[mrsorcerer:37449] Fwd: [လူဗိုလ်ဟူသည် ...] ကိုယ်တိုင်းတွေးပြီး ကိုယ်တိုင်မေး



---------- Forwarded message ----------
From: Blogger <no-reply@blogger.com>
Date: 2013/3/2
Subject: [လူဗိုလ်ဟူသည် ...] ကိုယ်တိုင်းတွေးပြီး ကိုယ်တိုင်မေး
To: lubo601@gmail.com


by Crais Blue on Saturday, October 27, 2012 at 3:12am ·


ကမ္ဘာ့သမိုင်းကို ဟိုတစ်စ ဒီ တစ်စ လိုက်ဖတ်ချိန်တုန်းက ကရူး ဆိတ်စစ်ပွဲ အကြောင်း ဖတ်ရတော့ 'ဒီလိုဘာသာရေး စစ်ပွဲမျိုးလည်း ရှိ ခဲ့ဖူးတာကိုး' ဆိုတဲ့ အတွေးလောက် ပဲ ဝင်ခဲ့ပြီး ဘာခံစားမှုမှ မဖြစ်ခဲ့ပါ။ 
ဟစ်တလာက ဂျူးလူမျိုးခြောက် သန်းလောက်ကိုသတ်ခဲ့တယ်ဆိုတာ ကို ဖတ်ရတုန်းကလည်း 'အတော် ရက်စက်တဲ့ လူတွေပါလား' ဆိုတဲ့ အတွေးလောက်ပဲ ဝင်ပြီးတုန်လှုပ် ချောက်ချားတာမျိုး မဖြစ်ခဲ့ဖူးပါ။


အိန္ဒိယက ဟိန္ဒူနဲ့မွတ်ဆလင် ဘာသာဝင်တွေရဲ့ ပဋိပက္ခ၊ ဘော့စနီးယားက အပြန်အလှန် လူသတ်ပွဲ၊ ရဝမ်ဒါက မျိုးတုံးသတ်ဖြတ်ပွဲ သတင်းတွေ ဖတ်ရတုန်းကလည်း စိတ်မကောင်းဖြစ်မိတာကလွဲပြီး ကြေကြေကွဲကွဲ မဖြစ်ခဲ့ဖူးပါ။

စာတွေကနေ တစ်ဆင့် သိရ တာမျိုး ဖြစ်တဲ့အပြင် ကိုယ်နဲ့အဝေးကြီး နေရာမှာဖြစ်ခဲ့တာတွေ ကြောင့်လည်း ကြေကွဲဝမ်းနည်းပြီး တုန်လှုပ်ချောက်ချားတဲ့ ခံစားမှုမျိုး မဖြစ်ခဲ့တာလို့ ထင်မိပါတယ်။ စာနာစိတ်ဝင်မိတာ မှန်ပေမယ့် ခံစားမှုအရ မပြင်းထန်ခဲ့ တာကိုနားလည်နိုင်ကြမယ်ထင်ပါရဲ့။

ကျောချတော့မှ

ကျွန်တော်တို့ ငယ်ငယ်တုန်းမှာ သင်ခဲ့ရတဲ့ ကိုလိုနီခေတ်သမိုင်း တွေထဲက လူမျိုးရေး အဓိကရုဏ်း အကြောင်းဖတ်ရချိန်မှာ ကလေးအရွယ်မို့ ဘာခံစားမှုမှ မရှိခဲ့ပေမယ့် အဲဒီကလေးအရွယ်တုန်းကပဲ လူ ကြီးတွေ ပြောလို့ ကြားခဲ့ရတဲ့ တရုတ်-မြန်မာ အရေးအခင်းထဲက အကွင်းအကွက် တချို့အကြောင်း နားထောင်ရချိန်မှာတော့ ထိတ်လန့် ခဲ့ဖူးပါတယ်။ ကိုယ်နဲ့ နီးစပ်နေတဲ့ အဖြစ်အပျက် ဖြစ်နေတာကြောင့် ရယ်၊ အတိတ်သမိုင်း မဟုတ်တာ ကြောင့်ရယ်၊ ကိုယ်နဲ့ နေရာအဝေးကြီးမှာ ဖြစ်နေတာမျိုး မဟုတ် တာကြောင့်ရယ်တွေကြောင့် တထိတ်တလန့် ခံစားခဲ့ရတာပါ။

