"၂၀၀၈အခြေခံဥပဒေပြင်ဆင်ရေးမြင်းရိုင်း"ကို ဇောင်းထဲသွင်း ဇက်ခွံ့လိုက်သည့် "အရေးကြီးအဆို" တူမောင်ညို (၂၀၁၃ ခုနှစ်၊ မတ်လ ၂၀ ရက်) ယခုအခါ ကြံ့ဖွံ့အမတ်များက "၂၀၀၈အခြေခံဥပဒေ" ပြင်ဆင်ရေးလှုပ်ရှားမှုကို ထားမြစ်ချုပ်ကိုင်နိုင်မည့် အဆိုတစ်ခုကို ပြည်သူ့ လွှတ်တော်တွင် တင်သွင်းအတည်ပြုခဲ့ပြီဖြစ်သည်။ မတ်လ ၁၅ ရက်နေ့က ပြည်သူ့လွှတ်တော်တွင် တင်သွင်းအတည်ပြုခဲ့သည့် သူရဦးအေးမြင့်၏ "အရေးကြီးအဆို" သည် "ဝင်- ပြင်"သမား (ဝင်-ပြင်သမား = ၂၀၀၈အခြေခံဥပဒေဘောင်ထဲဝင်ပြီး အခြေခံဥပဒေပြင်ဆင်မယ်လို့ ဆိုသူတွေ) တွေရဲ့ လှုပ်ရှားမှုမှန်သမျှ ကို တားမြစ်ချုပ်ကိုင်လိုက်ခြင်းဖြစ်သည်။  ဦးဝင်းတင် စကားနဲ့ပြောရရင် "သော့ခလောက်ကြီးတန်းလန်းနဲ့ လွှတ်တော်ထဲဝင်သွားတဲ့ ဒီချုပ်အမတ်တွေ"ကို နောက်ထပ် သော့ခလောက်တစ်လုံးနဲ့ ထပ်ပြီးခတ်လိုက်ခြင်းပင်ဖြစ်သည်။ ထို့အပြင် "တစ်ဦးချင်း၊ တစ်ဖွဲ့ချင်း လိုရာဆွဲဆောင်ရွက်ခြင်းသည် နိုင်ငံတော်အတွက် အန္တရာယ်ကြီးမားသည်"ဟု ပြည်သူ့ လွှတ်တော် ၌ [...]

Read more of this post