ပြုလုပ်ပြီး မြန်မာတက္ကသိုလ်နဲ့ အမေ [...]

Read more of this post