အဲဒီ ၁၉၆၇ ခုနှစ်က အဓိကရုဏ်း ဖြစ်စဉ်မှာ ကျွန်တော်က ကျူးလွန်ခံရတဲ့ဘက်က မဟုတ်သလို ကျူးလွန်တဲ့ဘက်ကလည်း မဟုတ်ပေမယ့် ကလေးစိတ်နဲ့ ထိတ်လန့်ခဲ့တာပါ။
ကိုယ်တိုင် တွေ့မြင်ခဲ့သူတွေက တိုက်ရိုက် ပြန်ပြောပြတာကို နားထောင်ရတာကြောင့် လည်း ဖြစ်နိုင်ပါသေးတယ်။ ဘုမသိ ဘမသိဘဲ ခံရမယ့် နေရာမှာဆိုရင် ဘယ်လို နေမလဲလို့ တွေးကြည့်ပြီး ကျောချမ်း ခဲ့ဖူးပါတယ်။
စဉ်းစားဆင်ခြင်နိုင်စွမ်း ရှိတဲ့ အရွယ်ကို ရောက်လာချိန်မှာ လူမျိုး ရေး အခြေခံကြောင့်၊ ဘာသာရေး အခြေခံကြောင့် ဖြစ်တဲ့ သွေးထွက် သံယို အဓိကရုဏ်း အကြောင်းတွေ ကို ကြားရတဲ့အခါတိုင်း စိတ်မကောင်း ဖြစ်ရသလို ဒေါသလည်း ဖြစ်မိတာကို သတိပြုမိခဲ့ပါတယ်။ ဒေါသဖြစ်ရတဲ့ အကြောင်းရင်းကို လည်း ရှာတွေ့မိတတ်ပါတယ်။ မြန် မာစကားပုံထဲက 'ယာလည်းညက်စေ၊ ကြက်လည်းမောစေ' ဆိုတာကိုလည်း ပြေးသတိရတတ် မိသေးသလိုပဲ လယ်ထွန်နေတဲ့ လူရဲ့ပုံကိုပါ တွဲပြီး မြင်ယောင်လာတတ် ပါသေးတယ်။

မေးပါရစေ

လူဟာ အမိဝမ်းက ထွက်လာတယ်ဆိုရင်ပဲ မိဘတွေရဲ့ မျိုးနွယ် အမွေကို ရယူခံယူလိုက်ရတာပါ။ အဖေအမေက ဘာလူမျိုးဆိုရင် ကိုယ်လည်း အဲဒီလူမျိုး ဖြစ်ရတာ လေ။ မိဘတွေရဲ့ လူမျိုး (တိုင်းရင်းသား) မဖြစ်ချင်ပါဘူးလို့ ငြင်းခွင့်ရှိခဲ့ပါသလား။ မိဘတွေက အာဖရိက မျိုးနွယ်ဖြစ်နေတာကို ကိုယ်ကမလို ချင်ဘူး၊ ပြင်သစ်လူမျိုး ဖြစ်ချင် တယ်ဆိုပြီး ငြင်းခွင့်ရှိခဲ့ဖူးပါသလား။

အလွန်ဆုံး ဖြစ်နိုင်တာက ပြင်သစ်နိုင်ငံမှာ ကာလတစ်ခု သွားနေ (အခြေချ) ပြီးမှ သူ့ဥပဒေက ခွင့်ပြုတဲ့အတိုင်း ပြင်သစ်နိုင်ငံ သားပဲ ဖြစ်နိုင်ခြေ ရှိတာပါ။ ပြင်သစ်လူမျိုး ဖြစ်ချင်လို့ မရပါဘူး။ ဒါဟာ ကိုယ်တိုင်ရွေးချယ်ခွင့် မရှိဘဲ ကိုယ့်မိဘ မျိုးရိုးအတိုင်း လူဖြစ်လာရတဲ့ ဘဝတွေပါ။ အဲဒီဘဝကို ဖုံးကွယ်ထားလို့ ရချင်ရမယ်၊ အစစ်အမှန်က ဖုံးကွယ်မှုအောက်မှာ ပျောက်သွားမှာ မဟုတ်ဘူး။ ဒါဟာ ပြဿနာလား။

