သန်းဝင်းလှိုင် မတ်လ ၈၊ ၂၀၁၃ ● အာဏာသိမ်းပြီးနောက် အခြေအနေ မတ်လ ၂ ရက်နေ့ နံနက်ပိုင်းတွင် ကျင်းပရန် စီစဉ်ထားသည့် ဗမာနိုင်ငံလုံးဆိုင်ရာ တောင်သူလယ်သမားများအစည်းအရုံး (ဗတလစ) ညီလာခံ၌ ဖဆပလအဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးကျော်ငြိမ်းက သွင်းကုန်ကိစ္စကို မိန့်ခွန်းပြောရန် စီစဉ်ထားသော်လည်း နိုင်ငံရေး   အခြေအနေ ရုတ်တ ရက် ပြောင်းလဲသွားသဖြင့် မူလအစီအစဉ်ကို ဖျက်သိမ်းခဲ့ရသည်။ ရန်ကုန်မြို့ ပြည်လမ်းရှိ ပထစဌာနချုပ်တွင်လည်း ပထစအစိုးရအဖွဲ့ ၀န်ကြီးများ အဖမ်းခံရခြင်းကိစ္စနှင့်ပတ်သက်၍ လာရောက် သတင်းမေးကြ၍ ပထစခေါင်းဆောင်ငယ်များဖြင့် ပြည့်ကျပ်လျက်ရှိသည်။ ထိုနေ့၌ပင် ပထစအဖွဲ့ချုပ် အထွေထွေအတွင်းရေးမှူး သခင်ကျော်ထွန်း၊ ဦးသန်းစိန်၊ ဗိုလ်ခင်မောင်လေး၊ ဗိုလ်တင်မောင်ကြီးနှင့် ဦးစောလူးလူတို့ ခေါင်းချင်းဆိုင် တိုင်ပင်ကြပြီး အရေးပေါ် အစည်းအဝေးကျင်းပခဲ့ကြသည်။ အစည်းအဝေးတွင် ဦးသန်းစိန်က ပါလီမန်အတွင်းသို့ [...]

Read more of this post