လိမ်လည် လှည့်ဖြား လှည့်ကွက်များမှ ကင်းဝေးကြပါစေ မင်းမျိုးဝင်း(ရန်ကုန်တက္ကသိုလ်)၊ မတ် ၂၀၊ ၂၀၁၃ လက်ပံတောင်းတောင်ကြေးနီစီမံကိန်းနဲ့ ပတ်သက်တဲ့ စုံစမ်းရေးကော်မရှင်ရဲ့အပြီးသတ်အစီရင်ခံစာ ထွက်လာပါပြီ။ အမြင်မတူသူတွေကြားမှာလည်း ကွဲပြားမှုတွေနဲ့ ပွက်လောရိုက်နေကြပါတယ်။ အမှန်အတိုင်းပြောရမယ်ဆိုရင်တော့ ဒီအစီရင်ခံစာထွက်လာရင် အားလုံးအကြိုက်ဖြစ်မယ်လို့တော့ ကျွန်တော် မမျှော်လင့်ထားပါဘူး။ အားလုံးအကြိုက်တူဖို့ဆိုတာလည်း ဘယ်နည်းနဲ့မှ မဖြစ်နိုင်တဲ့ကိစ္စပါ။ ဘယ်လိုကိစ္စမျိုးပဲဖြစ်ဖြစ် အားလုံးအကြိုက်ဖြစ်အောင် အားလုံးလက်ခံအောင် ဖန်တီးပေးဖို့ဆိုတာ မလွယ်ကူပါဘူး။ ဘယ်လိုပုဂ္ဂိုလ်မျိုးကမှလည်း လုပ်ပေးနိုင်မှာမဟုတ်ပါဘူး။ လက်ခံသူတွေရှိသလို လက်မခံနိုင်သူတွေလည်း ရှိမယ်။ နှစ်သက်သူတွေရှိသလို မနှစ်သက်သူတွေလည်းရှိမယ်။ သဘောကျသူတွေရှိသလို သဘောမကျသူတွေလည်းရှိနိုင်ပါတယ်။ အားလုံး လွတ်လွတ်လပ်လပ်သဘော ကွဲလွဲခွင့်ရှိပါတယ်။ အကောင်းဆုံးနဲ့ အမှန်ဆုံးအဖြေတစ်ခုဖြစ်ဖို့သာအဓိကပါ။ ဒီစုံစမ်းရေးကော်မရှင်ရဲ့ ဥက္ကဌကို ဒေါ်စုကိုခန့်ထားတာနဲ့ပတ်သက်ပြီး တော်တော်စိုးရိမ်မိပါတယ်။ ဘာကြောင့်လည်းဆိုတော့ အာဏာလက်မလွှတ်လိုသူ အာဏာရှင်တို့ရဲ့ ဒေါ်စုကို နိုင်ငံရေးသတ်မယ့် အစီအစဉ်ပါ။   ပထမအကြိမ် လက်ပံတောင်းတောင်ဆန္ဒပြမှုကို [...]

Read more of this post