နောက်တစ်ခုကတော့ လူဟာ သူ့မိဘအသိုင်းအဝိုင်းက လက်ခံ ယုံကြည်ထားတဲ့ ဘာသာတရားကို ဆက်ခံယုံကြည်ရတာပါ။ ကိုယ်မွေးလာပြီး သိတတ်လာတဲ့အရွယ်မှာ 'ငါ့မိဘတွေဟာ ဟိန္ဒူဘာသာဝင်မဟုတ်ဘဲ ခရစ်ယာန်ဘာသာဝင် ဆိုရင်ကောင်းမှာပဲ'လို့ တွေးချင်ရင် တွေးလို့ရပေမယ့် ကိုယ်လက်ရှိ နေထိုင်နေရတဲ့ မိဘနဲ့ဆွေမျိုး အသိုင်းအဝိုင်းက ကောင်းတယ်ထင်လို့ လက်ခံယုံကြည် ကိုးကွယ်နေတဲ့ ဘာသာတရားကိုပဲ ဆက်ခံ ယုံ ကြည်ကိုးကွယ်ရတာပါ။

အသက် အရွယ်ရလာပြီး လေ့လာမှုနဲ့ ယုံ ကြည်မှု ခိုင်မာလို့၊ သတ္တိလည်း ကောင်းလို့ တခြားဘာသာ တစ်ခုခုကို ပြောင်းတာ၊ ဒါမှမဟုတ်၊ ဘယ်ဘာသာကိုမှ မကိုးကွယ်တော့တာမျိုးဟာ သီးခြားကိစ္စပဲ ဖြစ်ပါ တယ်။ ယေဘုယျအနေနဲ့ ပြောရရင် လူ အားလုံးနီးပါးဟာမိရိုးဖလာယုံကြည် ကိုးကွယ်မှုကိုပဲ ဆက်ခံခဲ့ကြတာပါ။ ဒါဟာလည်း ပြဿနာပဲလား။

လူစိတ်ပျောက် ဖောက်ပြန်တဲ့အခါ

ယေဘုယျ လူ့သဘာဝမှာ အသက် ဘယ်လောက်ပဲကြီးကြီး၊ ပညာတွေ ဘယ်လောက်ပဲ တတ်တတ်၊ ရာထူးတွေ ဘယ်လောက်ပဲ ရှိရှိ၊ သူတို့ ဆတ်ဆတ်ထိ မခံတတ် တဲ့၊ မခံနိုင်တဲ့ ပြဿနာ နှစ်ခုရှိတယ်။ အဲဒါက လူမျိုးရေးနဲ့ ဘာသာရေး ပြဿနာပါ။ ဒီစကားကို လက်မခံချင်ရင် ခဏလောက် စဉ်းစားကြည့်ဖို့ အကြံပြုချင်ပါတယ်။ ကမ္ဘာတစ်လွှားမှာ ဖြစ်ခဲ့တဲ့၊ ဖြစ်နေတဲ့ လူမျိုးရေး၊ ဘာသာရေးပဋိပက္ခကို လှမ်းကြည့်စေချင်ပါတယ်။ ပြီး တော့ ကိုယ့်ကိုယ်ကိုယ်လည်း ပြန် မေးကြည့်စေချင်ပါတယ်။ အဲဒီ အစွဲ အလမ်းကနေ ကင်းလွတ်ခဲ့ပြီလားလို့။

