ဂျော်ဒီး မတ်လ ၃၊ ၂၀၁၃  "သတင်းထူးတွေ..သတင်းထူးတွေ  ..သမဒဂျီး ဖင်လန်သွားခြင်း...သမဒဂျီးဖင်လန်သွားခြင်း" မိုးမခရွာရဲ့ တဦးတည်း  ဂျာနယ်လက်ပွေ့ ရောင်းသူ ဖိုးထက်  ရဲ့  ဂျာနယ်ကြော်ညာရောင်းသံ ကြောင့် မိုးမခရွာသားတွေ  အားလုံး လှုပ်လှုပ်ရှားရှားဖြစ်သွားကြသည်..။မိုးမခရွာသား ကလေးတသိုက်ကား "သမတဂျီးဖင်လန်သွားသော" သတင်းကို  စိတ်အ၀င်စားဆုံးသူများပင်..။နွေကျောင်းပိတ်ရက်မို့  ရွာထိပ်ညောင်ပင်ကြီးအောက်တွင်  ကစားနေရင်းမှ သူတို့ အချင်းချင်းလဲ  ဆက်လက် လက်ဆင့်ကမ်း ဆော်သြကြဧ။်..။ "ဟေ့ရောင်ဒွေ .. သမဒဂျီး ဖင်လန်သွားလို့တဲ့..တွ။လာ..တွားကြည့်ကြစို့ " စက်ဘီးတာယာခွေ  အဟောင်းကြီးကို တုတ်တချောင်းနှင့်  ခွေလှိမ့်နေသော..မောင်ရစ်  က  ခွေလှိမ့်မပျက် "သမတဂျီး ဖင်လန်သွားတာများ  သတင်းလုပ်လို့တွာ"  ဟု  ညစ်တစ်တစ် ပြောလိုက်သည်..။ နံမယ် နဲ့ လိုက်အောင်  မနက်အစောကြီး ထထငိုတတ်သော  [...]

Read more of this post