အုန်းနိုင် မတ်လ ၂၄၊ ၂၀၁၃ ● ကွန်ဖရန်တေရှင်း မလုပ်ပါနဲ့ ဇူလိုင်လ (၆) ရက်နေ့မှာ ဗိုလ်ချုပ်ကြီးစောမောင်က သတင်းစာရှင်းလင်းပွဲ လုပ်ပြန်ပါတယ်။ မြန်မာ့ရုပ်မြင်သံကြားကလည်း အပြည့်အစုံ တိုက်ရိုက်ဖော်ပြပါတယ်။ ဗိုလ်ချုပ်ကြီးစကားပြောတာ (၃) နာရီလောက်ကြာပြီး ဟိုရောက် ဒီရောက်.။ အင်္ဂလိပ်စကားလုံးတွေလည်း ဖော ဖောသီသီသုံးပြီး ပြောသွားတယ်။ ဒေါ်အောင်ဆန်းစုကြည်ကတော့ ဗိုလ်ချုပ်ကြီးစောမောင်ရဲ့မိန့်ခွန်းကို "ဘာမှန်းကို မသိဘဲ အိပ်ပျော်သွားတော့တာပါပဲ" လို့ မှတ်ချက် ချ သွားတာ မလွန်ပါဘူး။ သတင်းစာထဲမှာပါမှပဲ အဓိကအချက်တွေကို ပြန်ချုပ်ကြည့်ဖို့ ကြိုးစားပါတယ်။ ဒါတောင် သိပ်မလွယ်ပါ။ သူပြော သွားတာတွေက.. "ဇူလိုင်လ (၃) ရက်နေ့က အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ဦးတင်ဦးနဲ့ ဒေါ်မြင့်မြင့်ခင်က ကော်မရှင်ကိုလာပြီးပြောပါတယ်တဲ့။ ဘာပြော တာလဲ ဆိုတော့ အဲဒီနေ့ ပန်းဘဲတန်းဟောပြောပွဲမှာ [...]
Read more of this post