လူအတော်များများမှာ သိသိ သာသာနဲ့ မသိမသာရှိနေတဲ့ အဲဒီ အစွဲအလမ်း၊ ဒါမှမဟုတ်၊ အယူသီး မှု၊ ဒါမှမဟုတ်၊ မောက်မာတဲ့ အစွန်း ရောက်မှုတွေဟာ သက်ဆိုင်ရာ လူ့ အဖွဲ့အစည်းကို ကောင်းကျိုးမဖြစ် စေခဲ့ဘူးဆိုတာ ငြင်းလို့မရတဲ့ အမှန် တရားလို့ ပြောရင် ဘယ်သူတွေက ငြင်းမယ်ထင်ပါသလဲ။ အဲဒီအစွဲ အလမ်းတွေနဲ့ အာဃာတစိတ် ငယ် ထိပ်တက်နေသူပဲ ဖြစ်မယ်လို့ ပြော လိုက်ရင် ကျွန်တော့်ကိုပါ အဲဒီလူ တွေက ဆန့်ကျင်ကြပါဦးမယ်။

စဉ်း စားကြည့်လိုက်ပါ။အဲဒီအစွဲအလမ်း တွေ နောက်မှာ အငြိုးအတေးတွေ၊ အာဃာတတွေ၊ လက်စားချေမှုတွေ က ဆက်တိုက်လိုက်ပါနေလေ့ ရှိပြီး မဆုံးနိုင်တဲ့ သွေးကြောပမာတည်ရှိနေကြမှာပါ။

ပထမမျိုး ဆက်ရဲ့ အကြွေးကို ဘာကြောင့်မှန်း မသိခဲ့ရတဲ့ နောက်မျိုးဆက်တွေက ထပ်ပြီး ကိုင်စွဲပြန်တော့ ခံရတဲ့သူ ကလည်း အမုန်းနဲ့။ လုပ်လိုက်တဲ့ သူကလည်း အမုန်းနဲ့။ ဘာများ ကောင်းကျိုးရလဒ်ထွက်ခဲ့ဖူးပါသလဲ။ သွေးတွေ၊ မျက်ရည်တွေ၊ ဘဝ မတည်ငြိမ်မှုတွေ၊ ရင်ထဲက အမုန်း အာဃာတတွေပဲ မျိုးဆက်တစ် ဆက်ပြီး တစ်ဆက် သယ်ဆောင် သွားခဲ့ကြတာပဲ မဟုတ်လား။

မျက်ကန်း …ငါ

လူမျိုးတိုင်းလိုလိုမှာ မျိုးချစ်စိတ် ဆိုတာရှိတယ်။ ဒါပေမဲ့ မျက်ကန်း မျိုးချစ်စိတ်ကတော့ မကောင်းဘူး။ ဘယ်ဘာသာဝင်တိုင်း မှာမဆို ယုံ ကြည်ကိုးကွယ်မှု ဆိုတာ ရှိတယ်။ ဒါပေမဲ့ အဆင်ခြင်မဲ့ မျက်ကန်း ယုံ ကြည်ကိုးကွယ်မှုကတော့ မကောင်းဘူး။ လူမျိုးအခြေခံတဲ့ ဒေသတိုင်းမှာ ကိုယ့်လူမျိုး၊ ကိုယ့်ဒေသဆိုတဲ့ အစွဲအလမ်းရှိတယ်။ လူမျိုးပေါင်းစုံ ရောထွေးနေထိုင်လာတဲ့ ဒီကနေ့ ခေတ် ကမ္ဘာကြီးမှာ ကိုယ့်လူမျိုးပဲ ကိုယ့်ဒေသမှာ ရှိရမယ်ဆိုတဲ့ အမြင်ဟာ အစဉ်အလာဆန်လွန်းပြီး ပြောင်းလဲနေတဲ့ အခြေအနေနဲ့ အံ ဝင်ခွင်ကျ ဖြစ်ပါသေးရဲ့လား။

မြန် မာတွေ ထိုင်းမှာ၊ မလေးရှားမှာ၊ စင်ကာပူမှာ…စသဖြင့် အလုပ် အကိုင်တွေ သွားလုပ်ကြရတဲ့အခါ မှာ အနှိမ်ခံရ၊ အနိုင်ကျင့်ခံရတာတွေ ရှိတယ်လို့ ဖတ်နေကြားနေရတယ်။ အဲဒီက နှိမ်တဲ့လူတွေ၊ အနိုင်ကျင့် တဲ့လူတွေရဲ့ အပြုအမူကို မှန်ကန် တဲ့ အပြုအမူရယ်လို့ သဘောတူ ထောက်ခံမိဖူးပါသလား။ ဒေါသ ဖြစ် ခဲ့ဖူးပါသလား။
အဲဒီ မမှန်ကန်မှုတွေဟာ မျက် ကန်းမျိုးချစ်စိတ်၊ မျက်ကန်းယုံကြည် စိတ်တွေ နောက်က ဆိုးကျိုးတွေ ပါ။

