ကျော်သူ (နာရေးကူညီမှုအသင်း - ရန်ကုန်) မတ်လ ၂၄၊ ၂၀၁၃ ယနေ့ ၂၃.၃.၂ဝ၁၃ ရက်နေ့သည် ငြိမ်းချမ်းရေးဖခင်ကြီး သခင်ကိုယ်တော်မှိုင်း၏ အသက် (၁၂၇) နှစ်ပြည့် မွေးနေ့မင်္ဂလာ နေ့ထူးနေ့မြတ်ဖြစ်သည်။ ယင်းနေ့ ည (၈းဝဝ) နာရီအချိန်၌ မင်္ဂလာဒုံမြို့နယ်၊ ပျဉ်းမပင်ကျေးရွာအုပ်စု၊ ဘိုခြံကျေးရွာအုပ်စု ရေအားလျှပ်စစ်ဘောလုံးကွင်းအတွင်းတွင် ကျင်းပပြု လုပ်သည့် အလင်းသစ်လူငယ်များ၏ပထမအကြိမ် စာပေဟောပြောပွဲအား ဆရာညီမင်းညို၊ ဆရာမ စမ်းစမ်းနွဲ့ (သာယာဝတီ) တို့နှင့်အတူ နာရေးကူညီမှုအသင်း(ရန်ကုန်) ဥက္ကဋ္ဌ ဦးကျော်သူ မှ "ဗြဟ္မစိုရ် ခြေလှမ်းများ" ခေါင်းစီးဖြင့် နာရေးကူညီမှုအသင်း(ရန်ကုန်) အား မျိုးစေ့ချပေးခဲ့သော ဘဘ ဦးသုခ မှစတင်၍ တစ်လှမ်းခြင်း၊ တစ်ဆင့်ခြင်း ယနေ့အချိန်အထိ နာရေး၊ ကျန်းမာရေး၊ ပညာရေး၊ သဘာဝဘေး၊ အရေးပေါ်ကယ်ဆယ်ရေး [...]

Read more of this post