မိထ္ထီလာမြို့က ရိုင်းစိုင်းရမ်းကားမှုကြီး တူမောင်ညို။ ၂၀၁၃ ခုနှစ်၊ မတ်လ ၂၄ ရက်             မိထ္ထီလာမြို့ပေါ်တွင် မတ်လ ၂၀ ရက်နေ့မှ စတင်ဖြစ်ပွားခဲ့သော ဖြစ်ရပ်သည် လူမဆန်မှုကို ရိုင်းစိုင်းယုတ်မာမှု၊ ရက်စက်ရမ်း ကားမှု၊ အကြမ်းဖက်မိုက်မဲမှု သရဖူဆောင်းပေးလိုက်သည့် အကျည်းတန်အရုပ်ဆိုးမှုကြီးဖြစ်ပါသည်။  သိမ်မွေ့ပါသည်၊ ယဉ်ကျေးပါသည် ဟု ဆိုသောမြန်မာ့လူ့အဖွဲ့အစည်းအတွက် ရှက်ဖွယ်လိလိ အမည်းစက်ကြီးလည်းဖြစ်သည်။             "တရားဥပဒေစိုးမိုးရေး"ဟု အာဘောင်အာရင်းသန်သန် ပြောဆိုလုပ်ကိုင်နေကြသူများကို လှောင်ပြောင် ပျက်ရယ်ပြုလိုက်သော ဖြစ်ရပ်လည်းဖြစ်ပါသည်။ ဤကဲ့သို့သော အပြုအမူရိုင်းနှင့်လုပ်ရပ်ဆိုးကို ယဉ်ကျေးသောလူမှန်သမျှ တစ်စိတ်တစ်ဝမ်းတည်းသော စိတ်ထားဖြင့်ပြတ်ပြတ် သားသားဆန့်ကျင်ရမည်၊ ကန့်ကွက်ရမည်။ တားဆီးကာကွယ်ကြရမည်။             (ဗိုလ်) ဦးသိန်းစိန်အစိုးရသည် ပြဿနာကြီးထွားကျယ်ပြန့်ပွားသွားပြီးမှ ဝင်ရောက်ကိုင်တွယ်လေ့ရှိသည်၊ မလောင်ခင်/ မဖြစ် [...]

Read more of this post