အဲဒီမျက်ကန်းစိတ် ပြင်းထန်တဲ့ လူတွေကို တိုင်းပြည်ချစ်စိတ် အကြောင်းပြောရင် နားလည် လက် ခံမယ်လို့ ထင်မိပါသလား။ တစ် တိုင်းပြည်လုံး ဒုက္ခရောက်ပြီး သူတို့ လူမျိုးနဲ့ သူတို့ဒေသ၊ သူတို့ ကိုး ကွယ်တဲ့ ဘာသာရေးကို မျက်နှာ သာပေးထားခံရရင် အဲဒီလူမျိုး တွေက သူတို့နေထိုင်တဲ့ တိုင်းပြည် အကျိုးကို ငဲ့ကြည့်ကြလိမ့်မယ်လို့ ထင်ပါသလား။
'ငါ' ဆိုတာကို ရှေ့ တန်းတင်လွန်းရင် 'သူ' ဆိုတာနဲ့ 'တခြားသူ' ဆိုတာတွေမှာ ထိခိုက် နစ်နာမှုတွေနဲ့ ဆိုးကျိုးတွေပဲ ဖြစ် လာတတ်တာကိုတော့ ငြင်းလို့ မရ ဘူးထင်ပါတယ်။ စဉ်းစားကြည့်ကြ ဖို့ပါ။

ကျေနပ်နေရင်

ကိုယ်က ဒီလူမျိုး၊ ဒီဘာသာ ဆိုပြီး ဖြစ်နေချိန်မှာ သူကလည်း တခြားလူမျိုး၊ တခြားဘာသာတစ် ခုခု ဖြစ်နေနိုင်ပါတယ်။ ဖြစ်နေခွင့် လည်း ရှိပါတယ်။ ကိုယ်ကိုယ်တိုင် က ကိုယ့်စိတ်ကြိုက် ရွေးချယ်ပြီး ဒီလူမျိုး ဖြစ်လာတာလား၊ ဒီဘာ သာဝင် ဖြစ်လာတာလားလို့ ပြန်မေး ကြည့်ဖူးပါသလား။ကိုယ့်ကိုယ်ကိုယ် ပြန်မေးကြည့်ပြီး ကျေနပ်မှု ရတယ် ဆိုရင် တခြားလူလည်း ကိုယ်ကျေ နပ်မိသလို ကျေနပ်နေတာမျိုးရော မဖြစ်နိုင်ဘူးလား။
ကိုယ့်ရွေးချယ်မှု ကြောင့် မဟုတ်ပေမယ့် လူဖြစ်လာ ရတဲ့ ကိုယ့်ဘဝကို ကျေနပ်ခွင့်ရှိရင် သူလည်း သူ့ဘဝကို ကျေနပ်ခွင့် ရှိရမယ်လေ။

တစ်ဦးချင်းစီ၊ လူမျိုး တစ်မျိုးချင်းစီက ကိုယ့်ဘဝနဲ့ ကိုယ့် ဘာသာတရားပေါ်မှာ ကျေနပ်နှစ် သက်မှုနဲ့ ပီတိဖြစ်ပြီး နေကြမယ်ဆိုရင် ဘယ်သူ့ဘယ်သူကိုမှ ပြ ဿနာ ဖြစ်စရာ မရှိပါဘူး။ ပြဿနာ ဖြစ်ရတာက 'ငါမှကောင်းတယ်၊ ငါ့ ဘာသာတရားကမှ ကောင်းတယ်၊ ငါ့လူမျိုးကမှ ကြီးမြတ်တဲ့ အစဉ်အလာ ကောင်းရှိတယ်၊ ငါ့ဘာသာ နဲ့ငါ့ဧရိယာကို ချဲ့ထွင်ရမယ်ငါတို့ကို သူတို့က ဖျက်ဆီးကြမယ် ထင်တယ်၊ သူတို့အန္တရာယ်က ကာကွယ် ရမယ်….' စတဲ့ စဉ်းစားပုံမျိုးကနေ ပြဿနာတွေ ဖြစ်လာကြတာပါ။ အဲဒီလို ပြဿနာတွေ ဖြစ်လာတိုင်း ကာယကံရှင်ဘက် နှစ်ဖက်စလုံးအတွက် စိတ်ကြည် နူး ချမ်းမြေ့စရာ ကောင်းတဲ့ ကောင်းကျိုးရလဒ်တွေ ထွက်မလာတတ် ပါဘူး။

အပျင်းပြေ အင်တာဗျူး

ဒီမိုကရေစီ လမ်းကြောင်းပေါ် ကို လျှောက်လှမ်းနေကြတဲ့ ဒီကနေ့ ကာလကြီးမှာ အစွန်းရောက် စဉ်း စားပြုမူနေကြတဲ့ သူတွေကို 'ခင် ဗျားတို့ ဒီမိုကရေစီကို ကြိုက်သလား၊ လက်ခံသလား' လို့ သွားမေးရင် သိသိ၊ မသိသိ ကြိုက်တယ်၊ လက်ခံတယ်လို့ ပြန်ပြောကြမှာ သေချာပါတယ်။ ဒီမိုကရေစီရဲ့ အနှစ်သာရ တစ်ခုဖြစ်တဲ့ အမြင် (ယုံကြည်မှု) မတူသူတွေ ငြိမ်းချမ်းစွာ အတူယှဉ်တွဲ နေထိုင်နိုင်ခွင့်ဆိုတာ၊ လွတ်လပ်စွာ ယုံကြည်ကိုးကွယ်ပိုင်ခွင့် ဆိုတာကို ဘယ်လိုမြင်ပါသလဲလို့ မေးရင်လည်း အများစုက စိတ်ကျေနပ်စရာ ကောင်းတဲ့အဖြေမျိုးကို ပေး ကြမှာပါ။
ဒီလိုဆိုရင် အဲဒီလူမျိုးနဲ့ အဲဒီဘာသာကိစ္စကိုရော လို့မေးရင် ကျွန်တော့်ကို ဘုကြည့်ကြည့်မယ့် သူ ဘယ်လောက် များလိမ့်မယ် ထင်ပါသလဲ။ စာဖတ်သူရော အဲဒီ လို မေးခွန်းမျိုးတွေနဲ့ အပျင်းပြေ အင်တာဗျူး လိုက်မလုပ်ချင်ဘူးလား။ ဘုကြည့်ကြည့်တာ မခံချင် ဘူးလား။

ဒီရက်ပိုင်း ဖတ်ရ၊ ကြားရတဲ့ သတင်းတွေကြောင့် တုန်လှုပ် ချောက်ချားပြီး ကြေကွဲဝမ်းနည်းခဲ့ ရတယ်။ ဘာသတင်းလဲဆိုတာကိုတော့ ပြောစရာမလိုတော့ဘူး ထင် ပါတယ်။ ပြဿနာကြီးတွေ ဖြစ်လာတဲ့အခါတိုင်း လတ်တလော အကြောင်းရင်းတွေ ရှိတတ်ပါတယ်။ အဲဒီအကြောင်းရင်းတွေကို မှန်မှန်ကန်ကန် ဖြေရှင်းနိုင် ဖို့၊ နောက်ဆက် တွဲပြဿနာတွေကို ညှိညှိနှိုင်းနှိုင်း ဖြေရှင်းကြဖို့ ဆိုတာ လူတိုင်း ပြောတတ်ပါတယ်။

အဲဒါကို သက်ဆိုင်ရာ တာဝန်ရှိသူတွေ၊ တာဝန်ယူ ထိုက်သူတွေက လက်တွေ့ လုပ်ကိုင်နိုင်တဲ့ အခြေအနေ၊ အခင်း အကျင်းတွေ ရှိနေရမှာပါ။ အဲဒီထဲ မှာ ဒီကနေ့ ရေပန်းစားနေတဲ့ စကား လုံးကတော့ 'တရားဥပဒေ စိုးမိုးမှု ရှိနေရေး' ဆိုတာပါ။ အဲဒါကို ရေရှည်အမြင်ရှိမှု၊ ရင့်ကျက်မှု၊ လူ့အခွင့် အရေး၊ ဒီမိုကရေစီ ရပိုင်ခွင့်တွေနဲ့ ပါ ဆက်စပ်ဖို့ လိုအပ်ပါလိမ့်မယ်။

ကျွန်တော် ယုံကြည်တဲ့ ဒီမိုကရေစီဆိုတာ တစ်ဖက်သောင်ထွန်းပြီး တစ်ဖက်ကမ်းပြိုစေတဲ့ ရလဒ်မျိုး ထွက်လာစေတဲ့ ဒီမိုကရေစီ မဟုတ်ပါဘူး။ တစ်ချိန်တည်းမှာ မမွေးခင်ကတည်းက ရွေးချယ်ခွင့် မရှိခဲ့တဲ့ လူမျိုးရေးနဲ့ ဘာသာရေး အခြေခံပေါ်ကနေ ဖြစ်လာတဲ့ ပဋိပက္ခတွေကို မီးမွှေးလှုံ့ဆော်ခွင့်၊ ထင်ရာစိုင်းခွင့်ရနေသူမျိုးတွေကို လည်းဒီမိုကရေစီလိုလားသူတွေလို့ မထင်မိပါဘူး။
ဒါကို စာဖတ်သူရော ဘယ်လို စဉ်းစားမိလိုက်ပါသလဲ။
by Naung Kyaw and written by Crais Blue

ဒီမိုကရေစီဆိုတာ သင်တို့ဘယ်လို ခံယူထားပါသလဲ?


--
Posted By Blogger to လူဗိုလ်ဟူသည် ... at 3/03/2013 01:05:00 PM

--
မှော်ဆရာအဖွဲ့ မှ နေ့ စဉ်မေးလ်များ ရယူလိုပါက http://groups.google.com/group/mrsorcerer/subscribe?hl=en ကို နှိပ်ပြီး မန်ဘာဝင်နိုင်ပါသည် ။
မန်ဘာဝင်များ မိမိတို.သိထားသည်များကို မျှဝေလိုပါက mrsorcerer@googlegroups.com သို. မေးလ်ပို.နိုင်ပါသည် ။
မှော်ဆရာအဖွဲ့ မှ နှုတ်ထွက်လိုလျှင် mrsorcerer+unsubscribe@googlegroups.com ကိုနှိပ်ပြီး မေးလ်ပို.ပါ ။
စာလက်ခံလိုသည့်ပုံစံ ပြင်လိုလျှင် http://groups.google.com/group/mrsorcerer?hl=en ကို သွားပါ ။
မှော်ဆရာ အဖွဲ့ ၏ စည်းကမ်းများကို သိလိုလျှင် http://groups.google.com/group/mrsorcerer/browse_thread/thread/af2f4a1d44d4d909?hl=en တွင် ဖတ်ရှုနိုင်ပါသည် ။
 
Facebook (FB) မှော်ဆရာအဖွဲ့သို့ Mail ပို့လိုလျှင် mrsorcerer2@groups.facebook.com
FB မှော်ဆရာအဖွဲ့သို့ ၀င်ရန် http://www.facebook.com/home.php?sk=group_173571176006981&ap=1
 
မှော်ဆရာ အဖွဲ့ နှင့်ပက်သက်၍ ဝေဖန်အကြံပြုလိုပါက >>>
ဦးဦး မှော်ဆရာ ( mrsorcerer9@gmail.com, mrsorcerer27@gmail.com ) ထံသို.
ပေးပို.နိုင်ပါသည် ။
 
ခင်မင်စွာဖြင့်
ဦးဦး မှော်ဆရာ
 
---
You received this message because you are subscribed to the Google Groups "မှော်ဆရာ အဖွဲ့  ( Ѧя Ƨσяcɛяɛя )" group.
To unsubscribe from this group and stop receiving emails from it, send an email to mrsorcerer+unsubscribe@googlegroups.com.
For more options, visit https://groups.google.com/groups/opt_out.